တလမွလစာ ၄၀၀၀၀ က်ပ္ ရတဲ့တပ္ၾကပ္ႀကီးမိုက္ကယ္ရဲ႕ဘဝ

မိုက္ကယ္ အေၾကာင္းစိတ္ဝင္စားသူမ်ားအတြက္

တလမွလစာ၄၀၀၀၀က်ပ္ရတဲ့တပ္ၾကပ္ႀကီးမိုက္ကယ္ရဲ႕ဘဝ.....

တပ္ျကပ္ႀကီး မိုက္ကယ္နဲ႔ သူ႔သခင္ၾကားက ေမတၱာတရားေတြ...

ေပါက္ကြဲေစတတ္တဲ့ ပစၥည္း ဒါမွမဟုတ္ ယမ္းကိုေတြ႕တဲ့အခါမွာ ထိုင္ၿပီးေဟာင္ျပတတ္ေစဖို႔ ေလ့က်င့္ေပးထားတယ္။
ဖိုင္း ….. ဖိုင္း …. ဖိုင္း ….. ဆိုုတဲ့ အမိန္႔ေပးသံကို ၾကားလိုက္တာနဲ႔ သူက အစည္းအေဝးခန္းမရဲ႕ ထိုင္ခံုေတြ စားပြဲေတြၾကားကို ေခါင္းထိုးဝင္ေရာက္ ၿပီး တစ္စံုတစ္ခုကို လိုက္လံရွာေဖြပါတယ္။ ေနာက္ထပ္အမိန္႔တစ္စံုတစ္ရာ မရမခ်င္း သူက သူ႕တာဝန္ကို ဆက္ၿပီးထမ္းေဆာင္ ေနပါတယ္။ မနက္ျဖန္မွာ ျပဳလုပ္ဖို႔ရွိေနတဲ့ ႏိုင္ငံေတာ္အဆင့္ေတြ႕ဆံုပြဲတစ္ခုအတြက္ သူက တာဝန္ထမ္းေဆာင္ေနတာပါ။

Bomb Squad (မိုင္းရွာအဖြဲ႕) လို႔ အနက္ေရာင္ေပၚမွာ အျဖဴေရာင္နဲ႔ ေရးထားတဲ့စာသားက သူ႕ရဲ႕တာဝန္ကို ေဖာ္ျပေနပါ တယ္။ သူ႕နာမည္က မိုက္ကယ္ပါ။ သူက မိုင္းရွာေခြးတစ္ေကာင္ျဖစ္ပါတယ္။

‘ႏိုင္ငံအဆင့္ပြဲေတြတိုင္းအားလံုးနီးပါး သူပဲရွာရတာပါ၊ ပြဲေတြမ်ားေတာ့ မေရတြက္ႏိုင္ေတာ့ဘူး” လို႔ သူ႕ရဲ႕သခင္ ရဲဒု တပ္ၾကပ္ေအာင္ဖိုက္က ေျပာပါတယ္။

ရႊအိုေရာင္နဲ႔ အနက္ေရာင္ ေရာစပ္ ထားတဲ့ မိုက္ကယ္က ဂ်ာမန္ (ရွက္ပက္) အမ်ိဳးအစား အယ္လ္ေဇးရွင္းေခြးတစ္ေကာင္ ျဖစ္ပါတယ္။ ၂၀၁၂ ခုႏွစ္ ဇြန္လမွာ ျမန္မာႏိုင္ငံကို ေရာက္ခဲ့ပါတယ္။

သူ႕ကို အမွတ္ (၁) တပ္မေတာ္ စစ္ ဘက္ေရးရာ လံုၿခံဳေရး အတတ္သင္ ေက်ာင္း (မဂၤလာဒံု) မွာ ေလ့က်င့္သင္ တန္းေပးခဲ့တာ ျဖစ္ပါတယ္။ ေျခာက္လၾကာသင္တန္းေပးေလ့က်င့္ၿပီးတဲ့ေနာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မိုင္းရွာေဖြေရးအဖြဲ႕မွာ မိုက္ကယ္စၿပီး တာဝန္ထမ္းေဆာင္ပါတယ္။

ရန္ကုန္မွာ တာဝန္က်တဲ့မိုက္ကယ္က တိုင္းတစ္ခုလံုးမွာ တစ္ေကာင္တည္းျဖစ္တဲ့ မိုင္းရွာေခြးပါ။ အဲဒါေၾကာင့္ ေနရာေတာ္  ေတာ္မ်ားမွာ ေန႔ညမေရြးတာဝန္ထမ္း ေဆာင္ခဲ့ရပါတယ္။ ရန္ကုန္တိုင္းေဒသ ႀကီး အစိုးရ႐ံုးမွာ ေပါက္ကြဲမႈျဖစ္ၿပီး ထပ္မံေပါက္ကြဲဖို႔ရွိတဲ့ ၁၅၀ ပုလင္းေတြကို ရွာေဖြေပးခဲ့တာက သူ႕ရဲ႕စြမ္းေဆာင္ရည္မ်ားစြာထဲက ထင္ရွားတဲ့တစ္ခုျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္ေခြးအသံုးျပဳၿပီး မိုင္းရွာေဖြတဲ့သင္တန္းကို ၂၀၁၂ ခုႏွစ္ ဇန္နဝါရီလမွာ တပ္မေတာ္ သတင္းစု ေဆာင္းေရးအတတ္သင္ေက်ာင္းမွာ စတင္ဖြင့္လွစ္ပါတယ္။ မိုက္ကယ္က သင္တန္းအပတ္စဥ္ (၁၀/၂၀၁၂) ဆင္းပါ။ မိုက္ကယ္နဲ႔အတူ ေခြးအေကာင္ေရ ၄၀ ေက်ာ္ကို ေလ့က်င့္ေပးတာျဖစ္ၿပီး လက္ရွိ မွာေတာ့ ေလးေကာင္သာက်န္ရွိတယ္လို႔ သိရပါတယ္။ သူတို႔ေတြက ရန္ကုန္တိုင္းေဒသႀကီး၊ ေနျပည္ေတာ္နဲ႔ မႏၱေလးမွာ တာဝန္ထမ္းေဆာင္ေနပါတယ္။

