လိပ္ကၽြန္းအမႈ ေသဒဏ္က်ခံရန္ အယူခံတရား႐ုံး အမိန္႔ခ်

ရန္ကုန္၊ မတ္ ၁

ထိုင္းႏိုင္ငံ လိပ္ကၽြန္းလူသတ္မႈတြင္ ေသဒဏ္ ခ်မွတ္ခံထားရသည့္ ျမန္မာႏိုင္ငံသားႏွစ္ဦးကို အယူခံတရား႐ုံးကလည္း ေသဒဏ္ဟု ယေန႔ (မတ္လ ၁ ရက္)တြင္ စီရင္ခ်က္ ခ်လိုက္ေၾကာင္း အဆိုပါအမႈတြင္ ျမန္မာႏွစ္ဦးအတြက္ လိုက္ပါ ေဆာင္႐ြက္ေနေပးေနသည့္ ဦးစိန္ေဌးက ေျပာၾကားသည္။

ေကာ့စေမြတရား႐ုံးတြင္ တရားလိုျဖစ္သည့္ ခ႐ိုင္ဥပေဒအရာရွိကို အယူခံတရား႐ုံး တရားသူႀကီးမ်ားက ေခၚယူၿပီး အယူခံတရား႐ုံး၏ စီရင္ခ်က္ကို ဖတ္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္းႏိုင္ငံ အေျခစိုက္ ေ႐ႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ရက္မွ ဥကၠ႒လည္းျဖစ္သူ ၎က ဆိုသည္။

“အယူခံ တရား႐ုံးဟာ စာ႐ြက္စာတမ္းေတြ အကုန္မဖတ္ဘဲ အခ်ိန္တိုအတြင္းမွာ စီရင္ခ်က္ ျမန္ျမန္ ခ်လိုက္တယ္။ ၿပီးေတာ့ စီရင္ခ်က္ခ်တဲ့ အခါမွာလည္း တရားခံရဲ႕ ေရွ႕ေနေတြကို လုံးဝ အသိမေပးပဲ လုပ္သြားတယ္။ ထိုင္းသတင္းမွာပါလာမွ ေရွ႕ေနေတြက သိရတာပါ”ဟု ဦးစိန္ေဌးက ေျပာဆိုသည္။

အဆိုအမႈအတြက္ ထိုင္းႏိုင္ငံ၏ အျမင့္ဆုံး တရား႐ုံးျဖစ္သည့္ တရားလႊတ္ေတာ္ခ်ဳပ္သို႔ အယူခံဝင္ရန္ ျမန္မာႏွစ္ဦး၏ ေရွ႕ေနမ်ား လုပ္ေဆာင္ေနေၾကာင္း ၎က ေျပာဆိုသည္။

“တကယ္ေတာ့ ျမန္မာႏိုင္ငံနဲ႔ ထိုင္းႏိုင္ငံသာမက ကမၻာကပါ စိတ္ဝင္စားေနတဲ့ ဒီအမႈကို ၿပီးစလြယ္ လုပ္တာလို႔ပဲ ဆိုခ်င္တယ္။ ျမန္မာအစိုးရနဲ႔ ျပည္သူကို လုံးဝ ထည့္မတြက္ဘဲ လုပ္ခ်လိုက္သလိုပဲ ခံစားရတယ္”ဟု အယူခံ တရား႐ုံးက စီရင္ခ်က္ ခ်မွတ္မႈအေပၚ ဦးစိန္ေဌးက မွတ္ခ်က္ေပးသည္။

လိပ္ကၽြန္းတြင္ ၿဗိတိန္ႏိုင္ငံသားႏွစ္ဦး အသတ္ခံရမႈႏွင့္ ပတ္သက္၍ ျမန္မာႏွစ္ဦးကို ေကာ့စေမြရွိ ေအာက္ေျခအဆင့္ တရား႐ုံးက ၂၀၁၅ခုႏွစ္ ဒီဇင္ဘာလ ၂၄ ရက္ေန႔တြင္ ေသဒဏ္ ခ်မွတ္ခဲ့သည္။
http://thevoicemyanmar.com
=====
ရန်ကုန်၊ မတ် ၁

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို အယူခံတရားရုံးကလည်း သေဒဏ်ဟု ယနေ့ (မတ်လ ၁ ရက်)တွင် စီရင်ချက် ချလိုက်ကြောင်း အဆိုပါအမှုတွင် မြန်မာနှစ်ဦးအတွက် လိုက်ပါ ဆောင်ရွက်နေပေးနေသည့် ဦးစိန်ဌေးက ပြောကြားသည်။

ကော့စမွေတရားရုံးတွင် တရားလိုဖြစ်သည့် ခရိုင်ဥပဒေအရာရှိကို အယူခံတရားရုံး တရားသူကြီးများက ခေါ်ယူပြီး အယူခံတရားရုံး၏ စီရင်ချက်ကို ဖတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်မှ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ဆိုသည်။

“အယူခံ တရားရုံးဟာ စာရွက်စာတမ်းတွေ အကုန်မဖတ်ဘဲ အချိန်တိုအတွင်းမှာ စီရင်ချက် မြန်မြန် ချလိုက်တယ်။ ပြီးတော့ စီရင်ချက်ချတဲ့ အခါမှာလည်း တရားခံရဲ့ ရှေ့နေတွေကို လုံးဝ အသိမပေးပဲ လုပ်သွားတယ်။ ထိုင်းသတင်းမှာပါလာမှ ရှေ့နေတွေက သိရတာပါ”ဟု ဦးစိန်ဌေးက ပြောဆိုသည်။

အဆိုအမှုအတွက် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးဖြစ်သည့် တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ရန် မြန်မာနှစ်ဦး၏ ရှေ့နေများ လုပ်ဆောင်နေကြောင်း ၎င်းက ပြောဆိုသည်။

“တကယ်တော့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံသာမက ကမ္ဘာကပါ စိတ်ဝင်စားနေတဲ့ ဒီအမှုကို ပြီးစလွယ် လုပ်တာလို့ပဲ ဆိုချင်တယ်။ မြန်မာအစိုးရနဲ့ ပြည်သူကို လုံးဝ ထည့်မတွက်ဘဲ လုပ်ချလိုက်သလိုပဲ ခံစားရတယ်”ဟု အယူခံ တရားရုံးက စီရင်ချက် ချမှတ်မှုအပေါ် ဦးစိန်ဌေးက မှတ်ချက်ပေးသည်။

လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနှစ်ဦးကို ကော့စမွေရှိ အောက်ခြေအဆင့် တရားရုံးက ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ် ချမှတ်ခဲ့သည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...