ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ရွင္ ‘‘ကြၽန္ေတာ္ေပးဆပ္ထားတာ အမ်ားႀကီး။ မ႐ိုက္ျဖစ္မွာ တအား စိုးတယ္’’ ဆိုတဲ့ ကိုေက်ာ္ေက်ာ္မ်ိဳး

အသားညိဳညိဳ မ်က္ႏွာထား ခပ္တည္တည္နဲ႔ လူငယ္တစ္ ေယာက္ဟာ အရြယ္နဲ႔ မလိုက္ ေအာင္ တည္ၿငိမ္ရင္း အထက္ပါစကားကိုေျပာလာတယ္။ ေဘာင္း ဘီတိုနဲ႔ စပို႔ရွပ္နဲ႔ လြတ္လြတ္လပ္ လပ္ ဝတ္ဆင္ထားေပမယ့္ သူ႔ပုံစံက တည္တည္ၾကည္ၾကည္ ေလး ေလးနက္နက္ေလး ျဖစ္ေနတယ္။ သူ႔ကိုျမင္လိုက္တာနဲ႔ ျမန္မာျပည္ သူျပည္သား ေတာ္ေတာ္မ်ားမ်ား စိတ္ထဲမွာ တစ္ေယာက္ေယာက္နဲ႔ မ်ား တူေနသလား ေတြးမိၾကမွာအမွန္ပါ။ ဟုတ္ပါတယ္။ သူဟာအမ်ားထင္ထားသလို ျမန္မာႏုိင္ငံ ရဲ႕ လြတ္လပ္ေရးဖခင္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္ဆန္းနဲ႔ ႐ုပ္ခ်င္းဆင္တဲ့၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ရွင္ရဲ႕ ေခါင္းေဆာင္မင္းသား ေက်ာ္ ေက်ာ္မ်ိဳးပါပဲ။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ရွင္ အေကာင္အထည္ေဖာ္ဖို႔ မစတင္ ခင္ကေတာ့ မင္းသားေက်ာ္ေက်ာ္ မ်ိဳးဟာ လက္ေရြးစင္ေဘာလံုးသ မား တစ္ေယာက္ဆိုတာ ျမန္မာ့ ေဘာလံုးအားကစား ေလာကကို စိတ္ဝင္စားသူတိုင္း သိၾကပါ တယ္။ ကိုေက်ာ္ေက်ာ္မ်ိဳးဟာေလးတန္းေက်ာင္းသား ဘဝကတည္းက ေဘာလံုးကို ဝါသနာပါလြန္းလို႔ တစိုက္မတ္မတ္ ကစားလာခဲ့သူပါ။ အရြယ္ေရာက္ေတာ့  ၂၀၀၆  ကေန ၂၀၀၉ အထိ ရထားပို႔ေဆာင္ေရးအသင္းမွာ ကစားတယ္။ ေနာက္ေတာ့ ၂၀၀၉ ကေန ၂၀၁၀ အထိ မေကြးအက္ဖ္စီမွာ ကစားခဲ့ၿပီး ၂၀၁၀ မွာပဲ ကေမၻာဇအက္ဖ္စီ (အခု ရွမ္းယူႏိုက္တက္အက္ဖ္စီ)မွာ ေျပာင္းကစားခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ဝါရင့္ေဘာလံုးအားကစားသမား ေက်ာ္ေက်ာ္မ်ိဳးဟာ ထုိက္တန္တဲ့ လစာေကာင္းေကာင္းကို ရရွိေနၿပီျဖစ္ပါတယ္။ ဒါေပမဲ့ သူ႔ဘဝ တစ္ဆစ္ခ်ိဳးဖို႔ အေၾကာင္းဖန္လာခဲ့တာကေတာ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္အတြက္ ဗိုလ္ခ်ဳပ္နဲ႔႐ုပ္တူတဲ့သူေတြ ေလွ်ာက္လႊာေခၚလိုက္တဲ့ အခ်ိန္ ပါပဲ။

ေဘာလံုးပြဲေတြမွာ မကစား ခင္ ႏိုင္ငံေတာ္သီခ်င္းသီဆိုတဲ့အခါ ေဘာလံုးသမားေတြရဲ႕ မ်က္ႏွာ ေတြကို တစ္ေယာက္ခ်င္း ကင္မ ရာက ႐ိုက္ျပခ်ိန္ ကိုေက်ာ္ေက်ာ္ မ်ိဳး အလွည့္ေရာက္ရင္ ၾကည့္ရသူ ေတြက ဗုိလ္ခ်ဳပ္နဲ႔ေတာ္ေတာ္တူ တယ္လို႔ မွတ္ခ်က္ေပးတတ္ၾက တယ္။ ေဘာလံုးသမားခ်င္းလည္း မင္းက ဗိုလ္ခ်ဳပ္နဲ႔တူတယ္လို႔ေျပာ ၾကတယ္။ ဗိုလ္ခ်ဳပ္႐ုပ္ရွင္အတြက္ ေလွ်ာက္လႊာေခၚခ်ိန္မွာေတာ့ အ မ်ားက တိုက္တြန္းတယ္။ ပထမ ေတာ့ မေလွ်ာက္ျဖစ္ဘူး။ ေနာက္ ေတာ့ ႏိုင္ငံရဲ႕အေရးႀကီးတဲ့သမိုင္း ဝင္ပုဂၢိဳလ္ တစ္ေယာက္္ေနရာမွာ သ႐ုပ္ေဆာင္ရမွာ ဆိုေတာ့ ေလွ်ာက္ၾကည့္ခ်င္စိတ္ေတြ ေပၚ လာတယ္။ ေနာက္ဆံုးဝင္ေလွ်ာက္ လိုက္တဲ့အခါမွာေတာ့ ကိုိေက်ာ္ ေက်ာ္မ်ိဳး အေရြးခံခဲ့ရတယ္။ အဲဒီ မွာ ကိုေက်ာ္ေက်ာ္မ်ိဳး အက်ပ္႐ိုက္စရာ ႀကံဳရတယ္။

