မဟာသင်္ကြန်အကြိုနေ့ ဘယ်သူမှန်း မသိသေးတဲ့ အလောင်းတစ်လောင်း





Zin Moe
Lwin Oo

Unicode
13.4.2017 (9:00)ခန့်က မော်လမြိုင်မြို့ ဒေါင်းဇရပ် မုန့်ဟင်းခါးဆိုင်ဘေး လမ်းကြားထဲက ခြံတခြံမှာ မည်သူမည်ဝါမှန်း မသိရတဲ့ လူတစ်ဦး ဝင်လာပြီး လဲကျသွားတယ်လို့ ဆိုပါတယ်။ ခြံပိုင်ရှင်လဲ အလန့်တကြား သွားခေါ်နှိုးတဲ့ အချိန်မှာ အသက်ငွေ့ငွေ့ ကျန်သေးတဲ့ အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေကို အကြောင်းကြား ပေးခဲ့ပါတယ်။
တာဝန်ရှိသူများမှလည်း စစ်ဆေးပြီး အေးမြကြည်လင် အရေးပေါ် လူနာတင်ယာဉ် အဖွဲ့ကို အကြောင်းကြား အကူအညီ တောင်းခံသဖြင့် ကူညီရန် ထွက်ခွာခဲ့သော်လည်း အဆိုပါ လူနာမှာ သေဆုံးသွားခဲ့သည်ဟု သိရပါသည်။ အစာရေစာ ပြတ်လပ်ပြီး သေဆုံးသည်ဟု ယူဆရပါသည်။
အေးမြကြည်လင် အရေးပေါ် လူနာတင်ယာဉ် အဖွဲ့မှလည်း သေဆုံးသူ DB အား ကူညီသယ်ဆောင် ပေးပြီး တောင်ပေါ်လမ်းလျှောက် နာရေးကူညီမှု အသင်းကားဖြင့် ချိတ်ဆက်ကာ ဆေးရုံးကြီးသို့ ပို့ဆောင် ကူညီပေးခဲ့ပါသည်။
Zin Moe
Lwin Oo
https://www.facebook.com/permalink.php?

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...