နည္းမ်ိဳးစံုသင္ၾကား
မိုင္းရွာေခြးေတြကို သင္ၾကားေပးတဲ့ အခါမွာ လူအကူအညီနဲ႔သင္ၾကားတာ၊ ေခြးထိန္းႀကိဳးအသံုးျပဳသင္ၾကားေပးတာ၊ အနီးကပ္အမိန္႔နာခံမႈ သင္ၾကားေပးတာ စသျဖင့္ အမိန္႔ေပးေလ့က်င့္ရပါတယ္။ အမိန္႔နာခံမႈစြမ္းရည္တိုးတက္လာတဲ့အခါမွာ ေခြးေတြကို အေဝးကေန အမိန္႔ေပးၿပီးေစခိုင္းႏိုင္တဲ့ အဆင့္ေရာက္ရွိပါတယ္။ အမိန္႔ နာခံမႈစြမ္းရည္ရွိလာတဲ့စစ္ေခြးေတြကိုအေနအထားအမ်ိဳးမ်ိဳးမွာ မိုင္းရွာေဖြႏိုင္တဲ့ စြမ္းရည္ရရွိေအာင္ ဆက္လက္ေလ့က်င့္ ေပးရပါတယ္။

ယမ္းနံ႔ေပးတာ၊ စြပ္ျပဳတ္ေရအစက္ ခ်ေပးၿပီး မိုင္းနဲ႔ ေပါက္ကြဲေစတတ္တဲ့ ပစၥည္းရွာေဖြတာ စတဲ့နည္းေတြကို ေလ့က်င့္ေပးတာျဖစ္ပါတယ္။ ေပါက္ကြဲေစတတ္တဲ့ ပစၥည္း ဒါမွမဟုတ္ ယမ္းကို ေတြ႕တဲ့အခါမွာ ကိုက္တာကုတ္တာ စတဲ့ အ က်င့္ေတြကိုေဖ်ာက္ၿပီး ထိုင္ၿပီးေဟာင္ျပ တတ္ေစဖို႔ ေလ့က်င့္ေပးထားတယ္လို႔ သိရပါတယ္။ ေခြးကိုင္စစ္သည္ေရာ ေခြးကိုပါ အႏၱရာယ္မျဖစ္ေစဖို႔ အခုလို ေလ့က်င့္ေပးထားရတာပါ။
မိုင္းရွာေခြးေတြကို ေလ့က်င့္ေပးတဲ့ အခ်ိန္မွာကတည္းက အမိန္႔နာခံမႈရွိ ေအာင္ အဓိကသင္ၾကားေပးတာျဖစ္ၿပီး အစားအေသာက္ဆိုင္ရာ က်န္းမာေရးစစ္ ေဆးမႈေတြကို ပံုမွန္ျပဳလုပ္ေပးတယ္လို႔ သိရပါတယ္။

‘အရင္ဆံုးရင္းႏွီးမႈရွိမွ ကိုယ့္အမိန္႔ကို နာခံမွာဆိုေတာ့ ရင္းႏွီးေအာင္လုပ္ရတယ္၊ တိရစၦာန္ကို သင္ရတာဆိုေတာ့ ခက္ခဲတယ္၊ ဒါေပမဲ့ တြဲတာၾကာေတာ့ ရင္းႏွီးမႈနဲ႔ သင္ရတာလြယ္လာတယ္” လို႔  မိုက္ကယ္ ရဲ႕ ေလ့က်င့္သင္ၾကားေပးသူလည္းျဖစ္တဲ့  ဒုတပ္ၾကပ္ ေအာင္ဖိုက္က ရွင္းျပပါတယ္။

မိုင္းရွာေခြးေတြကို တာဝန္က်တဲ့ ေခြးကိုင္စစ္သည္က ေလ့က်င့္သင္ၾကားေပး ၿပီး တာဝန္ထမ္းေဆာင္တဲ့အခါမွာလည္း ေကြ်းေမြးေစာင့္ေရွာက္ရတာျဖစ္လို႔ ကိုေအာင္ဖိုက္က မိုက္ကယ္ရဲ႕ သခင္တစ္ ေယာက္လည္း ျဖစ္လာခဲ့ပါတယ္။ သား သမီမရွိတဲ့ သူတို႔လင္မယား အတြက္ မိုက္ ကယ္က အရင္းႏွီးဆံုးမိသားစုဝင္တစ္ဦးလည္း ျဖစ္ပါတယ္။ ကိုေအာင္ ဖိုက္တို႔ ဇနီးေမာင္ႏွံနဲ႔ မိုက္ကယ္တို႔ အတူတူေနလာ တာ ေလးႏွစ္ေက်ာ္လာခဲ့ၿပီ။

