ထိုးသြင္း ဒဏ္ရာ ၁၅ ခ်က္ေလာက္နဲ႔ ေသဆံုးခဲ႔တဲ႔ သံမဏိ နွင္းဆီ ဂ်ာနယ္ အယ္ဒီတာ

သံမဏိ နွင္းဆီ ဂ်ာနယ္ အယ္ဒီတာ ကိုေဝယံဟိန္း ကို ဗိုလ္တေထာင္ေဈးလမ္း က သူ့ရံုးခန္းမွာ ဧျပီလ ၁၆ ရက္ေန့ သၾကၤန္ အတက္ေန့ မနက္က ဝမ္းဗိုက္မွာ ဒဏ္ရာ ေတြနဲ့ ေသဆံုးေနတာ ကို ေတြ့ရွိခဲ့ပါတယ္။
ပတ္ဝန္းက်င္မွာ အနံ့ ေတြ ထြက္ ေနလို့ ေဘးအိမ္ကေနျပီး မိဘေတြ ကို အေျကာင္းျကား တဲ့ အတြက္ ဝင္ေရာက္ ရွာေဖြတဲ့ အခါမွာ ေသဆံုး ေနတာ ကို ေတြ့ရွိခဲ့ရတာ ျဖစ္ေျကာင္း ဖခင္ ျဖစ္သူ ဦးစိန္အုပ္ က ေျပာပါတယ္။
ညာဘက္ ဝမ္းဗိုက္မွာ ထိုးသြင္း ဒဏ္ရာ ၁၅ ခ်က္ေလာက္ ေတြ့ရွိရတယ္လို့ ဖခင္ ျဖစ္သူ က ေျပာပါတယ္။
ေလာေလာဆယ္မွာ အေလာင္းကို ရင္ခြဲ စစ္ေဆးဖို့ ေဆးရံုျကီး ကို ပို့ထားရပါတယ္။ ေဆးစာ ရမွ လိုအပ္တဲ့ စစ္ေဆးမႈေတြ ဆက္လက္ ေဆာင္ရြက္မယ္လို့ ရဲတပ္ဖြဲ့ က ေျပာပါတယ္။
ကိုေဝယံဟိန္း က လူတိုင္းနဲ့ သင့္တင့္ေအာင္ ေပါင္းသင္း တတ္သူ ျဖစ္ျပီး ရန္ျငိုးရန္စ ရွိတယ္လို့ မၾကားဘူးေၾကာင္း ဖခင္ ျဖစ္သူ ဦးစိန္အုပ္ က ဘီဘီစီ ကို ေျပာပါတယ္။
သံမဏီ နွင္းဆီ ဂ်ာနယ္ ကို ထုတ္ေဝသူ အျဖစ္လုပ္ကိုင္ခဲ့တာ တစ္နွစ္ေက်ာ္ခန့္ ရွိျပီလို့ သိရပါတယ္။ ဂ်ာနယ္ပါ အေရးအသား ေတြနဲ့ ပတ္သက္ျပီး ျပႆနာ တစံုတရာ ရွိတယ္လို့ မျကားဘူး ေျကာင္းလည္း ဖခင္ ျဖစ္သူက ေျပာပါတယ္။
ေသဆံုးတာ ေလးငါးရက္ခန့္ ျကာျမင့္ေနျပီလို့ ခန့္မွန္း ရျပီး ပတ္ဝန္းက်င္က တဆင့္ မိဘ ေတြဆီကို အသိေပး အေျကာင္းျကားမွ အလုပ္လုပ္ ေနထိုင္ ရာ တိုက္ခန္း အတြင္းမွာ ထိုးသြင္း ဒဏ္ရာ ေတြ နဲ့ ေသဆံုး ေနတာ ကို ေတြ့ရွိရတာ ျဖစ္ပါတယ္။
ရံုးခန္း ထဲမွာ ကိုေဝယံဟိန္း ကိုင္ေဆာင္ေနက် လက္ကိုင္ဖုန္း ကို ရွာေဖြ ေတြ့ရွိရ ျခင္း မရွိဘူးလို့ ဦးစိန္အုပ္ က ေျပာပါတယ္။ ကိုေဝယံဟိန္း က သူရိယ ေနဝန္း ဂ်ာနယ္ နဲ့ စာနယ္ဇင္း အလုပ္ေတြ စတင္ ေဆာင္ရြက္ခဲ့သူ ျဖစ္ျပီး သူရိယေနဝန္း ဂ်ာနယ္ ထုတ္ေဝသူ ကိုမိုးဟိန္း ရဲ့ တူေတာ္စပ္သူပါ။
