က်ပ္သိန္း တစ္ေသာင္း ထီဖြင္႔ပြဲမွ အကၡရာ ေဂၚလီလံုးမ်ားအား စစ္ေဆးရာ အေလးခ်ိန္ ကြာဟမႈ ရွိေန


(၁)ႀကိမ္ေျမာက္ က်ပ္ငါးရာတန္ထီလက္မွတ္ က်ပ္သိန္းတစ္ေသာင္းဆုေၾကးဖြင့္လွစ္ပြဲတြင္ အကၡရာေဂၚလီလံုးမ်ား၏ အေလးခ်ိန္အား ျပင္ပစက္(ဒီဂ်စ္တယ္ကတၱား)ျဖင့္ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ရာတြင္ အေလးခ်ိန္ကြာဟမႈရွိခဲ့ေၾကာင္း သိရသည္။ အကၡရာ ေဂၚလီလံုးမ်ား၏ အေလးခ်ိန္ မွန္ကန္မႈရွိေစရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း၏ ခြင့္ျပဳခ်က္ျဖင့္ ျပင္ပစက္ (ဒီဂ်စ္တယ္ကတၱား)တစ္လံုးျဖင့္ စစ္ေဆးမႈကို ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
''အားလံုး ေတြ႕ၾကတယ္ေနာ္။ ဧည့္သည္ေတာ္ေတြလဲ ေတြ႕တယ္။ မီဒီယာေတြလဲ ေတြ႕တယ္ေနာ္။ အေလးခ်ိန္က ကြာေနတယ္။ သူ႔သေဘာကေတာ့ တစ္လံုးနဲ႔တစ္လံုး အေလးခ်ိန္မတူဘူးဆိုရင္ သေဘာတရားအရ ေလးတဲ့အလံုးေတြက ေအာက္မွာပဲရွိေနၿပီး ေပါ့တဲ့အလံုးေတြပဲ အေပၚေရာက္ႏိုင္တယ္''ဟု စစ္ေဆးခဲ့သူတစ္ဦးက ေျပာသည္။
ယခင္ထီဖြင့္ပြဲေန႔မ်ားတြင္ ယခုကဲ့သုိ႔စစ္ေဆးမႈမ်ားမရွိခဲ့ ေၾကာင္းသိရသည္။ (၁)ႀကိမ္ေျမာက္ သိန္းတစ္ေသာင္း ထီဖြင့္ပြဲတြင္ အကၡရာေဂၚလီလံုးမ်ားကို သက္ဆိုင္ရာတာဝန္ရွိ အဖြဲ႔အစည္းမ်ား၊ ထီအေရာင္းဆိုင္ပုိင္ရွင္မ်ား၊ တက္ေရာက္လာသည့္ ျပည္သူမ်ားအား လြတ္လပ္စြာစစ္ေဆးခြင့္ ျပဳေပးခဲ့ေၾကာင္း သိရသည္။ စစ္ ေဆးမႈမ်ား ျပဳလုပ္ရာတြင္ က/ဃ အကၡရာ ထီေဂၚလီလံုး အေလးခ်ိန္အားခ်ိန္ၾကည့္ရာ ၉၄ ဒသမ ၅၃ ဂရမ္ရွိၿပီး က/ဂ အကၡရာ ေဂၚလီလံုးအား စစ္ေဆးရာတြင္ ၁၁ဝ ဒသမ ၁၂ ဂရမ္အေလးခ်ိန္ႏွင့္ အနည္းငယ္ကြာဟမႈရွိခဲ့ေၾကာင္း သိရသည္။ က်ပ္၅ဝဝတန္ထီ လက္မွတ္(၁) ႀကိမ္ေျမာက္ ထီဖြင့္ပြဲတြင္ ဆုမဲမ်ားအေနျဖင့္ က်ပ္သိန္းတစ္ေသာင္းတစ္ဆု၊ သိန္းငါးေထာင္ဆုတစ္ဆု၊ သိန္းတစ္ေထာင္တစ္ဆု၊ သိန္း၁ဝဝက ၃၇ ဆု၊ က်ပ္ သိန္း၅ဝက ၃၉ဆု၊ ၁ဝသိန္းဆု ၄၁ဆုႏွင့္ ေဝေဝဆာဆာ ပေဒသာဆုမ်ားျဖစ္ေသာ က်ပ္သံုးသိန္းဆု ၁ဝဆု၊ ႏွစ္သိန္းဆု ၁ဝဆု၊ တစ္သိန္းဆု ၂၉ယူနစ္ႏွင့္ က်ပ္ ငါးေသာင္းဆု ခုနစ္ယူနစ္တို႔ကို ခ်ီးျမႇင့္ ေပးခဲ့ေၾကာင္း သိရသည္။
မင္းဗညား
#theflowernews
======
