

"အိုဇာခ်”လို့ ခေါ်တဲ့မြို့ဟာ ကမ္ဘာပေါ်မှာအလျှို့ဝှက်ဆုံးနဲ့ စစ်ဘက်နည်းပညာများစွာကို လျှိ့ဝှက်စမ်းသပ်နေတဲ့မြို့ကလေးတစ်မြို့ဖြစ်တယ် ။ 
အမေရိကန်ရဲ့ AREA-51 ကို လူသိများပေမယ့် ရုရှတို့ရဲ့ လျှိ့ဝှက်မြို့တွေကိုတော့လူသိနည်းပါတယ် ။
ရုရှဟာ အမေရိကန်ထက် လျှို့ဝှက်ချက်တွေပိုများတဲ့အပြင် AREA-51 လို မြို့ကြီးတွေ ၂ မြို့နဲ့အထက်ရှိပါတယ် ။



ဒီမြို့လေးကို ဆိုဗီယက်တို့ဟာ ၁၉၄၆ ခုနှစ်မှာ လျှို့ဝှက်တည်ဆောက်ခဲ့ကြပြီး 
မြို့ရဲ့တည်နေရာနဲ့လျှို့ဝှက်ချက်တွေပေါ်ကုန်မှာစိုးလို့ပါ ။ 
ဒီလိုအဆက်အသွယ်ဖြတ်နေရတဲ့အတွက်လည်း ထိုသူတို့အတွက် ဇိမ်ခံပစ္စည်းများ ၊ အစားအသောက်အပြည့်အစုံနဲ့ နေချင်စရာ ပတ်ဝန်းကျင်တွေကိုလုပ်ပေးထားတယ်လို့ အဲ့မြို့လေးမှာအလုပ်လုပ်ခဲ့ဖူးသူအချို့က ပြောခဲ့ကြပါတယ် ။

အလုပ်လုပ်ခဲ့ဖူးသူအများစုကပြောကြရာမှာ ဒီမြို့မှာ အကောင်းဆုံးဆိုသမျှ အကုန်အလကားရနိုင်ပါတယ်လို့ပြောကြပြီး ဒီမြို့ထဲမှာနေထိုင်သူတွေနဲ့မိသားစုများဟာ လုံခြုံရေးအပြည့်အဝရထားပြီး ငွေကြေးလည်းအပြည့်အဝနဲ့အခိုင်အမာပေးကြောင်းသိရပါတယ် ။




 ဆိုဗီယက်ရုရှတို့ရဲ့နူးကလီးယားပရိုဂရမ်များစတင်မွေးဖွားရာမြို့ သို့မဟုတ် ကမ္ဘာ့မြေပုံပေါ်မရှိတဲ့မြို့

"အိုဇာခ်”လို့ ခေါ်တဲ့မြို့ဟာ ကမ္ဘာပေါ်မှာအလျိှု့ဝှက်ဆုံးနဲ့ စစ်ဘက်နည်းပညာများစွာကို လျိှ့ဝှက်စမ်းသပ်နေတဲ့မြို့ကလေးတစ်မြို့ဖြစ်တယ် ။
အမေရိကန်ရဲ့ AREA-51 ကို လူသိများပေမယ့် ရုရှတို့ရဲ့ လျိှ့ဝှက်မြို့တွေကိုတော့လူသိနည်းပါတယ် ။
ရုရှဟာ အမေရိကန်ထက် လျိှု့ဝှက်ချက်တွေပိုများတဲ့အပြင် AREA-51 လို မြို့ကြီးတွေ ၂ မြို့နဲ့အထက်ရှိပါတယ် ။

