ဆိုင္ကယ္ေမွာက္ၿပီးအစိမ္းေသခဲ့ရတဲ့ သနားစရာ ခ်စ္သူစံုတြဲသရဲ (ႏွလံုးေရာဂါရွိပါက မဖတ္ရ)


ကၽြန္ေတာ္တို႕ အိမ္မွာ ေဆြရိပ္ မ်ိဳးရိပ္မကင္းတဲ့ အေဒၚႀကီးတစ္ေယာက္ကို အေမ က အိမ္မွာ ေခၚခိုင္းတယ္ဗ်ာ အဲ့ အေဒၚႀကီးက သန္လွ်င္ နတ္စင္တစ္ရာဘက္ကေန အလုပ္လာလုပ္တာ။

ကၽြန္ေတာ္ ထင္တယ္ လြန္ခဲ့တဲ့ ၁၀ လေလာက္ျဖစ္မယ္ အဲ့ေန႕က ကၽြန္ေတာ္က အိမ္ေအာက္ထပ္ ဆင္းၿပီး ဂ်ာနယ္ဖတ္ေနတုန္း သူက ကၽြန္ေတာ့္ကို စကားလာေျပာတယ္ (ကၽြန္ေတာ္ သရဲအေၾကာင္း စိတ္၀င္စားတယ္ဆိုတာကို အဲ့အေဒၚႀကီးကသိတယ္ေလ)

“သား ညတုန္းက ေဒၚႀကီးတို႕နားမွာ ည ၁၁ နာရီေက်ာ္ေလာက္ႀကီး ကားတိုက္မွဳျဖစ္တယ္ သားေရ။

ေဒၚႀကီးတို႕ အိပ္ခါနီး ဒုန္းးးးးးးးးးးးး ဆိုၿပီး အသံၾကားလုိက္တယ္ အဲ့ဒါနဲ႕ ေဒၚႀကီးနဲ႕ မင္း ကိုႀကီး က ဘာမ်ားျဖစ္လဲဆိုၿပီး လမ္းထိပ္ထြက္ၾကည္႕ေတာ့ ေဒၚႀကီးတို႕ လမ္းထိပ္နား ေရာက္ခါနီးမွာ ကားတစ္စီးက ေမာင္းေျပးသြားတဲ့ အသံၾကားလုိက္တယ္ လမ္းထိပ္ေရာက္ေတာ့ ၾကည္႕လုိက္ေတာ့ ေမာင္းေျပးသြားတာက Taxi ျဖစ္ေနတယ္။ အတိုက္ခံလုိက္ရတာက ဆိုင္ကယ္ ၊ ျမင္လုိ႕ေတာင္ မေကာင္းဘူး သားရယ္ ဆိုင္ကယ္က စုတ္ျပတ္သတ္သြားတာပဲ။ ေကာင္မေလးတစ္ေယာက္က လမ္းေပၚမွာ ေမွာက္ရက္ႀကီး လဲေနတယ္ ပြဲခ်င္းၿပီး ဆံုးသြားတယ္၊ ဦးေဏွာက္ေတာင္ ပြင့္ထြက္ေနတယ္။ ေကာင္ေလးက ဆိုင္ကယ္နဲ႕ အေ၀းႀကီးမွာ ဒါေပမယ့္ သူ႕ေအာက္ပိုင္းက အရိုးေတြ က်ိဳးတာျမင္ေတာင္ မေကာင္းေတာ့ဘူး ေသြးရူးေသြးတန္းနဲ႕ ေအာ္ေနတယ္သားေရ”

ကၽြန္ေတာ္ကေတာင္

“ေသခ်ာတယ္ ေဒၚႀကီးေရ အဲ့ဒါ ေဒၚႀကီးတို႕ကို ေျခာက္ေတာ့မယ္ ေကာင္မေလးက အစိမ္းေသသြားတာဆိုေတာ့” ေနာက္ၿပီး ေျပာလုိက္ေသးတယ္။

“အာ… သားက လဲ ဒီေန႕ ညေနေတာင္ ျပန္ရမွာ ေၾကာက္ေနပါတယ္ဆိုမွပဲ” ဆိုၿပီး ေျပာၿပီး မီးဖိုေခ်ာင္မွာ ဟင္းသြားခ်က္ေလရဲ႕။

