ထူးဆန္းလြန္းတဲ့ က်ိန္စာမိေနေသာ ကမာၻေက်ာ္ ပန္းခ်ီကား (သုိ႔) Crying baby ..!

ငိုေနေသာ ကေလး ( Crying baby ) အမည္ရ ပန္းခ်ီကားဟာ က်ိန္စာ မိေနတဲ့ ပန္းခ်ီကားလို႔ ယေန႔တိုင္ ေရပန္းစားလ်က္ ရွိပါတယ္။ အေၾကာင္း အရင္းကေတာ့ ယင္းပန္းခ်ီကားကို အိမ္မွာေဆာင္ထားသူတို႔ အိမ္မီးေလာင္တဲ့ ျဖစ္ရပ္နဲ႔ ၾကံဳရလို႔ ျဖစ္ပါတယ္။

ပန္းခ်ီကား ဖန္တီးသူ သမုိင္း

စပိန္ပန္းခ်ီဆရာ Bruno Amadio ဟာ ၁၉၁၁ ခုႏွစ္ဖြားျပီး ၁၉၈၁ ခုႏွစ္မွာ ေသဆံုးပါတယ္။ သူဆြဲတဲ့ Crying Boy ပန္းခ်ီကား စတင္ လက္စြမ္းျပတာကေတာ့ သူေသျပီး ေလးႏွစ္အၾကာမွာ ျဖစ္ပါတယ္။ Bragolin လို႔ပဲ သူ႔ကို လူသိမ်ားပါတယ္။

ပန္းခ်ီကား ၂၇ ခု ေရးဆြဲျပီး ၁၉၆၀ နဲ႔ ၁၉၇၀ ၾကားမွာ ကမၻာ အႏွံ႔ ျဖန္႔ခ်ိ ေရာင္းခ်ခဲ့ပါတယ္။ ယင္း ေရာင္းခ်ရမွုထဲမွာ ငိုေနေသာ ကေလးငယ္ ေခါင္းစဥ္နဲ႔ ပန္းခ်ီကား အေတာ္မ်ားမ်ားလည္း ပါပါတယ္။ တစ္ပံုနဲ႔ တစ္ပံု မတူပါဘူး။ အခ်ိဳ ႔ပံုက မ်က္ရည္ပါေပမယ့္ အခ်ိဳ ႔ပံုက ဝမ္းနည္းပူေဆြးေနတဲ့ ကေလးငယ္ပံု ျဖစ္ပါတယ္။ ျမင္တာနဲ႔ မ်က္ရည္က် မယ့္ ကေလးငယ္လို႔ သိရေလာက္ေအာင္ လက္စြမ္း အေတာ္ ထက္တဲ့ ပန္းခ်ီကား ျဖစ္ပါတယ္။

ပန္းခ်ီကား က်ိန္စာ

ဒါေၾကာင့္လည္း ေစ်းၾကီးေပး ဝယ္ၾကျပီး ျဗိတိန္မွာဆုိရင္ ေကာ္ပီ ေပါင္း ၅ေသာင္းေက်ာ္ မက ေရာင္းခ် ႏိုင္ခဲ့ပါတယ္။ ျပႆနာက အဲဒီမွာ စတာ ျဖစ္ပါတယ္။

ပန္းခ်ီမူရင္းပိုင္သူမ်ားေရာ၊ Print ထုတ္ထားတဲ့ ပန္းခ်ီမ်ားေရာ ပိုင္ဆိုင္တဲ့ သူ ေတာ္ေတာ္မ်ားမ်ားရဲ ႔ အိမ္မ်ား ဆက္တိုက္ မီးေလာင္ပါေတာ့တယ္။ အဂၤလန္မွာ အင္မတန္ နာမည္ၾကီးသြားတဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ပါတယ္။ ျဗိတိန္ အတြင္းရွိ ျမိဳ ႔ တစ္ခုျပီးတစ္ခု ပန္းခ်ီကား ပိုင္ဆိုင္သူ အိမ္မ်ား မီးေလာင္ ပါ ေတာ့တယ္။ ပုိျပီးေတာ့ ထူးဆန္းတာ တစ္ခုက အိမ္က မီးေလာင္သြားေပ မယ့္ ပန္းခ်ီကားေတြက်ေတာ့ မေလာင္ပဲ ဒီတိုင္း က်န္ရွိခဲ့ပါတယ္။ မီးေတာက္မီးလွ်ံေတြထဲမွာ ငိုေနတဲ့ ကေလးငယ္ ရုပ္ပံု ဒီတိုင္း က်န္ရွိေနျခင္းက ေၾကာက္စရာ ေကာင္းတဲ့ အေျခအေန ျဖစ္ပါတယ္။ အခ်ိဳ ႔ဆုိ ဒီလိုထူးဆန္းတာကို သေဘာက်လို႔ မီးမစားပဲ က်န္ခဲ့တဲ့ ပန္းခ်ီကား ကို ေစ်းၾကီးေပးျပီးေတာင္ ဝယ္ပါေသးတယ္။ ယင္း တစ္ဆင့္ ဝယ္သူရဲ ႔ အိမ္လည္း မီးေလာင္ရပါတယ္။