အခုရေးမယ့် အိုဇာခ်မြို့လေးကို ကုတ်နံပတ်ပေးထားရာမှာ မြို့နံပတ်၄ဝဖြစ်ပြီး ရုရှတို့ရဲ့ ကမ္ဘာကျော် ယူရယ်လ်တောင်တန်းတွေထဲမှာ မြို့ကိုဖျောက်ပြီးတည်ဆောက်ထားသလို ဘယ်မြေပုံမှာမှ ဒီမြို့ကိုရှာတွေ့နိုင်မှာမဟုတ်ပါဖူး ။
ဒီမြို့လေးဘယ်နေရာမှာရှိနေတယ်ဆိုတာ လူတွေမသိရအောင် မြို့ကိုသွားတဲ့လမ်းတောင်မဖောက်ထားသလို လမ်းညွှန်ဆိုင်းဘုတ်တွေလည်းမရှိပါ ။
မြို့လေးဟာ လူဦးရေတစ်သိန်းလောက်ရှိပြီး အများအားဖြင့်စစ်ဘက်နဲ့အရပ်ဘက် နည်းပညာရှင်များ ၊ အလုပ်သမားများ စသူတို့နေထိုင်ကြပြီး အတားအဆီးဂိတ်များ ၊ လျှပ်စစ်လွှတ်ထားတဲ့ခြံစည်းရိုးများရဲ့နောက်ကွယ်မှာ သူတို့နေထိုင်အလုပ်လုပ်ကြပါတယ် ။

ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် နူးကလီးယားစီမံကိန်းကို ဒီမြို့လေးမှာပဲစတင်မွေးဖွားအသက်ဝင်စေခဲ့ပါတယ် ။
ဒီမြို့လေးမှာရှိတဲ့သူတွေဟာ အပြင်လောကကလူတွေလိုပါပဲ သားသမီးတွေမွေးကြတယ်
အပန်းဖြေချိန်ကျရင် တောအုပ်အနီးအနားက ရေကန်တွေမှာရေစိမ်ကြတယ် နေပူဆာလှုံကြတယ် ကလေးတွေကလည်း လမ်းတွေပေါ်မှာ စကိတ်စီးကြတယ် မိန်းမအချို့က တောထဲကဟင်းသီးဟင်းရွက်တွေကိုခူးပြီး ရောင်းကြတယ်...
ဒီမြို့လေးပတ်လည်မှာ အရမ်းလှတဲ့ ယူရယ်လ်တောင်တန်းဒေသရဲ့အလှတရားတွေရှိနေပြီး ပန်းပေါင်းစုံပွင့်နေကြပါတယ် ။

ဒီမြို့လေးကို ဆိုဗီယက်တို့ဟာ ၁၉၄၆ ခုနှစ်မှာ လျိှု့ဝှက်တည်ဆောက်ခဲ့ကြပြီး
မြို့ကိုတည်ဆောက်ပြီး ပထမဆုံး ၈ နှစ်အတွင်းမှာ မြို့တွင်းနေထိုင်သူတွေဟာ အပြင်လောကကိုလုံးဝအဆက်အသွယ်ဖြတ်ရပါတယ် ဘယ်ကိုစာရေးလို့မရသလို့ ကျန်ရစ်တဲ့မိသားစုတွေနဲ့လည်းဆက်သွယ်ခွင့်မရှိပါဖူး
မြို့ရဲ့တည်နေရာနဲ့လျိှု့ဝှက်ချက်တွေပေါ်ကုန်မှာစိုးလို့ပါ ။
ဒီလ်ုိအဆက်အသွယ်ဖြတ်နေရတဲ့အတွက်လည်း ထိုသူတို့အတွက် ဇိမ်ခံပစ္စည်းများ ၊ အစားအသောက်အပြည့်အစုံနဲ့ နေချင်စရာ ပတ်ဝန်းကျင်တွေကိုလုပ်ပေးထားတယ်လို့ အဲ့မြို့လေးမှာအလုပ်လုပ်ခဲ့ဖူးသူအချို့က ပြောခဲ့ကြပါတယ် ။

