သႀကၤန္ကာလအတြင္း ေသဆံုးသူ ၃၀၀ ခန္႔ရွိ၊ ၃၀၀၀ ေက်ာ္ ဒဏ္ရာရ




အားလပ္ရက္အတြင္း ေနရပ္ျပန္သူေတြက ဧၿပီ ၁၆ ရက္ေန႔မွာ အလုပ္ေတြဆီျပန္ဖုိ႔အတြက္ ခရီးသြားစဥ္ ယာဥ္မေတာ္တဆမႈေတြ ျဖစ္ခဲ့တာလို႔ ဆုိပါတယ္။

ထုိင္းႏုိင္ငံ သႀကၤန္ပြဲေတာ္ အားလပ္ရက္ ၅ ရက္အတြင္း ယာဥ္မေတာ္တဆမႈ ၃၀၀၀ နီးပါးျဖစ္ခဲ့ၿပီး လူ ၃၀၀ ေလာက္ ေသဆံုးခဲ့ကာ ဒဏ္ရာရသူက ၃၀၀၀ ေက်ာ္တယ္လို႔ ဘန္ေကာက္ပို႔စ္ရဲ႕ ဧၿပီလ ၁၆ ရက္ေန႔သတင္းမွာ ေရးထားပါတယ္။

သဘာဝေဘးအႏၱရာယ္ ကာကြယ္ေရးနဲ႔ ေလွ်ာ့ခ်ေရးဌာနက ဧၿပီ ၁၆ ရက္ေန႔က ထုတ္ျပန္ခ်က္အရ ဧၿပီလ ၁၁ ရက္မွ ၁၅ ရက္အတြင္း ယာဥ္မေတာ္တဆမႈ ၂၉၈၅ မႈ၊ လူ ၂၈၃ ဦး ေသဆံုးၿပီး၊ ၃၀၈၇ ဦး ထိခိုက္ဒဏ္ရာ ရခဲ့တယ္လို႔ သိရပါတယ္။

လူ ၅၃ ဦးကို ေသေစၿပီး ၆၃၄ ဦးကို ဒဏ္ရာ ရေစတဲ့ ယာဥ္မေတာ္တဆမႈ ၆၀၀၊ ဧၿပီလ ၁၅ ရက္ေန႔ တရက္တည္းမွာ ျဖစ္ခဲ့ၿပီး အဓိကကေတာ့ မူးယစ္ေသာက္စားၿပီး ေမာင္းႏွင္ခဲ့တာ ၄၅ ရာခုိင္ႏႈန္းနဲ႔ ေမာင္းႏွင္တဲ့အရွိန္ ခ်ိဳးေဖာက္မႈက ၂၅ ရာခုိင္ႏႈန္းေၾကာင့္ျဖစ္တာလုိ႔ သိရပါတယ္။

မႏွစ္ကနဲ႔ ႏိႈင္းယွဥ္လုိက္ရင္ ဆုန္ကရန္ပြဲေတာ္အားလပ္ရက္ ၅ ရက္အတြင္း ယာဥ္မေတာ္တဆျဖစ္မႈမွ ေသဆံုးသူရာခုိင္ႏႈန္း ၁၇ ဒသမ ၅ ရာခုိင္ႏႈန္း ေလ်ာ့က်သြားေပမယ့္ ယာဥ္မေတာ္တဆမႈနဲ႔ ထိခိုက္ဒဏ္ရာရရွိမႈ ရာခုိင္ႏႈန္းကေတာ့ ဆက္လက္တုိးျမင့္ေနဆဲပဲလို႔ ေရးသားထားပါတယ္။

credit..YOMALAN
=====
အားလပ်ရက်အတွင်း နေရပ်ပြန်သူတွေက ဧပြီ ၁၆ ရက်နေ့မှာ အလုပ်တွေဆီပြန်ဖို့အတွက် ခရီးသွားစဉ် ယာဉ်မတော်တဆမှုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ သင်္ကြန်ပွဲတော် အားလပ်ရက် ၅ ရက်အတွင်း ယာဉ်မတော်တဆမှု ၃၀၀၀ နီးပါးဖြစ်ခဲ့ပြီး လူ ၃၀၀ လောက် သေဆုံးခဲ့ကာ ဒဏ်ရာရသူက ၃၀၀၀ ကျော်တယ်လို့ ဘန်ကောက်ပို့စ်ရဲ့ ဧပြီလ ၁၆ ရက်နေ့သတင်းမှာ ရေးထားပါတယ်။

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျှော့ချရေးဌာနက ဧပြီ ၁၆ ရက်နေ့က ထုတ်ပြန်ချက်အရ ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အတွင်း ယာဉ်မတော်တဆမှု ၂၉၈၅ မှု၊ လူ ၂၈၃ ဦး သေဆုံးပြီး၊ ၃၀၈၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

လူ ၅၃ ဦးကို သေစေပြီး ၆၃၄ ဦးကို ဒဏ်ရာ ရစေတဲ့ ယာဉ်မတော်တဆမှု ၆၀၀၊ ဧပြီလ ၁၅ ရက်နေ့ တရက်တည်းမှာ ဖြစ်ခဲ့ပြီး အဓိကကတော့ မူးယစ်သောက်စားပြီး မောင်းနှင်ခဲ့တာ ၄၅ ရာခိုင်နှုန်းနဲ့ မောင်းနှင်တဲ့အရှိန် ချိုးဖောက်မှုက ၂၅ ရာခိုင်နှုန်းကြောင့်ဖြစ်တာလို့ သိရပါတယ်။

မနှစ်ကနဲ့ နှိုင်းယှဉ်လိုက်ရင် ဆုန်ကရန်ပွဲတော်အားလပ်ရက် ၅ ရက်အတွင်း ယာဉ်မတော်တဆဖြစ်မှုမှ သေဆုံးသူရာခိုင်နှုန်း ၁၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားပေမယ့် ယာဉ်မတော်တဆမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု ရာခိုင်နှုန်းကတော့ ဆက်လက်တိုးမြင့်နေဆဲပဲလို့ ရေးသားထားပါတယ်။

credit..YOMALAN


Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...