(၁)ကြိမ်မြောက် ကျပ်ငါးရာတန်ထီလက်မှတ် ကျပ်သိန်းတစ်သောင်းဆုကြေးဖွင့်လှစ်ပွဲတွင် အက္ခရာဂေါ်လီလုံးများ၏ အလေးချိန်အား ပြင်ပစက်(ဒီဂျစ်တယ်ကတ္တား)ဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် အလေးချိန်ကွာဟမှုရှိခဲ့ကြောင်း သိရသည်။ အက္ခရာ ဂေါ်လီလုံးများ၏ အလေးချိန် မှန်ကန်မှုရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၏ ခွင့်ပြုချက်ဖြင့် ပြင်ပစက် (ဒီဂျစ်တယ်ကတ္တား)တစ်လုံးဖြင့် စစ်ဆေးမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
''အားလုံး တွေ့ကြတယ်နော်။ ဧည့်သည်တော်တွေလဲ တွေ့တယ်။ မီဒီယာတွေလဲ တွေ့တယ်နော်။ အလေးချိန်က ကွာနေတယ်။ သူ့သဘောကတော့ တစ်လုံးနဲ့တစ်လုံး အလေးချိန်မတူဘူးဆိုရင် သဘောတရားအရ လေးတဲ့အလုံးတွေက အောက်မှာပဲရှိနေပြီး ပေါ့တဲ့အလုံးတွေပဲ အပေါ်ရောက်နိုင်တယ်''ဟု စစ်ဆေးခဲ့သူတစ်ဦးက ပြောသည်။
ယခင်ထီဖွင့်ပွဲနေ့များတွင် ယခုကဲ့သို့စစ်ဆေးမှုများမရှိခဲ့ ကြောင်းသိရသည်။ (၁)ကြိမ်မြောက် သိန်းတစ်သောင်း ထီဖွင့်ပွဲတွင် အက္ခရာဂေါ်လီလုံးများကို သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများ၊ ထီအရောင်းဆိုင်ပိုင်ရှင်များ၊ တက်ရောက်လာသည့် ပြည်သူများအား လွတ်လပ်စွာစစ်ဆေးခွင့် ပြုပေးခဲ့ကြောင်း သိရသည်။ စစ် ဆေးမှုများ ပြုလုပ်ရာတွင် က/ဃ အက္ခရာ ထီဂေါ်လီလုံး အလေးချိန်အားချိန်ကြည့်ရာ ၉၄ ဒသမ ၅၃ ဂရမ်ရှိပြီး က/ဂ အက္ခရာ ဂေါ်လီလုံးအား စစ်ဆေးရာတွင် ၁၁ဝ ဒသမ ၁၂ ဂရမ်အလေးချိန်နှင့် အနည်းငယ်ကွာဟမှုရှိခဲ့ကြောင်း သိရသည်။ ကျပ်၅ဝဝတန်ထီ လက်မှတ်(၁) ကြိမ်မြောက် ထီဖွင့်ပွဲတွင် ဆုမဲများအနေဖြင့် ကျပ်သိန်းတစ်သောင်းတစ်ဆု၊ သိန်းငါးထောင်ဆုတစ်ဆု၊ သိန်းတစ်ထောင်တစ်ဆု၊ သိန်း၁ဝဝက ၃၇ ဆု၊ ကျပ် သိန်း၅ဝက ၃၉ဆု၊ ၁ဝသိန်းဆု ၄၁ဆုနှင့် ဝေဝေဆာဆာ ပဒေသာဆုများဖြစ်သော ကျပ်သုံးသိန်းဆု ၁ဝဆု၊ နှစ်သိန်းဆု ၁ဝဆု၊ တစ်သိန်းဆု ၂၉ယူနစ်နှင့် ကျပ် ငါးသောင်းဆု ခုနစ်ယူနစ်တို့ကို ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။
မင်းဗညား
#theflowernews

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...