ဗိႆႏုိးၿမိဳ႕ေဟာင္းတြင္ ပ်ံလြန္ေတာ္မူခဲ့သည့္ ဆရာေတာ္အား မီးသၿဂၤ ိဳလ္ရာမွ လူ(၁၄)ဦး ႏွင့္ သံဃာတစ္ပါး မီးေလာင္ခံရမႈျဖစ္ပြား




ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ ဗိႆႏိုးၿမိဳ႕ေဟာင္းအတြင္းရွိ ေရႊေရာင္ေတာ္ဘုရားအနီး၌ ဧၿပီ(၂၀)ရက္ေန႔ ညေနပိုင္းက ပ်ံလြန္ေတာ္မူခဲ့ေသာဆရာေတာ္အား မီးသၿဂၤ ိဳလ္မႈျပဳလုပ္ခဲ့စဥ္ အနီးရွိ လူ(၁၄)ဦး ႏွင့္ သံဃာေတာ္တစ္ပါး မီးဟပ္ခံခဲ့ရ၍ မီးေလာင္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ေတာင္တြင္းႀကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ သိရသည္။

 ျဖစ္စဥ္မွာ ဗိႆႏိုးၿမိဳ႕ေဟာင္းအတြင္းရွိ ေရႊေရာင္ေတာ္ဘုရား ေက်ာင္းထုိင္ဆရာေတာ္ ဦးဝိစိတၱဥာဏ၊သက္ေတာ္(၉၀)ႏွစ္၊ဝါေတာ္(၇၀)ႏွစ္မွာ ဧၿပီ(၁၇)ရက္ေန႔ နံနက္(၁)နာရီအခ်ိန္တြင္ ဘဝနတ္ထံပ်ံလြန္ေတာ္မူခဲ့ေၾကာင္းသိရွိရၿပီး ယင္းပ်ံလြန္ေတာ္မူခဲ့သည့္ ေရႊေရာင္ေတာ္ဘုရား ေက်ာင္းထုိင္ဆရာေတာ္၏ ရုပ္ကလပ္ေတာ္အား ဧၿပီ(၂၀)ရက္ေန႔ ညေန(၅)နာရီခြဲအခ်ိန္က ေရႊေရာင္ေတာ္ဘုရား၏ အေနာက္ဘက္(၁)ဖာလံုခန္႔အကြာရွိ ပြဲေတာ္ကုန္း၌ မီးသၿဂၤ ိဳလ္မႈျပဳလုပ္စဥ္ ဓါတ္ဆီေလာင္းမီးရိႈ႕ခဲ့သျဖင့္ ရုတ္တရက္ မီးထေလာင္ကာ အနီးရွိ ဆရာေတာ္၏ရုပ္ကလပ္အား ဝတ္ျပဳေနၾကသည့္ အမ်ိဳးသား(၁၄)ဦး ႏွင့္ ဦးပဥၨင္း(၁)ပါးတုိ႔ မီးဟပ္မီးေလာင္ခံခဲ့ရျခင္းျဖစ္သည္။

 မီးေလာင္မႈေၾကာင့္(မစိုးရိမ္ရ)ဒဏ္ရာအသီးသီးရရွိခဲ့ၾက၍ ရဲေဆးစာျဖင့္ ေတာင္တြင္း ႀကီးၿမိဳ႕နယ္ျပည္သူ႔ေဆးရံုသုိ႔ ပို႔ေဆာင္ေဆးကုသမႈခံယူေစခဲ့ျခင္းျဖစ္ၿပီး မီးေလာင္ဒဏ္ရာရွိသူမ်ားမွာ ေတာင္တြင္းႀကီး ၿမိဳ႕နယ္၊ၾကက္ဆူေတာရြာမွ အမ်ိဳးသား(၁၁)ဦး၊ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ လက္ပံရွည္ရြာမွ အမ်ိဳးသား(၁)ဦး ႏွင့္ ဦးပဥၨင္း(၁)ပါး၊ ရန္ကုန္တုိင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္ေနအမ်ိဳးသား(၁)ဦး၊ပဲခူးတုိင္းေဒသႀကီး၊အုတ္ဖိုၿမိဳ႕နယ္ေန အမ်ိဳးသား(၁)ဦးတုိ႔ျဖစ္ေၾကာင္းသိရွိရၿပီး လက္ရွိ ေဆးရံုတြင္ သံယာေတာ္(၁)ပါး ႏွင့္ အမ်ိဳးသား(၈)ဦး တက္ေရာက္ ေဆးကုမႈခံယူေနၿပီး အမ်ိဳးသား(၆)ဦးမွာ ျပင္ပလူနာမ်ားအျဖစ္ေဆးကုသမႈခံယူခဲ့ေၾကာင္းသိရသည္။

