ဘဝမွာ ေတြ႔ႀကံဳရမယ့္ ဘဝလက္တြဲေဖာ္ (သို႔) မိတ္ေဆြ ၅ မ်ိဳး


သင္ျဖတ္သန္းရမဲ့ ဘ၀တစ္ေလွ်ာက္လံုးမွာ မလြဲမေသြ ႀကံဳေတြ႔ရမယ့္ အရင္းႏွီးဆံုး ဘ၀လက္တြဲေဖာ္ (သို႔) မိတ္ေဆြ ၅ မ်ိဳးရွိပါတယ္။

၁။ သူစိမ္းဆန္ဆန္ေတြ႔ဆံုရတဲ့ ဘ၀လက္တြဲေဖာ္(သို႔) မိတ္ေဆြ

သူစိမ္းဆန္ဆန္ေတြ႔ဆံုရတဲ့ ဘ၀လက္တြဲေဖာ္ ဆိုတာကေတာ့ ရထားစီးရင္းျဖစ္ျဖစ္ ေလယာဥ္စီးရင္းပဲျဖစ္ျဖစ္ ခရီးသြားလြဲဟန္ ေတြ႔ဆံုခဲ့ၾကသူေတြပါ။ သူတို႔ကို တစ္ခါပဲေတြ႔ခဲ့ေပမဲ့ ထူးထူးျခားျခား မွတ္မိေနၿပီး ရင္းႏွီးေနတတ္တဲ့သူမ်ိဳးပါ။ ေနာက္တစ္ခါ ျပန္ေတြ႔ရမေတြ႔ရလည္း မေသခ်ာေပမဲ့ ရင္ထဲမွာ အၿမဲအမွတ္ရေနတဲ့သူမ်ိဳးပါ။

၂။ ေ၀ဒနာသက္သာေစတဲ့ ဘ၀လက္တြဲေဖာ္ (သို႔) မိတ္ေဆြ

ေ၀ဒနာသက္သာေစတဲ့ လက္တြဲေဖာ္ ဆိုတာကေတာ့ စိတ္ညစ္စရာတစ္ခုခုႀကံဳတိုင္ ကိုယ့္ေဘးမွာ သူရွိေနရင္ ေ၀ဒနာေတြ သက္သာေစႏိုင္တဲ့သူမ်ိဳးပါ။ ဒါဟာ မိတ္ေဆြ (သို႔) ခ်စ္သူလည္းျဖစ္ႏိုင္ပါတယ္။

၃။ Wracking Ball (အတားအဆီကို ၿဖိဳးဖ်က္ေပးႏုိင္ရန္ ကရိန္းမွာ တပ္ဆင္ထားတဲ့ သံလံုး) လို ဘ၀လက္တြဲေဖာ္ (သို႔) မိတ္ေဆြ

ဒီလို လက္တြဲေဖာ္ မ်ိဳးက သင့္ဘ၀ကို အေျပာင္းလဲႀကီးေျပာင္းလဲပစ္ႏိုင္ပါတယ္။ သင့္ရဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္ႏိုင္တဲ့ ခြန္အားေတြ ေပးႏိုင္သလို သင့္အေပၚ တြန္းအားေပးမႈေတြနဲ႔ သင့္ရဲ့ အျမင္ေတြကို ေျပာင္းလဲပစ္ႏိုင္သူပါ။ ဒီလို လက္တြဲေဖာ္မ်ိဳးက သင့္ဘ၀အတြက္ အေကာင္းဆံုး အလားအလာသစ္ကို ဖန္တီးေပးႏိုင္သူျဖစ္ပါတယ္။ သူနဲ႔ အတူရွိရင္ ပန္းတိုင္ေရာက္ဖို႔အတြက္ ဘယ္လိုစိန္ေခၚမႈရွိရွိ ေနာက္တြန္႔ေနေတာ့မွာမဟုတ္ပါဘူး။