သူတို႔တစ္ေတြ ၂၀၁၁ ဂ်ကာ တာ ဆီးဂိမ္းကေန ျပန္လာခ်ိန္မွာ လစာေတြတိုးဦးမယ့္အခ်ိန္ ဗိုလ္ ခ်ဳပ္႐ုပ္ရွင္႐ုိက္ဖုိ႔ကလည္း အေရြး ခံရတယ္။ ႐ုပ္ရွင္႐ုိက္မယ္ဆိုရင္ ေဘာလံုးကန္တာ နားကိုနားထား ရမယ္ဆုိေတာ့ ကိုေက်ာ္ေက်ာ္မ်ိဳး စဥ္းစားရတယ္။ တစ္ဘဝလံုးတစိုက္မတ္မတ္ ကန္လာတဲ့ ေဘာလံုးကို ခဏေလာက္ ေမ့ထားရမယ္ဆိုေတာ့ ျဖစ္ပါ့မလား ေတြးပူမိတယ္။ ႐ုပ္ရွင္ဆိုတာကလည္း ဝါသနာမပါခဲ့သလို ေဘာလံုးသမားတစ္ေယာက္အဖို႔ အလွမ္းေဝးလြန္းလွတယ္။ ဒါေပမဲ့ တစ္ခုေတာ့ သူေတြးတယ္။ ‘‘ဗိုလ္္ခ်ဳပ္ေအာင္ဆန္းေနရာ လုပ္ခြင့္ရတာ ကံထူးတာပဲ’’ဟု ေနာက္ဆံုး ေတာ့ သူမခ်မ္းသာေပမယ့္ ေငြေၾကးအတြက္ေရာ ဝါသနာအ တြက္ပါ အဆင္ေျပေနတဲ့ ေဘာ လံုးသမားဘဝကို ခဏထားခဲ့ၿပီး ဗိုလ္ခ်ဳပ္႐ုပ္ရွင္ဘက္ကိုသာ ေျခစံု ပစ္ ဝင္ခဲ့ပါတယ္။

ေနာက္ေတာ့ သူ႔ကို စစ္တပ္ က ဗိုလ္ႀကီးေတြ၊ ဗိုလ္မွဴးေတြနဲ႔ စစ္ သင္တန္းေတြေပးတယ္။ စစ္သား တစ္ေယာက္လိုပဲ ေနရတယ္။ထုိင္ ရတယ္။ စားရေသာက္ရတယ္။ ထရိန္နင္ေပးလြန္းလို႔ တစ္လအတြင္း ၁၁ ေပါင္ေလာက္ကို က် သြားတယ္။ အဂၤလိပ္စာနည္းနည္းအားနည္းလို႔ သင္တန္းေတြ တက္ ရတယ္။ ႐ုိက္ကြင္းေတြ လိုက္ ၾကည့္ရတယ္။ ႐ုပ္ရွင္အစည္းအ႐ံုးမွာ ႐ုပ္ရွင္နဲ႔ပတ္သက္တဲ့ သင္တန္းေတြတက္ရတယ္။ ဒါေပမဲ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကို
ဗိုလ္ခ်ဳပ္ႏွစ္တစ္ရာျပည့္အမီ ျပႏုိင္ေအာင္ ေကာ္မတီက ႀကိဳးစားခဲ့ေပမယ့္ အမ်ိဳးမ်ိဳးေသာ အေၾကာင္းေတြ ေၾကာင့္ ျဖစ္မလာခဲ့ပါဘူး။

၂၀၁၅ ဗိုလ္ခ်ဳပ္ႏွစ္တစ္ရာ ျပည့္ မတုိင္ခင္ သံုးလေလာက္အ လိုမွာေတာ့ ဇာတ္ကားႀကီးမဟုတ္ ေတာင္ အျမည္းေလး႐ိုက္ျပဖို႔ ေကာ္မတီက စီစဥ္ခဲ့တယ္။ ဂ်ပန္ ေတာ္လွန္ေရးစတင္ခါနီး ဗိုလ္ခ်ဳပ္ က ေဒၚခင္ၾကည္ ကိုယ္ဝန္ေျခာက္ လနဲ႔ ကေလးႏွစ္ေယာက္ကို ၾကက္ ဖေမြးေဇာင္းရြာကိုပို႔ၿပီး ပုန္းခိုင္းတဲ့ ဇာတ္ဝင္ခန္း၊ ေတာတြင္းမွာ စခန္းခ်ေနထုိင္တဲ့ ဇာတ္ဝင္ခန္း၊ ေဒၚခင္ၾကည္နဲ႔ ရင္ေသြးႏွစ္ဦးတို႔ စစ္ေဘးေရွာင္ဖို႔ ေလွနဲ႔ထြက္ခြာ ခ်ိန္ ဗိုလ္ခ်ဳပ္က လိုက္ပို႔ေဆာင္တဲ့ ဇာတ္ဝင္ခန္း၊ ဗိုလ္ခ်ဳပ္မိန္႔ခြန္း ေျပာတဲ့ ဇာတ္ဝင္ခန္း၊ ဗိုလ္ခ်ဳပ္ေန အိမ္တြင္း ဇာတ္ဝင္ခန္းနဲ႔ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းလုပ္ႀကံခံရတဲ့ ဇာတ္ ဝင္ခန္းတို႔ကို ႐ိုက္ကူးခဲ့တယ္။ အခု သမၼတျဖစ္လာတဲ့ ဦးထင္ေက်ာ္ လည္း ႐ုိက္ကြင္းကို လာေရာက္ခဲ့ တယ္။

အဲသလို႐ုိက္ကူးတဲ့အခါ တ ခ်ိဳ႕ေနရာေတြမွာ ႐ိုက္ဖို႔အေတာ္ ေလး ခက္ခဲခဲ့ၾကတယ္။ ဗိုလ္ခ်ဳပ္ တို႔ လုပ္ႀကံခံရတဲ့ ဇာတ္ဝင္ခန္း ႐ိုက္ဖို႔ဆိုရင္  ခြင့္မျပဳေသးတာ ေၾကာင့္ အေတာ္ေစာင့္ရတယ္။ တကယ္လည္း ႐ုိက္ဖို႔ခြင့္ျပဳခ်ိန္က် ေတာ့ ကုိေက်ာ္ေက်ာ္မ်ိဳးဟာ ဇာ တိျမစ္ငယ္က မိသားစုကို ပုဂံဘု ရားဖူးလိုက္ပို႔ခ်ိန္နဲ႔ ႀကံႀကံဖန္ဖန္ လာတိုက္ဆိုင္တယ္။ ေကာ္မတီက ေန မနက္ျဖန္႐ုပ္ရွင္႐ုိက္ဖို႔ ရန္ကုန္ ဆင္းခဲ့ဖို႔ ဖုန္းဆက္ေတာ့ သူက ပုဂံေရာက္ေနၿပီ။ ဒါနဲ႔မိသားစုကို အက်ိဳးအေၾကာင္းရွင္းျပၿပီး ဘုရား မဖူးေတာ့ဘဲ ျမစ္ငယ္ကို ျပန္ၾက တယ္။ ည ၇ နာရီေလာက္ ျမစ္ ငယ္ေရာက္၊ ၁၀ နာရီထိုးေတာ့ ရန္ကုန္ကားေပၚကို ကိုေက်ာ္ ေက်ာ္မ်ိဳး ေရာက္ေနၿပီ။ မနက္ လင္းေတာ့ ရန္ကုန္ေရာက္ၿပီ။ ဝန္ႀကီးမ်ား႐ံုးကိုသြား၊လုပ္ႀကံခံရတဲ့ ဇာတ္ဝင္ခန္းကို ႐ုိက္ခဲ့ရတယ္။

