အြန္လုိင္းေပၚက ဓာတ္ပံုအေၾကာင္း ရွင္းျပတဲ့ ပိုးမီ

 ျမန္မာအိုင္ေဒါ ၿပိဳင္ပြဲမွ ႏႈတ္ဆက္ထြက္ခြာခဲ့ရသည့္ ပုိးမီ က ၎ႏွင့္ပတ္သက္၍ ေရးသား ထားသည့္အေၾကာင္းအရာတစ္ခု ကို ေဖ့စ္ဘြတ္ခ္မွတစ္ဆင့္ ျပန္ လည္ေျဖရွင္းခဲ့သည္။
ပိုးမီႏွင့္ အမ်ိဳးသမီးႏွစ္ဦး အပါအဝင္ ႏုိင္ငံျခားသားတစ္ဦး တုိ႔ အတူထိုင္ေနသည့္ ဓာတ္ပံုျဖင့္ ပုိးမီသည္ ေကတီဗီတြင္ အလုပ္ လုပ္ကာ ႏုိင္ငံျခားသားမ်ားႏွင့္ ပတ္သက္မႈမ်ားရွိသည္ဟု Nay Thu Ra အမည္ျဖင့္ ေဖ့စ္ဘြတ္ခ္ သံုးစြဲသူက ေရးသားခဲ့ၿပီး အဆုိပါအေၾကာင္းအရာအေပၚ ပိုးမီက ျပန္လည္ေျဖရွင္းခဲ့သည္။

‘‘ကိုယ္မွန္ရင္ ဘယ္သူ႔မွ ဂ႐ုမစိုက္တတ္ခဲ့ဘူး.. မမွန္ဘူး ထင္ရင္လည္း ဘယ္သူခိုင္းခိုင္း မလုပ္တတ္ခဲ့ဘူး.. အစက မရွင္းေတာ့ဘူး.. ဒီတုိင္းပဲ ထားလိုက္ေတာ့ မလို႔ပါပဲ.. ဒါေပမဲ့ ကြၽန္ေတာ့္ကို အားေပးၾကတဲ့ ပရိသတ္ ေတြ မ်က္ႏွာမငယ္ေစဖို႔အတြက္ ရွင္းျပလိုက္ပါတယ္။ KTV ကလို႔ေျပာရေအာင္ ေရွ႕မွာ ေထာင္ထားတဲ့ စာရြက္ေလးကို မျမင္ရလို႔လား မျမင္ဖူးလို႔ ေျပာသလားမသိဘူး ေနာ္.. အဲဒါ ကမ​ၻာေအးဘုရား လမ္းေပၚက Micasa Hotel က Tapas Bistro ဆိုတဲ့ Dining Room ထဲမွာပါ။ (အဲဒီလိုေနရာကို ေရာက္ဖူးတဲ့သူ သိပါတယ္။ ကြၽန္ ေတာ္က ဟိုးအရင္က အဲဒီေနရာ မွာ Unplugged ေဖ်ာ္ေျဖခဲ့တာ ပါ။ (Unplugged ဆိုတယ္ဆုိတာ လည္း မသိရင္ ေသခ်ာေလ့လာၾကပါဦးေနာ္။ ကိုယ္သြားေနက် ပန္းကံုးေလးတစ္ကံုးစြပ္ၿပီး ႏွာထလို႔ရတဲ့ ေနရာမဟုတ္ဘူးဆုိတာ ေတာ့ သိေစခ်င္တယ္).. Hotel ျဖစ္တဲ့အတြက္ ေဖာ္ရိန္နာေတြနဲ႔ ခင္မင္ခဲ့ပါတယ္။ ခင္မင္တဲ့အတြက္ စကားေျပာၾကတယ္။ ဓာတ္ပံု႐ိုက္ၾကတယ္။

ဒီလိုပံုေလးတစ္ပံုေတြ႕တာနဲ႔ ေၾကးစားမအဆင့္ သတ္မွတ္လိုက္တဲ့ ပို႔စ္ပိုင္ရွင္ေတြ ရဲ႕ ဦးေႏွာက္ကိုေတာ့ ေလးစားမိတာအမွန္ပဲ.. ကိုယ့္လိပ္ျပာ ကိုယ္ လံုပါတယ္။ တိုက္ခိုက္တဲ့သူေတြ လည္း က်န္းမာခ်မ္းသာပါေစလုိ႔ သာ ဆုေတာင္းရင္း ဂီတနဲ႔ ၿငိမ္း ခ်မ္းပါေစ’’ဟု ပိုးမီက ၎၏ ေဖ့စ္ဘြတ္ခ္တြင္ မတ္လ ၁၈ ရက္ ၌ ေရးသားခဲ့သည္။

