ေရွာ့ပင္းစင္တာေၾကာ္ျငာဘုတ္မ်ားတြင္အျပာဇာတ္ကားမ်ားျပေနလိုု႔ ေစ်းဝယ္သူမ်ားမ်က္လံုးျပဴးခဲ့ရ


ေဘာ့စနီးယားႏုိင္ငံ Sarajevo City Centre မွာ စင္တာအတြင္း တပ္ဆင္ထားသည့္ ေၾကာ္ျငာ Screen ေတြေပၚကေန ေၾကာ္ျငာေတြ ျပသရမည့္အစား၊ ကမာၻေက်ာ္ Porn ဆုိက္တစ္ခုျဖစ္တဲ့ xnxx ရဲ႕ Home page ကို မေတာ္တဆ ျပသမိထားလုိ႔ ေစ်း၀ယ္သူ ေတာ္ေတာ္မ်ားမ်ား မ်က္လုံးမ်က္ဆန္ ျပဴးခဲ့ရတယ္လုိ႔ ဆုိပါတယ္။ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ျဖစ္ခဲ့တာလုိ႔ သိရပါတယ္။ အဆုိပါ Digital Screen ေပၚမွာ ျပသထားတဲ့ ညစ္ညမ္းဇာတ္ကားေတြဟာ တကယ့္အၾကမ္းစားေတြခ်ည္းျဖစ္ၿပီး၊ တစ္ခ်ိဳ႕ ေစ်း၀ယ္သူေတြကေတာ့ စိတ္ကသိက ေအာက္ ျဖစ္ရတယ္လုိ႔ ဆုိပါတယ္။
ဒီမေတာ္တဆမႈကို ေစ်း၀ယ္စင္တာက တရား၀င္ထုတ္ျပန္ေတာင္းပန္တာမ်ိဳး မရွိပါဘူး။ ဒါေပမယ့္ ဒီျဖစ္ရပ္နဲ႔ ပတ္သက္တဲ့ ပုံေတြကုိ ေစ်း၀ယ္သူေတြက မွတ္တမ္းရယူကာ အင္တာနက္ေပၚမွာ ျဖန္႔ေ၀တဲ့အခါၾကမွသာ ဒီကိစၥကို နေမာ္နမဲ့ျပဳမူမိခဲ့တဲ့ ၀န္ထမ္းတစ္ဦးတည္းကသာ အမွားကို ေတာင္းပန္ခဲ့တယ္လုိ႔ သိရပါတယ္။
ကိုယ္တုိင္ႀကဳံေတြ႕ခဲ့ရသူတစ္ေယာက္က ” က်ေနာ့္မိန္းမနဲ႔ ေစ်း၀ယ္ထြက္ရတာကို က်ေနာ္က မုန္းပါတယ္ … ဒါေပမယ့္ ဒီတစ္ခါေတာ့ ေတာ္ေတာ္ေလး အေၾကာင္းျပခ်က္ေကာင္းသြားခဲ့တယ္ ဆုိရမွာပါ … ေနာက္ဆုိ သူမလည္း ေစ်း၀ယ္ထြက္ ေတာ့မွာ မဟုတ္ပါဘူး … ျပထားတဲ့ ပုံေတြ ဇာတ္ကားေတြကေတာ့ အကုန္ အၾကမ္းစားေတြခ်ည္းပါဘဲ “လုိ႔ ေရးသားခဲ့ပါတယ္။
ေစ်း၀ယ္စင္တာမွ ၀န္ထမ္းတစ္ဦးရဲ႕ ေျပာၾကားခ်က္အရ ဒီလုိ ျဖစ္သြားရျခင္းမွာ ၀န္းထမ္းတစ္ေယာက္က အလုပ္ခ်ိန္အ တြင္း မဖြယ္မရာဇာတ္ကားမ်ားကို ၾကည့္႐ႈေနခဲ့ေၾကာင္း၊ ၎ရဲ႕ ဖုန္းနဲ႔  Digital Screen ေတြေပၚကို ခ်ိတ္ဆက္လုိက္သလုိ ျဖစ္သြားရာကေန ဒီမေတာ္တဆမႈ ျဖစ္ေပၚသြားခဲ့တာျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။
ဒီကိစၥနဲ႔ပတ္သက္ၿပီး၊ ေစ်း၀ယ္စင္တာပုိင္ရွင္က စင္တာတြင္း စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနၿပီး၊ ဒီီျဖစ္ရပ္ျဖစ္ေပၚေစခဲ့တဲ့ တာ၀န္ေပါ့ေလွ်ာ့ခဲ့သူ၊ တာ၀န္ခ်ိန္မွာ မဟုတ္တာလုပ္တဲ့သူကို အေရးယူသြားဖုိ႔ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။ ယမန္ႏွစ္က တ႐ုတ္ႏုိင္ငံ ေစ်း၀ယ္စင္တာတစ္ခုမွာလည္း LED Board ကို ျပင္ဆင္ေနစဥ္၊ ျပင္ဆင္ေရးအလုပ္သမားရဲ႕  ေပါ့ဆမႈနဲ႔ေၾကာင့္ ညစ္ညမ္းဇာတ္ကား ျပသသလုိ ျဖစ္ခဲ့ပါေသးတယ္။