ရာျပည့္အမီ နမူနာသေဘာ မ်ိဳးေလး ထြက္လာေတာ့ သူ႔သ႐ုပ္ ေဆာင္မႈနဲ႔ ပတ္သက္လို႔ နည္း နည္းေလးဝေနတယ္ဆိုတာကလဲြ လို႔ က်န္တာေဝဖန္သံမၾကားရဘူး။ ဗိုလ္ခ်ဳပ္ႏွစ္တစ္ရာျပည့္ ႏွင္းဆီအ ၿငိမ့္မွာလည္း ဗိုလ္ခ်ဳပ္အျဖစ္ ဝင္ သ႐ုပ္ေဆာင္ေပးခဲ့ရေသးတယ္။ အဲဒီအစမ္း႐ုပ္ရွင္ေလးျပသၿပီးခ်ိန္ မွာေတာ့ သူလည္း နယ္နဲ႔ ရန္ကုန္ ကူးလိုက္၊ ေကာ္မတီနဲ႔ ဖုန္းဆက္ လိုက္၊ လူခ်င္းသြားေတြ႕လိုက္ လုပ္ ေနခဲ့တယ္။ ဒါေပမဲ့ ဗိုလ္ခ်ဳပ္႐ုပ္ ရွင္ကိုေတာ့ အေကာင္အထည္မေဖာ္ျဖစ္ၾကေသးပါဘူး။

အခုေတာ့ သူ႔အမ်ိဳးသမီး လည္း ကေလးေမြးလို႔ နယ္ကအိမ္ ကေလးမွာပဲ ျပန္ေနျဖစ္ခဲ့တယ္။ ေကာ္မတီနဲ႔ေတာ့ အဆက္အ သြယ္နည္းသြားခဲ့တယ္။ ေျခစြမ္းျပ ခြင့္မရတာၾကာၿပီျဖစ္တဲ့ လက္ေရြး စင္ေဘာလံုးသမား ကိုေက်ာ္ေက်ာ္ မ်ိဳးတစ္ေယာက္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္  ကိုသာ အာ႐ံုစိုက္ခဲ့တာေၾကာင့္ ေဘာလံုးေလာကနဲ႔ အလွမ္းေဝး သြားခဲ့ေပမယ့္  ႐ုပ္သံကေန ေဘာ လံုးပြဲေတြလာတဲ့အခါ သူ႔သူငယ္ ခ်င္းေတြျဖစ္တဲ့ ေဇာ္မင္းထြန္းတို႔၊ ၾကည္လင္းတို႔၊ ရန္ေအာင္ေက်ာ္ တို႔၊ ေက်ာ္ကိုကိုတို႔၊ ေက်ာ္ေဇယ်ာ ဝင္းတို႔ ေဘာလံုးကစားေနတဲ့အခါ သူဝင္ကစားခ်င္စိတ္ေတြ တဖြား ဖြားေပၚလာမိတယ္။ ဒါေပမဲ့ ဗိုလ္ ခ်ဳပ္႐ုပ္ရွင္႐ိုက္ဖို႔ ရွိေနတာေၾကာင့္ ေဘာလံုးကစားၿပီး တစ္ခုခုျဖစ္ သြားရင္ လြဲကုန္မွာစိုးလို႔  သူ႔ဆႏၵ ကုိသာ မ်ိဳသိပ္ခဲ့ရတယ္။

ေဘာလံုးကစားခ်င္တဲ့ စိတ္ ဆႏၵေျပဖို႔အတြက္နဲ႔ လူငယ္ေတြ အတြက္ အက်ိဳးရွိတာေလးေတြ  လုပ္ေပးခ်င္စိတ္ေၾကာင့္ ျမစ္ငယ္ က ကေလးေတြကို ေဘာလံုးအေျခ ခံေလးေတြ သင္ေပးျဖစ္တယ္။ သႀကၤန္ၿပီးရင္လည္း အာရွေဘာ လံုးအဖြဲ႕ခ်ဳပ္က လာဖြင့္တဲ့ နည္း ျပသင္တန္းတက္ၿပီး စီလိုင္စင္ ရဖို႔ သူလုပ္မွာျဖစ္တယ္။ သူကဗိုလ္ခ်ဳပ္႐ုပ္ရွင္ တစ္ကားတည္း ကိုသာ ႐ုိက္မယ္လို႔ဆိုၿပီး ဒီကား ၿပီးတာနဲ႔ နည္းျပအျဖစ္နဲ႔ ေဘာလံုး ေလာကထဲကို ျပန္ဝင္မယ္လို႔ သူကဆိုပါတယ္။

 ႐ုပ္ရွင္မ႐ုိက္ျဖစ္ေသးလို႔ အိမ္မွာျပန္ေနေနရေပမယ့္ သူ႔ စိတ္ထဲမွာ သက္ေသာင့္သက္သာ ေတာ့မရွိလွပါဘူး။ သူ႔ရွမ္းယူႏုိက္ တက္အသင္းက  ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ႐ုိက္ဖို႔ အေရြးခံရၿပီးတဲ့ေနာက္ အ ခုခ်ိန္ထိ ေဘာလံုးမကစားေတာ့တဲ့ ကာလအတြင္းမွာ လစဥ္ေထာက္ပံ့မႈေတြ ရွိေနခဲ့တာပါ။ ‘‘ကြၽန္ေတာ္ အားနာတယ္။ တစ္ခုခု ျပန္ေပးဆပ္ခ်င္တယ္’’လို႔ သူက ဆိုပါတယ္။