ဓါတ္ပုံ - Bo Pyae Taungdwingyi (FB)
ေက်ာ္ေဇယ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/


Unicode
တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီး၌ ဧပြီ(၂၀)ရက်နေ့ ညနေပိုင်းက ပျံလွန်တော်မူခဲ့သောဆရာတော်အား မီးသင်္ဂြ ိုလ်မှုပြုလုပ်ခဲ့စဉ် အနီးရှိ လူ(၁၄)ဦး နှင့် သံဃာတော်တစ်ပါး မီးဟပ်ခံခဲ့ရ၍ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

 ဖြစ်စဉ်မှာ ဗိဿနိုးမြို့ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရား ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တဉာဏ၊သက်တော်(၉၀)နှစ်၊ဝါတော်(၇၀)နှစ်မှာ ဧပြီ(၁၇)ရက်နေ့ နံနက်(၁)နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ကြောင်းသိရှိရပြီး ယင်းပျံလွန်တော်မူခဲ့သည့် ရွှေရောင်တော်ဘုရား ကျောင်းထိုင်ဆရာတော်၏ ရုပ်ကလပ်တော်အား ဧပြီ(၂၀)ရက်နေ့ ညနေ(၅)နာရီခွဲအချိန်က ရွှေရောင်တော်ဘုရား၏ အနောက်ဘက်(၁)ဖာလုံခန့်အကွာရှိ ပွဲတော်ကုန်း၌ မီးသင်္ဂြ ိုလ်မှုပြုလုပ်စဉ် ဓါတ်ဆီလောင်းမီးရှို့ခဲ့သဖြင့် ရုတ်တရက် မီးထလောင်ကာ အနီးရှိ ဆရာတော်၏ရုပ်ကလပ်အား ဝတ်ပြုနေကြသည့် အမျိုးသား(၁၄)ဦး နှင့် ဦးပဉ္ဇင်း(၁)ပါးတို့ မီးဟပ်မီးလောင်ခံခဲ့ရခြင်းဖြစ်သည်။

 မီးလောင်မှုကြောင့်(မစိုးရိမ်ရ)ဒဏ်ရာအသီးသီးရရှိခဲ့ကြ၍ ရဲဆေးစာဖြင့် တောင်တွင်း ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့ခြင်းဖြစ်ပြီး မီးလောင်ဒဏ်ရာရှိသူများမှာ တောင်တွင်းကြီး မြို့နယ်၊ကြက်ဆူတောရွာမှ အမျိုးသား(၁၁)ဦး၊တောင်တွင်းကြီးမြို့နယ်၊ လက်ပံရှည်ရွာမှ အမျိုးသား(၁)ဦး နှင့် ဦးပဉ္ဇင်း(၁)ပါး၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေအမျိုးသား(၁)ဦး၊ပဲခူးတိုင်းဒေသကြီး၊အုတ်ဖိုမြို့နယ်နေ အမျိုးသား(၁)ဦးတို့ဖြစ်ကြောင်းသိရှိရပြီး လက်ရှိ ဆေးရုံတွင် သံယာတော်(၁)ပါး နှင့် အမျိုးသား(၈)ဦး တက်ရောက် ဆေးကုမှုခံယူနေပြီး အမျိုးသား(၆)ဦးမှာ ပြင်ပလူနာများအဖြစ်ဆေးကုသမှုခံယူခဲ့ကြောင်းသိရသည်။

ဓါတ်ပုံ - Bo Pyae Taungdwingyi (FB)
ကျော်ဇေယျ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...