ကိုေအာင္ဖိုက္က “သူ႕ကို ခြံ႕မေကြ်းရင္ လံုုးဝမစားဘူး၊ ဘယ္ႏွရက္ပဲျဖစ္ျဖစ္ အငတ္ခံတယ္၊ စမ္းသပ္ဖူးတယ္၊ ေနာက္ဆံ ုးမႏိုင္လို႔ ျပန္ခြံ႕ေကြ်းရတယ္”လို႔ မိုက္ကယ့္ကို အစာခြံ႕ရင္း ေျပာပါတယ္။
အစာစားၿပီးရင္လည္း တျခားေခြး ေတြလို ခ်က္ခ်င္းထြက္သြားတာမ်ိဳး မဟုတ္ဘဲနဲ႔ သူ႕ပါးစပ္မွာေပေနတဲ့ အစာေတြကို ေရနဲ႔ေဆးၿပီး ေျခာက္ေအာင္ အဝတ္နဲ႔သုတ္ေပးၿပီးတဲ့ အထိ ရပ္ေစာင့္ေနတတ္ပါတယ္။
သူ႕ရဲ႕ က်န္းမာေရးအတြက္ ပံုမွန္ေန႔ တိုင္းေဆးတိုက္ရပါတယ္။  ေဆးတိုက္တဲ့ အခါမွာ အစာနဲ႔ေရာၿပီးထည့္ေကြ်းတာျဖစ္ ေပမဲ့ ေဆးပါတဲ့ အစာကို ခြံ႕တာနဲ႔ ေထြးခ်တတ္ပါတယ္။ ေဆးမႀကိဳက္တဲ့မိုက္ကယ္က သခင္ရဲ႕ စေတး (ဆတာယ) ဆိုတဲ့ အမိန္႔ ေပးမွ မ်ိဳခ်တတ္ပါ တယ္။

အဂၤလိပ္လို

မိုင္းရွာေဖြတဲ့ နည္းပညာေတြကို သင္ၾကားမေပးခင္အခ်ိန္မွာ ေခြးေတြရဲ႕ အမိန္႔ နာခံမႈစြမ္းရည္ရွိဖို႔ အေျခခံစစ္မိန္႔သံ ၂၆ မ်ိဳးကို အဂၤလိပ္အတိုေကာက္ အမိန္႔ေပး ၿပီးေလ့က်င့္သင္ၾကားေပးတာ ျဖစ္ပါတယ္။

မိုက္ကယ့္ကို ေန႔စဥ္ မနက္စာအတြက္ ၾကက္ဥ ႏွစ္လံုးနဲ႔ ႏို႔မႈန္႔ ႏွစ္ထုပ္ေဖ်ာ္ၿပီးတိုက္ရပါတယ္။ ေန႔လည္စာနဲ႔ ညစာအတြက္ ၾကက္သားဆန္ျပဳတ္ေကြ်းရပါ တယ္။ ၾကက္သားဆန္ျပဳတ္ကို အ႐ိုးပါရင္ မစားတာေၾကာင့္ အသားကို ကတ္ေၾကးနဲ႔ ေသးေသးေလးေတြ ျဖစ္ေအာင္ညႇပ္ၿပီး ဆန္ျပဳတ္နဲ႔ေရာၿပီး ေကြ်းရတာပါ။ အစာကို တစ္ေန႔ သံုး နပ္ အခ်ိန္မွန္မွန္ ဂ႐ုစိုက္ၿပီး ေကြ်းရ ပါတယ္။

‘အစာေကြ်းခ်ိန္ ေနာက္က်ရင္ သူက မစားဘူး၊ စိတ္ ေကာက္တယ္ လို႔ ေျပာရမွာေပါ့၊ အဲဒါေၾကာင့္ မနက္အ ေစာထၿပီး သူ႕ အတြက္ ခ်က္ေပးရတယ္၊ တျခားကေလးေတြကို ခ်ီရင္လဲ သူက မႀကိဳက္ဘူး၊ ကေလးယူေတာ့မယ္ဆိုတဲ့အ ေၾကာင္း ေျပာရင္ အိမ္ေရွ႕က ေထာင့္မွာ သြားထိုင္ ေနတတ္တယ္၊ ေခၚရင္လဲ မလာ ေတာ့ဘူး˘ လို႔ ကိုေအာင္ဖိုက္ရဲ႕ ဇနီးျဖစ္သူ မျမင့္ႏြယ္ဝင္းက ေျပာပါတယ္။
အစားအေသာက္အျပင္ မိုက္ကယ္ရဲ႕ က်န္းမာေရးအတြက္ အစာစားေဆး၊ အသည္းအားတိုးေဆး၊ အစာေၾကေဆး၊ ငါး ႀကီးဆီ၊ ဘားပလက္ စတဲ့ေဆးေတြကို ေန႔ စဥ္တိုက္ေကြ်းရၿပီး ေျခာက္လ တစ္ ႀကိမ္ စစ္ေဆးမႈေတြ ျပဳလုပ္ရတယ္လို႔ သိရ ပါတယ္။

