ထရမ့္၊ ပူတင္ႏွင့္ ကင္ဂ်ဳံအန္းတုိ႔ ႐ုပ္ပုံတူမ်က္ႏွာဖုံးစြပ္ အက႐ုပ္သံ ေရပန္းစား


အေမရိကန္ႏုိင္ငံ ကယ္လီဖိုးနီးယားျပည္နယ္မွာ က်င္းပတဲ့ ႐ုပ္ရွင္အထူးျပလုပ္ခ်က္ ညီလာခံႀကီးမွာ ေဒၚနယ္လ္ထရမ့္၊ ဗလာဒီမာပူတင္နဲ႔ ကင္ဂ်ဳံအန္းတို႔ရဲ႕ ႐ုပ္ပံုတူမ်က္ႏွာဖံုး စြပ္ထားတဲ့ လူ သံုးဦး ကျပေဖ်ာ္ေျဖေနတဲ့ ႐ုပ္သံဗီြဒီယုိဟာ လူမႈကြန္ရက္ စာမ်က္ႏွာထက္မွာ ထင္ရွားပ်ံ႕ႏွံ႔ေနပါတယ္။
ဒီ႐ုပ္သံကို ဇာတ္ေကာင္အႏုပညာဆုိင္ရာ ေက်ာင္းျဖစ္တဲ့ စတန္ဝင္စတန္ေက်ာင္းက ဧၿပီလ ၉ ရက္ေန႔မွာ လူမႈကြန္ရက္စာမ်က္ႏွာထက္ တင္ခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာ ၾကည့္ရႈသူေပါင္း ၆၃ သန္းေက်ာ္ ရွိေနၿပီလို႔ သိရပါတယ္။
ပံုတူမ်က္ႏွာဖံုးေတြကို လန္ဒန္မီရာ အထူးျပဳလုပ္ခ်က္ အႏုပညာေက်ာင္းက ဖန္တီးျပဳလုပ္ခဲ့တာပါ။
တာမီေနတာ၊ ပရီေဒတာ နဲ႔ ဂ်ဴရစ္ဆစ္ပါ့တုိ႔လုိ႔ ႐ုပ္ရွင္ေတြထဲက စိတ္ကူးထူးတဲ့ ဇာတ္ေကာင္ေတြရဲ႕ ႐ုပ္လံုးေတြကုိ တီထြင္ဖန္တီးခဲ့တဲ့ စတန္ဝင္စတန္ကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ စတန္ဝင္စတန္ အႏုပညာေက်ာင္းကုိ တည္ေထာင္ခဲ့တာလုိ႔ သိရပါတယ္။
DVB
Unicode
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပတဲ့ ရုပ်ရှင်အထူးပြလုပ်ချက် ညီလာခံကြီးမှာ ဒေါ်နယ်လ်ထရမ့်၊ ဗလာဒီမာပူတင်နဲ့ ကင်ဂျုံအန်းတို့ရဲ့ ရုပ်ပုံတူမျက်နှာဖုံး စွပ်ထားတဲ့ လူ သုံးဦး ကပြဖျော်ဖြေနေတဲ့ ရုပ်သံဗွီဒီယိုဟာ လူမှုကွန်ရက် စာမျက်နှာထက်မှာ ထင်ရှားပျံ့နှံ့နေပါတယ်။
ဒီရုပ်သံကို ဇာတ်ကောင်အနုပညာဆိုင်ရာ ကျောင်းဖြစ်တဲ့ စတန်ဝင်စတန်ကျောင်းက ဧပြီလ ၉ ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာထက် တင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ ကြည့်ရှုသူပေါင်း ၆၃ သန်းကျော် ရှိနေပြီလို့ သိရပါတယ်။
ပုံတူမျက်နှာဖုံးတွေကို လန်ဒန်မီရာ အထူးပြုလုပ်ချက် အနုပညာကျောင်းက ဖန်တီးပြုလုပ်ခဲ့တာပါ။
တာမီနေတာ၊ ပရီဒေတာ နဲ့ ဂျူရစ်ဆစ်ပါ့တို့လို့ ရုပ်ရှင်တွေထဲက စိတ်ကူးထူးတဲ့ ဇာတ်ကောင်တွေရဲ့ ရုပ်လုံးတွေကို တီထွင်ဖန်တီးခဲ့တဲ့ စတန်ဝင်စတန်ကို ဂုဏ်ပြုတဲ့အနေနဲ့ စတန်ဝင်စတန် အနုပညာကျောင်းကို တည်ထောင်ခဲ့တာလို့ သိရပါတယ်။





Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...