၂၀၁၁ ခုႏွစ္ ႏွစ္ဆန္းပိုင္းတုန္းကလည္း အေမရိကန္ Yorkshire မွာ ပန္းခ်ီကား ခ်ိတ္ဆြဲတဲ့ အိမ္တစ္လံုး မီးေလာင္ရျပန္ပါတယ္။ အေတာ္ၾကာျပီ ျဖစ္တဲ့ သဘာဝလြန္ အရာျဖစ္တယ္လို႔ ယံုၾကည္လို႔ ခ်ိတ္ဆြဲျပီး ယခုလို ျဖစ္ရပ္နဲ႔ ထပ္ၾကံဳရတာ ျဖစ္ပါတယ္။ ျဗိတိန္မွာ ကေတာ့ ၁၉၈၅ ခုႏွစ္ ေလာက္ကတည္းက ရွိသမွ် ပန္းခ်ီကားအားလံုးက သက္ဆိုင္ရာက မီးရွို ႔ေပးခဲ့ပါတယ္။ ေသခ်ာ ထားျပီး ရွို ႔ရင္ေတာ့ ေလာင္ပါတယ္။ သုိ႔ေပမယ့္ ပန္းခ်ီကားေရွ ႔မွာ မီးေမြးျပီး ကပ္လ်က္ ေထာင္ထားေတာ့ မီးမေလာင္ဘူးဆုိတာကုိလည္း သက္ေသ ျပထားပါတယ္။ ေလာင္ေပမယ့္ ေဘးက အနားေလာက္သာ ေလာင္ျပီး ငိုေနတဲ့ ကေလးကေတာ့ ဒီတိုင္းက်န္ပါတယ္။

ငိုေနေသာ ကေလးငယ္ သမုိင္း

ယင္းပံုကို Bragolin က မီးေဘးဒုကၡသည္ ကေလးငယ္တစ္ဦးကို ၾကည့္ျပီး ဆြဲခဲ့တာ ျဖစ္တယ္လို႔ ဆုိပါတယ္။ မိသားစု တစ္ခုလံုး အိမ္မီးေလာင္တဲ့ အထဲ ပါသြားျပီး မိဘမဲ့ ကေလးငယ္အျဖစ္ တစ္ဦးတည္းသာ က်န္ရွိပါတယ္။ ယင္း က်န္ရွိတဲ့ ကေလးငယ္ကို ပန္းခ်ီဆရာ Bragolin ေခၚယူေမြးစားျပီး ယခုလို ပန္းခ်ီေရးဆြဲခဲ့တာ ျဖစ္ပါတယ္။ အဲ့တုန္းကေတာင္ ယင္း ကေလးဟာ အရာဝတၳဳကို မတိုမထိပဲ မီးေလာင္ႏိုင္ေစတယ္လို႔ ပတ္ဝန္းက်င္က ယံုတမ္းစကားေျပာ တားျမစ္ခဲ့ပါေသးတယ္။ ယင္း စကားကို မမူပဲ ေခၚေမြးစားပါတယ္။  ပန္းခ်ီ စတူဒီယို မီးေလာင္ေတာ့ ယင္းကေလးငယ္ဟာ ထြက္ေျပးျပီး ေပ်ာက္ကြယ္သြားပါတယ္။  ေနာက္ ၁၀ ႏွစ္ၾကာေတာ့ ကား အက္ဆီးဒန္႔ တစ္ခုနဲ႔ ေသဆံုးေနတဲ့ ဒရိုင္ဘာ တစ္ဦးဟာ ထြက္ေျပးသြားတဲ့ မိဘမဲ့ ကေလးျဖစ္တယ္ဆုိတာကို သိရွိခဲ့ပါတယ္။

ဒီေတာ့ ပန္းခ်ီကားနဲ႔ သူ႔ရဲ ႔ ဆက္စပ္မွုက ဘယ္လိုရွိတယ္ဆုိတာ ဘယ္သူမွ မခန္႔မွန္းႏိုင္ပါဘူး။ ကားတိုက္မွုနဲ႔ ေသသြားတဲ့ ကေလးငယ္ရဲ ႔ အသက္ ဝိဥာဏ္ သုိ႔မဟုတ္ မီးေလာင္မွုမွာ ေသဆံုးသြားတဲ့ သူ႔မိသားစုရဲ ႔ အသက္ဝိဥာဏ္ က်န္ရွိေနတယ္လို႔ အစြဲနဲ႔ ယံုၾကည္ၾကျပီး အားလံုး ေၾကာက္ရြံ ႔ ၾကပါတယ္။