၂၀၁၅ ဇူလိုင္လ ထဲတုန္းက မိုက္ ကယ္ရဲ႕ တင္ပါးမွာ အနာျဖစ္ၿပီး တိရိ စၦာန္ ေဆး႐ံုတက္ၿပီး ခြဲစိတ္ကုသခဲ့ရပါတယ္။ အ နာေၾကာင့္ တင္ပါးနားတစ္ဝိုက္က အ ေရ ျပားေတြ ကြာက်ခဲ့ၿပီး တစ္လခြဲခန္႔ၾကာေအာင္ အနာဒဏ္ခံခဲ့ရပါတယ္။

‘သားသမီးလိုပါပဲ၊ သူျဖစ္ေတာ့ ေဆး႐ံုမွာ ႏွစ္ေယာက္လံုး သူ႕အလွည့္ကိုယ့္အလွည့္ခြဲၿပီး ေစာင့္ခဲ့ရတယ္၊ အိမ္ျပန္ေရာက္ ေတာ့လဲ အနာကို သန္႔ေအာင္ထားေပးရ တယ္၊ ျဖစ္တဲ့အခ်ိန္ တိရ စၦာန္ျဖစ္လို႔ စကားမေျပာတတ္တာပဲ ရွိတယ္၊ အကုန္နားလည္တယ္၊ အစ္မမွာ လက္ေလွ်ာ့ရ ပါၿပီဆို ၿပီး ငိုရေသးတယ္၊ ျပန္ေကာင္းလာမွ သက္ျပင္းခ်ႏိုင္တယ္”လို႔ မျမင့္ႏြယ္ဝင္းက ေျပာျပတယ္။

မိုက္ကယ္ေရာဂါ အျမန္ေပ်ာက္ဖို႔ ႏိုင္ငံေတာ္ရဲ႕ အေထာက္အပံ့အျပင္ကိုေအာင္ ဖိုက္တို႔ လင္မယားက အိတ္ထဲကေနစိုက္ ၿပီး ကုသေပးခဲ့ ပါတယ္။

ဒါ့အျပင္ မိုက္ကယ္အတြက္ အိပ္ရာ၊ ေက်ာပိုးအိတ္၊ ၿခံဳ ေစာင္၊ ဖိနပ္စတာ ေတြကိုလည္း သားသမီး အရင္းနဲ႔ မျခား လိုေလေသးမရွိေအာင္ ဝယ္ေပးထားတာ ေတြ႕ရပါတယ္။

မိုင္းရွာေခြးတစ္ေကာင္အတြက္ ႏိုင္ငံေတာ္ကေန တစ္ရက္ကို ေငြက်ပ္ ၁၀ဝ၀ ႏႈန္းနဲ႔ တစ္လစာ ၃၀,ဝ၀ဝ က်ပ္ ၊ အစာ စရိတ္သတ္မွတ္ၿပီး က်န္းမာေရးေစာင့္ ေရွာက္မႈစရိတ္အတြက္ တစ္လကို က်ပ္ ၁၀,ဝ၀ဝ ၊ စုစုေပါင္း ၄၀,ဝ၀ဝ က်ပ္ ေထာက္ပံ့ေပးတယ္လို႔ သိရပါတယ္။

ဟက္ပီဘက္သ္ေဒး

မိုက္ကယ္ျပန္ၿပီးေနေကာင္းလာၿပီး ခုနစ္လအၾကာမွာ ကိုေအာင္ဖိုက္တစ္ ေယာက္ ေနျပည္ေတာ္ကို ေျပာင္းေရႊ႕မိန္႔ က်လာပါတယ္။ မိုက္ကယ္နဲ႔အတူတူ ေျပာင္းခြင့္မရတာေၾကာင့္ ေျပာင္းေရႊ႕ခြင့္ကို သူက ျငင္းပယ္ခဲ့တယ္လို႔ ေျပာပါ တယ္။

အိမ္ကိုေရာက္လာတဲ့အခ်ိန္ကစၿပီး မိုက္ကယ္ရဲ႕ ေမြးေန႔ကို ကိုေအာင္ဖိုက္တို႔ ဇနီးေမာင္ႏွံက ႏွစ္စဥ္က်င္းပေပးပါတယ္။ သူ႕ေမြးေန႔မွာ ကိတ္မုန္႔လွီးတာအျပင္ တစ္ျခားေခြးေတြကို အစာေကြ်းတဲ့ဒါနကို လည္း ျပဳလုပ္ေပးေလ့ရွိတယ္လို႔ သိရပါ တယ္။

လက္ရွိမွာ မိုက္ရဲ႕ အသက္က ေလး ႏွစ္ေက်ာ္ ငါးႏွစ္ထဲကို ေရာက္ရွိေနပါၿပီ။ တာဝန္ေတြကို ေက်ေက်ပြန္ပြန္ထမ္းေဆာင္ခဲ့တဲ့ မိုက္ကယ္ကို မိုင္းရွာတပ္ဖြဲ႕က တပ္ၾကပ္ႀကီးရာထူးအဆင့္အထိ တိုး ျမႇင့္ေပးထားပါတယ္။


