ကလေးမွေးပြီးချင်း အမှိုက်ပုန်းထဲကို သွားရောက်စွန့်ပစ်ခဲ့တဲ့ 15 နှစ်အရွယ် မိခင်


အသက် 15 နှစ်သာ ရှိသေးတဲ့ ကလေးမိခင်တစ်ဦးဟာ မိမိနေအိမ်မှာ ကလေးမွေးပြီး မိနစ်ပိုင်းအတွင်းမှာ မွေးကင်းစ ကလေးငယ်ကို သွားရောက်စွန့်ပစ်ခဲ့ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေကို CCTV တွေကနေ မှတ်တမ်းတင်ထားခဲ့တာကို တွေ့ရပါတယ်။

သူမဟာ ကလေးငယ်ကို လက်ဆောင်ထုတ်ပိုးတဲ့ သေတ္တာငယ်ထဲမှာ ထည့်ပြီး အမှိုက်ပုန်းထဲကို သွားရောက်စွန့်ပစ်ခဲ့ တာ ဖြစ်ပါတယ်။ CCTV မှတ်တမ်းအရ အဆိုပါကောင်မလေးဟာ အရင်ဆုံး ဓာတ်လှေကားထဲမှာ ကလေးထည့်ထားတဲ့
သေတ္တာလေးကို ထားပြီး၊ အိတ်တွေ မနိုင်မနင်းနဲ့ ၀င်လာတာကို တွေ့ရပါတယ်။

အသက်ငယ်ငယ် ကလေးမိခင်ဟာ တရုတ်နိုင်ငံသူတစ်ယောက် ဖြစ်ပြီး၊ သူမဟာ ဓာတ်လှေကားကနေ အထွက်မှာ အထုတ်အပိုးတွေ မနိုင်မနင်းနဲ့ ကလေးထည့်ထားတဲ့ သေတ္တာလေးကိုပါ မယူကာ တစ်ဖက်နေရာရှိ အမှိုက်ပုန်းထဲကို သွားရောက်ထည့်တာကို တွေ့လိုက်ရပါတယ်။

အဲဒီကလေးကို သန့်ရှင်းရေးအလုပ်သမားတစ်ဦးက တွေ့ခဲ့ရပြီး အသက် မသေသေးပါဘူး။ ကလေးဟာ အသက်ရှုကြပ်
တည်းစွာနဲ့ နာရီပေါင်းတော်တော်ကြာတဲ့အထိ အမှိုက်ပုန်းထဲမှာ နေခဲ့ရပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့လို့ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးခဲ့ရာမှာ ကာယကံရှင်အမျိုးသမီးကို ဖော်ထုတ်နိုင်ခဲ့တာပါ။
ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း Shenzhen မြို့မှာ ဖြစ်ခဲ့တာပါ။ ရဲတပ်ဖွဲ့လည်း ကလေးအမေဟာ အသက် 15 နှစ်အရွယ်သာ ရှိသေးကြောင်း အတည်ပြုခဲ့ပါတယ်။ လောလောဆယ်တော့ ကလေးငယ်လေးကို အဖိုးအဖွားတွေက လာရောက်ယူငင်ပြီး စောင့်ရှောက်ထားမယ်လို့ ဆိုပါတယ်။ ယင်းတို့ဟာ ဒီပြစ်မှုကို ကျူးလွန်တဲ့ ကလေးမိခင်ရဲ့ အဖေအမေ ဖြစ်ပါတယ်။

သန့်ရှင်းရေးဝန်ထမ်းရဲ့ ပြောကြားချက်အရ စွန့်ပစ်ခံရတဲ့ မွေးကင်းစလေးဟာ မိန်းကလေးဖြစ်ပြီး၊ အောက်မျက်ခမ်းအောက်မှာ တစ်ခုခုနဲ့ ခြစ်မိထားတဲ့ ဒဏ်ရာကို တွေ့ရကြောင်း၊ အလေးချိန် 5.84 ပေါင် ရှိကြောင်း သိရပါတယ်။ လောလောဆယ် ကလေးမိခင်ဖြစ်သူကို ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး၊ အလှပြင်ဆိုင် ၀န်ထမ်းတစ်ဦးဖြစ်ကြောင်း၊ မိဘတွေနဲ့ ခွဲနေကြောင်း သိရပါတယ်။
ဒါပေမယ့် တရုတ်နိုင်ငံ ဥပဒေအရ ကလေးမိခင်မှာ အသက်အရွယ်အရ စွဲချက်တင်ရန် မသင့်တဲ့အနေအထားမို့ မကြာမီမှာ သက်ဆိုင်ရာ မိဘတွေဆီကို ပြန်လည်အပ်နှံခဲ့ပြီး၊ ဒီလိုပြစ်မှုမျိုး ထပ်မံမကျူးလွန်ဖို့ အသိပညာပေးခဲ့တယ်လို့ သိရပါတယ်။ ကလေးမိခင်ရဲ့ နာမည်ကိုတော့ ရဲတပ်ဖွဲ့ ထုတ်ပြန်ကြေငြာခြင်း မရှိပါဘူး။
source : thesun.co.uk
Credit : နတ်စည်တော် (Shwemom)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...