သၾကၤန္ ကာလ ဂ်ာနယ္ အလုပ္ခန္း ပိတ္ထားတဲ့ အတြက္ ကြန္ပ်ဴတာ အသံုးျပဳတာ၊ အီးေမးလ္ ပို႔တာေတြလည္း မေတြ့ရဘူးလို့ ဖခင္ ျဖစ္သူက ေျပာပါတယ္။ ဘာျဖစ္ခဲ့ တယ္ ဆိုတဲ့ သဲလြန္စ ရနိုင္စရာ ကေတာ့ သူ့ရဲ့ ဖုန္းတစ္ခု ပဲ ရွိတယ္လို့ ဦးစိန္အုပ္က ေျပာပါတယ္။
ဧျပီလ ၁၁ ရက္ေန့မွာ ကိုေဝယံဟိန္း နဲ့ မိသားစုဝင္ေတြ ေနာက္ဆံုး အဆက္ အသြယ္ ရခဲ့ျပီး၊ ဧျပီလ ၁၆ ရက္ေန့မွာ ေသဆံုး ေနတာ ကို ရွာေဖြ ေတြ့ ရွိခဲ့ရတာ ျဖစ္ပါတယ္။
ေလာေလာဆယ္မွာ ဂ်ာနယ္တိုက္ ဖြင့္လွစ္ ထားတဲ့ တိုက္ခန္း ကို ရဲတပ္ဖြဲ့ က လံုျခံုေရး အေစာင့္အေရွာက္ ေပးထားတယ္လို့ သိရပါတယ္။
အခု အမႈကို ပုဇြန္ေတာင္ ျမိဳ႕နယ္ ရဲစခန္း က လူသတ္မႈ ပုဒ္မ ၃၀၂ နဲ့ စံုစမ္း စစ္ေဆး ေနေျကာင္း သိရွိရျပီး အမႈ အေျခအေန သိရေအာင္ ဆက္သြယ္ျကည့္ရာမွာေတာ့ တယ္လီဖုန္း လက္ခံ ေျဖျကားျခင္းမရွိပါဘူး။
BBC Burmese

Unicode
သံမဏိ နှင်းဆီ ဂျာနယ် အယ်ဒီတာ ကိုဝေယံဟိန်း ကို ဗိုလ်တထောင်ဈေးလမ်း က သူ့ရုံးခန်းမှာ ဧပြီလ ၁၆ ရက်နေ့ သင်္ကြန် အတက်နေ့ မနက်က ဝမ်းဗိုက်မှာ ဒဏ်ရာ တွေနဲ့ သေဆုံးနေတာ ကို တွေ့ရှိခဲ့ပါတယ်။
ပတ်ဝန်းကျင်မှာ အနံ့ တွေ ထွက် နေလို့ ဘေးအိမ်ကနေပြီး မိဘတွေ ကို အကြောင်းကြား တဲ့ အတွက် ဝင်ရောက် ရှာဖွေတဲ့ အခါမှာ သေဆုံး နေတာ ကို တွေ့ရှိခဲ့ရတာ ဖြစ်ကြောင်း ဖခင် ဖြစ်သူ ဦးစိန်အုပ် က ပြောပါတယ်။
ညာဘက် ဝမ်းဗိုက်မှာ ထိုးသွင်း ဒဏ်ရာ ၁၅ ချက်လောက် တွေ့ရှိရတယ်လို့ ဖခင် ဖြစ်သူ က ပြောပါတယ်။
လောလောဆယ်မှာ အလောင်းကို ရင်ခွဲ စစ်ဆေးဖို့ ဆေးရုံကြီး ကို ပို့ထားရပါတယ်။ ဆေးစာ ရမှ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်မယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။
ကိုဝေယံဟိန်း က လူတိုင်းနဲ့ သင့်တင့်အောင် ပေါင်းသင်း တတ်သူ ဖြစ်ပြီး ရန်ငြိုးရန်စ ရှိတယ်လို့ မကြားဘူးကြောင်း ဖခင် ဖြစ်သူ ဦးစိန်အုပ် က ဘီဘီစီ ကို ပြောပါတယ်။
