အမ်ဳိးသမီးငယ္ကုိ သုံးႏွစ္ခန္႔ ပိတ္ေလွာင္ေပါင္းသင္းၿပီး လက္ထပ္ရန္ ျငင္းဆန္ေသာ အမ်ဳိးသားကို လိမ္လည္မႈျဖင့္ ေျပာင္းလဲအမႈဖြင့္

အမ်ဳိးသမီးငယ္တစ္ဦး ကို ခုိးေျပးၿပီးေနာက္ သုံးႏွစ္ခန္႔ (၂ ႏွစ္ႏွင့္ ရွစ္လ) ေသာ့ခတ္ပိတ္ ေလွာင္ေပါင္းသင္းကာ လက္ထပ္ ရန္ ျငင္းဆုိခဲ့ေသာ အမ်ဳိးသားကို ရာဇသတ္ႀကီးပုဒ္မ ၄၁၇ (လိမ္ လည္မႈ)ျဖင့္ အမႈေျပာင္းလဲဖြင့္လွစ္ကာ အာမခံေပးခဲ့ေၾကာင္းသတင္းရရွိသည္။


ျပစ္မႈက်ဴးလြန္သူဟု စြပ္စြဲခံ ထားရေသာ ေအာင္ထြန္းဟိန္း(ခ) ႐ႈိ႕တီကို ေဖေဖာ္၀ါရီ ၂၀ ရက္တြင္ ဗဟန္းရဲစခန္း၌ ၁၀ ရက္ (သုိ႔မ ဟုတ္) ၁၀ ရက္ထက္ပုိ၍ ခ်ဳပ္ ေႏွာင္ထားမႈအတြက္ ပုဒ္မ ၃၄၄၊ မိန္းမခုိးယူမႈ(သုိ႔မဟုတ္) ေသြး ေဆာင္ေခၚယူမႈ(သုိ႔မဟုတ္)ေသြး ေဆာင္မႈပုဒ္မ ၃၆၆ ျဖင့္ ဖမ္းဆီး အမႈဖြင့္စစ္ေဆးၿပီးေနာက္ မတ္လ ၁၀ ရက္တြင္ အာမခံေပးကာ ျပန္လည္လႊတ္ေပးခဲ့ေၾကာင္း ရဲအရာတစ္ဦးက ေျပာသည္။

 ‘‘ခ႐ုိင္ဥပေဒအႀကံေပးက ေျပာင္းလဲသတ္မွတ္လုိက္တာပါ။ ကြၽန္ေတာ္တုိ႔ကေတာ့ အခုပုဒ္မနဲ႔ တရားစြဲမယ္ဆုိရင္လည္း ကူညီ ေပးမယ္လုိ႔ ေျပာထားပါတယ္။  ကာယကံရွင္ကုိယ္တိုင္လည္း တ ရား႐ုံးကို ဦးတုိက္ေလွ်ာက္ၿပီး တရားစြဲလုိ႔ရပါတယ္’’ဟု ၎က ေျပာသည္။

အသက္(၁၈)ႏွစ္အရြယ္ မ သီရိေအာင္တင္က ၎၏ရည္းစား ကိုေအာင္ထြန္းဟိန္း (၂၄)ႏွစ္ႏွင့္ ၂၀၁၄ ဇြန္လတြင္ ခုိးရာလိုက္ေျပးခဲ့ၿပီးေနာက္ ေနအိမ္တစ္အိမ္ၿပီးတစ္အိမ္ ေျပာင္းလဲ၍ ေသာ့ခတ္ပိတ္ေလွာင္ထားခံရေၾကာင္း ေျပာၾကားခဲ့သည္။

‘‘အမႈကေတာ့ ပုဒ္မေျပာင္း သြားတဲ့အတြက္ မေက်နပ္ပါဘူး။ ညီမကို ထြက္မေျပးဘူးလား၊ အကူအညီမေတာင္းဘူးလား ဆုိၿပီး ေျပာၾကတဲ့ အသံေတြၾကားပါ တယ္။ အဲဒီအခ်ိန္မွာေဘးမွာရွိတဲ့ သူေတြကလည္း ဘယ္သူမွမကူ ညီခဲ့ပါဘူး။ ဒီလုိမ်ဳိးေနာက္လူေတြ မျဖစ္ရေအာင္ ေနာက္ဆုံးအေျခအေနအထိ အမႈရင္ဆုိင္သြားမွာပါ’’ဟု မသီရိေအာင္တင္ကေျပာသည္။

 လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ ေဖာ္ျပေနသည့္ ေ၀ဖန္မႈမ်ားကို ၾကားသိရေသာ္ လည္း မိမိကဲ့သုိ႔ အျဖစ္မွန္ေပၚ ေပါက္ေရးအတြက္ ထုတ္ေဖာ္ ေျပာဆုိရဲသည့္ အမ်ဳိးသမီးမ်ဳိး ရွိမည္မထင္ေၾကာင္း ၎ကဆုိ သည္။

‘‘ညီမ အဲဒီအခ်ိန္ကေၾကာက္ စိတ္အရမ္းရွိပါတယ္။ တခ်ဳိ႕က ေျပာပါတယ္။ ေအာ္လုိက္ပါလား၊ ထြက္ေျပးဖို႔အခ်ိန္ရတာ ထြက္မ ေျပးဘူးလား။ ညီမ အဲဒီအခ်ိန္မွာ ဘယ္လိုေတြေနရတယ္။ ဘယ္လုိ လူေတြနဲ႔ဆက္ဆံရလဲဆုိတာ သိ ရင္ ဒီစကားမ်ဳိးေျပာမယ္မထင္ပါ ဘူး။ ညီမလုိ ျပဳမူခံရတဲ့ အမ်ဳိးသ မီးငယ္ေတြလည္း ရွိမယ္ထင္ပါ တယ္’’ဟု မသီရိေအာင္တင္က ေျပာသည္။

ယခုကဲ့သုိ႔ လိမ္လည္ျပစ္မႈ ျပစ္ဒဏ္ျဖင့္ အမႈေျပာင္းလဲဖြင့္ လွစ္ျခင္းအေပၚ တရားလုိအမ်ဳိး သမီး၏မိခင္ ေဒၚသန္းသန္း၀င္းက ‘‘အန္တီတုိ႔မွာ ေငြေၾကးအ ဆင္ေျပမႈေတြမရွိပါဘူး။ အခုလုိ အမႈက ပုဒ္မေျပာင္းလုိက္ေတာ့ အရမ္းခံစားရတယ္။ သမီးကို လည္း သုံးႏွစ္ေလာက္ အစာ၀ ေအာင္မေကြၽးဘူး။ အခန္းေတြမွာ ပိတ္ေလွာင္ထားတယ္။ ဒီလုိလူ မ်ဳိးကို အာမခံေပးၿပီး လႊတ္လုိက္ တယ္။ ေငြမ်ားတရားႏုိင္တဲ့ေခတ္  ေရာက္ေနၿပီလားလုိ႔ ေမးခ်င္မိပါ တယ္’’ဟုဆုိသည္။

 လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ သမီးျဖစ္သူကို ကားပါသည့္သူႏွင့္ ထည့္ေပးခဲ့ သည္ဟု ေရးသားခဲ့သူမ်ားကို သက္ေသႏွင့္တကြ လာေရာက္ ေျပာဆုိျခင္းမရွိပါက တည္ဆဲဥပ ေဒအတုိင္း အမႈဖြင့္အေရးယူသြား ရန္စီစဥ္ေနေၾကာင္း ၎ကဆက္ လက္ေျပာသည္။

‘‘ကြၽန္မတုိ႔ မိခင္ေတြဟာ သားသမီးကို ေရာင္းစားတဲ့သူမ်ဳိး ေတြမဟုတ္ပါဘူး။ သမီးေလး အလုပ္လုပ္ခ်င္တယ္ဆုိလုိ႔ SPY ကုမၸဏီမွာ အလုပ္လုပ္တယ္။ ၀န္ထမ္းေတြအားလုံးကို ႀကိဳပို႔ လုပ္ေပးတယ္။ အလုပ္ခ်ိန္က ည ဘက္ျဖစ္တဲ့အတြက္ အိမ္ေရွ႕အထိလာပုိ႔ပါတယ္။ ကြၽန္မတုိ႔ မ ဟုတ္တာလုပ္တယ္ဆုိရင္ အ ေထာက္အထားနဲ႔ေျပာပါ။ မဟုတ္ ရင္ေတာ့ တရားဥပေဒအတုိင္း အမႈဖြင့္ အေရးယူသြားမယ္’’ဟု ေဒၚသန္းသန္း၀င္းကေျပာသည္။