 Supernatural ဆုိတာကို ယံုၾကည္သူ ရွိသလို မယံုၾကည္သူမ်ားလည္း ရွိပါတယ္။  သုိ႔ေပမယ့္ ယင္းပန္းခ်ီကား ကေတာ့ ယေန႔တိုင္ Curse of the Crying Boy လို႔ အမည္တြင္ခဲ့ပါတယ္။

Ref: The Sun
Credit: International News For Myanmar
 ငိုနေသော ကလေး ( Crying baby ) အမည်ရ ပန်းချီကားဟာ ကျိန်စာ မိနေတဲ့ ပန်းချီကားလို့ ယနေ့တိုင် ရေပန်းစားလျက် ရှိပါတယ်။ အကြောင်း အရင်းကတော့ ယင်းပန်းချီကားကို အိမ်မှာဆောင်ထားသူတို့ အိမ်မီးလောင်တဲ့ ဖြစ်ရပ်နဲ့ ကြုံရလို့ ဖြစ်ပါတယ်။

ပန်းချီကား ဖန်တီးသူ သမိုင်း

စပိန်ပန်းချီဆရာ Bruno Amadio ဟာ ၁၉၁၁ ခုနှစ်ဖွားပြီး ၁၉၈၁ ခုနှစ်မှာ သေဆုံးပါတယ်။ သူဆွဲတဲ့ Crying Boy ပန်းချီကား စတင် လက်စွမ်းပြတာကတော့ သူသေပြီး လေးနှစ်အကြာမှာ ဖြစ်ပါတယ်။ Bragolin လို့ပဲ သူ့ကို လူသိများပါတယ်။

ပန်းချီကား ၂၇ ခု ရေးဆွဲပြီး ၁၉၆၀ နဲ့ ၁၉၇၀ ကြားမှာ ကမ္ဘာ အနှံ့ ဖြန့်ချိ ရောင်းချခဲ့ပါတယ်။ ယင်း ရောင်းချရမှုထဲမှာ ငိုနေသော ကလေးငယ် ခေါင်းစဉ်နဲ့ ပန်းချီကား အတော်များများလည်း ပါပါတယ်။ တစ်ပုံနဲ့ တစ်ပုံ မတူပါဘူး။ အချို ့ပုံက မျက်ရည်ပါပေမယ့် အချို ့ပုံက ဝမ်းနည်းပူဆွေးနေတဲ့ ကလေးငယ်ပုံ ဖြစ်ပါတယ်။ မြင်တာနဲ့ မျက်ရည်ကျ မယ့် ကလေးငယ်လို့ သိရလောက်အောင် လက်စွမ်း အတော် ထက်တဲ့ ပန်းချီကား ဖြစ်ပါတယ်။

ပန်းချီကား ကျိန်စာ

ဒါကြောင့်လည်း စျေးကြီးပေး ဝယ်ကြပြီး ဗြိတိန်မှာဆိုရင် ကော်ပီ ပေါင်း ၅သောင်းကျော် မက ရောင်းချ နိုင်ခဲ့ပါတယ်။ ပြဿနာက အဲဒီမှာ စတာ ဖြစ်ပါတယ်။

ပန်းချီမူရင်းပိုင်သူများရော၊ Print ထုတ်ထားတဲ့ ပန်းချီများရော ပိုင်ဆိုင်တဲ့ သူ တော်တော်များများရဲ ့ အိမ်များ ဆက်တိုက် မီးလောင်ပါတော့တယ်။ အင်္ဂလန်မှာ အင်မတန် နာမည်ကြီးသွားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဗြိတိန် အတွင်းရှိ မြို ့ တစ်ခုပြီးတစ်ခု ပန်းချီကား ပိုင်ဆိုင်သူ အိမ်များ မီးလောင် ပါ တော့တယ်။ ပိုပြီးတော့ ထူးဆန်းတာ တစ်ခုက အိမ်က မီးလောင်သွားပေ မယ့် ပန်းချီကားတွေကျတော့ မလောင်ပဲ ဒီတိုင်း ကျန်ရှိခဲ့ပါတယ်။ မီးတောက်မီးလျှံတွေထဲမှာ ငိုနေတဲ့ ကလေးငယ် ရုပ်ပုံ ဒီတိုင်း ကျန်ရှိနေခြင်းက ကြောက်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ အချို ့ဆို ဒီလိုထူးဆန်းတာကို သဘောကျလို့ မီးမစားပဲ ကျန်ခဲ့တဲ့ ပန်းချီကား ကို စျေးကြီးပေးပြီးတောင် ဝယ်ပါသေးတယ်။ ယင်း တစ်ဆင့် ဝယ်သူရဲ ့ အိမ်လည်း မီးလောင်ရပါတယ်။