ေနာက္ၿပီး ရပ္ထဲရြာထဲေနေပ မယ့္ အေရးႀကီးတဲ့ ဗိုလ္ခ်ဳပ္ေနရာ မွာ သ႐ုပ္ေဆာင္ရမယ့္သူဆိုေတာ့ အေျပာအဆိုအေနအထိုင္က အစ သူ ဂ႐ုစိုက္ရပါတယ္။ တခ်ိဳ႕က ေတာ့ ေဝဖန္ၾကတယ္။ အခုေတာ့ ေဘာလံုးလည္း မကစားရ၊ ႐ုပ္ရွင္ လည္းမ႐ုိက္ရနဲ႔ ျဖစ္ေနၿပီေပါ့တဲ့။ သူကေတာ့ သည္းခံခဲ့ပါတယ္။ သူ႔ စိတ္ကို ဘယ္သူမွ အႏိုင္ယူလို႔မရ ပါဘူးတဲ့။

ဗိုလ္ခ်ဳပ္႐ုပ္ရွင္နဲ႔ ပတ္သက္ ၿပီး ႐ုပ္ရွင္ျဖစ္ေျမာက္ေရးေကာ္မတီမွာ ပါဝင္ေဆာင္ရြက္္ခဲ့တဲ့ သ႐ုပ္ေဆာင္ ဦးဇာဂနာကို ေမး ျမန္းၾကည့္တဲ့အခါမွာေတာ့ ဗိုလ္ ခ်ဳပ္႐ုပ္ရွင္ျဖစ္ေျမာက္ဖို႔ အပိုင္းႏွစ္ ပိုင္း ခြဲေျပာရမည္ျဖစ္ေၾကာင္း၊ ပထမအပိုင္းက အဖ်ားတက္ကာ လအျဖစ္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္႐ုိက္ခ်င္ လြန္း၍ ထမင္းမစားဟင္းမစား ဆရာခ်စ္ဦးညိဳ၊ ဆရာၾကည္စိုး ထြန္း၊ ဆရာျမျမင့္မိုရ္တို႔ႏွင့္အတူ ဇာတ္ၫႊန္းေတြေရးၿပီးခ်ိန္ မွတ္ တမ္းအနည္းငယ္ဆန္ေန၍ ပဲခူး ၿမိဳ႕မွ ေရႊျပည္၊ ေမၿမိဳ႕မွ ေဆာင္း သဇင္ဟိုတယ္တို႔တြင္  camp ဝင္ ၿပီး ေရးခဲ့တယ္။

သို႔ေသာ္ ကေနဒါက ထုတ္ လုပ္သူ Niv fenchman ေရာက္လာ သည့္အခ်ိန္တြင္ စီစဥ္ထားမႈႏွင့္ ေျပာင္းျပန္ျဖစ္ခဲ့ၿပီး ဗိုလ္ခ်ဳပ္႐ုပ္ ရွင္အဖြဲ႕မလိုေၾကာင္း ေျပာသည့္ အခါ အဖြဲ႕စည္း႐ံုးမႈ ယိုင္လဲသြား ခဲ့တယ္လို႔ ဦးဇာဂနာက ေျပာပါ တယ္။ ဆက္လက္ၿပီး ယခုသမၼတ ႀကီးျဖစ္ေနတဲ့ ဦးထင္ေက်ာ္ ေရာက္လာၿပီး ထုတ္လုပ္သူတစ္ ဦး၊ ဇာတ္ၫႊန္းတာဝန္ခံတစ္ဦး၊ ဒါ႐ိုက္တာတစ္ဦးပဲထားၿပီး ဆက္ လုပ္မည္ဟု ေျပာလာခဲ့ေၾကာင္း၊ ထို႔ေနာက္မွာေတာ့ ဗိုလ္ခ်ဳပ္႐ုပ္ ရွင္ျဖစ္ေျမာက္ေရး ေကာ္မတီဝင္ မ်ား တစ္ဦးၿပီးတစ္ဦး ႏုတ္ထြက္ သြားခဲ့ၾကေၾကာင္း၊ ျမန္မာႏိုင္ငံ႐ုပ္ ရွင္အစည္းအ႐ံုးဥကၠ႒ ဦးလူမင္း က မထြက္ဖို႔ ေဒၚေအာင္ဆန္းစု ၾကည္ဆီ တင္ျပဖို႔ ေျပာခဲ့ေသာ္ လည္း ေရြးေကာက္ပြဲၿပီးခါစ အစိုးရအဖြဲ႕ဖြဲ႕ရန္ အလုပ္မ်ားေန ခ်ိန္ျဖစ္၍ ေခတၱေစာင့္ဆုိင္းေနခဲ့သည္မွာ ယခုအခ်ိန္ထိျဖစ္ ေၾကာင္း ေျပာျပခဲ့ပါတယ္။

‘‘တကယ္ကေတာ့ ၂ ႏွစ္အ တြင္း အဖ်ားတက္ေနတုန္း အရွိန္ ေကာင္းေနေပမယ့္ အေျဖမထြက္ တဲ့ ပုစာၦေတြ မ်ားလာေတာ့ အခုလို ကြဲကုန္ရတာ။ မဆီမဆိုင္ ဘတ္ ဂ်က္ကိစၥေတြ ထည့္ေျပာလည္း ကြၽန္ေတာ္တို႔ မရွင္းဘူး။ ဟုတ္မွမဟုတ္တာ။ အခုထိ အရာမယြင္း ဘူး။ အတိုးေတာင္ရေသး’’ လို႔ ဦးဇာဂနာက ေျပာပါတယ္။

ကိုေက်ာ္ေက်ာ္မ်ိဳးခံစားခ်က္ နဲ႔ ပတ္သက္ၿပီး ဦးဇာဂနာကေတာ့ ‘‘ေက်ာ္ေက်ာ္မ်ိဳးကိုေရာ ဇာျခည္ လင္းကိုပါ အားနာတယ္။ ကြၽန္ ေတာ္တို႔ညံ့လို႔ ဒီကား မ႐ုိက္ျဖစ္ တာ။သူ႔လိုပါပဲ။ ကြၽန္ေတာ္ ကိုယ္ တိုင္ သံုးႏွစ္စလံုး ဘာအလုပ္မွ မလုပ္တာ။ လာကမ္းလွမ္းတာ ေတာင္ ဘာကားမွမ႐ုိက္ဘဲ ဒီ တစ္ခုတည္း စိုက္လိုက္မတ္တတ္ လုပ္ခဲ့တာပါ’’လို႔ ဦးဇာဂနာကဆို ပါသည္။