ပိုးမီသည္ ျမန္မာအိုင္ေဒါ ၿပိဳင္ပြဲတြင္ ဆန္ခါတင္သံုးဦးအ ဆင့္အထိ ပါဝင္ယွဥ္ၿပိဳင္ၿပီး ယင္း အဆင့္၌ ပရိသတ္မ်ား၏ မဲအေရအတြက္ အနည္းဆံုးရရွိေသာ ေၾကာင့္ဟုဆိုကာ ေနာက္ဆံုးဖိုင္ နယ္အဆင့္သ႔ို တက္ေရာက္ႏုိင္ ျခင္းမရွိေပ။

ဆန္ခါတင္ သံုးဦးအဆင့္ တြင္ ပိုးမီက အဆုိေတာ္ ေလးျဖဴ ၏ ယံုၾကည္ရာသီခ်င္းကို သံစံုတီး ဝိုင္းႏွင့္ ေဖ်ာ္ေျဖၿပီး အေကာင္းဆံုး  သီဆိုႏုိင္သူျဖစ္ေသာေၾကာင့္ ၿပိဳင္ပြဲမွ ထြက္ခြာရျခင္းသည္ မျဖစ္သင့္ေၾကာင္း ေဝဖန္မႈမ်ားရွိခဲ့သည္။

အကဲျဖတ္ဒိုင္တစ္ဦးျဖစ္သူ ျမန္မာျပည္သိန္းတန္က ပိုးမီ ထြက္ရေၾကာင္းကို ေၾကညာခ်ိန္၌ ေရွာ့ခ္ရမိေၾကာင္း ၿပိဳင္ပြဲတြင္ ေျပာၾကားခဲ့သည္။
အင္းေလးေဒသရိွ ပရိသတ္ တစ္ဦးက ပိုးမီသေဘာတူပါက ေတးေရးေမေသာ္ႏွင့္ တုိင္ပင္၍ ေတးစီးရီးတစ္ေခြ ထုတ္ေပးရန္ အစီအစဥ္ရွိေၾကာင္း Myint TheinTun အမည္ျဖင့္ ေဖ့စ္ဘြတ္ခ္အသံုး ျပဳသူက ၿပိဳင္ပြဲရလဒ္ ေၾကညာၿပီး ခ်ိန္တြင္ ေဖ့စ္ဘြတ္ခ္၌ ေရးသားခ့ဲသည္။

‘‘သူ႔ကို Winner ျဖစ္မယ္လုိ႔ ကိုထင္ထားတာ။ အနည္းဆံုး ေတာ့ ဖိုင္နယ္တက္ရမယ္ထင္ ထားတာ။ မေန႔ညက ျပဳတ္သြား တယ္ဆုိေတာ့ ေရွာ့ခ္ရသြားတယ္။ အဲဒီလိုဆုိေတာ့ တစ္ခုခုလုပ္ေပး ခ်င္တယ္။ ဒါေပမဲ့ ကြၽန္ေတာ္တုိ႔ က ဂီတနဲ႔ စိမ္းတယ္ေလ။ မေမ ေသာ္နဲ႔ကလည္း ေမာင္ႏွမလိုေန တာဆုိေတာ့ အကူအညီေတာင္း ရင္ လိႈက္လိႈက္လွဲလွဲေပးမွာပဲဆုိ ၿပီး ေရးလိုက္တာ’’ဟု ပုိးမီကိုစီးရီးေခြထုတ္ေပးရန္ စီစဥ္သည့္ ကိုငယ္က ေျပာသည္။

