Myanmar Idol အတွက် မြန်မာပြည်သိန်းတန်ရဲ့ အနုပညာကြေး ဘယ်လောက်ရလဲ နှိပ်ကြည့်လိုက် မျက်လုံးပြူးသွားမယ်နော်


Ref:MornigPost
popolay
================

မြန်မာနိုင်ငံမှာ ပြုလုပ်ကျင်းပနေတဲ့ သီချင်းဆိုပြိုင်ပွဲအစီစဉ်ပေါင်းများစွာထဲမှာ ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးက Myanmar Idol ဆိုရင် မမှားပါဘူး။ Myanmar Idol Season 2 ဟာ Season 1 တုန်းကထက်တောင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိခဲ့ပါတယ်။
အစီစဉ်ရိုက်ကူးတင်ဆက်ပုံ သားနားခြင်း၊ ပံ့ပိုးမှုအားကောင်းခြင်း၊ Season 1 တုန်းက စကားလုံးဆွဲဆန့် တုံ့ဆိုင်းမှုတွေကြောင့် ပရိသတ်အသည်းတယားယားဖြစ်ခဲ့ရတဲ့ တင်ဆက်သူ ကျော်ထက်အောင်ရဲ့ အထာကို နားလည်သွားခြင်းတို့ကြောင့် Season 2 ဟာ လူတိုင်းကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
အားလုံးထဲမှာ အထူးခြားဆုံးကတော့ ဒိုင်လူကြီးမင်း သုံးဦးထဲက တစ်ဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်ကြောင့် ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ မြန်မာပြည်သိန်းတန် မြန်မာပြည်ကို ပြန်လည်ရောက်လာကထဲက သူ့ရဲ့ထူးခြားတဲ့ အသွင်အပြင် ဒီဇိုင်းကြောင့် လူတွေစိတ်ဝင်စားခဲ့ရသလို၊ သူရဲ့ အသက်အရွယ်နဲ့ မလိုက်အောင် သီချင်းတွေကို သီဆိုဖျော်ဖြေနိုင်နေသေးတဲ့အတွက် ပရိသတ်က အထူးအားပေးခဲ့ကြပါတယ်။
Myanmar Idol Season 2 မှာလည်း အနုပညာအရည်အသွေးကိုသာ ကြည့်ပြီး ဘက်မလိုက်တမ်း ဆုံးဖြတ်တတ်သူဖြစ်လို့ Judges’ Audition မှာထဲက အန်ကယ်နိုးလို့ ပရိသတ်က ချစ်စနိုးနဲ့ သမုတ်ခဲ့ကြပါတယ်။ (ဦးသိန်းတန်ဆီက အန်ကယ်ကတော့ Yes ပါကွယ်လို့ အပြောခံရဖို့ကမလွယ်)
အောင်မြင်နေတဲ့ အမျိုးသားတိုင်းရဲ့နောက်မှာ အောင်မြင်လာအောင် ပံ့ပိုးပေးနေတဲ့ အမျိုးသမီးတစ်ဦး အမြဲရှိနေတယ် ဆိုသလိုပဲ မြန်မာပြည်သိန်းတန်က တေးချစ်သူလို့ တင်စားထားတဲ့ ဒေါက်တာနုနန္ဒာသန်း ကလည်း ဦးသိန်းတန်ရဲ့ ဖက်ရှင်ကို အလွတ်တမ်း ဒီဇိုင်းထွင် ပံ့ပိုးပေးခဲ့သူဖြစ်ပါတယ်။
ဦးသိန်းတန်ရဲ့ ဝတ်စားဆင်ယင်မှုအပေါ် ပရိသတ်အချို့က ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပေမယ့် လွယ်လပ်စွာဝေဖန်ပိုင်ခွင့်ရှိတယ်လို့ ခွင့်လွှတ်နားလည်ထားကြောင်း အမြဲပြောဆိုခဲ့ပါတယ်။ Myanmar Idol Season 2 တစ်လျှောက်လုံးမှာ ဦးသိန်းတန် ဝတ်ဆင်ဖို့ အဝတ်အစား အစုံ ၃၀ စီစဉ်ထားခဲ့ပြီး ကျပ်သိန်းတစ်ထောင်ခန့် ကုန်ကျထားတယ်လို့ ပြောဆိုခဲ့ပြီး Myanmar Idol အစီစဉ်အတွက် ဦးသိန်းတန်ရဲ့ အနုပညာကြေးက ကျပ်သိန်းနှစ်ထောင်ခန့် ရှိမည်ဟု သုံးသပ်မှုအပေါ် မဆိုးပါဘူးဟုသာ အပြုံးနှင့် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
Myanmar Idol Season 2 Winner ကိုတော့ သားငယ် ရနိုင်မည်ဟု ဒေါက်တာနုနန္ဒာသန်းက သူမ၏ အကြိုက်သဘောထားကို ပြောပြခဲ့သည်။
Ref:MornigPost

popolay

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...