ရွှေကြာရုပ်ရှင်ကားထဲက မိန်းမပျက်အဖြစ် သရုပ်ဆောင်ဖွေးဖွေးရဲ့ ဒိုင်ယာလော့ နာမည်ကြီးနေတယ်နော်


--


ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ရွှေကြာရုပ်ရှင်ကားကြီးမှာ အကယ်ဒမီ ဖွေးဖွေးက ပြည်တန်းဆာ နေရာမှာ သရုပ်ဆောင်ထားတာဖြစ်ပါတယ် ဇာတ်ကားထဲက ဒိုင်ယာလော့တွေက ကောင်းလွန်းလို့ ပရိတ်သက်တွေကြား နာမည်ကြီးနေပါတယ်။
--
 "ဖာဆိုတာ မကောင်းတဲ့ မိန်းမဆိုတာနဲ့ စာရင်တော့ တော်သေးတာပေါ့ အေးချမ်းရဲ့၊ ငါက ငါ့ကို ဖာ လို့ပြောရင် စိတ်မဆိုးဘူး၊ မကောင်းတဲ့မိန်းမလို့ပြောရင်သာ စိတ်ဆိုးတာ၊ ဒီအလုပ်လုပ်တာကလွဲလို့ လူ့ဘဝမှာ ငါကောင်းကောင်းနေထိုင်နေတာပဲလေ၊ လူတွေအပေါ် ငါမယုတ်မာဘူး၊ ဒုက္ခရောက်အောင်မလုပ်ဘူး၊ မခိုးဘူး၊ သူများမိသားစုကို မဖြိုခွဲဘူး၊ ငါ့အသက်မွေးဝမ်းကြောင်းက ဖာ၊ ဒါပေမဲ့ ငါက မကောင်းတဲ့ မိန်းမ မဟုတ်ဘူးလေ၊ အဲ့ဒီလို တစ်လုံးတည်းနဲ့ ထိထိမိမိရှိတဲ့ ဖာ ဆိုတဲ့စကားလုံးလေး တီထွင်ပေးခဲ့သူကိုတောင် ငါက ကျေးဇူးတင်နေတာ ....၊ နင်တို့အညာမှာ ထန်းခေါက်ဖာတွေရှိတယ် မဟုတ်လား၊ အဲ့ဒီ ဖာနဲ့ စာလုံးချင်းတူတယ်လေ၊ 'ဖာ ' ဘာဖြစ်လဲ၊ တစ်လုံးတည်း လေကုန်သက်သာတယ်"

 ရွှေကြာ ( ပုညခင် - အရှေ့တံခါးအဝင် )

Source :  Forever Phway's Fan

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...