ကိုေက်ာ္ေက်ာ္မ်ိဳး တစ္ခု ေတာ့ သူစုိးရိမ္ပါတယ္။ သူ႔လက္ ရွိ အသက္ကလည္း (၃၀) ျပည့္ ခါနီးဆိုေတာ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ အ ေကာင္အထည္ေဖာ္ဖို႔ ေနာက္ ဆုတ္ၿမဲဆုတ္ေနရင္၊ သူ႔အသက္ ေတြ တျဖည္းျဖည္းႀကီးလာၿပီး အ သက္ (၃၂)၊ (၃၃) ဝန္းက်င္ ဗိုလ္ ခ်ဳပ္ဇာတ္႐ုပ္ကို သူသ႐ုပ္ေဆာင္ ခြင့္မရေတာ့မွာကို စိုးရိမ္ေနခဲ့တာ ပါ။ ‘‘ကြၽန္ေတာ္ေပးဆပ္ထားတာ အမ်ားႀကီး။ မ႐ိုက္ျဖစ္မွာ တအား စိုးတယ္’’လို႔ သူကဆိုပါတယ္။

အခုေတာ့ လက္ေရြးစင္ ေဘာလံုးသမား ေက်ာ္ေက်ာ္မ်ိဳး တစ္ေယာက္ ျမစ္ငယ္က ကေလး ေတြကို အေျခခံေဘာလံုးသင္တန္း ေတြေပးရင္း ဗိုလ္ခ်ဳပ္႐ုပ္ရွင္ေကာ္ မတီက ဆက္မယ့္ ‘‘႐ုပ္ရွင္႐ိုက္ မယ္၊ ရန္ကုန္ဆင္းခဲ့ေတာ့ ’’ ဆိုတဲ့ ဖုန္းသံကို ေစာင့္ေမွ်ာ္ေနပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းသ႐ုပ္ေဆာင္ လက္ေရြးစင္ေဘာလံုးသမား ေက်ာ္ေက်ာ္မ်ိဳးကို အမရပူရၿမိဳ႕နယ္ ျမစ္ငယ္နယ္တြင္ ေတြ႕ရစဥ္
ဓာတ္ပံု - ညီညီေဇာ္
Credit - 7daydaily
အသားညိုညို မျက်နှာထား ခပ်တည်တည်နဲ့ လူငယ်တစ် ယောက်ဟာ အရွယ်နဲ့ မလိုက် အောင် တည်ငြိမ်ရင်း အထက်ပါစကားကိုပြောလာတယ်။ ဘောင်း ဘီတိုနဲ့ စပို့ရှပ်နဲ့ လွတ်လွတ်လပ် လပ် ဝတ်ဆင်ထားပေမယ့် သူ့ပုံစံက တည်တည်ကြည်ကြည် လေး လေးနက်နက်လေး ဖြစ်နေတယ်။ သူ့ကိုမြင်လိုက်တာနဲ့ မြန်မာပြည် သူပြည်သား တော်တော်များများ စိတ်ထဲမှာ တစ်ယောက်ယောက်နဲ့ များ တူနေသလား တွေးမိကြမှာအမှန်ပါ။ ဟုတ်ပါတယ်။ သူဟာအများထင်ထားသလို မြန်မာနိုင်ငံ ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့ ရုပ်ချင်းဆင်တဲ့၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသား ကျော် ကျော်မျိုးပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် အကောင်အထည်ဖော်ဖို့ မစတင် ခင်ကတော့ မင်းသားကျော်ကျော် မျိုးဟာ လက်ရွေးစင်ဘောလုံးသ မား တစ်ယောက်ဆိုတာ မြန်မာ့ ဘောလုံးအားကစား လောကကို စိတ်ဝင်စားသူတိုင်း သိကြပါ တယ်။ ကိုကျော်ကျော်မျိုးဟာလေးတန်းကျောင်းသား ဘဝကတည်းက ဘောလုံးကို ဝါသနာပါလွန်းလို့ တစိုက်မတ်မတ် ကစားလာခဲ့သူပါ။ အရွယ်ရောက်တော့  ၂၀၀၆  ကနေ ၂၀၀၉ အထိ ရထားပို့ဆောင်ရေးအသင်းမှာ ကစားတယ်။ နောက်တော့ ၂၀၀၉ ကနေ ၂၀၁၀ အထိ မကွေးအက်ဖ်စီမှာ ကစားခဲ့ပြီး ၂၀၁၀ မှာပဲ ကမ္ဘောဇအက်ဖ်စီ (အခု ရှမ်းယူနိုက်တက်အက်ဖ်စီ)မှာ ပြောင်းကစားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဝါရင့်ဘောလုံးအားကစားသမား ကျော်ကျော်မျိုးဟာ ထိုက်တန်တဲ့ လစာကောင်းကောင်းကို ရရှိနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဘဝ တစ်ဆစ်ချိုးဖို့ အကြောင်းဖန်လာခဲ့တာကတော့ ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဗိုလ်ချုပ်နဲ့ရုပ်တူတဲ့သူတွေ လျှောက်လွှာခေါ်လိုက်တဲ့ အချိန် ပါပဲ။

ဘောလုံးပွဲတွေမှာ မကစား ခင် နိုင်ငံတော်သီချင်းသီဆိုတဲ့အခါ ဘောလုံးသမားတွေရဲ့ မျက်နှာ တွေကို တစ်ယောက်ချင်း ကင်မ ရာက ရိုက်ပြချိန် ကိုကျော်ကျော် မျိုး အလှည့်ရောက်ရင် ကြည့်ရသူ တွေက ဗိုလ်ချုပ်နဲ့တော်တော်တူ တယ်လို့ မှတ်ချက်ပေးတတ်ကြ တယ်။ ဘောလုံးသမားချင်းလည်း မင်းက ဗိုလ်ချုပ်နဲ့တူတယ်လို့ပြော ကြတယ်။ ဗိုလ်ချုပ်ရုပ်ရှင်အတွက် လျှောက်လွှာခေါ်ချိန်မှာတော့ အ များက တိုက်တွန်းတယ်။ ပထမ တော့ မလျှောက်ဖြစ်ဘူး။ နောက် တော့ နိုင်ငံရဲ့အရေးကြီးတဲ့သမိုင်း ဝင်ပုဂ္ဂိုလ် တစ်ယောက််နေရာမှာ သရုပ်ဆောင်ရမှာ ဆိုတော့ လျှောက်ကြည့်ချင်စိတ်တွေ ပေါ် လာတယ်။ နောက်ဆုံးဝင်လျှောက် လိုက်တဲ့အခါမှာတော့ ကိိုကျော် ကျော်မျိုး အရွေးခံခဲ့ရတယ်။ အဲဒီ မှာ ကိုကျော်ကျော်မျိုး အကျပ်ရိုက်စရာ ကြုံရတယ်။