ကၽြန္ေတာ္ကေတာ့ ရီၿပီး က်န္ခဲ့တာေပါ့။

ကၽြန္ေတာ္လဲ ေမ့ေမ့ ေပ်ာက္ေပ်ာက္ပဲေပါ့

အဲ့လုိနဲ႕ ၁ လ ၂ လ ေလာက္လဲ ေနေကာ အဲ့အေဒၚႀကီးက ကၽြန္ေတာ့္ကို လာေျပာျပျပန္တယ္။

“သားေရ ဟိုသရဲမကေတာ့ ေသာင္က်န္းေနၿပီ”

“အစ မရွိ အဆံုး မရွိနဲ႕ ဘယ္က သရဲမတုန္းဗ်”

“အာာာာာာာာာာ ဟိုတစ္ခါ တုန္းက ေျပာျပတဲ့ ဆုိင္ကယ္ေမွာက္လုိ႕ ဆံုးသြားတယ္ဆိုတဲ့ ေကာင္မေလးေလ အခု အေသေျခာက္ေနၿပီသားေရ”

“ေျပာစမ္းပါအုန္း ဘယ္လိုေျခာက္တာလဲဗ်”

“ေဒၚႀကီးတို႕ လမ္းထိပ္နားမွာ တိုက္ပ်က္ႀကီး တစ္ခု ရွိတယ္ေလ အဲ့တိုက္က အရင္ထဲက သရဲေျခာက္တယ္ဆိုၿပီး နာမည္ႀကီးတယ္ေလ သားကို ေျပာဖူးပါတယ္ အဲ့တိုက္က အစတုန္းကေတာ့ ကုလားအဖိုးႀကီး လင္မယား ႏွစ္ေယာက္ ေနတာေလ သူတို႕ ဆံုးသြားေတာ့ အခုု ကုလားေတြက အဲ့တိုက္ကို ႏြားေတြထားဖို႕ဆိုၿပီး လုပ္ထားတာေလ။ အစတုန္းကေတာ့ လမ္းထဲက လူေတြက ညဘက္ အဲ့တိုက္ပ်က္နားက ျပန္လာရင္ အဲ့တိုက္ပ်က္ထဲကို မိန္းမတစ္ေယာက္ ၀င္သြားတာမ်ိဳးေတြ႕လုိက္တယ္လုိ႕ ေျပာတာေတာ့ ၾကားမိသား ဒါေပမယ့္ ကို ျမင္ရတာ မဟုတ္ေတာ့ ေဒၚႀကီးလဲ ေၾကာက္ေတာ့ မေၾကာက္ဘူးေပါ့ကြယ္၊ အခုက သားေရ မေန႕ညတုန္းက ေဒၚႀကီးက ၁၀ ခြဲေလာက္ႀကီး မင္းကိုႀကီး အလုပ္က ျပန္မလာေသးတာနဲ႕ လမ္းထိပ္နားေလး ထြက္ေစာင့္ေနတာ အဲ့ဆုိင္ကယ္ေမွာက္ တဲ့နားေလး အဲ့တိုက္ပ်က္ႀကီးနဲ႕ မ်က္ေစာင္းထုိးလွမ္းလွမ္းနားေလာက္မွာ အပင္ႀကီး တစ္ပင္ရွိတယ္ အဲ့အပင္ေအာက္က အုတ္ခံုေလးမွာ ထိုင္ေစာင့္ေနတာ။ အစကေတာ့ မေၾကာက္ပါဘူး ဒီအတိုင္းပါပဲ ဒါေပမယ့္ တိုက္ပ်က္ႀကီးနားလဲ ၾကည္႕လုိက္ေတာ့ အမေလး သားေရ မိန္းမ တစ္ေယာက္ ဆံပင္ဖားလ်ားခ်ၿပီး တိုက္ပ်က္ႀကီးထဲကို ၀င္သြားတယ္ အမေလး ေျပာရင္းနဲ႕ေတာင္ ၾကက္သီးထတယ္”

