တောင်ငူမြို့ တွင် လူနှစ်ယောက် စီးလာသော ယာဉ်တစ်စီးပေါ်သို့ နှစ်ချို့စိမ်ပန်းပင်ကြီး အလိုအလျောက် လဲကျပိမှု ဖြစ်ပွား

Double Cab ယာဉ်ပေါ်သို့ နှစ်ချို့စိမ်ပန်းပင်ကြီး အလိုအလျောက် လဲကျပိမှုဖြစ်ပွားစဉ် – ဓာတ်ပုံ – DR (သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့-တောင်ငူ)
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ၁၇ ရပ်ကွက် ၊ဆေးရုံဟောင်းလမ်းပေါ်တွင် ယနေ့ (ဧပြီ ၁၈ ရက်) နံနက် ၁၀ နာရီခန့်က လမ်းဘေးတွင်ရှိနေသော နှစ်ချို့စိန်ပန်းပင် တစ်ပင်မှာ လမ်းမပေါ်သွားနေသော လူနှစ်ဦး လိုက်ပါလာသည့် Double Cab ယာဉ်ပေါ်သို့ အလိုအလျောက် လဲကျပိမှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါသူများ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။
“သူတို့က ကွမ်းယာဆိုင်ကနေပြီး ပန်းသီးပွဲရုံဘက်ကို သွားကြတာလို့ ပြောတယ်၊ ကားကသွားနေနဲ့သစ်ပင်က လဲကျသွားတာပါ၊ သစ်ပင်လဲတာက လေတိုက်လို့လည်း မဟုတ်ဘူး၊ မိုးရွာလို့လည်း မဟုတ်ဘူး၊ သစ်ပင်က အမြစ်တွေက ဆွေးနေတာ၊ အရင်နေ့တွေက ရွာထားတဲ့ မိုးနဲ့သူက အစိုဓာတ်လည်း ရှိနေတော့ အိပြီး လဲသွားတာပါ၊ သစ်ပင်က ကားရဲ့ အလယ်လောက်ကို လဲကျတာ ကားထဲမှာက နှစ်ယောက်ပါတယ်၊ လူတွေက ကံကောင်းတယ် ဘာမှမဖြစ်ပါဘူး” ဟု တောင်ငူမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ဝင်းထွေးက ပြောကြားသည်။
ဖြစ်စဉ်မှာ ဦးချိုကြီး ၄၆ နှစ် (ဘ) ဦးကျော်မြင့် အင်ဒိုင်းကျေးရွာ တောင်ငူမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 6B- —- Double Cub ခဲရောင်ယာဉ်မှာ ယာဉ်မောင်းနှင့်အတူ အဖော်တစ်ဦး လိုက်ပါလျှက် တောင်ငူမြို့ ၁၇ ရပ်ကွက် ဆေးရုံဟောင်းလမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာစဉ် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်၌ ဆေးရုံဟောင်းလမ်းဘေးရှိ နှစ်ချို့စိန်ပန်းပင်တစ်ပင်မှာ အလိုအလျောက်လဲကျ၍ လမ်းပေါ်သွားနေသော ယာဉ်ပေါ်သို့ပိကျသွားခဲ့ခြင်း ဖြစ်သည်။

စိန်ပန်းပင်နှင့် ကိုင်းများမှာ ယာဉ်မောင်းနှင့် အဖော်တို့ရှိနေသော ခေါင်းခန်းအား ခွ၍ ယာဉ်၏ ခါးလယ်ပိုင်းနှင့် ရှေ့စက်ခန်း (ခေါင်းပိုင်း) တို့အား ပိမိသွားခဲ့ခြင်း ဖြစ်သဖြင့် ယာဉ်မောင်းနှင့်အတူ လိုက်ပါသူတို့မှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိဘဲ ယာဉ်၏ ရှေ့ခေါင်းပိုင်း အနည်းငယ် ပျက်စီးသွားခဲ့အဆိုပါ သစ်ပင်လဲကျရာသို့ တောင်ငူမြို့မ အမှတ် ၁ ရဲစခန်းမှူး ဒုရဲမှူး အောင်ဝင်းထွေးနှင့်အဖွဲ့၊တောင်ငူမြို့နယ် သဘာဝဘေးအန္တရယ်များအားကာကွယ်ရေး (DR)အဖွဲ့နှင့် မြို့နယ်မီးသတ်အဖွဲ့တို့မှ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး နံနက် ၁၁ နာရီကျော်ခန့်တွင် ရှင်းလင်းပြီးစီးခဲ့ကြောင်း သိရသည်။
Writer:ဇော်ဝင်းချစ်(တောင်ငူ)
Credit: Eleven

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...