သူတို့တစ်တွေ ၂၀၁၁ ဂျကာ တာ ဆီးဂိမ်းကနေ ပြန်လာချိန်မှာ လစာတွေတိုးဦးမယ့်အချိန် ဗိုလ် ချုပ်ရုပ်ရှင်ရိုက်ဖို့ကလည်း အရွေး ခံရတယ်။ ရုပ်ရှင်ရိုက်မယ်ဆိုရင် ဘောလုံးကန်တာ နားကိုနားထား ရမယ်ဆိုတော့ ကိုကျော်ကျော်မျိုး စဉ်းစားရတယ်။ တစ်ဘဝလုံးတစိုက်မတ်မတ် ကန်လာတဲ့ ဘောလုံးကို ခဏလောက် မေ့ထားရမယ်ဆိုတော့ ဖြစ်ပါ့မလား တွေးပူမိတယ်။ ရုပ်ရှင်ဆိုတာကလည်း ဝါသနာမပါခဲ့သလို ဘောလုံးသမားတစ်ယောက်အဖို့ အလှမ်းဝေးလွန်းလှတယ်။ ဒါပေမဲ့ တစ်ခုတော့ သူတွေးတယ်။ ‘‘ဗိုလ််ချုပ်အောင်ဆန်းနေရာ လုပ်ခွင့်ရတာ ကံထူးတာပဲ’’ဟု နောက်ဆုံး တော့ သူမချမ်းသာပေမယ့် ငွေကြေးအတွက်ရော ဝါသနာအ တွက်ပါ အဆင်ပြေနေတဲ့ ဘော လုံးသမားဘဝကို ခဏထားခဲ့ပြီး ဗိုလ်ချုပ်ရုပ်ရှင်ဘက်ကိုသာ ခြေစုံ ပစ် ဝင်ခဲ့ပါတယ်။

နောက်တော့ သူ့ကို စစ်တပ် က ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေနဲ့ စစ် သင်တန်းတွေပေးတယ်။ စစ်သား တစ်ယောက်လိုပဲ နေရတယ်။ထိုင် ရတယ်။ စားရသောက်ရတယ်။ ထရိန်နင်ပေးလွန်းလို့ တစ်လအတွင်း ၁၁ ပေါင်လောက်ကို ကျ သွားတယ်။ အင်္ဂလိပ်စာနည်းနည်းအားနည်းလို့ သင်တန်းတွေ တက် ရတယ်။ ရိုက်ကွင်းတွေ လိုက် ကြည့်ရတယ်။ ရုပ်ရှင်အစည်းအရုံးမှာ ရုပ်ရှင်နဲ့ပတ်သက်တဲ့ သင်တန်းတွေတက်ရတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ရုပ်ရှင်ကို
ဗိုလ်ချုပ်နှစ်တစ်ရာပြည့်အမီ ပြနိုင်အောင် ကော်မတီက ကြိုးစားခဲ့ပေမယ့် အမျိုးမျိုးသော အကြောင်းတွေ ကြောင့် ဖြစ်မလာခဲ့ပါဘူး။

၂၀၁၅ ဗိုလ်ချုပ်နှစ်တစ်ရာ ပြည့် မတိုင်ခင် သုံးလလောက်အ လိုမှာတော့ ဇာတ်ကားကြီးမဟုတ် တောင် အမြည်းလေးရိုက်ပြဖို့ ကော်မတီက စီစဉ်ခဲ့တယ်။ ဂျပန် တော်လှန်ရေးစတင်ခါနီး ဗိုလ်ချုပ် က ဒေါ်ခင်ကြည် ကိုယ်ဝန်ခြောက် လနဲ့ ကလေးနှစ်ယောက်ကို ကြက် ဖမွေးဇောင်းရွာကိုပို့ပြီး ပုန်းခိုင်းတဲ့ ဇာတ်ဝင်ခန်း၊ တောတွင်းမှာ စခန်းချနေထိုင်တဲ့ ဇာတ်ဝင်ခန်း၊ ဒေါ်ခင်ကြည်နဲ့ ရင်သွေးနှစ်ဦးတို့ စစ်ဘေးရှောင်ဖို့ လှေနဲ့ထွက်ခွာ ချိန် ဗိုလ်ချုပ်က လိုက်ပို့ဆောင်တဲ့ ဇာတ်ဝင်ခန်း၊ ဗိုလ်ချုပ်မိန့်ခွန်း ပြောတဲ့ ဇာတ်ဝင်ခန်း၊ ဗိုလ်ချုပ်နေ အိမ်တွင်း ဇာတ်ဝင်ခန်းနဲ့ ဗိုလ်ချုပ် အောင်ဆန်းလုပ်ကြံခံရတဲ့ ဇာတ် ဝင်ခန်းတို့ကို ရိုက်ကူးခဲ့တယ်။ အခု သမ္မတဖြစ်လာတဲ့ ဦးထင်ကျော် လည်း ရိုက်ကွင်းကို လာရောက်ခဲ့ တယ်။

အဲသလိုရိုက်ကူးတဲ့အခါ တ ချို့နေရာတွေမှာ ရိုက်ဖို့အတော် လေး ခက်ခဲခဲ့ကြတယ်။ ဗိုလ်ချုပ် တို့ လုပ်ကြံခံရတဲ့ ဇာတ်ဝင်ခန်း ရိုက်ဖို့ဆိုရင်  ခွင့်မပြုသေးတာ ကြောင့် အတော်စောင့်ရတယ်။ တကယ်လည်း ရိုက်ဖို့ခွင့်ပြုချိန်ကျ တော့ ကိုကျော်ကျော်မျိုးဟာ ဇာ တိမြစ်ငယ်က မိသားစုကို ပုဂံဘု ရားဖူးလိုက်ပို့ချိန်နဲ့ ကြံကြံဖန်ဖန် လာတိုက်ဆိုင်တယ်။ ကော်မတီက နေ မနက်ဖြန်ရုပ်ရှင်ရိုက်ဖို့ ရန်ကုန် ဆင်းခဲ့ဖို့ ဖုန်းဆက်တော့ သူက ပုဂံရောက်နေပြီ။ ဒါနဲ့မိသားစုကို အကျိုးအကြောင်းရှင်းပြပြီး ဘုရား မဖူးတော့ဘဲ မြစ်ငယ်ကို ပြန်ကြ တယ်။ ည ၇ နာရီလောက် မြစ် ငယ်ရောက်၊ ၁၀ နာရီထိုးတော့ ရန်ကုန်ကားပေါ်ကို ကိုကျော် ကျော်မျိုး ရောက်နေပြီ။ မနက် လင်းတော့ ရန်ကုန်ရောက်ပြီ။ ဝန်ကြီးများရုံးကိုသွား၊လုပ်ကြံခံရတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ခဲ့ရတယ်။