ဒါဟာသူတကယ္လုပ္ေဆာင္ခဲ့တဲ့အရာေတြပါ။ အခုေတာ့သူမ႐ွိ႐ွာေတာ့ပါဘူး။

Author ေမေသာ္တာေမာင္

Credit; Kumudra


"တပ္ၾကပ္ႀကီးမိုက္ကယ္"(Yangon Bomb Squad Team) တာဝန္ထမ္းေဆာင္ရင္းကြယ္လြန္
16.4.2017
-------------------------------------------------
"တပ္ၾကပ္ႀကီးမိုက္ကယ္"(Yangon Bomb Squad Team) ဟာတာဝန္ထမ္းေဆာင္ရင္း
အစာအိမ္ေသြးေၾကာေပါက္၍ (၁၅.၄.၂၀၁၇)ရက္ေန႔ 
ညပိုင္းကကြယ္လြန္. . .
တာဝန္ေၾကလြန္းတဲ့ "မိုက္ကယ္"ဟာ ရန္ကုန္ၿမိဳ႕
တြင္း ဗံုးေလးလံုးရွာေဖြႏိုင္ခဲ့၍ တပ္ၾကပ္ႀကီးရာထူး
ရခဲ့ျခင္းျဖစ္ပါသည္။ "မိုက္ကယ္" ဟာရန္ကုန္တိုင္း
ေဒသႀကီး ဗဟိုမဏၭပ္တြင္ဗံုးရွာေဖြေရးတာဝန္
ထမ္းေဆာင္ပါတယ္
"မိုက္ကယ္"
ေကာင္းရာသုဂတိလားပါေစ....ရဲေဘာ္
သင္...သြားလိုရာ သြားႏိုင္ပါၿပီ....
အမွ်. . .အမွ်. . . အမွ်

#MinnThuAung
==============

မိုက်ကယ် အကြောင်းစိတ်ဝင်စားသူများအတွက်

တလမှလစာ၄ဝဝဝဝကျပ်ရတဲ့တပ်ကြပ်ကြီးမိုက်ကယ်ရဲ့ဘဝ.....

တပ်ကြပ်ကြီး မိုက်ကယ်နဲ့ သူ့သခင်ကြားက မေတ္တာတရားတွေ...

ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း ဒါမှမဟုတ် ယမ်းကိုတွေ့တဲ့အခါမှာ ထိုင်ပြီးဟောင်ပြတတ်စေဖို့ လေ့ကျင့်ပေးထားတယ်။
ဖိုင်း ….. ဖိုင်း …. ဖိုင်း ….. ဆိုုတဲ့ အမိန့်ပေးသံကို ကြားလိုက်တာနဲ့ သူက အစည်းအဝေးခန်းမရဲ့ ထိုင်ခုံတွေ စားပွဲတွေကြားကို ခေါင်းထိုးဝင်ရောက် ပြီး တစ်စုံတစ်ခုကို လိုက်လံရှာဖွေပါတယ်။ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မရမချင်း သူက သူ့တာဝန်ကို ဆက်ပြီးထမ်းဆောင် နေပါတယ်။ မနက်ဖြန်မှာ ပြုလုပ်ဖို့ရှိနေတဲ့ နိုင်ငံတော်အဆင့်တွေ့ဆုံပွဲတစ်ခုအတွက် သူက တာဝန်ထမ်းဆောင်နေတာပါ။

Bomb Squad (မိုင်းရှာအဖွဲ့) လို့ အနက်ရောင်ပေါ်မှာ အဖြူရောင်နဲ့ ရေးထားတဲ့စာသားက သူ့ရဲ့တာဝန်ကို ဖော်ပြနေပါ တယ်။ သူ့နာမည်က မိုက်ကယ်ပါ။ သူက မိုင်းရှာခွေးတစ်ကောင်ဖြစ်ပါတယ်။

‘နိုင်ငံအဆင့်ပွဲတွေတိုင်းအားလုံးနီးပါး သူပဲရှာရတာပါ၊ ပွဲတွေများတော့ မရေတွက်နိုင်တော့ဘူး” လို့ သူ့ရဲ့သခင် ရဲဒု တပ်ကြပ်အောင်ဖိုက်က ပြောပါတယ်။

ရွှအိုရောင်နဲ့ အနက်ရောင် ရောစပ် ထားတဲ့ မိုက်ကယ်က ဂျာမန် (ရှက်ပက်) အမျိုးအစား အယ်လ်ဇေးရှင်းခွေးတစ်ကောင် ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လမှာ မြန်မာနိုင်ငံကို ရောက်ခဲ့ပါတယ်။

သူ့ကို အမှတ် (၁) တပ်မတော် စစ် ဘက်ရေးရာ လုံခြုံရေး အတတ်သင် ကျောင်း (မင်္ဂလာဒုံ) မှာ လေ့ကျင့်သင် တန်းပေးခဲ့တာ ဖြစ်ပါတယ်။ ခြောက်လကြာသင်တန်းပေးလေ့ကျင့်ပြီးတဲ့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မိုင်းရှာဖွေရေးအဖွဲ့မှာ မိုက်ကယ်စပြီး တာဝန်ထမ်းဆောင်ပါတယ်။