လင္းေဇာ္ကို (Shwemom)
Unicode
ဘော့စနီးယားနိုင်ငံ Sarajevo City Centre မှာ စင်တာအတွင်း တပ်ဆင်ထားသည့် ကြော်ငြာ Screen တွေပေါ်ကနေ ကြော်ငြာတွေ ပြသရမည့်အစား၊ ကမ္ဘာကျော် Porn ဆိုက်တစ်ခုဖြစ်တဲ့ xnxx ရဲ့ Home page ကို မတော်တဆ ပြသမိထားလို့ ဈေးဝယ်သူ တော်တော်များများ မျက်လုံးမျက်ဆန် ပြူးခဲ့ရတယ်လို့ ဆိုပါတယ်။ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ခဲ့တာလို့ သိရပါတယ်။ အဆိုပါ Digital Screen ပေါ်မှာ ပြသထားတဲ့ ညစ်ညမ်းဇာတ်ကားတွေဟာ တကယ့်အကြမ်းစားတွေချည်းဖြစ်ပြီး၊ တစ်ချို့ ဈေးဝယ်သူတွေကတော့ စိတ်ကသိက အောက် ဖြစ်ရတယ်လို့ ဆိုပါတယ်။
ဒီမတော်တဆမှုကို ဈေးဝယ်စင်တာက တရားဝင်ထုတ်ပြန်တောင်းပန်တာမျိုး မရှိပါဘူး။ ဒါပေမယ့် ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ပုံတွေကို ဈေးဝယ်သူတွေက မှတ်တမ်းရယူကာ အင်တာနက်ပေါ်မှာ ဖြန့်ဝေတဲ့အခါကြမှသာ ဒီကိစ္စကို နမော်နမဲ့ပြုမူမိခဲ့တဲ့ ဝန်ထမ်းတစ်ဦးတည်းကသာ အမှားကို တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ယောက်က ” ကျနော့်မိန်းမနဲ့ ဈေးဝယ်ထွက်ရတာကို ကျနော်က မုန်းပါတယ် … ဒါပေမယ့် ဒီတစ်ခါတော့ တော်တော်လေး အကြောင်းပြချက်ကောင်းသွားခဲ့တယ် ဆိုရမှာပါ … နောက်ဆို သူမလည်း ဈေးဝယ်ထွက် တော့မှာ မဟုတ်ပါဘူး … ပြထားတဲ့ ပုံတွေ ဇာတ်ကားတွေကတော့ အကုန် အကြမ်းစားတွေချည်းပါဘဲ “လို့ ရေးသားခဲ့ပါတယ်။
ဈေးဝယ်စင်တာမှ ဝန်ထမ်းတစ်ဦးရဲ့ ပြောကြားချက်အရ ဒီလို ဖြစ်သွားရခြင်းမှာ ဝန်းထမ်းတစ်ယောက်က အလုပ်ချိန်အ တွင်း မဖွယ်မရာဇာတ်ကားများကို ကြည့်ရှုနေခဲ့ကြောင်း၊ ၎င်းရဲ့ ဖုန်းနဲ့  Digital Screen တွေပေါ်ကို ချိတ်ဆက်လိုက်သလို ဖြစ်သွားရာကနေ ဒီမတော်တဆမှု ဖြစ်ပေါ်သွားခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး၊ ဈေးဝယ်စင်တာပိုင်ရှင်က စင်တာတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး၊ ဒီဖြစ်ရပ်ဖြစ်ပေါ်စေခဲ့တဲ့ တာဝန်ပေါ့လျှော့ခဲ့သူ၊ တာဝန်ချိန်မှာ မဟုတ်တာလုပ်တဲ့သူကို အရေးယူသွားဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ယမန်နှစ်က တရုတ်နိုင်ငံ ဈေးဝယ်စင်တာတစ်ခုမှာလည်း LED Board ကို ပြင်ဆင်နေစဉ်၊ ပြင်ဆင်ရေးအလုပ်သမားရဲ့  ပေါ့ဆမှုနဲ့ကြောင့် ညစ်ညမ်းဇာတ်ကား ပြသသလို ဖြစ်ခဲ့ပါသေးတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...