၄။ အမႊာလို ဘ၀လက္တြဲေဖာ္ (သို႔) မိတ္ေဆြ

ကိုယ့္စိတ္ထဲမွာ တစ္ခုခုလိုခ်င္လိုက္တိုင္း သူ႔ဖက္က ျဖည့္ဆည္းေပးတတ္တာမ်ိဳး ႀကံဳရဖူးပါသလား။ ဒါဟာ အမႊာလို မိတ္ေဆြလိုေခၚပါတယ္။ ကိုယ္ဘာမွေျပာစရာမလိုဘဲ ကိုယ့္ကိုသိေနတာမ်ိဳး။ နားလည္ေပးေနတာမ်ိဳး။ ဒီလိုမိတ္ေဆြမ်ိဳးနဲ႔လည္း သင္ႀကံဳေတြ႔ရႏိုင္ပါတယ္။ အမႊာလို မိတ္ေဆြမ်ိဳးကေတာ့ သင့္ရဲ့အေကာင္းဆံုး သူငယ္ခ်င္းေကာင္းတစ္ေယာက္ ျဖစ္လာႏိုင္ပါတယ္။

၅။ စစ္မွန္တဲ့ခ်စ္ျခင္းနဲ႔ ဘ၀လက္တြဲေဖာ္

ဒီလိုဘ၀လက္တြဲေဖာ္မ်ိဳးကေတာ့ ဘ၀တစ္သက္တာလံုး ႏုပ်ိဳမႈေတြ ေပ်ာ္ရႊင္မႈေတြ စိတ္ဆင္းရဲမႈေတြကို အတူတူမွ်ေ၀ရင္း အိုးမင္းတဲ့ထိ ေပါင္းသင္းေနထိုင္တဲ့ ဘ၀လက္တြဲေဖာ္မ်ိဳးပါ။
ဒီလိုဘ၀လက္တြဲေဖာ္မ်ိဳးကို ေတြ႔ခဲ့ရင္ (သို႔) ပိုင္ဆိုင္ထားတယ္ဆိုရင္ သင္ဟာ အရမ္းကို ကံေကာင္းပါတယ္။
ဒါဟာ အေပၚက ေျပာခဲ့တဲ့ လက္တြဲေဖာ္အမ်ိဳးအစားအားလံုးကို ေပါင္းစပ္ထားတဲ့ ၿပီးျပည့္စံုတဲ့ ဘ၀လက္တြဲေဖာ္ပါ။ စစ္မွန္တဲ့ခ်စ္ျခင္းနဲ႔ ဘ၀လက္တြဲေဖာ္ကို သင့္ဘ၀မွာ ေတြ႔ဆံုႏိုင္ပါတယ္။

Credit : mystylemyanmar

#Unicode Version

သင်ဖြတ်သန်းရမဲ့ ဘဝတစ်လျှောက်လုံးမှာ မလွဲမသွေ ကြုံတွေ့ရမယ့် အရင်းနှီးဆုံး ဘဝလက်တွဲဖော် (သို့) မိတ်ဆွေ ၅ မျိုးရှိပါတယ်။

၁။ သူစိမ်းဆန်ဆန်တွေ့ဆုံရတဲ့ ဘဝလက်တွဲဖော်(သို့) မိတ်ဆွေ

သူစိမ်းဆန်ဆန်တွေ့ဆုံရတဲ့ ဘဝလက်တွဲဖော် ဆိုတာကတော့ ရထားစီးရင်းဖြစ်ဖြစ် လေယာဉ်စီးရင်းပဲဖြစ်ဖြစ် ခရီးသွားလွဲဟန် တွေ့ဆုံခဲ့ကြသူတွေပါ။ သူတို့ကို တစ်ခါပဲတွေ့ခဲ့ပေမဲ့ ထူးထူးခြားခြား မှတ်မိနေပြီး ရင်းနှီးနေတတ်တဲ့သူမျိုးပါ။ နောက်တစ်ခါ ပြန်တွေ့ရမတွေ့ရလည်း မသေချာပေမဲ့ ရင်ထဲမှာ အမြဲအမှတ်ရနေတဲ့သူမျိုးပါ။