အမႈႏွင့္ပတ္သက္၍ တရား ဥပေဒအတုိင္း ပူးေပါင္းေဆာင္ ရြက္သြားရန္ အစီအစဥ္ရွိၿပီး လို အပ္သည့္ အခ်က္အလက္မ်ား ျပည့္စုံပါက မတ္လ ၁၅ ရက္ တြင္ ဗဟန္းတရား႐ုံး၌ အမႈကို ဦးတုိက္ ေလွ်ာက္ထားမည္ျဖစ္ ေၾကာင္း ၈၈ ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္းလူ႔အဖြဲ႕အစည္းမွ အမ်ဳိးသမီးႏွင့္ ကေလးဌာနမွ ဥပေဒအႀကံေပး ေဒၚသၪၨာဦးက ေျပာ သည္။

‘‘ရာဇသတ္ႀကီးပုဒ္မ ၄၁၇ ဆုိတာ ရဲအေရးမပုိင္ပါဘူး။ တ ရား႐ုံးကိစၥေတြကို ၀င္ေရာက္စြက္ ဖက္သြားမွာ မဟုတ္ပါဘူး။ ဒါေပ မဲ့ ဥပေဒအတုိင္း ပူးေပါင္းပါ၀င္ ေဆာင္ရြက္သြားမွာပါ။ ဒီအမႈမွာ ဘယ္သူေတြပါ၀င္လဲ၊ အမႈစစ္ ေဆးတဲ့အခါမွာ ပါ၀င္ပတ္သက္ တဲ့သူေတြ အကုန္လုံးကိုလည္း စစ္ ေဆးခံရမွာပါ။ တစ္ခု စုိးရိမ္တာ က အာမခံေပးလုိက္လုိ႔ သူထြက္ ေျပးလြတ္ေျမာက္သြားရင္ ဘယ္ သူတာ၀န္ယူမလဲ ဆုိတာေတာ့ သိခ်င္ပါတယ္’’ဟု ၎ကေျပာသည္။

ရာဇသတ္ႀကီးပုဒ္မ ၄၁၇ လိမ္လည္မႈျပစ္ဒဏ္အတြက္ မူ လက ေထာင္ဒဏ္တစ္ႏွစ္ႏွင့္ ေငြ ဒဏ္ သတ္မွတ္ထားေသာ္လည္း အသစ္ျပန္လည္ ျပင္ဆင္ခဲ့သည့္ ရာဇသတ္ႀကီးပုဒ္မ ဥပေဒအရ ေထာင္ဒဏ္သုံးႏွစ္အထိသာ ခ် မွတ္ႏုိင္ေၾကာင္း တရားလႊတ္ ေတာ္ေရွ႕ေန ဦးေမာင္ေမာင္ႀကီး ကေျပာသည္။

Credit - 7Day
အမျိုးသမီးငယ်တစ်ဦး ကို ခိုးပြေးပြီးနောက် သုံးနှစ်ခန့် (၂ နှစ်နှင့် ရှစ်လ) သော့ခတ်ပိတ် လှောင်ပေါင်းသင်းကာ လက်ထပ် ရန် ငြင်းဆိုခဲ့သော အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၄၁၇ (လိမ် လည်မှု)ဖြင့် အမှုပြောင်းလဲဖွင့်လှစ်ကာ အာမခံပေးခဲ့ကြောင်းသတင်းရရှိသည်။


ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံ ထားရသော အောင်ထွန်းဟိန်း(ခ) ရှို့တီကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ဗဟန်းရဲစခန်း၌ ၁၀ ရက် (သို့မ ဟုတ်) ၁၀ ရက်ထက်ပို၍ ချုပ် နှောင်ထားမှုအတွက် ပုဒ်မ ၃၄၄၊ မိန်းမခိုးယူမှု(သို့မဟုတ်) သွေး ဆောင်ခေါ်ယူမှု(သို့မဟုတ်)သွေး ဆောင်မှုပုဒ်မ ၃၆၆ ဖြင့် ဖမ်းဆီး အမှုဖွင့်စစ်ဆေးပြီးနောက် မတ်လ ၁၀ ရက်တွင် အာမခံပေးကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ရဲအရာတစ်ဦးက ပြောသည်။