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတုန်းကလည်း အမေရိကန် Yorkshire မှာ ပန်းချီကား ချိတ်ဆွဲတဲ့ အိမ်တစ်လုံး မီးလောင်ရပြန်ပါတယ်။ အတော်ကြာပြီ ဖြစ်တဲ့ သဘာဝလွန် အရာဖြစ်တယ်လို့ ယုံကြည်လို့ ချိတ်ဆွဲပြီး ယခုလို ဖြစ်ရပ်နဲ့ ထပ်ကြုံရတာ ဖြစ်ပါတယ်။ ဗြိတိန်မှာ ကတော့ ၁၉၈၅ ခုနှစ် လောက်ကတည်းက ရှိသမျှ ပန်းချီကားအားလုံးက သက်ဆိုင်ရာက မီးရှို ့ပေးခဲ့ပါတယ်။ သေချာ ထားပြီး ရှို ့ရင်တော့ လောင်ပါတယ်။ သို့ပေမယ့် ပန်းချီကားရှေ ့မှာ မီးမွေးပြီး ကပ်လျက် ထောင်ထားတော့ မီးမလောင်ဘူးဆိုတာကိုလည်း သက်သေ ပြထားပါတယ်။ လောင်ပေမယ့် ဘေးက အနားလောက်သာ လောင်ပြီး ငိုနေတဲ့ ကလေးကတော့ ဒီတိုင်းကျန်ပါတယ်။

ငိုနေသော ကလေးငယ် သမိုင်း

ယင်းပုံကို Bragolin က မီးဘေးဒုက္ခသည် ကလေးငယ်တစ်ဦးကို ကြည့်ပြီး ဆွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မိသားစု တစ်ခုလုံး အိမ်မီးလောင်တဲ့ အထဲ ပါသွားပြီး မိဘမဲ့ ကလေးငယ်အဖြစ် တစ်ဦးတည်းသာ ကျန်ရှိပါတယ်။ ယင်း ကျန်ရှိတဲ့ ကလေးငယ်ကို ပန်းချီဆရာ Bragolin ခေါ်ယူမွေးစားပြီး ယခုလို ပန်းချီရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အဲ့တုန်းကတောင် ယင်း ကလေးဟာ အရာဝတ္ထုကို မတိုမထိပဲ မီးလောင်နိုင်စေတယ်လို့ ပတ်ဝန်းကျင်က ယုံတမ်းစကားပြော တားမြစ်ခဲ့ပါသေးတယ်။ ယင်း စကားကို မမူပဲ ခေါ်မွေးစားပါတယ်။  ပန်းချီ စတူဒီယို မီးလောင်တော့ ယင်းကလေးငယ်ဟာ ထွက်ပြေးပြီး ပျောက်ကွယ်သွားပါတယ်။  နောက် ၁၀ နှစ်ကြာတော့ ကား အက်ဆီးဒန့် တစ်ခုနဲ့ သေဆုံးနေတဲ့ ဒရိုင်ဘာ တစ်ဦးဟာ ထွက်ပြေးသွားတဲ့ မိဘမဲ့ ကလေးဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။

ဒီတော့ ပန်းချီကားနဲ့ သူ့ရဲ ့ ဆက်စပ်မှုက ဘယ်လိုရှိတယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ ကားတိုက်မှုနဲ့ သေသွားတဲ့ ကလေးငယ်ရဲ ့ အသက် ဝိဉာဏ် သို့မဟုတ် မီးလောင်မှုမှာ သေဆုံးသွားတဲ့ သူ့မိသားစုရဲ ့ အသက်ဝိဉာဏ် ကျန်ရှိနေတယ်လို့ အစွဲနဲ့ ယုံကြည်ကြပြီး အားလုံး ကြောက်ရွံ ့ ကြပါတယ်။

 Supernatural ဆိုတာကို ယုံကြည်သူ ရှိသလို မယုံကြည်သူများလည်း ရှိပါတယ်။  သို့ပေမယ့် ယင်းပန်းချီကား ကတော့ ယနေ့တိုင် Curse of the Crying Boy လို့ အမည်တွင်ခဲ့ပါတယ်။

Ref: The Sun
Credit: International News For Myanmar



Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...