သံမဏီ နှင်းဆီ ဂျာနယ် ကို ထုတ်ဝေသူ အဖြစ်လုပ်ကိုင်ခဲ့တာ တစ်နှစ်ကျော်ခန့် ရှိပြီလို့ သိရပါတယ်။ ဂျာနယ်ပါ အရေးအသား တွေနဲ့ ပတ်သက်ပြီး ပြဿနာ တစုံတရာ ရှိတယ်လို့ မကြားဘူး ကြောင်းလည်း ဖခင် ဖြစ်သူက ပြောပါတယ်။
သေဆုံးတာ လေးငါးရက်ခန့် ကြာမြင့်နေပြီလို့ ခန့်မှန်း ရပြီး ပတ်ဝန်းကျင်က တဆင့် မိဘ တွေဆီကို အသိပေး အကြောင်းကြားမှ အလုပ်လုပ် နေထိုင် ရာ တိုက်ခန်း အတွင်းမှာ ထိုးသွင်း ဒဏ်ရာ တွေ နဲ့ သေဆုံး နေတာ ကို တွေ့ရှိရတာ ဖြစ်ပါတယ်။
ရုံးခန်း ထဲမှာ ကိုဝေယံဟိန်း ကိုင်ဆောင်နေကျ လက်ကိုင်ဖုန်း ကို ရှာဖွေ တွေ့ရှိရ ခြင်း မရှိဘူးလို့ ဦးစိန်အုပ် က ပြောပါတယ်။ ကိုဝေယံဟိန်း က သူရိယ နေဝန်း ဂျာနယ် နဲ့ စာနယ်ဇင်း အလုပ်တွေ စတင် ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး သူရိယနေဝန်း ဂျာနယ် ထုတ်ဝေသူ ကိုမိုးဟိန်း ရဲ့ တူတော်စပ်သူပါ။
သင်္ကြန်ကာလ ဂျာနယ် အလုပ်ခန်း ပိတ်ထားတဲ့ အတွက် ကွန်ပျူတာ အသုံးပြုတာ၊ အီးမေးလ် ပို့တာတွေလည်း မတွေ့ရဘူးလို့ ဖခင် ဖြစ်သူက ပြောပါတယ်။ ဘာဖြစ်ခဲ့ တယ် ဆိုတဲ့ သဲလွန်စ ရနိုင်စရာ ကတော့ သူ့ရဲ့ ဖုန်းတစ်ခု ပဲ ရှိတယ်လို့ ဦးစိန်အုပ်က ပြောပါတယ်။
ဧပြီလ ၁၁ ရက်နေ့မှာ ကိုဝေယံဟိန်း နဲ့ မိသားစုဝင်တွေ နောက်ဆုံး အဆက် အသွယ် ရခဲ့ပြီး၊ ဧပြီလ ၁၆ ရက်နေ့မှာ သေဆုံး နေတာ ကို ရှာဖွေ တွေ့ ရှိခဲ့ရတာ ဖြစ်ပါတယ်။
လောလောဆယ်မှာ ဂျာနယ်တိုက် ဖွင့်လှစ် ထားတဲ့ တိုက်ခန်း ကို ရဲတပ်ဖွဲ့ က လုံခြုံရေး အစောင့်အရှောက် ပေးထားတယ်လို့ သိရပါတယ်။
အခု အမှုကို ပုဇွန်တောင် မြို့နယ် ရဲစခန်း က လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ စုံစမ်း စစ်ဆေး နေကြောင်း သိရှိရပြီး အမှု အခြေအနေ သိရအောင် ဆက်သွယ်ကြည့်ရာမှာတော့ တယ်လီဖုန်း လက်ခံ ဖြေကြားခြင်းမရှိပါဘူး။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...