 ယင္းကိစၥႏွင့္ပတ္သက္၍ ေတးေရး ေမေသာ္က သေဘာ တူထားၿပီး ပိုးမီကလည္း ယင္းကိစၥအတြက္ ၎ထံသို႔ ဖုန္းဆက္ကာ ေက်းဇူးတင္စကားေျပာၾကား သည္ဟု ကိုငယ္က ေျပာသည္။
‘‘သူ႔အေနနဲ႔ ဒါကို Appre-ciate ျဖစ္တယ္။ လူႀကီးေတြနဲ႔ တုိင္ပင္ၿပီးရင္ အေၾကာင္းျပန္ မယ္။ ကြၽန္ေတာ္တုိ႔ကေတာ့ အ ျမန္ဆံုးလုပ္ေပးခ်င္တယ္။ လုပ္ ခြင့္ရရင္ေတာ့ အျမန္ဆံုးလုပ္ေပး ခ်င္ပါတယ္’’ဟု ကိုငယ္က အေခြ ထုတ္မည့္ ကိစၥႏွင့္ပတ္သက္၍ ေျပာသည္။

7daydaily
===========

 မြန်မာအိုင်ဒေါ ပြိုင်ပွဲမှ နှုတ်ဆက်ထွက်ခွာခဲ့ရသည့် ပိုးမီ က ၎င်းနှင့်ပတ်သက်၍ ရေးသား ထားသည့်အကြောင်းအရာတစ်ခု ကို ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ပြန် လည်ဖြေရှင်းခဲ့သည်။
ပိုးမီနှင့် အမျိုးသမီးနှစ်ဦး အပါအဝင် နိုင်ငံခြားသားတစ်ဦး တို့ အတူထိုင်နေသည့် ဓာတ်ပုံဖြင့် ပိုးမီသည် ကေတီဗီတွင် အလုပ် လုပ်ကာ နိုင်ငံခြားသားများနှင့် ပတ်သက်မှုများရှိသည်ဟု Nay Thu Ra အမည်ဖြင့် ဖေ့စ်ဘွတ်ခ် သုံးစွဲသူက ရေးသားခဲ့ပြီး အဆိုပါအကြောင်းအရာအပေါ် ပိုးမီက ပြန်လည်ဖြေရှင်းခဲ့သည်။

‘‘ကိုယ်မှန်ရင် ဘယ်သူ့မှ ဂရုမစိုက်တတ်ခဲ့ဘူး.. မမှန်ဘူး ထင်ရင်လည်း ဘယ်သူခိုင်းခိုင်း မလုပ်တတ်ခဲ့ဘူး.. အစက မရှင်းတော့ဘူး.. ဒီတိုင်းပဲ ထားလိုက်တော့ မလို့ပါပဲ.. ဒါပေမဲ့ ကျွန်တော့်ကို အားပေးကြတဲ့ ပရိသတ် တွေ မျက်နှာမငယ်စေဖို့အတွက် ရှင်းပြလိုက်ပါတယ်။ KTV ကလို့ပြောရအောင် ရှေ့မှာ ထောင်ထားတဲ့ စာရွက်လေးကို မမြင်ရလို့လား မမြင်ဖူးလို့ ပြောသလားမသိဘူး နော်.. အဲဒါ ကမ​္ဘာအေးဘုရား လမ်းပေါ်က Micasa Hotel က Tapas Bistro ဆိုတဲ့ Dining Room ထဲမှာပါ။ (အဲဒီလိုနေရာကို ရောက်ဖူးတဲ့သူ သိပါတယ်။ ကျွန် တော်က ဟိုးအရင်က အဲဒီနေရာ မှာ Unplugged ဖျော်ဖြေခဲ့တာ ပါ။ (Unplugged ဆိုတယ်ဆိုတာ လည်း မသိရင် သေချာလေ့လာကြပါဦးနော်။ ကိုယ်သွားနေကျ ပန်းကုံးလေးတစ်ကုံးစွပ်ပြီး နှာထလို့ရတဲ့ နေရာမဟုတ်ဘူးဆိုတာ တော့ သိစေချင်တယ်).. Hotel ဖြစ်တဲ့အတွက် ဖော်ရိန်နာတွေနဲ့ ခင်မင်ခဲ့ပါတယ်။ ခင်မင်တဲ့အတွက် စကားပြောကြတယ်။ ဓာတ်ပုံရိုက်ကြတယ်။

ဒီလိုပုံလေးတစ်ပုံတွေ့တာနဲ့ ကြေးစားမအဆင့် သတ်မှတ်လိုက်တဲ့ ပို့စ်ပိုင်ရှင်တွေ ရဲ့ ဦးနှောက်ကိုတော့ လေးစားမိတာအမှန်ပဲ.. ကိုယ့်လိပ်ပြာ ကိုယ် လုံပါတယ်။ တိုက်ခိုက်တဲ့သူတွေ လည်း ကျန်းမာချမ်းသာပါစေလို့ သာ ဆုတောင်းရင်း ဂီတနဲ့ ငြိမ်း ချမ်းပါစေ’’ဟု ပိုးမီက ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် မတ်လ ၁၈ ရက် ၌ ရေးသားခဲ့သည်။