ရန်ကုန်မှာ တာဝန်ကျတဲ့မိုက်ကယ်က တိုင်းတစ်ခုလုံးမှာ တစ်ကောင်တည်းဖြစ်တဲ့ မိုင်းရှာခွေးပါ။ အဲဒါကြောင့် နေရာတော်  တော်များမှာ နေ့ညမရွေးတာဝန်ထမ်း ဆောင်ခဲ့ရပါတယ်။ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရရုံးမှာ ပေါက်ကွဲမှုဖြစ်ပြီး ထပ်မံပေါက်ကွဲဖို့ရှိတဲ့ ၁၅၀ ပုလင်းတွေကို ရှာဖွေပေးခဲ့တာက သူ့ရဲ့စွမ်းဆောင်ရည်များစွာထဲက ထင်ရှားတဲ့တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ခွေးအသုံးပြုပြီး မိုင်းရှာဖွေတဲ့သင်တန်းကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ တပ်မတော် သတင်းစု ဆောင်းရေးအတတ်သင်ကျောင်းမှာ စတင်ဖွင့်လှစ်ပါတယ်။ မိုက်ကယ်က သင်တန်းအပတ်စဉ် (၁၀/၂၀၁၂) ဆင်းပါ။ မိုက်ကယ်နဲ့အတူ ခွေးအကောင်ရေ ၄၀ ကျော်ကို လေ့ကျင့်ပေးတာဖြစ်ပြီး လက်ရှိ မှာတော့ လေးကောင်သာကျန်ရှိတယ်လို့ သိရပါတယ်။ သူတို့တွေက ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်နဲ့ မန္တလေးမှာ တာဝန်ထမ်းဆောင်နေပါတယ်။

နည်းမျိုးစုံသင်ကြား
မိုင်းရှာခွေးတွေကို သင်ကြားပေးတဲ့ အခါမှာ လူအကူအညီနဲ့သင်ကြားတာ၊ ခွေးထိန်းကြိုးအသုံးပြုသင်ကြားပေးတာ၊ အနီးကပ်အမိန့်နာခံမှု သင်ကြားပေးတာ စသဖြင့် အမိန့်ပေးလေ့ကျင့်ရပါတယ်။ အမိန့်နာခံမှုစွမ်းရည်တိုးတက်လာတဲ့အခါမှာ ခွေးတွေကို အဝေးကနေ အမိန့်ပေးပြီးစေခိုင်းနိုင်တဲ့ အဆင့်ရောက်ရှိပါတယ်။ အမိန့် နာခံမှုစွမ်းရည်ရှိလာတဲ့စစ်ခွေးတွေကိုအနေအထားအမျိုးမျိုးမှာ မိုင်းရှာဖွေနိုင်တဲ့ စွမ်းရည်ရရှိအောင် ဆက်လက်လေ့ကျင့် ပေးရပါတယ်။

ယမ်းနံ့ပေးတာ၊ စွပ်ပြုတ်ရေအစက် ချပေးပြီး မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းရှာဖွေတာ စတဲ့နည်းတွေကို လေ့ကျင့်ပေးတာဖြစ်ပါတယ်။ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း ဒါမှမဟုတ် ယမ်းကို တွေ့တဲ့အခါမှာ ကိုက်တာကုတ်တာ စတဲ့ အ ကျင့်တွေကိုဖျောက်ပြီး ထိုင်ပြီးဟောင်ပြ တတ်စေဖို့ လေ့ကျင့်ပေးထားတယ်လို့ သိရပါတယ်။ ခွေးကိုင်စစ်သည်ရော ခွေးကိုပါ အန္တရာယ်မဖြစ်စေဖို့ အခုလို လေ့ကျင့်ပေးထားရတာပါ။
မိုင်းရှာခွေးတွေကို လေ့ကျင့်ပေးတဲ့ အချိန်မှာကတည်းက အမိန့်နာခံမှုရှိ အောင် အဓိကသင်ကြားပေးတာဖြစ်ပြီး အစားအသောက်ဆိုင်ရာ ကျန်းမာရေးစစ် ဆေးမှုတွေကို ပုံမှန်ပြုလုပ်ပေးတယ်လို့ သိရပါတယ်။

‘အရင်ဆုံးရင်းနှီးမှုရှိမှ ကိုယ့်အမိန့်ကို နာခံမှာဆိုတော့ ရင်းနှီးအောင်လုပ်ရတယ်၊ တိရစ္ဆာန်ကို သင်ရတာဆိုတော့ ခက်ခဲတယ်၊ ဒါပေမဲ့ တွဲတာကြာတော့ ရင်းနှီးမှုနဲ့ သင်ရတာလွယ်လာတယ်” လို့  မိုက်ကယ် ရဲ့ လေ့ကျင့်သင်ကြားပေးသူလည်းဖြစ်တဲ့  ဒုတပ်ကြပ် အောင်ဖိုက်က ရှင်းပြပါတယ်။

မိုင်းရှာခွေးတွေကို တာဝန်ကျတဲ့ ခွေးကိုင်စစ်သည်က လေ့ကျင့်သင်ကြားပေး ပြီး တာဝန်ထမ်းဆောင်တဲ့အခါမှာလည်း ကျွေးမွေးစောင့်ရှောက်ရတာဖြစ်လို့ ကိုအောင်ဖိုက်က မိုက်ကယ်ရဲ့ သခင်တစ် ယောက်လည်း ဖြစ်လာခဲ့ပါတယ်။ သား သမီမရှိတဲ့ သူတို့လင်မယား အတွက် မိုက် ကယ်က အရင်းနှီးဆုံးမိသားစုဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ကိုအောင် ဖိုက်တို့ ဇနီးမောင်နှံနဲ့ မိုက်ကယ်တို့ အတူတူနေလာ တာ လေးနှစ်ကျော်လာခဲ့ပြီ။