ရာပြည့်အမီ နမူနာသဘော မျိုးလေး ထွက်လာတော့ သူ့သရုပ် ဆောင်မှုနဲ့ ပတ်သက်လို့ နည်း နည်းလေးဝနေတယ်ဆိုတာကလွဲ လို့ ကျန်တာဝေဖန်သံမကြားရဘူး။ ဗိုလ်ချုပ်နှစ်တစ်ရာပြည့် နှင်းဆီအ ငြိမ့်မှာလည်း ဗိုလ်ချုပ်အဖြစ် ဝင် သရုပ်ဆောင်ပေးခဲ့ရသေးတယ်။ အဲဒီအစမ်းရုပ်ရှင်လေးပြသပြီးချိန် မှာတော့ သူလည်း နယ်နဲ့ ရန်ကုန် ကူးလိုက်၊ ကော်မတီနဲ့ ဖုန်းဆက် လိုက်၊ လူချင်းသွားတွေ့လိုက် လုပ် နေခဲ့တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ရုပ် ရှင်ကိုတော့ အကောင်အထည်မဖော်ဖြစ်ကြသေးပါဘူး။

အခုတော့ သူ့အမျိုးသမီး လည်း ကလေးမွေးလို့ နယ်ကအိမ် ကလေးမှာပဲ ပြန်နေဖြစ်ခဲ့တယ်။ ကော်မတီနဲ့တော့ အဆက်အ သွယ်နည်းသွားခဲ့တယ်။ ခြေစွမ်းပြ ခွင့်မရတာကြာပြီဖြစ်တဲ့ လက်ရွေး စင်ဘောလုံးသမား ကိုကျော်ကျော် မျိုးတစ်ယောက် ဗိုလ်ချုပ်ရုပ်ရှင်  ကိုသာ အာရုံစိုက်ခဲ့တာကြောင့် ဘောလုံးလောကနဲ့ အလှမ်းဝေး သွားခဲ့ပေမယ့်  ရုပ်သံကနေ ဘော လုံးပွဲတွေလာတဲ့အခါ သူ့သူငယ် ချင်းတွေဖြစ်တဲ့ ဇော်မင်းထွန်းတို့၊ ကြည်လင်းတို့၊ ရန်အောင်ကျော် တို့၊ ကျော်ကိုကိုတို့၊ ကျော်ဇေယျာ ဝင်းတို့ ဘောလုံးကစားနေတဲ့အခါ သူဝင်ကစားချင်စိတ်တွေ တဖွား ဖွားပေါ်လာမိတယ်။ ဒါပေမဲ့ ဗိုလ် ချုပ်ရုပ်ရှင်ရိုက်ဖို့ ရှိနေတာကြောင့် ဘောလုံးကစားပြီး တစ်ခုခုဖြစ် သွားရင် လွဲကုန်မှာစိုးလို့  သူ့ဆန္ဒ ကိုသာ မျိုသိပ်ခဲ့ရတယ်။

ဘောလုံးကစားချင်တဲ့ စိတ် ဆန္ဒပြေဖို့အတွက်နဲ့ လူငယ်တွေ အတွက် အကျိုးရှိတာလေးတွေ  လုပ်ပေးချင်စိတ်ကြောင့် မြစ်ငယ် က ကလေးတွေကို ဘောလုံးအခြေ ခံလေးတွေ သင်ပေးဖြစ်တယ်။ သင်္ကြန်ပြီးရင်လည်း အာရှဘော လုံးအဖွဲ့ချုပ်က လာဖွင့်တဲ့ နည်း ပြသင်တန်းတက်ပြီး စီလိုင်စင် ရဖို့ သူလုပ်မှာဖြစ်တယ်။ သူကဗိုလ်ချုပ်ရုပ်ရှင် တစ်ကားတည်း ကိုသာ ရိုက်မယ်လို့ဆိုပြီး ဒီကား ပြီးတာနဲ့ နည်းပြအဖြစ်နဲ့ ဘောလုံး လောကထဲကို ပြန်ဝင်မယ်လို့ သူကဆိုပါတယ်။

 ရုပ်ရှင်မရိုက်ဖြစ်သေးလို့ အိမ်မှာပြန်နေနေရပေမယ့် သူ့ စိတ်ထဲမှာ သက်သောင့်သက်သာ တော့မရှိလှပါဘူး။ သူ့ရှမ်းယူနိုက် တက်အသင်းက  ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ဖို့ အရွေးခံရပြီးတဲ့နောက် အ ခုချိန်ထိ ဘောလုံးမကစားတော့တဲ့ ကာလအတွင်းမှာ လစဉ်ထောက်ပံ့မှုတွေ ရှိနေခဲ့တာပါ။ ‘‘ကျွန်တော် အားနာတယ်။ တစ်ခုခု ပြန်ပေးဆပ်ချင်တယ်’’လို့ သူက ဆိုပါတယ်။

နောက်ပြီး ရပ်ထဲရွာထဲနေပေ မယ့် အရေးကြီးတဲ့ ဗိုလ်ချုပ်နေရာ မှာ သရုပ်ဆောင်ရမယ့်သူဆိုတော့ အပြောအဆိုအနေအထိုင်က အစ သူ ဂရုစိုက်ရပါတယ်။ တချို့က တော့ ဝေဖန်ကြတယ်။ အခုတော့ ဘောလုံးလည်း မကစားရ၊ ရုပ်ရှင် လည်းမရိုက်ရနဲ့ ဖြစ်နေပြီပေါ့တဲ့။ သူကတော့ သည်းခံခဲ့ပါတယ်။ သူ့ စိတ်ကို ဘယ်သူမှ အနိုင်ယူလို့မရ ပါဘူးတဲ့။

