အကယ္ဒမီဆုရသြားလို႕ စိတ္ႀကီးဝင္ေနပါတယ္ဆုိတဲ့ ထြန္းထြန္း

သရုပ္ေဆာင္ ထြန္းထြန္းကေတာ့ "အုတ္ၾကားျမက္ေပါက္" ရုပ္ရွင္ဇာတ္ကားနဲ႕ အကယ္ဒမီဆုႀကီးကို ရရွိသြားပါၿပီ။ အုတ္ၾကားျမက္ ေပါက္ ရုပ္ရွင္ဇာတ္ကားထဲမွာ ထြန္းထြန္းဟာ ဖိုးသိၾကားဆိုတဲ့ ဇာတ္ေကာင္နဲ႕ ပရိသတ္မ်ားရဲ႕ အားေပးမႈကို အခိုင္အမာရရွိထားသူ တစ္ဦး ျဖစ္ခဲ့တာပါ။

"ဒီေန႔က ကိုကုိထြန္းထြန္းအတြက္ တကယ့္အေမးဇင္းညေလးပါ။ ကၽြန္ေတာ္အရမ္းလည္း ၀မ္းသာ၊အရမ္းလည္းေပ်ာ္ပါတယ္။ ကၽြန္ေတာ္ေက်းဇူးတင္ရမယ့္ အဓိက ညီေလးေနမင္း၊ကၽြန္ေတာ္ မအားလုိ႔ ပတ္ေျပးေနတဲ့ၾကားက အတင္း ရိုက္ဖုိ႔ လာေခၚတဲ့ ညီေလးနဲ႔ ဒါရိုက္တာညႊန္႔ျမန္မာညီညီေအာင္ကိုလည္း ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ္စိတ္ၾကီး၀င္ေနတာ တစ္ခုရွိပါတယ္။ ရက္ပ္သီခ်င္းေတြဆုိတဲ့ အဆုိေတာ္ တစ္ေယာက္အေနနဲ႔ အခုလုိ အကယ္ဒမီရတာကုိလည္း ေက်နပ္မိပါတယ္။ ကၽြန္ေတာ္ဆက္ျပီး အလုပ္ေတြ လုပ္ျပီးႀကိဳးစားပါဦးမယ္" လို႔ ထြန္းထြန္းက ေျပာခဲ့ပါတယ္။


ထြန္းထြန္းဟာ ေရႊစင္ဦး ရုပ္ရွင္ထုတ္လုပ္ေရးက ရိုက္ကူးတဲ့ စီးပြားေရးမေျပလည္တဲ့ မိသားစုက ေမြးဖြားတဲ့ ဖိုးသိၾကားအျဖစ္  ပီပီျပင္ျပင္သရုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။  ပရိသတ္ေတြနဲ႕ အႏုပညာေမာင္ႏွမေတြ ခန္႕မွန္းထားတဲ့ အတိုင္း အကယ္ဒမီဆုႀကီးကို ပိုင္ဆုိင္ႏုိင္ခဲ့ပါတယ္။

ထြန္းထြန္းကေတာ့  ၂၀၁၆ခုႏွစ္အကယ္ဒမီ စာရင္းဝင္ ရုပ္ရွင္ဇာတ္ကားျဖစ္တဲ့ ခိုးဆိုးလုႏႈိက္ရုပ္ရွင္ဇာတ္ကား၊ အုတ္ၾကားျမတ္ေပါက္ ရုပ္ရွင္ဇာတ္ကားတို႕မွာ ပါဝင္ခဲ့သူ တစ္ဦးျဖစ္ၿပီး အခုေတာ့ အုတ္ၾကားျမက္ေပါက္ ဇာတ္ကားနဲ႕ အကယ္ဒမီရရွိသြားပါၿပီ။ ထြန္းထြန္းဟာ ၂၀၀၁ခုႏွစ္ေနာက္ပိုင္းကတည္းက ဂီတလႈပ္ရွားမႈေတြ လုပ္ခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။