ကိုအောင်ဖိုက်က “သူ့ကို ခွံ့မကျွေးရင် လုုံးဝမစားဘူး၊ ဘယ်နှရက်ပဲဖြစ်ဖြစ် အငတ်ခံတယ်၊ စမ်းသပ်ဖူးတယ်၊ နောက်ဆံ ုးမနိုင်လို့ ပြန်ခွံ့ကျွေးရတယ်”လို့ မိုက်ကယ့်ကို အစာခွံ့ရင်း ပြောပါတယ်။
အစာစားပြီးရင်လည်း တခြားခွေး တွေလို ချက်ချင်းထွက်သွားတာမျိုး မဟုတ်ဘဲနဲ့ သူ့ပါးစပ်မှာပေနေတဲ့ အစာတွေကို ရေနဲ့ဆေးပြီး ခြောက်အောင် အဝတ်နဲ့သုတ်ပေးပြီးတဲ့ အထိ ရပ်စောင့်နေတတ်ပါတယ်။
သူ့ရဲ့ ကျန်းမာရေးအတွက် ပုံမှန်နေ့ တိုင်းဆေးတိုက်ရပါတယ်။  ဆေးတိုက်တဲ့ အခါမှာ အစာနဲ့ရောပြီးထည့်ကျွေးတာဖြစ် ပေမဲ့ ဆေးပါတဲ့ အစာကို ခွံ့တာနဲ့ ထွေးချတတ်ပါတယ်။ ဆေးမကြိုက်တဲ့မိုက်ကယ်က သခင်ရဲ့ စတေး (ဆတာယ) ဆိုတဲ့ အမိန့် ပေးမှ မျိုချတတ်ပါ တယ်။

အင်္ဂလိပ်လို

မိုင်းရှာဖွေတဲ့ နည်းပညာတွေကို သင်ကြားမပေးခင်အချိန်မှာ ခွေးတွေရဲ့ အမိန့် နာခံမှုစွမ်းရည်ရှိဖို့ အခြေခံစစ်မိန့်သံ ၂၆ မျိုးကို အင်္ဂလိပ်အတိုကောက် အမိန့်ပေး ပြီးလေ့ကျင့်သင်ကြားပေးတာ ဖြစ်ပါတယ်။

မိုက်ကယ့်ကို နေ့စဉ် မနက်စာအတွက် ကြက်ဥ နှစ်လုံးနဲ့ နို့မှုန့် နှစ်ထုပ်ဖျော်ပြီးတိုက်ရပါတယ်။ နေ့လည်စာနဲ့ ညစာအတွက် ကြက်သားဆန်ပြုတ်ကျွေးရပါ တယ်။ ကြက်သားဆန်ပြုတ်ကို အရိုးပါရင် မစားတာကြောင့် အသားကို ကတ်ကြေးနဲ့ သေးသေးလေးတွေ ဖြစ်အောင်ညှပ်ပြီး ဆန်ပြုတ်နဲ့ရောပြီး ကျွေးရတာပါ။ အစာကို တစ်နေ့ သုံး နပ် အချိန်မှန်မှန် ဂရုစိုက်ပြီး ကျွေးရ ပါတယ်။

‘အစာကျွေးချိန် နောက်ကျရင် သူက မစားဘူး၊ စိတ် ကောက်တယ် လို့ ပြောရမှာပေါ့၊ အဲဒါကြောင့် မနက်အ စောထပြီး သူ့ အတွက် ချက်ပေးရတယ်၊ တခြားကလေးတွေကို ချီရင်လဲ သူက မကြိုက်ဘူး၊ ကလေးယူတော့မယ်ဆိုတဲ့အ ကြောင်း ပြောရင် အိမ်ရှေ့က ထောင့်မှာ သွားထိုင် နေတတ်တယ်၊ ခေါ်ရင်လဲ မလာ တော့ဘူး˘ လို့ ကိုအောင်ဖိုက်ရဲ့ ဇနီးဖြစ်သူ မမြင့်နွယ်ဝင်းက ပြောပါတယ်။
အစားအသောက်အပြင် မိုက်ကယ်ရဲ့ ကျန်းမာရေးအတွက် အစာစားဆေး၊ အသည်းအားတိုးဆေး၊ အစာကြေဆေး၊ ငါး ကြီးဆီ၊ ဘားပလက် စတဲ့ဆေးတွေကို နေ့ စဉ်တိုက်ကျွေးရပြီး ခြောက်လ တစ် ကြိမ် စစ်ဆေးမှုတွေ ပြုလုပ်ရတယ်လို့ သိရ ပါတယ်။

၂၀၁၅ ဇူလိုင်လ ထဲတုန်းက မိုက် ကယ်ရဲ့ တင်ပါးမှာ အနာဖြစ်ပြီး တိရိ စ္ဆာန် ဆေးရုံတက်ပြီး ခွဲစိတ်ကုသခဲ့ရပါတယ်။ အ နာကြောင့် တင်ပါးနားတစ်ဝိုက်က အ ရေ ပြားတွေ ကွာကျခဲ့ပြီး တစ်လခွဲခန့်ကြာအောင် အနာဒဏ်ခံခဲ့ရပါတယ်။

‘သားသမီးလိုပါပဲ၊ သူဖြစ်တော့ ဆေးရုံမှာ နှစ်ယောက်လုံး သူ့အလှည့်ကိုယ့်အလှည့်ခွဲပြီး စောင့်ခဲ့ရတယ်၊ အိမ်ပြန်ရောက် တော့လဲ အနာကို သန့်အောင်ထားပေးရ တယ်၊ ဖြစ်တဲ့အချိန် တိရ စ္ဆာန်ဖြစ်လို့ စကားမပြောတတ်တာပဲ ရှိတယ်၊ အကုန်နားလည်တယ်၊ အစ်မမှာ လက်လျှော့ရ ပါပြီဆို ပြီး ငိုရသေးတယ်၊ ပြန်ကောင်းလာမှ သက်ပြင်းချနိုင်တယ်”လို့ မမြင့်နွယ်ဝင်းက ပြောပြတယ်။