ကၽြန္ေတာ္က

“ေအာ္ ဟိုတေလာက ဆိုင္ကယ္ အက္ဆီးဒင့္ျဖစ္လုိ႕ ေသသြားတယ္ဆုိတာလား ၊ ဘာလို႕ အဲ့ ေသသြားတဲ့ မိန္းကေလးလုိ႕ တန္းသိေနရတာတုန္းဗ်”

“အာ သားကလဲ အဲ့ေကာင္မေလး ေသတဲ့ ညတုန္းက သူက အက်ီ အမည္း ထမိန္ အမည္းေရာင္ ၀တ္ထားတာေလ ဆံပင္ကလဲ တင္ပါးေလာက္ရွိတယ္ အဲ့ေန႕ညက ပံုကို အခုထိေတာင္ မ်က္စိထဲက မထြက္ေသးပါဘူး အခုလဲ ျမင္လုိက္ရတာ အဲ့ေန႕ညတုန္းက အတုိင္းပဲ ေဒၚႀကီးလဲ အဲ့ေတာ့မွ ေၾကာက္လာတာနဲ႕ မင္းကိုႀကီးကိုေတာင္ မေစာင့္ႏိုင္ေတာ့ဘူး အိမ္ကို တန္းေျပးေတာ့တာပဲ သားေရ”

“သတိထားေပါ့ ေဒၚႀကီးရယ္ ကၽြန္ေတာ္ေျပာသားပဲ ေျခာက္တာကေတာ့ ေျခာက္မွာပါလုိ႕ သူတို႕က အစိမ္းေသပဲ အမွ်ေလးဘာေလး ေ၀လုိက္ပါလား”

“သားရယ္ တေန႕လုပ္မွ တေန႕စားရတဲ့ ဘ၀ေတြဟာ ဘယ္လုိလုပ္ အလွဴေပး အမွ်ေ၀ ႏုိင္မွာလဲ သားေရ အခုေတာ့ ေဒၚႀကီးတို႕ ရပ္ကြက္မွာ ည ၆ နာရီေက်ာ္ရင္ တစ္ေယာက္ထဲေတာင္ အျပင္သိပ္မထြက္ၾကေတာ့ဘူး ၃ ၄ ေယာက္စုၿပီးထြက္ေနၾကရတယ္ တိုက္ပ်က္ႀကီးက ကုလားအဖိုးႀကီးကလဲ ေၾကာက္ရ အခု ဒီသရဲမကိုလဲ ေၾကာက္ရနဲ႕ စိတ္ညစ္ပါတယ္ဟယ္”

ေနာက္ပိုင္းၾကေတာ့ ကၽြန္ေတာ္လဲ မနက္ဆို ေက်ာင္းသြား အားတဲ့ရက္ဆို သင္တန္းသြားရ ျပန္လာရင္ ညေန ၆ နာရီေလာက္ျဖစ္ေနေတာ့ အေဒၚႀကီးနဲ႕ မေတြ႕ျဖစ္တာမ်ားတာေပါ့ဗ်ာ ေတြ႕ျဖစ္ရင္လဲ ကၽြန္ေတာ္ကလဲ မေမးျဖစ္ဘူး အဲ့ဒါနဲ႕ သူကလဲ ဘာမွ လာမေျပာေတာ့ဘူး။

အဲ့ဒီလုိနဲ႕ တေန႕က မနက္ဘက္ သင္တန္းမရွိတာနဲ႕ ေအးေအးေဆးေဆး အိမ္ေအာက္ထပ္မွာ အင္တာနက္ ဂ်ာနယ္ေလး ဖတ္ေနတုန္း အေဒၚႀကီး

“သား ဟိုးတေလာတုန္းက သားကို ေျပာဖူးတယ္မလား ဆိုင္ကယ္ေမွာက္ၿပီး ေသသြားတာဆုိတာေလ”

“အင္း မွတ္မိတယ္ေလ ဘာျဖစ္လုိ႕တုန္း”

“အဲ့ စံုတြဲ အခုထိ ေျခာက္ေနေသးလုိ႕သားေရ”

