သၾကၤန္အၾကိဳေန႔တြင္ စက္ေလွနစ္ျမဳတ္ ၇ ဦးေသဆံုး


သၾကၤန္အၾကိဳေန႔မင္းျပားတြင္
စက္ေလွနစ္ျမဳတ္ ၇ ဦးေသဆံုး
====================

မင္းျပား ၿမိဳ႕နယ္ ေမလြမ္းေက်းရြာအနီး ဘုရားဖူး
စက္ေလွ တစီး ယေန႔ မနက္ ၄နာရီခန္႔တြင္    န ွစ္ျမဳတ္ခဲ့မႈေျကာင့္ လူ ၇ ဦး ေသဆံုးျပီး
ေပ်ာက္ဆံုးေနသူတစ္ဦး (သို႔)ႏွစ္ဦး ႐ွိေၾကာင္း
သိရသည္။

အမ္းျမိဳ႕နယ္ ဂဏန္းျပင္အုပ္စု ကံေဘြေက်းရြာကျဖစ္ပါသည္။

ေက်ာက္ျဖဴသတင္း
‎Ye Lin Aung‎

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ကမ္းနီ၊ ေမလြမ္းအနီးမွာ ဘုရားဖူးစက္ေလွတစီး တိမ္းေမွာက္လို႔ ၈ ဦး ေသဆုံးၿပီး တဦးေပ်ာက္ဆုံးေနပါတယ္။
ဧၿပီ ၁၃ ရက္ မနက္ ၄ နာရီဝန္းက်င္ေလာက္က ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္ကံေဗြေက်းရြာက ေက်ာက္ေတာ္-ေျမာက္ဦးကို ဘုရားဖူးလာတဲ့ ခရီးသည္ ၆၂ ဦး တင္ေဆာင္လာတဲ့ စက္ေလွ တိမ္းေမွာက္နစ္ျမဳပ္မႈ ျဖစ္ပြားခဲ့တာပါ။
လက္ရွိအခ်ိန္မွာေတာ့ အေလာင္း ၈ ေလာင္းရရွိထားၿပီး ၁ ဦးေပ်ာက္ဆုံးေနတယ္လို႔ ကယ္ဆယ္ေရး လုပ္ေဆာင္ေနတဲ့ ရခိုင္အမ်ိဳးသားပါတီ မင္းျပားၿမိဳ႕ ေအအန္ပီျပန္ၾကားေရဌာန ကိုဆန္းဝင္းေမာင္က ဒီဗီြဘီကို ေျပာပါတယ္။
“အမ္းၿမိဳ႕နယ္ကေန ေက်ာက္ေတာ္-ေျမာက္ဦးကို ဘုရားလာဖူးတာလို႔ ေျပာပါတယ္။ စက္ေလွေပၚမွာလူဦးေရ ၆၂ ဦးပါတယ္။ စက္ေလွက မနက္ ၄ နာရီေလာက္မွာ ေမွာက္သြားတာပါ။ က်ားပါးစပ္ပိုက္မွာ စက္ေလွဒလက္နဲ႔ၿငိၿပီး ေမွာက္သြားတာ။ မနက္အေစာႀကီးဆိုေတာ့ ဘာမွ မျမင္ဘူးလို႔ ေျပာတယ္။ အေလာင္း ၈ ေလာင္းကို ဆယ္ထားၿပီးၿပီ၊ တဦးေပ်ာက္ဆုံးေနတယ္။”
လက္ရွိအခ်ိန္မွာေတာ့ မင္းျပားျပည့္သူ႔ေဆး႐ုံမွာ ေဆးကုသမႈခံယူေနတာကေတာ့ ၉ ဦးရွိၿပီး မင္းျပား မီးသတ္ဌာနအပါအဝင္ မင္းျပားၿမိဳ႕လူမႈအဖြဲ႔အစည္းေတြ ေပ်ာက္ဆုံးေနတဲ့ လူတဦးကို ဆက္လက္ရွာေဖြေနတယ္လို႔ ေျပာပါတယ္။
DVB


သင်္ကြန်အကြိုနေ့မင်းပြားတွင်
စက်လှေနစ်မြုတ် ၇ ဦးသေဆုံး


မင်းပြား မြို့နယ် မေလွမ်းကျေးရွာအနီး ဘုရားဖူး
စက်လှေ တစီး ယနေ့ မနက် ၄နာရီခန့်တွင်    န ှစ်မြုတ်ခဲ့မှုကြောင့် လူ ၇ ဦး သေဆုံးပြီး
ပျောက်ဆုံးနေသူတစ်ဦး (သို့)နှစ်ဦး ရှိကြောင်း
သိရသည်။

အမ်းမြို့နယ် ဂဏန်းပြင်အုပ်စု ကံဘွေကျေးရွာကဖြစ်ပါသည်။

ကျောက်ဖြူသတင်း
‎Ye Lin Aung‎

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီ၊ မေလွမ်းအနီးမှာ ဘုရားဖူးစက်လှေတစီး တိမ်းမှောက်လို့ ၈ ဦး သေဆုံးပြီး တဦးပျောက်ဆုံးနေပါတယ်။

ဧပြီ ၁၃ ရက် မနက် ၄ နာရီဝန်းကျင်လောက်က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကံဗွေကျေးရွာက ကျောက်တော်-မြောက်ဦးကို ဘုရားဖူးလာတဲ့ ခရီးသည် ၆၂ ဦး တင်ဆောင်လာတဲ့ စက်လှေ တိမ်းမှောက်နစ်မြုပ်မှု ဖြစ်ပွားခဲ့တာပါ။

လက်ရှိအချိန်မှာတော့ အလောင်း ၈ လောင်းရရှိထားပြီး ၁ ဦးပျောက်ဆုံးနေတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ရခိုင်အမျိုးသားပါတီ မင်းပြားမြို့ အေအန်ပီပြန်ကြားရေဌာန ကိုဆန်းဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

“အမ်းမြို့နယ်ကနေ ကျောက်တော်-မြောက်ဦးကို ဘုရားလာဖူးတာလို့ ပြောပါတယ်။ စက်လှေပေါ်မှာလူဦးရေ ၆၂ ဦးပါတယ်။ စက်လှေက မနက် ၄ နာရီလောက်မှာ မှောက်သွားတာပါ။ ကျားပါးစပ်ပိုက်မှာ စက်လှေဒလက်နဲ့ငြိပြီး မှောက်သွားတာ။ မနက်အစောကြီးဆိုတော့ ဘာမှ မမြင်ဘူးလို့ ပြောတယ်။ အလောင်း ၈ လောင်းကို ဆယ်ထားပြီးပြီ၊ တဦးပျောက်ဆုံးနေတယ်။”

လက်ရှိအချိန်မှာတော့ မင်းပြားပြည့်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတာကတော့ ၉ ဦးရှိပြီး မင်းပြား မီးသတ်ဌာနအပါအဝင် မင်းပြားမြို့လူမှုအဖွဲ့အစည်းတွေ ပျောက်ဆုံးနေတဲ့ လူတဦးကို ဆက်လက်ရှာဖွေနေတယ်လို့ ပြောပါတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...