ကျောင်းများ ၊ ရုံးများ ၊ ပန်းခြံများ ၊ ကစားကွင်းများနှင့် အနုပညာခမ်းမများလည်းရှိကာ လူတိုင်းဟာ ငှက်ပျောသီးနဲ့နွားနို့ကအစ အကုန်စားသောက်နိုင်ကြပါတယ် ။
အလုပ်လုပ်ခဲ့ဖူးသူအများစုကပြောကြရာမှာ ဒီမြို့မှာ အကောင်းဆုံးဆိုသမျှ အကုန်အလကားရနိုင်ပါတယ်လို့ပြောကြပြီး ဒီမြိ့ုထဲမှာနေထိုင်သူတွေနဲ့မိသားစုများဟာ လုံခြုံရေးအပြည့်အဝရထားပြီး ငွေကြေးလည်းအပြည့်အဝနဲ့အခိုင်အမာပေးကြောင်းသိရပါတယ် ။

ဒါပေမယ့်လည်း မြို့အမှတ် ၄၀ လေးဟာလည်း ကံမကောင်းခဲ့ရှာပါဖူး
ချာနိုဘိုင်းလိုနူးကလီးယားယိုစိမ့်ပျက်စီးမှုတွေ ဓာတ်ရောင်ခြည်သင့်မှုတွေခံစားလာခဲ့ရပြီး
အဲ့ဒီမှာရှိတဲ့ မရတ်လို့ခေါ်တဲ့ဓာတ်ပေါင်းဖိုကနေစွန့်ထုတ်တဲ့ရေဒီယိုသတ္တိကြွပမာဏဟာ ချာနိုဘိုင်းရဲ့လေးဆလောက်ရှိနေတယ်ဆိုတာ သိခဲ့ရပြီး
မြို့လေးနဲ့ ၎င်းဓာတ်ပေါင်းဖိုတည်ရှိရာဘေးက ရေကန်ကြီးဟာတော့ သေမင်းတမန်ရေကန်လို့ခေါ်ဆိုခံခဲ့ရပါတယ် ။
အကြောင်းကတော့ နူးကလီးယားလက်နက်ထုတ်နိုင်တဲ့ ပလူတိုနီယမ်တွေဟာ ဒီရေကန်ကြီးထဲမှာ အများအပြားစွန့်ပစ်ခံထားရပြီး ရေဒီယိုသတ္တိကြွရေကန်ဖြစ်နေတဲ့အတွက် ရေထဲဆင်းတဲ့သူမှန်သမှ ခနအတွင်းသေသွားနိုင်သလို ကန်ထဲမှာရှိသမျှရေနေသတ္တဝါအချို့ဟာလည်း သေဆုံးကြသလို အချို့သတ္တဝါတွေကတော့ ရေဒိယိုသတ္တိကြွပြီး အသွင်ပြောင်းသွားကြတာကြောင့် အပြင်လောကမှာမမြင်ဖူးတဲ့ ကြောက်စရာသတ္တဝါဆန်းတွေ လူသားစားငါးတွေကို ဒီကန်ထဲမှာတွေ့ခဲ့ရပါတယ် ။
ရေကန်ထဲက ပလူတိုနီယမ်ပမာဏဟာ ချာနိုဘိုင်းရဲ့ ၂.၅ ဆထိရှိနေတယ်လို့လည်း သိရပါတယ် ။

ယနေ့ခေတ်ကာလမှာတော့ ဒီမြို့ဟောင်းကြီးထဲမှာ ရုရှရဲတပ်ဖွဲ့ FSB ရဲ့ခွင့်ပြုချက်မရပဲ လာရောက်လည်ပတ်လေ့လာကြတဲ့ နိုင်ငံခြားသားများစွာရှိနေပြီး တရားမဝင် ရုပ်ရှင်ရိုက်ကူးမှုတွေထိ လာရောက်ရိုက်ကူးနေကြပါတယ် ။
အချို့ကတော့ ဒီဒေသရဲ့ အရမ်းလှပတဲ့သဘာဝအလှတွေကိုလာခိုးကြည့်ကြတာပါပဲ ။

ဂြိုလ်တုဓာတ်ပုံတွေမှာတောင် ကြည့်မရအောင်ဖျက်ထားတာကိုတွေ့မြင်နိုင်ပါတယ် ။
ဗဟုသုတအတွက်သာရည်ရွယ်သည် 😃 ။

#မိုးကြိုး_Strike_Fighter






Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...