“ဟမ္ ဘယ္က စံုတြဲတုန္း အဲ့တုန္းက ေကာင္မေလးပဲ ေရွာသြားတာဆို”

“ဟုတ္တယ္သားေရ ေနာက္ေတာ့ ေကာင္ေလးပါ ဆံုးသြားတယ္တဲ့ အခုခ်ိန္ထိေတာင္ အဲ့ဆိုင္ကယ္ကို လာလဲ ျပန္မယူေတာ့ပဲ တိုက္ပ်က္နားမွာ ထားထားတယ္ သႀကၤန္တုန္းကေတာ့ ပရိတ္ရႊတ္တာပဲ အဲ့တုန္းက ကၽြတ္သြားၿပီထင္တာ အခုထိ မကၽြတ္ေသးဘူး အခုဆို ပိုေတာင္ ဆိုးလာၿပီသားေရ”

“ဘယ္လုိ ျဖစ္ရတာတုန္း”

“တေန႕ညတုန္းက အိမ္နားမွာ ဆိုင္ကယ္ ကယ္ရီဆြဲတဲ့ ဦးခ်ိဳတူး(အမည္လြဲ)ဆိုတာ ရွိတယ္သားေရ သူက တေန႕ညတုန္းက ၁ နာရီေလာက္မွ ေအာင္ခ်မ္းသာ ဘက္ကေန ျပန္လာတာ အဲ့တာ ေဒၚႀကီးတို႕လမ္းထိပ္လဲ ေရာက္ေကာ သူက လမ္းထဲကို ေကြ႕ေတာမယ္ အလုပ္မွာ ရုတ္တရက္ ၾကက္သီးထလာၿပီး သူ႕ ေက်ာကို ေျဗာင္းဆိုၿပီး လက္၀ါးနဲ႕ ခ်လုိက္သလုိ ခံစားရၿပီး ေက်ာေတာင္ ေအာင့္သြားတယ္လို႕ေျပာတယ္ ၿပီးေတ့ ဆိုင္ကယ္လဲ လဲ မလိုျဖစ္သြားတယ္တဲ့။ ဒါေပမယ့္ သူက ဆိုင္ကယ္ ကယ္ရီဆြဲတာလဲ ၾကာေနၿပဆိုေတာ့ ဆိုင္ကယ္ေမာင္းေတာ့ ကၽြမ္းတာေပါ့ အဲ့တာနဲ႕ ေမွာက္မလုိျဖစ္တာကို ျပန္တည္႕လိုက္ၿပီး လီဗာကို နင္းလိုက္ေတာ့ သူ႕ဆိုင္ကယ္က ေရြ႕တာ နဲနဲ ေႏွးသလုိျဖစ္ေနလုိ႕ ေနာက္လဲ လွည္႕ၾကည္႕လုိက္ေကာ ဘယ္ကေန ဘယ္လုိေရာက္လာမွန္းမသိတဲ့ ေကာင္ေလးနဲ႕ ေကာင္မေလး တစ္ေယာက္ က သူ႕ဆိုင္ကယ္ကို ဆြဲထားတယ္တဲ့ သားေရ အဲ့ေတာ့မွ သူလဲ ဆုိင္ကယ္ အက္ဆီဒင့္ ေၾကာင့္ ေသသြားတယ့္ ဟိုႏွစ္ေယာက္ကို သတိရသြားၿပီး လီဗာကို စြတ္နင္းတာ အဲ့ေတာ့မွ ဆုိင္ကယ္က ၀ူးးးးးးးးးးးးးးးကနဲ ထြက္သြားၿပီး လီဗာကို စြတ္နင္းလုိက္တဲ့ အရွိန္ ရယ္ လူကလဲ ေၾကာက္္ေနေတာ့ အဲ့ေတာ့မွ ဆုိင္ကယ္ ေမွာက္တာ လက္ေတြေကာ ဒူးေတြေကာ ၿပဲတာ အမ်ားႀကီးပဲ။ လူလဲ အခုမနက္လဲက်ေကာ ဖ်ားေနၿပီသားေရ၊ အခုဆုိ ညဘက္ သိပ္မထြက္ရဲၾကေတာ့ဘူး ၊ ၿပီးေတာ့ ညဘက္ ျဖတ္သြားျဖတ္လာရွိတဲ့ ဆိုင္ကယ္ ကယ္ရီသမားေတြေျပာတာကလဲ ညည ဆို အဲ့တိုက္ပ်က္ထဲက ေန ေကာင္မေလးတစ္ေယာက္က ထြက္လာတာကို ျဖတ္သြားရင္ ျဖတ္ခနဲ ျဖတ္ခနဲ ေတြ႕လုိက္ရတယ္ ေျပာတယ္”