 ‘‘ခရိုင်ဥပဒေအကြံပေးက ပြောင်းလဲသတ်မှတ်လိုက်တာပါ။ ကျွန်တော်တို့ကတော့ အခုပုဒ်မနဲ့ တရားစွဲမယ်ဆိုရင်လည်း ကူညီ ပေးမယ်လို့ ပြောထားပါတယ်။  ကာယကံရှင်ကိုယ်တိုင်လည်း တ ရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲလို့ရပါတယ်’’ဟု ၎င်းက ပြောသည်။

အသက်(၁၈)နှစ်အရွယ် မ သီရိအောင်တင်က ၎င်း၏ရည်းစား ကိုအောင်ထွန်းဟိန်း (၂၄)နှစ်နှင့် ၂၀၁၄ ဇွန်လတွင် ခိုးရာလိုက်ပြေးခဲ့ပြီးနောက် နေအိမ်တစ်အိမ်ပြီးတစ်အိမ် ပြောင်းလဲ၍ သော့ခတ်ပိတ်လှောင်ထားခံရကြောင်း ပြောကြားခဲ့သည်။

‘‘အမှုကတော့ ပုဒ်မပြောင်း သွားတဲ့အတွက် မကျေနပ်ပါဘူး။ ညီမကို ထွက်မပြေးဘူးလား၊ အကူအညီမတောင်းဘူးလား ဆိုပြီး ပြောကြတဲ့ အသံတွေကြားပါ တယ်။ အဲဒီအချိန်မှာဘေးမှာရှိတဲ့ သူတွေကလည်း ဘယ်သူမှမကူ ညီခဲ့ပါဘူး။ ဒီလိုမျိုးနောက်လူတွေ မဖြစ်ရအောင် နောက်ဆုံးအခြေအနေအထိ အမှုရင်ဆိုင်သွားမှာပါ’’ဟု မသီရိအောင်တင်ကပြောသည်။

 လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြနေသည့် ဝေဖန်မှုများကို ကြားသိရသော် လည်း မိမိကဲ့သို့ အဖြစ်မှန်ပေါ် ပေါက်ရေးအတွက် ထုတ်ဖော် ပြောဆိုရဲသည့် အမျိုးသမီးမျိုး ရှိမည်မထင်ကြောင်း ၎င်းကဆို သည်။

‘‘ညီမ အဲဒီအချိန်ကကြောက် စိတ်အရမ်းရှိပါတယ်။ တချို့က ပြောပါတယ်။ အော်လိုက်ပါလား၊ ထွက်ပြေးဖို့အချိန်ရတာ ထွက်မ ပြေးဘူးလား။ ညီမ အဲဒီအချိန်မှာ ဘယ်လိုတွေနေရတယ်။ ဘယ်လို လူတွေနဲ့ဆက်ဆံရလဲဆိုတာ သိ ရင် ဒီစကားမျိုးပြောမယ်မထင်ပါ ဘူး။ ညီမလို ပြုမူခံရတဲ့ အမျိုးသ မီးငယ်တွေလည်း ရှိမယ်ထင်ပါ တယ်’’ဟု မသီရိအောင်တင်က ပြောသည်။

ယခုကဲ့သို့ လိမ်လည်ပြစ်မှု ပြစ်ဒဏ်ဖြင့် အမှုပြောင်းလဲဖွင့် လှစ်ခြင်းအပေါ် တရားလိုအမျိုး သမီး၏မိခင် ဒေါ်သန်းသန်းဝင်းက ‘‘အန်တီတို့မှာ ငွေကြေးအ ဆင်ပြေမှုတွေမရှိပါဘူး။ အခုလို အမှုက ပုဒ်မပြောင်းလိုက်တော့ အရမ်းခံစားရတယ်။ သမီးကို လည်း သုံးနှစ်လောက် အစာဝ အောင်မကျွေးဘူး။ အခန်းတွေမှာ ပိတ်လှောင်ထားတယ်။ ဒီလိုလူ မျိုးကို အာမခံပေးပြီး လွှတ်လိုက် တယ်။ ငွေများတရားနိုင်တဲ့ခေတ်  ရောက်နေပြီလားလို့ မေးချင်မိပါ တယ်’’ဟုဆိုသည်။

 လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် သမီးဖြစ်သူကို ကားပါသည့်သူနှင့် ထည့်ပေးခဲ့ သည်ဟု ရေးသားခဲ့သူများကို သက်သေနှင့်တကွ လာရောက် ပြောဆိုခြင်းမရှိပါက တည်ဆဲဥပ ဒေအတိုင်း အမှုဖွင့်အရေးယူသွား ရန်စီစဉ်နေကြောင်း ၎င်းကဆက် လက်ပြောသည်။

‘‘ကျွန်မတို့ မိခင်တွေဟာ သားသမီးကို ရောင်းစားတဲ့သူမျိုး တွေမဟုတ်ပါဘူး။ သမီးလေး အလုပ်လုပ်ချင်တယ်ဆိုလို့ SPY ကုမ္ပဏီမှာ အလုပ်လုပ်တယ်။ ဝန်ထမ်းတွေအားလုံးကို ကြိုပို့ လုပ်ပေးတယ်။ အလုပ်ချိန်က ည ဘက်ဖြစ်တဲ့အတွက် အိမ်ရှေ့အထိလာပို့ပါတယ်။ ကျွန်မတို့ မ ဟုတ်တာလုပ်တယ်ဆိုရင် အ ထောက်အထားနဲ့ပြောပါ။ မဟုတ် ရင်တော့ တရားဥပဒေအတိုင်း အမှုဖွင့် အရေးယူသွားမယ်’’ဟု ဒေါ်သန်းသန်းဝင်းကပြောသည်။

အမှုနှင့်ပတ်သက်၍ တရား ဥပဒေအတိုင်း ပူးပေါင်းဆောင် ရွက်သွားရန် အစီအစဉ်ရှိပြီး လို အပ်သည့် အချက်အလက်များ ပြည့်စုံပါက မတ်လ ၁၅ ရက် တွင် ဗဟန်းတရားရုံး၌ အမှုကို ဦးတိုက် လျှောက်ထားမည်ဖြစ် ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးနှင့် ကလေးဌာနမှ ဥပဒေအကြံပေး ဒေါ်သ ဉ္ဇာဦးက ပြော သည်။

‘‘ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဆိုတာ ရဲအရေးမပိုင်ပါဘူး။ တ ရားရုံးကိစ္စတွေကို ဝင်ရောက်စွက် ဖက်သွားမှာ မဟုတ်ပါဘူး။ ဒါပေ မဲ့ ဥပဒေအတိုင်း ပူးပေါင်းပါဝင် ဆောင်ရွက်သွားမှာပါ။ ဒီအမှုမှာ ဘယ်သူတွေပါဝင်လဲ၊ အမှုစစ် ဆေးတဲ့အခါမှာ ပါဝင်ပတ်သက် တဲ့သူတွေ အကုန်လုံးကိုလည်း စစ် ဆေးခံရမှာပါ။ တစ်ခု စိုးရိမ်တာ က အာမခံပေးလိုက်လို့ သူထွက် ပြေးလွတ်မြောက်သွားရင် ဘယ် သူတာဝန်ယူမလဲ ဆိုတာတော့ သိချင်ပါတယ်’’ဟု ၎င်းကပြောသည်။

ရာဇသတ်ကြီးပုဒ်မ ၄၁၇ လိမ်လည်မှုပြစ်ဒဏ်အတွက် မူ လက ထောင်ဒဏ်တစ်နှစ်နှင့် ငွေ ဒဏ် သတ်မှတ်ထားသော်လည်း အသစ်ပြန်လည် ပြင်ဆင်ခဲ့သည့် ရာဇသတ်ကြီးပုဒ်မ ဥပဒေအရ ထောင်ဒဏ်သုံးနှစ်အထိသာ ချ မှတ်နိုင်ကြောင်း တရားလွှတ် တော်ရှေ့နေ ဦးမောင်မောင်ကြီး ကပြောသည်။

Credit - 7Day

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...