ပိုးမီသည် မြန်မာအိုင်ဒေါ ပြိုင်ပွဲတွင် ဆန်ခါတင်သုံးဦးအ ဆင့်အထိ ပါဝင်ယှဉ်ပြိုင်ပြီး ယင်း အဆင့်၌ ပရိသတ်များ၏ မဲအရေအတွက် အနည်းဆုံးရရှိသော ကြောင့်ဟုဆိုကာ နောက်ဆုံးဖိုင် နယ်အဆင့်သိ့ု တက်ရောက်နိုင် ခြင်းမရှိပေ။

ဆန်ခါတင် သုံးဦးအဆင့် တွင် ပိုးမီက အဆိုတော် လေးဖြူ ၏ ယုံကြည်ရာသီချင်းကို သံစုံတီး ဝိုင်းနှင့် ဖျော်ဖြေပြီး အကောင်းဆုံး  သီဆိုနိုင်သူဖြစ်သောကြောင့် ပြိုင်ပွဲမှ ထွက်ခွာရခြင်းသည် မဖြစ်သင့်ကြောင်း ဝေဖန်မှုများရှိခဲ့သည်။

အကဲဖြတ်ဒိုင်တစ်ဦးဖြစ်သူ မြန်မာပြည်သိန်းတန်က ပိုးမီ ထွက်ရကြောင်းကို ကြေညာချိန်၌ ရှော့ခ်ရမိကြောင်း ပြိုင်ပွဲတွင် ပြောကြားခဲ့သည်။
အင်းလေးဒေသရှိ ပရိသတ် တစ်ဦးက ပိုးမီသဘောတူပါက တေးရေးမေသော်နှင့် တိုင်ပင်၍ တေးစီးရီးတစ်ခွေ ထုတ်ပေးရန် အစီအစဉ်ရှိကြောင်း Myint TheinTun အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံး ပြုသူက ပြိုင်ပွဲရလဒ် ကြေညာပြီး ချိန်တွင် ဖေ့စ်ဘွတ်ခ်၌ ရေးသားခဲ့သည်။

‘‘သူ့ကို Winner ဖြစ်မယ်လို့ ကိုထင်ထားတာ။ အနည်းဆုံး တော့ ဖိုင်နယ်တက်ရမယ်ထင် ထားတာ။ မနေ့ညက ပြုတ်သွား တယ်ဆိုတော့ ရှော့ခ်ရသွားတယ်။ အဲဒီလိုဆိုတော့ တစ်ခုခုလုပ်ပေး ချင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ က ဂီတနဲ့ စိမ်းတယ်လေ။ မမေ သော်နဲ့ကလည်း မောင်နှမလိုနေ တာဆိုတော့ အကူအညီတောင်း ရင် လှိုက်လှိုက်လှဲလှဲပေးမှာပဲဆို ပြီး ရေးလိုက်တာ’’ဟု ပိုးမီကိုစီးရီးခွေထုတ်ပေးရန် စီစဉ်သည့် ကိုငယ်က ပြောသည်။

 ယင်းကိစ္စနှင့်ပတ်သက်၍ တေးရေး မေသော်က သဘော တူထားပြီး ပိုးမီကလည်း ယင်းကိစ္စအတွက် ၎င်းထံသို့ ဖုန်းဆက်ကာ ကျေးဇူးတင်စကားပြောကြား သည်ဟု ကိုငယ်က ပြောသည်။
‘‘သူ့အနေနဲ့ ဒါကို Appre-ciate ဖြစ်တယ်။ လူကြီးတွေနဲ့ တိုင်ပင်ပြီးရင် အကြောင်းပြန် မယ်။ ကျွန်တော်တို့ကတော့ အ မြန်ဆုံးလုပ်ပေးချင်တယ်။ လုပ် ခွင့်ရရင်တော့ အမြန်ဆုံးလုပ်ပေး ချင်ပါတယ်’’ဟု ကိုငယ်က အခွေ ထုတ်မည့် ကိစ္စနှင့်ပတ်သက်၍ ပြောသည်။

7daydaily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...