အဲ့ဒါနဲ႕ ကၽြန္ေတာ္က

“ဇာတ္လမ္းက အခုမွ စတာ ေဒၚႀကီးေရ ေနာက္ေန႕ တျခားလူေတြ အေျခာက္ခံရရင္ ထပ္ေျပာျပအုန္း”
“ေအး ေအး သား ထပ္ထူးျခားရင္ ေဒၚႀကီး သားကိုေျပာျပမယ္”
ဆိုၿပီး မီးဖိုေခ်ာင္ထဲ၀င္သြားေလရဲ႕….

Credit : New Myanmar News


Unicode
ကျွန်တော်တို့ အိမ်မှာ ဆွေရိပ် မျိုးရိပ်မကင်းတဲ့ အဒေါ်ကြီးတစ်ယောက်ကို အမေ က အိမ်မှာ ခေါ်ခိုင်းတယ်ဗျာ အဲ့ အဒေါ်ကြီးက သန်လျှင် နတ်စင်တစ်ရာဘက်ကနေ အလုပ်လာလုပ်တာ။

ကျွန်တော် ထင်တယ် လွန်ခဲ့တဲ့ ၁၀ လလောက်ဖြစ်မယ် အဲ့နေ့က ကျွန်တော်က အိမ်အောက်ထပ် ဆင်းပြီး ဂျာနယ်ဖတ်နေတုန်း သူက ကျွန်တော့်ကို စကားလာပြောတယ် (ကျွန်တော် သရဲအကြောင်း စိတ်ဝင်စားတယ်ဆိုတာကို အဲ့အဒေါ်ကြီးကသိတယ်လေ)

“သား ညတုန်းက ဒေါ်ကြီးတို့နားမှာ ည ၁၁ နာရီကျော်လောက်ကြီး ကားတိုက်မှုဖြစ်တယ် သားရေ။

ဒေါ်ကြီးတို့ အိပ်ခါနီး ဒုန်း ဆိုပြီး အသံကြားလိုက်တယ် အဲ့ဒါနဲ့ ဒေါ်ကြီးနဲ့ မင်း ကိုကြီး က ဘာများဖြစ်လဲဆိုပြီး လမ်းထိပ်ထွက်ကြည့်တော့ ဒေါ်ကြီးတို့ လမ်းထိပ်နား ရောက်ခါနီးမှာ ကားတစ်စီးက မောင်းပြေးသွားတဲ့ အသံကြားလိုက်တယ် လမ်းထိပ်ရောက်တော့ ကြည့်လိုက်တော့ မောင်းပြေးသွားတာက Taxi ဖြစ်နေတယ်။ အတိုက်ခံလိုက်ရတာက ဆိုင်ကယ် ၊ မြင်လို့တောင် မကောင်းဘူး သားရယ် ဆိုင်ကယ်က စုတ်ပြတ်သတ်သွားတာပဲ။ ကောင်မလေးတစ်ယောက်က လမ်းပေါ်မှာ မှောက်ရက်ကြီး လဲနေတယ် ပွဲချင်းပြီး ဆုံးသွားတယ်၊ ဦးဏှောက်တောင် ပွင့်ထွက်နေတယ်။ ကောင်လေးက ဆိုင်ကယ်နဲ့ အဝေးကြီးမှာ ဒါပေမယ့် သူ့အောက်ပိုင်းက အရိုးတွေ ကျိုးတာမြင်တောင် မကောင်းတော့ဘူး သွေးရူးသွေးတန်းနဲ့ အော်နေတယ်သားရေ”