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက် ပြီး ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီမှာ ပါဝင်ဆောင်ရွက််ခဲ့တဲ့ သရုပ်ဆောင် ဦးဇာဂနာကို မေး မြန်းကြည့်တဲ့အခါမှာတော့ ဗိုလ် ချုပ်ရုပ်ရှင်ဖြစ်မြောက်ဖို့ အပိုင်းနှစ် ပိုင်း ခွဲပြောရမည်ဖြစ်ကြောင်း၊ ပထမအပိုင်းက အဖျားတက်ကာ လအဖြစ် ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ချင် လွန်း၍ ထမင်းမစားဟင်းမစား ဆရာချစ်ဦးညို၊ ဆရာကြည်စိုး ထွန်း၊ ဆရာမြမြင့်မိုရ်တို့နှင့်အတူ ဇာတ်ညွှန်းတွေရေးပြီးချိန် မှတ် တမ်းအနည်းငယ်ဆန်နေ၍ ပဲခူး မြို့မှ ရွှေပြည်၊ မေမြို့မှ ဆောင်း သဇင်ဟိုတယ်တို့တွင်  camp ဝင် ပြီး ရေးခဲ့တယ်။

သို့သော် ကနေဒါက ထုတ် လုပ်သူ Niv fenchman ရောက်လာ သည့်အချိန်တွင် စီစဉ်ထားမှုနှင့် ပြောင်းပြန်ဖြစ်ခဲ့ပြီး ဗိုလ်ချုပ်ရုပ် ရှင်အဖွဲ့မလိုကြောင်း ပြောသည့် အခါ အဖွဲ့စည်းရုံးမှု ယိုင်လဲသွား ခဲ့တယ်လို့ ဦးဇာဂနာက ပြောပါ တယ်။ ဆက်လက်ပြီး ယခုသမ္မတ ကြီးဖြစ်နေတဲ့ ဦးထင်ကျော် ရောက်လာပြီး ထုတ်လုပ်သူတစ် ဦး၊ ဇာတ်ညွှန်းတာဝန်ခံတစ်ဦး၊ ဒါရိုက်တာတစ်ဦးပဲထားပြီး ဆက် လုပ်မည်ဟု ပြောလာခဲ့ကြောင်း၊ ထို့နောက်မှာတော့ ဗိုလ်ချုပ်ရုပ် ရှင်ဖြစ်မြောက်ရေး ကော်မတီဝင် များ တစ်ဦးပြီးတစ်ဦး နုတ်ထွက် သွားခဲ့ကြကြောင်း၊ မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း က မထွက်ဖို့ ဒေါ်အောင်ဆန်းစု ကြည်ဆီ တင်ပြဖို့ ပြောခဲ့သော် လည်း ရွေးကောက်ပွဲပြီးခါစ အစိုးရအဖွဲ့ဖွဲ့ရန် အလုပ်များနေ ချိန်ဖြစ်၍ ခေတ္တစောင့်ဆိုင်းနေခဲ့သည်မှာ ယခုအချိန်ထိဖြစ် ကြောင်း ပြောပြခဲ့ပါတယ်။

‘‘တကယ်ကတော့ ၂ နှစ်အ တွင်း အဖျားတက်နေတုန်း အရှိန် ကောင်းနေပေမယ့် အဖြေမထွက် တဲ့ ပုစ္ဆာတွေ များလာတော့ အခုလို ကွဲကုန်ရတာ။ မဆီမဆိုင် ဘတ် ဂျက်ကိစ္စတွေ ထည့်ပြောလည်း ကျွန်တော်တို့ မရှင်းဘူး။ ဟုတ်မှမဟုတ်တာ။ အခုထိ အရာမယွင်း ဘူး။ အတိုးတောင်ရသေး’’ လို့ ဦးဇာဂနာက ပြောပါတယ်။

ကိုကျော်ကျော်မျိုးခံစားချက် နဲ့ ပတ်သက်ပြီး ဦးဇာဂနာကတော့ ‘‘ကျော်ကျော်မျိုးကိုရော ဇာခြည် လင်းကိုပါ အားနာတယ်။ ကျွန် တော်တို့ညံ့လို့ ဒီကား မရိုက်ဖြစ် တာ။သူ့လိုပါပဲ။ ကျွန်တော် ကိုယ် တိုင် သုံးနှစ်စလုံး ဘာအလုပ်မှ မလုပ်တာ။ လာကမ်းလှမ်းတာ တောင် ဘာကားမှမရိုက်ဘဲ ဒီ တစ်ခုတည်း စိုက်လိုက်မတ်တတ် လုပ်ခဲ့တာပါ’’လို့ ဦးဇာဂနာကဆို ပါသည်။

ကိုကျော်ကျော်မျိုး တစ်ခု တော့ သူစိုးရိမ်ပါတယ်။ သူ့လက် ရှိ အသက်ကလည်း (၃၀) ပြည့် ခါနီးဆိုတော့ ဗိုလ်ချုပ်ရုပ်ရှင် အ ကောင်အထည်ဖော်ဖို့ နောက် ဆုတ်မြဲဆုတ်နေရင်၊ သူ့အသက် တွေ တဖြည်းဖြည်းကြီးလာပြီး အ သက် (၃၂)၊ (၃၃) ဝန်းကျင် ဗိုလ် ချုပ်ဇာတ်ရုပ်ကို သူသရုပ်ဆောင် ခွင့်မရတော့မှာကို စိုးရိမ်နေခဲ့တာ ပါ။ ‘‘ကျွန်တော်ပေးဆပ်ထားတာ အများကြီး။ မရိုက်ဖြစ်မှာ တအား စိုးတယ်’’လို့ သူကဆိုပါတယ်။

အခုတော့ လက်ရွေးစင် ဘောလုံးသမား ကျော်ကျော်မျိုး တစ်ယောက် မြစ်ငယ်က ကလေး တွေကို အခြေခံဘောလုံးသင်တန်း တွေပေးရင်း ဗိုလ်ချုပ်ရုပ်ရှင်ကော် မတီက ဆက်မယ့် ‘‘ရုပ်ရှင်ရိုက် မယ်၊ ရန်ကုန်ဆင်းခဲ့တော့ ’’ ဆိုတဲ့ ဖုန်းသံကို စောင့်မျှော်နေပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းသရုပ်ဆောင် လက်ရွေးစင်ဘောလုံးသမား ကျော်ကျော်မျိုးကို အမရပူရမြို့နယ် မြစ်ငယ်နယ်တွင် တွေ့ရစဉ်
ဓာတ်ပုံ - ညီညီဇော်
Credit - 7daydaily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...