ဇာတ္မင္းသားႀကီး တင္ေမာင္ဆန္းမင္း၀င္းရဲ႕အိမ္ မီးေလာင္ .....

ေတာင္ဥကၠလာ(၉)ရပ္ကြက္ သူရ(၂)လမ္းမီးေလာင္မႈမွာ သဘင္လူမႈညီေစာင့္ေရွာက္ေရးေကာမတီဥကၠ႒ တင္ေမာင္ဆန္းမင္းဝင္းရဲ႕ ေနအိမ္လည္း မီးထဲ ပါဝင္ခဲ့တယ္လို႕ သိရပါတယ္။ ဒါေပမဲ့ ပရိသတ္ေတြရဲ႕ ပို႕သတဲ့ ေမတၱာေၾကာင့္ ပ်က္စီးဆံုးရံႈးမႈအသက္အသာဆံုး ျဖစ္ခဲ့တယ္လို႕ တင္ေမာင္ဆန္းမင္းဝင္းရဲ႕ ဇနီးျဖစ္သူ မေအးမမလိႈင္က ေပၚျပဴလာဂ်ာနယ္ကုိ ေျဖဆိုေပးထားပါတယ္။ အေပၚခန္း ေတြကို မီးကူးေလာင္ေပမဲ့ သူတို႕ အခန္းကေတာ့ အရမ္းႀကီး မေလာင္ခဲ့ပါဘူး။ ဒါေပမဲ့ အခုေလာေလာဆယ္မွာေတာ့ အိမ္မွာ ျပန္ေနလို႕ မရေသးဘူးလို႕ ဆုိပါတယ္
ယင္းမီးေလာင္မႈမွာ ပ်ဥ္ေထာင္တစ္ထပ္ေနအိမ္တြင္ ျခင္ေဆးေခြထြန္းထားရာမွ မီးေလာင္မႈျဖစ္ပြားခဲ့တာ ျဖစ္ၿပီး ပ်ဥ္ေထာင္ တစ္ထပ္ေနအိပ္ တစ္လံုး၊ ပ်ဥ္ေထာင္ႏွစ္ထပ္ေနအိမ္ ႏွစ္လံုး၊ အုပ္ညွပ္ ၂ထပ္တိုက္ ၂လံုး၊ အုပ္ညွပ္ႏွစ္ထပ္တုိက္ ၁ျခမ္း၊ RCC ၁ခန္းတြဲ ၆ထပ္တိုက္ တို႕ မီးကူးခဲ့တယ္လို႕ ျမန္မာႏိုင္ငံ မီးသတ္ဦးစီးဌာနရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

အဆိုပါမီးေလာင္မႈတြင္ အမ်ိဳးသမီးႏွစ္ဦး မီးေလာင္ဒဏ္ရာရခဲ့ၿပီး အရန္မီးသတ္တပ္ဖြဲ႔မွ တပ္ၾကပ္ႀကီးတစ္ဦး ဘယ္လက္ေကာက္ဝတ္ျပတ္႐ွဒဏ္ရာ(မစိုးရိမ္ရ) ရခဲ့ၿပီး  သဃၤန္းကြၽန္းၿမိဳ႕နယ္ စံျပေဆးရံုတြင္ ေဆးကုသမႈခံယူလ်က္႐ွိတယ္လို႕ သိရပါတယ္။
Credit : Duwun
===
Unicode Version
တောင်ဥက္ကလာ(၉)ရပ်ကွက် သူရ(၂)လမ်းမီးလောင်မှုမှာ သဘင်လူမှုညီစောင့်ရှောက်ရေးကောမတီဥက္ကဋ္ဌ တင်မောင်ဆန်းမင်းဝင်းရဲ့ နေအိမ်လည်း မီးထဲ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပရိသတ်တွေရဲ့ ပို့သတဲ့ မေတ္တာကြောင့် ပျက်စီးဆုံးရှုံးမှုအသက်အသာဆုံး ဖြစ်ခဲ့တယ်လို့ တင်မောင်ဆန်းမင်းဝင်းရဲ့ ဇနီးဖြစ်သူ မအေးမမလှိုင်က ပေါ်ပြူလာဂျာနယ်ကို ဖြေဆိုပေးထားပါတယ်။ အပေါ်ခန်း တွေကို မီးကူးလောင်ပေမဲ့ သူတို့ အခန်းကတော့ အရမ်းကြီး မလောင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ အိမ်မှာ ပြန်နေလို့ မရသေးဘူးလို့ ဆိုပါတယ်။

ယင်းမီးလောင်မှုမှာ ပျဉ်ထောင်တစ်ထပ်နေအိမ်တွင် ခြင်ဆေးခွေထွန်းထားရာမှ မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပျဉ်ထောင် တစ်ထပ်နေအိပ် တစ်လုံး၊ ပျဉ်ထောင်နှစ်ထပ်နေအိမ် နှစ်လုံး၊ အုပ်ညှပ် ၂ထပ်တိုက် ၂လုံး၊ အုပ်ညှပ်နှစ်ထပ်တိုက် ၁ခြမ်း၊ RCC ၁ခန်းတွဲ ၆ထပ်တိုက် တို့ မီးကူးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အဆိုပါမီးလောင်မှုတွင် အမျိုးသမီးနှစ်ဦး မီးလောင်ဒဏ်ရာရခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီးတစ်ဦး ဘယ်လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ပြီး  သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိတယ်လို့ သိရပါတယ်။

Credit : Duwun

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...