ကျွန်တော်ကတောင်

“သေချာတယ် ဒေါ်ကြီးရေ အဲ့ဒါ ဒေါ်ကြီးတို့ကို ခြောက်တော့မယ် ကောင်မလေးက အစိမ်းသေသွားတာဆိုတော့” နောက်ပြီး ပြောလိုက်သေးတယ်။

“အာ… သားက လဲ ဒီနေ့ ညနေတောင် ပြန်ရမှာ ကြောက်နေပါတယ်ဆိုမှပဲ” ဆိုပြီး ပြောပြီး မီးဖိုချောင်မှာ ဟင်းသွားချက်လေရဲ့။

ကျွန်တော်ကတော့ ရီပြီး ကျန်ခဲ့တာပေါ့။

ကျွန်တော်လဲ မေ့မေ့ ပျောက်ပျောက်ပဲပေါ့

အဲ့လိုနဲ့ ၁ လ ၂ လ လောက်လဲ နေကော အဲ့အဒေါ်ကြီးက ကျွန်တော့်ကို လာပြောပြပြန်တယ်။

“သားရေ ဟိုသရဲမကတော့ သောင်ကျန်းနေပြီ”

“အစ မရှိ အဆုံး မရှိနဲ့ ဘယ်က သရဲမတုန်းဗျ”

“အာ ဟိုတစ်ခါ တုန်းက ပြောပြတဲ့ ဆိုင်ကယ်မှောက်လို့ ဆုံးသွားတယ်ဆိုတဲ့ ကောင်မလေးလေ အခု အသေခြောက်နေပြီသားရေ”

“ပြောစမ်းပါအုန်း ဘယ်လိုခြောက်တာလဲဗျ”

“ဒေါ်ကြီးတို့ လမ်းထိပ်နားမှာ တိုက်ပျက်ကြီး တစ်ခု ရှိတယ်လေ အဲ့တိုက်က အရင်ထဲက သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးတယ်လေ သားကို ပြောဖူးပါတယ် အဲ့တိုက်က အစတုန်းကတော့ ကုလားအဖိုးကြီး လင်မယား နှစ်ယောက် နေတာလေ သူတို့ ဆုံးသွားတော့ အခု ကုလားတွေက အဲ့တိုက်ကို နွားတွေထားဖို့ဆိုပြီး လုပ်ထားတာလေ။ အစတုန်းကတော့ လမ်းထဲက လူတွေက ညဘက် အဲ့တိုက်ပျက်နားက ပြန်လာရင် အဲ့တိုက်ပျက်ထဲကို မိန်းမတစ်ယောက် ဝင်သွားတာမျိုးတွေ့လိုက်တယ်လို့ ပြောတာတော့ ကြားမိသား ဒါပေမယ့် ကို မြင်ရတာ မဟုတ်တော့ ဒေါ်ကြီးလဲ ကြောက်တော့ မကြောက်ဘူးပေါ့ကွယ်၊ အခုက သားရေ မနေ့ညတုန်းက ဒေါ်ကြီးက ၁၀ ခွဲလောက်ကြီး မင်းကိုကြီး အလုပ်က ပြန်မလာသေးတာနဲ့ လမ်းထိပ်နားလေး ထွက်စောင့်နေတာ အဲ့ဆိုင်ကယ်မှောက် တဲ့နားလေး အဲ့တိုက်ပျက်ကြီးနဲ့ မျက်စောင်းထိုးလှမ်းလှမ်းနားလောက်မှာ အပင်ကြီး တစ်ပင်ရှိတယ် အဲ့အပင်အောက်က အုတ်ခုံလေးမှာ ထိုင်စောင့်နေတာ။ အစကတော့ မကြောက်ပါဘူး ဒီအတိုင်းပါပဲ ဒါပေမယ့် တိုက်ပျက်ကြီးနားလဲ ကြည့်လိုက်တော့ အမလေး သားရေ မိန်းမ တစ်ယောက် ဆံပင်ဖားလျားချပြီး တိုက်ပျက်ကြီးထဲကို ဝင်သွားတယ် အမလေး ပြောရင်းနဲ့တောင် ကြက်သီးထတယ်”