၂။ ဝေဒနာသက်သာစေတဲ့ ဘဝလက်တွဲဖော် (သို့) မိတ်ဆွေ

ဝေဒနာသက်သာစေတဲ့ လက်တွဲဖော် ဆိုတာကတော့ စိတ်ညစ်စရာတစ်ခုခုကြုံတိုင် ကိုယ့်ဘေးမှာ သူရှိနေရင် ဝေဒနာတွေ သက်သာစေနိုင်တဲ့သူမျိုးပါ။ ဒါဟာ မိတ်ဆွေ (သို့) ချစ်သူလည်းဖြစ်နိုင်ပါတယ်။

၃။ Wracking Ball (အတားအဆီကို ဖြိုးဖျက်ပေးနိုင်ရန် ကရိန်းမှာ တပ်ဆင်ထားတဲ့ သံလုံး) လို ဘဝလက်တွဲဖော် (သို့) မိတ်ဆွေ

ဒီလို လက်တွဲဖော် မျိုးက သင့်ဘဝကို အပြောင်းလဲကြီးပြောင်းလဲပစ်နိုင်ပါတယ်။ သင့်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တဲ့ ခွန်အားတွေ ပေးနိုင်သလို သင့်အပေါ် တွန်းအားပေးမှုတွေနဲ့ သင့်ရဲ့ အမြင်တွေကို ပြောင်းလဲပစ်နိုင်သူပါ။ ဒီလို လက်တွဲဖော်မျိုးက သင့်ဘဝအတွက် အကောင်းဆုံး အလားအလာသစ်ကို ဖန်တီးပေးနိုင်သူဖြစ်ပါတယ်။ သူနဲ့ အတူရှိရင် ပန်းတိုင်ရောက်ဖို့အတွက် ဘယ်လိုစိန်ခေါ်မှုရှိရှိ နောက်တွန့်နေတော့မှာမဟုတ်ပါဘူး။

၄။ အမွှာလို ဘဝလက်တွဲဖော် (သို့) မိတ်ဆွေ

ကိုယ့်စိတ်ထဲမှာ တစ်ခုခုလိုချင်လိုက်တိုင်း သူ့ဖက်က ဖြည့်ဆည်းပေးတတ်တာမျိုး ကြုံရဖူးပါသလား။ ဒါဟာ အမွှာလို မိတ်ဆွေလိုခေါ်ပါတယ်။ ကိုယ်ဘာမှပြောစရာမလိုဘဲ ကိုယ့်ကိုသိနေတာမျိုး။ နားလည်ပေးနေတာမျိုး။ ဒီလိုမိတ်ဆွေမျိုးနဲ့လည်း သင်ကြုံတွေ့ရနိုင်ပါတယ်။ အမွှာလို မိတ်ဆွေမျိုးကတော့ သင့်ရဲ့အကောင်းဆုံး သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

၅။ စစ်မှန်တဲ့ချစ်ခြင်းနဲ့ ဘဝလက်တွဲဖော်

ဒီလိုဘဝလက်တွဲဖော်မျိုးကတော့ ဘဝတစ်သက်တာလုံး နုပျိုမှုတွေ ပျော်ရွှင်မှုတွေ စိတ်ဆင်းရဲမှုတွေကို အတူတူမျှဝေရင်း အိုးမင်းတဲ့ထိ ပေါင်းသင်းနေထိုင်တဲ့ ဘဝလက်တွဲဖော်မျိုးပါ။
ဒီလိုဘဝလက်တွဲဖော်မျိုးကို တွေ့ခဲ့ရင် (သို့) ပိုင်ဆိုင်ထားတယ်ဆိုရင် သင်ဟာ အရမ်းကို ကံကောင်းပါတယ်။
ဒါဟာ အပေါ်က ပြောခဲ့တဲ့ လက်တွဲဖော်အမျိုးအစားအားလုံးကို ပေါင်းစပ်ထားတဲ့ ပြီးပြည့်စုံတဲ့ ဘဝလက်တွဲဖော်ပါ။ စစ်မှန်တဲ့ချစ်ခြင်းနဲ့ ဘဝလက်တွဲဖော်ကို သင့်ဘဝမှာ တွေ့ဆုံနိုင်ပါတယ်။

Credit : mystylemyanmar

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...