ဂီတေလာကမွာ Examplez ဆုိတဲ့ နာမည္နဲ႕ မိန္းကေလး ပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္ အားေပးျခင္းကို ခံခဲ့ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ ထြန္းထြန္းဟာ သရုပ္ေဆာင္ပိုင္းသို႕ ဝင္ေရာက္လာခဲ့ပါတယ္။ သရုပ္ေဆာင္ဘက္မွာလည္း က်ရာဇာတ္ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္ႏုိင္ခဲ့သူ တစ္ဦးျဖစ္ၿပီး ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာ ထြက္ရွိခဲ့ပါတယ္။ ဇာတ္ကားရိုက္ကူးမႈေတြနဲ႕ ပတ္သက္ၿပီး ၂၀၁၆ခုႏွစ္ထဲမွာ ဆက္တိုက္ရိုက္ကူးလာရသလို သရုပ္ေဆာင္ဘက္မွာလည္း ပရိသတ္အားေပးသူ တစ္ဦးျဖစ္လာခဲ့ပါတယ္။

Credit:7day daily
=============

သရုပ်ဆောင် ထွန်းထွန်းကတော့ "အုတ်ကြားမြက်ပေါက်" ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကြီးကို ရရှိသွားပါပြီ။ အုတ်ကြားမြက် ပေါက် ရုပ်ရှင်ဇာတ်ကားထဲမှာ ထွန်းထွန်းဟာ ဖိုးသိကြားဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ဦး ဖြစ်ခဲ့တာပါ။

"ဒီနေ့က ကိုကိုထွန်းထွန်းအတွက် တကယ့်အမေးဇင်းညလေးပါ။ ကျွန်တော်အရမ်းလည်း ဝမ်းသာ၊အရမ်းလည်းပျော်ပါတယ်။ ကျွန်တော်ကျေးဇူးတင်ရမယ့် အဓိက ညီလေးနေမင်း၊ကျွန်တော် မအားလို့ ပတ်ပြေးနေတဲ့ကြားက အတင်း ရိုက်ဖို့ လာခေါ်တဲ့ ညီလေးနဲ့ ဒါရိုက်တာညွှန့်မြန်မာညီညီအောင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်စိတ်ကြီးဝင်နေတာ တစ်ခုရှိပါတယ်။ ရက်ပ်သီချင်းတွေဆိုတဲ့ အဆိုတော် တစ်ယောက်အနေနဲ့ အခုလို အကယ်ဒမီရတာကိုလည်း ကျေနပ်မိပါတယ်။ ကျွန်တော်ဆက်ပြီး အလုပ်တွေ လုပ်ပြီးကြိုးစားပါဦးမယ်" လို့ ထွန်းထွန်းက ပြောခဲ့ပါတယ်။


ထွန်းထွန်းဟာ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ စီးပွားရေးမပြေလည်တဲ့ မိသားစုက မွေးဖွားတဲ့ ဖိုးသိကြားအဖြစ်  ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။  ပရိသတ်တွေနဲ့ အနုပညာမောင်နှမတွေ ခန့်မှန်းထားတဲ့ အတိုင်း အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ထွန်းထွန်းကတော့  ၂၀၁၆ခုနှစ်အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ခိုးဆိုးလုနှိုက်ရုပ်ရှင်ဇာတ်ကား၊ အုတ်ကြားမြတ်ပေါက် ရုပ်ရှင်ဇာတ်ကားတို့မှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး အခုတော့ အုတ်ကြားမြက်ပေါက် ဇာတ်ကားနဲ့ အကယ်ဒမီရရှိသွားပါပြီ။ ထွန်းထွန်းဟာ ၂၀၀၁ခုနှစ်နောက်ပိုင်းကတည်းက ဂီတလှုပ်ရှားမှုတွေ လုပ်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။


ဂီတလောကမှာ Examplez ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ထွန်းထွန်းဟာ သရုပ်ဆောင်ပိုင်းသို့ ဝင်ရောက်လာခဲ့ပါတယ်။ သရုပ်ဆောင်ဘက်မှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာ ထွက်ရှိခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၆ခုနှစ်ထဲမှာ ဆက်တိုက်ရိုက်ကူးလာရသလို သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးသူ တစ်ဦးဖြစ်လာခဲ့ပါတယ်။

Credit:7day daily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...