ကျွန်တော်က

“အော် ဟိုတလောက ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်လို့ သေသွားတယ်ဆိုတာလား ၊ ဘာလို့ အဲ့ သေသွားတဲ့ မိန်းကလေးလို့ တန်းသိနေရတာတုန်းဗျ”

“အာ သားကလဲ အဲ့ကောင်မလေး သေတဲ့ ညတုန်းက သူက အကျီ အမည်း ထမိန် အမည်းရောင် ဝတ်ထားတာလေ ဆံပင်ကလဲ တင်ပါးလောက်ရှိတယ် အဲ့နေ့ညက ပုံကို အခုထိတောင် မျက်စိထဲက မထွက်သေးပါဘူး အခုလဲ မြင်လိုက်ရတာ အဲ့နေ့ညတုန်းက အတိုင်းပဲ ဒေါ်ကြီးလဲ အဲ့တော့မှ ကြောက်လာတာနဲ့ မင်းကိုကြီးကိုတောင် မစောင့်နိုင်တော့ဘူး အိမ်ကို တန်းပြေးတော့တာပဲ သားရေ”

“သတိထားပေါ့ ဒေါ်ကြီးရယ် ကျွန်တော်ပြောသားပဲ ခြောက်တာကတော့ ခြောက်မှာပါလို့ သူတို့က အစိမ်းသေပဲ အမျှလေးဘာလေး ဝေလိုက်ပါလား”

“သားရယ် တနေ့လုပ်မှ တနေ့စားရတဲ့ ဘဝတွေဟာ ဘယ်လိုလုပ် အလှူပေး အမျှဝေ နိုင်မှာလဲ သားရေ အခုတော့ ဒေါ်ကြီးတို့ ရပ်ကွက်မှာ ည ၆ နာရီကျော်ရင် တစ်ယောက်ထဲတောင် အပြင်သိပ်မထွက်ကြတော့ဘူး ၃ ၄ ယောက်စုပြီးထွက်နေကြရတယ် တိုက်ပျက်ကြီးက ကုလားအဖိုးကြီးကလဲ ကြောက်ရ အခု ဒီသရဲမကိုလဲ ကြောက်ရနဲ့ စိတ်ညစ်ပါတယ်ဟယ်”

နောက်ပိုင်းကြတော့ ကျွန်တော်လဲ မနက်ဆို ကျောင်းသွား အားတဲ့ရက်ဆို သင်တန်းသွားရ ပြန်လာရင် ညနေ ၆ နာရီလောက်ဖြစ်နေတော့ အဒေါ်ကြီးနဲ့ မတွေ့ဖြစ်တာများတာပေါ့ဗျာ တွေ့ဖြစ်ရင်လဲ ကျွန်တော်ကလဲ မမေးဖြစ်ဘူး အဲ့ဒါနဲ့ သူကလဲ ဘာမှ လာမပြောတော့ဘူး။

အဲ့ဒီလိုနဲ့ တနေ့က မနက်ဘက် သင်တန်းမရှိတာနဲ့ အေးအေးဆေးဆေး အိမ်အောက်ထပ်မှာ အင်တာနက် ဂျာနယ်လေး ဖတ်နေတုန်း အဒေါ်ကြီး

“သား ဟိုးတလောတုန်းက သားကို ပြောဖူးတယ်မလား ဆိုင်ကယ်မှောက်ပြီး သေသွားတာဆိုတာလေ”

“အင်း မှတ်မိတယ်လေ ဘာဖြစ်လို့တုန်း”

“အဲ့ စုံတွဲ အခုထိ ခြောက်နေသေးလို့သားရေ”

“ဟမ် ဘယ်က စုံတွဲတုန်း အဲ့တုန်းက ကောင်မလေးပဲ ရှောသွားတာဆို”

“ဟုတ်တယ်သားရေ နောက်တော့ ကောင်လေးပါ ဆုံးသွားတယ်တဲ့ အခုချိန်ထိတောင် အဲ့ဆိုင်ကယ်ကို လာလဲ ပြန်မယူတော့ပဲ တိုက်ပျက်နားမှာ ထားထားတယ် သင်္ကြန်တုန်းကတော့ ပရိတ်ရွှတ်တာပဲ အဲ့တုန်းက ကျွတ်သွားပြီထင်တာ အခုထိ မကျွတ်သေးဘူး အခုဆို ပိုတောင် ဆိုးလာပြီသားရေ”

