ကာမလိမ္လည္ရယူသူ ေတဇလင္းအား ႏိုင္ငံကိုယ္စားျပဳ Mister အျဖစ္မွ ရပ္ဆိုင္းလိုက္ျပီ

Mister Asian Myanmar 2016 ဆုရွင္ ေတဇလင္းအား ႏိုင္ငံကိုယ္စားျပဳ Mister တစ္ေယာက္အျဖစ္မွ ရပ္ဆိုင္းပယ္ဖ်က္ေၾကာင္း Mister of Myanmar Organization မွ မတ္လ ၂၀ ရက္ေန႔တြင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။
အသက္ ၁၉ ႏွစ္အ႐ြယ္ စင္သီယာေနာ့ ဆိုသူမိန္းကေလးႏွင့္ လက္မထပ္ပဲ ၃ ႏွစ္ခန႔္ အတူေနထိုင္ခဲ့ၿပီးေနာက္ မိန္းကေလးတြင္ ကိုယ္ဝန္ရွိလာခဲ့ၿပီး လက္ထပ္ေပါင္းသင္းတာဝန္ယူရန္ ေျပာဆိုခဲ့ေသာ္လည္း တာဝန္ယူျခင္းမရွိပဲ ကိုယ္ဝန္ဖ်က္ရန္သာ တိုက္တြန္းအႀကံေပးခဲ့သျဖင့္ ကိုယ္ဝန္ေျခာက္လ ရွိခ်ိန္တြင္ စင္သီယာေနာ မခံစားႏိုင္ေတာ့သည့္အဆုံး မတ္လ ၂၀ ရက္ေန႔က ဗိုလ္တစ္ေထာင္ဘုရားလမ္းရွိ Orchid ဟိုတယ္တြင္ စာနယ္ဇင္းမီဒီယာမ်ားအား ဖိတ္ၾကားကာ စာနယ္ဇင္းရွင္းလင္းပြဲတစ္ခု ျပဳလုပ္ၿပီး တာဝန္မဲ့သူ ေတဇလင္းအား ကာမလိမ္လည္ရယူမႈျဖင့္ အမႈဖြင့္ထားေၾကာင္း ရွင္းလင္းခဲ့သည္။
အဆိုပါ စာတယ္ဇင္းရွင္းလင္းပြဲအၿပီးတြင္ Mister of Myanmar Organization တည္ေထာင္သူ CEO ေဇယံဟိန္းမွ ေၾကညာခ်က္ထုတ္ျပန္၍ အဆိုပါသတင္း မွန္ကန္သည္ျဖစ္ေစ မွားယြင္းသည္ျဖစ္ေစ အဖြဲ႕အစည္း၏ ဂုဏ္သိကၡာၿငိဳးႏြမ္းေစသည့္အတြက္ ေတဇလင္းအား ႏိုင္ငံကိုယ္စားျပဳ Mister အျဖစ္မွ ရပ္ဆိုင္းလိုက္ၿပီး အဖြဲ႕ႏွင့္ သက္ဆိုင္ျခင္းမရွိေတာ့ေၾကာင္း ေၾကညာခဲ့သည္။
Credit ; popolay
=============

Mister Asian Myanmar 2016 ဆုရှင် တေဇလင်းအား နိုင်ငံကိုယ်စားပြု Mister တစ်ယောက်အဖြစ်မှ ရပ်ဆိုင်းပယ်ဖျက်ကြောင်း Mister of Myanmar Organization မှ မတ်လ ၂၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အသက် ၁၉ နှစ်အရွယ် စင်သီယာနော့ ဆိုသူမိန်းကလေးနှင့် လက်မထပ်ပဲ ၃ နှစ်ခန့် အတူနေထိုင်ခဲ့ပြီးနောက် မိန်းကလေးတွင် ကိုယ်ဝန်ရှိလာခဲ့ပြီး လက်ထပ်ပေါင်းသင်းတာဝန်ယူရန် ပြောဆိုခဲ့သော်လည်း တာဝန်ယူခြင်းမရှိပဲ ကိုယ်ဝန်ဖျက်ရန်သာ တိုက်တွန်းအကြံပေးခဲ့သဖြင့် ကိုယ်ဝန်ခြောက်လ ရှိချိန်တွင် စင်သီယာနော မခံစားနိုင်တော့သည့်အဆုံး မတ်လ ၂၀ ရက်နေ့က ဗိုလ်တစ်ထောင်ဘုရားလမ်းရှိ Orchid ဟိုတယ်တွင် စာနယ်ဇင်းမီဒီယာများအား ဖိတ်ကြားကာ စာနယ်ဇင်းရှင်းလင်းပွဲတစ်ခု ပြုလုပ်ပြီး တာဝန်မဲ့သူ တေဇလင်းအား ကာမလိမ်လည်ရယူမှုဖြင့် အမှုဖွင့်ထားကြောင်း ရှင်းလင်းခဲ့သည်။
အဆိုပါ စာတယ်ဇင်းရှင်းလင်းပွဲအပြီးတွင် Mister of Myanmar Organization တည်ထောင်သူ CEO ဇေယံဟိန်းမှ ကြေညာချက်ထုတ်ပြန်၍ အဆိုပါသတင်း မှန်ကန်သည်ဖြစ်စေ မှားယွင်းသည်ဖြစ်စေ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာငြိုးနွမ်းစေသည့်အတွက် တေဇလင်းအား နိုင်ငံကိုယ်စားပြု Mister အဖြစ်မှ ရပ်ဆိုင်းလိုက်ပြီး အဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိတော့ကြောင်း ကြေညာခဲ့သည်။

Credit ; popolay

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...