မိုက်ကယ်ရောဂါ အမြန်ပျောက်ဖို့ နိုင်ငံတော်ရဲ့ အထောက်အပံ့အပြင်ကိုအောင် ဖိုက်တို့ လင်မယားက အိတ်ထဲကနေစိုက် ပြီး ကုသပေးခဲ့ ပါတယ်။

ဒါ့အပြင် မိုက်ကယ်အတွက် အိပ်ရာ၊ ကျောပိုးအိတ်၊ ခြုံ စောင်၊ ဖိနပ်စတာ တွေကိုလည်း သားသမီး အရင်းနဲ့ မခြား လိုလေသေးမရှိအောင် ဝယ်ပေးထားတာ တွေ့ရပါတယ်။

မိုင်းရှာခွေးတစ်ကောင်အတွက် နိုင်ငံတော်ကနေ တစ်ရက်ကို ငွေကျပ် ၁ဝဝဝ နှုန်းနဲ့ တစ်လစာ ၃၀,ဝဝဝ ကျပ် ၊ အစာ စရိတ်သတ်မှတ်ပြီး ကျန်းမာရေးစောင့် ရှောက်မှုစရိတ်အတွက် တစ်လကို ကျပ် ၁၀,ဝဝဝ ၊ စုစုပေါင်း ၄၀,ဝဝဝ ကျပ် ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။

ဟက်ပီဘက်သ်ဒေး

မိုက်ကယ်ပြန်ပြီးနေကောင်းလာပြီး ခုနစ်လအကြာမှာ ကိုအောင်ဖိုက်တစ် ယောက် နေပြည်တော်ကို ပြောင်းရွှေ့မိန့် ကျလာပါတယ်။ မိုက်ကယ်နဲ့အတူတူ ပြောင်းခွင့်မရတာကြောင့် ပြောင်းရွှေ့ခွင့်ကို သူက ငြင်းပယ်ခဲ့တယ်လို့ ပြောပါ တယ်။

အိမ်ကိုရောက်လာတဲ့အချိန်ကစပြီး မိုက်ကယ်ရဲ့ မွေးနေ့ကို ကိုအောင်ဖိုက်တို့ ဇနီးမောင်နှံက နှစ်စဉ်ကျင်းပပေးပါတယ်။ သူ့မွေးနေ့မှာ ကိတ်မုန့်လှီးတာအပြင် တစ်ခြားခွေးတွေကို အစာကျွေးတဲ့ဒါနကို လည်း ပြုလုပ်ပေးလေ့ရှိတယ်လို့ သိရပါ တယ်။

လက်ရှိမှာ မိုက်ရဲ့ အသက်က လေး နှစ်ကျော် ငါးနှစ်ထဲကို ရောက်ရှိနေပါပြီ။ တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့တဲ့ မိုက်ကယ်ကို မိုင်းရှာတပ်ဖွဲ့က တပ်ကြပ်ကြီးရာထူးအဆင့်အထိ တိုး မြှင့်ပေးထားပါတယ်။
မိုင်းရှင်းလင်းရေးတပ်သားမိုက်ကယ် ကတော့ အခြားရဲဘော်တွေနဲ့အတူ တာဝန်ထမ်းဆောင်ဖို့ တက်ကြွနေဆဲ ဖြစ်ပါတယ်။

ဒါဟာသူတကယ်လုပ်ဆောင်ခဲ့တဲ့အရာတွေပါ။ အခုတော့သူမရှိရှာတော့ပါဘူး။

Author မေသော်တာမောင်

Credit; Kumudra

"တပ်ကြပ်ကြီးမိုက်ကယ်"(Yangon Bomb Squad Team) တာဝန်ထမ်းဆောင်ရင်းကွယ်လွန်
16.4.2017
-------------------------------------------------
"တပ်ကြပ်ကြီးမိုက်ကယ်"(Yangon Bomb Squad Team) ဟာတာဝန်ထမ်းဆောင်ရင်း
အစာအိမ်သွေးကြောပေါက်၍ (၁၅.၄.၂၀၁၇)ရက်နေ့
ညပိုင်းကကွယ်လွန်. . .
တာဝန်ကြေလွန်းတဲ့ "မိုက်ကယ်"ဟာ ရန်ကုန်မြို့
တွင်း ဗုံးလေးလုံးရှာဖွေနိုင်ခဲ့၍ တပ်ကြပ်ကြီးရာထူး
ရခဲ့ခြင်းဖြစ်ပါသည်။ "မိုက်ကယ်" ဟာရန်ကုန်တိုင်း
ဒေသကြီး ဗဟိုမဏ္ဌပ်တွင်ဗုံးရှာဖွေရေးတာဝန်
ထမ်းဆောင်ပါတယ်
"မိုက်ကယ်"
ကောင်းရာသုဂတိလားပါစေ....ရဲဘော်
သင်...သွားလိုရာ သွားနိုင်ပါပြီ....
အမျှ. . .အမျှ. . . အမျှ

#MinnThuAung

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...