“ဘယ်လို ဖြစ်ရတာတုန်း”

“တနေ့ညတုန်းက အိမ်နားမှာ ဆိုင်ကယ် ကယ်ရီဆွဲတဲ့ ဦးချိုတူး(အမည်လွဲ)ဆိုတာ ရှိတယ်သားရေ သူက တနေ့ညတုန်းက ၁ နာရီလောက်မှ အောင်ချမ်းသာ ဘက်ကနေ ပြန်လာတာ အဲ့တာ ဒေါ်ကြီးတို့လမ်းထိပ်လဲ ရောက်ကော သူက လမ်းထဲကို ကွေ့တောမယ် အလုပ်မှာ ရုတ်တရက် ကြက်သီးထလာပြီး သူ့ ကျောကို ဗြောင်းဆိုပြီး လက်ဝါးနဲ့ ချလိုက်သလို ခံစားရပြီး ကျောတောင် အောင့်သွားတယ်လို့ပြောတယ် ပြီးတေ့ ဆိုင်ကယ်လဲ လဲ မလိုဖြစ်သွားတယ်တဲ့။ ဒါပေမယ့် သူက ဆိုင်ကယ် ကယ်ရီဆွဲတာလဲ ကြာနေပြဆိုတော့ ဆိုင်ကယ်မောင်းတော့ ကျွမ်းတာပေါ့ အဲ့တာနဲ့ မှောက်မလိုဖြစ်တာကို ပြန်တည့်လိုက်ပြီး လီဗာကို နင်းလိုက်တော့ သူ့ဆိုင်ကယ်က ရွေ့တာ နဲနဲ နှေးသလိုဖြစ်နေလို့ နောက်လဲ လှည့်ကြည့်လိုက်ကော ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိတဲ့ ကောင်လေးနဲ့ ကောင်မလေး တစ်ယောက် က သူ့ဆိုင်ကယ်ကို ဆွဲထားတယ်တဲ့ သားရေ အဲ့တော့မှ သူလဲ ဆိုင်ကယ် အက်ဆီဒင့် ကြောင့် သေသွားတယ့် ဟိုနှစ်ယောက်ကို သတိရသွားပြီး လီဗာကို စွတ်နင်းတာ အဲ့တော့မှ ဆိုင်ကယ်က ဝူးကနဲ ထွက်သွားပြီး လီဗာကို စွတ်နင်းလိုက်တဲ့ အရှိန် ရယ် လူကလဲ ကြောက်နေတော့ အဲ့တော့မှ ဆိုင်ကယ် မှောက်တာ လက်တွေကော ဒူးတွေကော ပြဲတာ အများကြီးပဲ။ လူလဲ အခုမနက်လဲကျကော ဖျားနေပြီသားရေ၊ အခုဆို ညဘက် သိပ်မထွက်ရဲကြတော့ဘူး ၊ ပြီးတော့ ညဘက် ဖြတ်သွားဖြတ်လာရှိတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေပြောတာကလဲ ညည ဆို အဲ့တိုက်ပျက်ထဲက နေ ကောင်မလေးတစ်ယောက်က ထွက်လာတာကို ဖြတ်သွားရင် ဖြတ်ခနဲ ဖြတ်ခနဲ တွေ့လိုက်ရတယ် ပြောတယ်”

အဲ့ဒါနဲ့ ကျွန်တော်က

“ဇာတ်လမ်းက အခုမှ စတာ ဒေါ်ကြီးရေ နောက်နေ့ တခြားလူတွေ အခြောက်ခံရရင် ထပ်ပြောပြအုန်း”
“အေး အေး သား ထပ်ထူးခြားရင် ဒေါ်ကြီး သားကိုပြောပြမယ်”
ဆိုပြီး မီးဖိုချောင်ထဲဝင်သွားလေရဲ့….

Credit : New Myanmar News

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...