ဒီမနက္တုိက္ၾကီးမွာ ငလ်င္ထပ္လႈပ္ အထည္ခ်ဳပ္စက္ရုံတစ္ရုံျပဳိက် လူႏွစ္ဦးအျပင္းအထန္ဒဏ္ရာရ

မတ္၊ ၁၄ ရန္ကုန္။ သည္ကေန ့မနက္ ၁၀ နာရီ မိနစ္၂၀ အခ်ိိန္မွာ တိုက္ၾကီးျမိဳ႕မွာ ငလ်င္ထပ္မံလႈပ္ခတ္ခဲ့လို ့ အထည္ခ်ဳပ္စက္ရုံတစ္ခု ျပိဳက် ပ်က္စီးျပီး လူနွစ္ဦးအျပင္းအထန္ ဒဏ္ရာရရွိခဲ့တယ္လို ့ သိရပါတယ္။

”ဒီမနက္မွာ ထပ္လႈပ္တယ္။ အထည္ခ်ဳပ္ စက္ရုံတစ္ခုျပိဳတယ္။ အလုပ္သမနွစ္ေယာက္က ျပင္းျပင္းထန္ထန္ရတယ္။ အထည္ခ်ဳပ္စက္ရုံထဲက အလုပ္သမားေတြက အျပဳံလုိက္ၾကီး ထြက္လာတာဆိုေတာ့ ဒဏ္ရာရတဲ့ သူဘယ္ေလာက္ရွိတယ္ဆိုတာ အတည္မျပဳနိင္ေသးဘူး။ ဒဏ္ရာ ျပင္းျပင္းထန္ထန္ရတဲ့ အလုပ္သမနွစ္ဦးကိုေတာ့ ေဆးရုံကိုပို႔ေနတယ္” လို ့ ဦးလြင္မင္းစိုးက ေျပာပါတယ္။

ေလာေလာဆယ္မွာေတာ့ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးေနတဲ့ အထည္ခ်ဳပ္စက္ရုံအတြင္းမွ စက္ရုံအလုပ္သမားေတြကို ေခၚထုတ္နိုင္ျပီျဖစ္ေပမယ့္ ဒဏ္ရာရရွိခဲ့သူအေရအတြက္ကို အတည္မျပဳနိုင္ေသး မေျပာနိုင္ေသးဘူးလို ့ တိုက္ၾကီးျမိဳ ့နယ္ တိုင္းေဒသၾကီးလြတ္ေတာ္ကိုယ္စားလွယ္ဦးလြင္မင္းစိုးက ေျပာပါတယ္။
မတ္လ ၁၃ ရက္ေန ့ညက တိုက္ၾကီးျမိဳ ့နယ္ကို ဗဟိုျပဳျပီး ျပင္းအား ရစ္ခ်္တာစေကး ၅ဒသမ၈အဆင့္ အင္အားအသင့္အတင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့တာေၾကာင့္ လူ ၂၀ေက်ာ္ ဒဏ္ ရာရရွိခဲ့ပါတယ္။ ဒါ့အျပင္ တိုက္ၾကီးျမိဳ ့နယ္မွာရွိတဲ့ သာသနိကအေဆာက္ အအုံအခ်ဳိ႕ ၿပိဳက်ပ်က္စီးခဲ့ တယ္လို ့ သိရပါတယ္။

သည္ကေန ့မနက္ပိုင္းမွာလႈပ္ခတ္တဲ့ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသြားတဲ့ အထည္ခ်ဳပ္စက္ရုံကို ရန္ကုန္တိုင္းေဒသၾကီးလြတ္ေတာ္ဥကၠဌနဲ ့ တုိင္းေဒသၾကီးလြတ္ေတာ္ကိုယ္စားလွယ္ေတြက သြားေရာက္ၾကည့္ရူ႕ေနျပီး ဒဏ္ရာ ရရွိသူေတြကို ေဆးရုံကို ပို ့ေဆာင္ေပးေနတယ္လို ့သိရပါတယ္။
Author – ခ်မ္းသာ
http://www.kumudranews.com

===
မတ်၊ ၁၄ ရန်ကုန်။ သည်ကနေ့မနက် ၁၀ နာရီ မိနစ်၂၀ အချိန်မှာ တိုက်ကြီးမြို့မှာ ငလျင်ထပ်မံလှုပ်ခတ်ခဲ့လို့ အထည်ချုပ်စက်ရုံတစ်ခု ပြိုကျ ပျက်စီးပြီး လူနှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
”ဒီမနက်မှာ ထပ်လှုပ်တယ်။ အထည်ချုပ် စက်ရုံတစ်ခုပြိုတယ်။ အလုပ်သမနှစ်ယောက်က ပြင်းပြင်းထန်ထန်ရတယ်။ အထည်ချုပ်စက်ရုံထဲက အလုပ်သမားတွေက အပြုံလိုက်ကြီး ထွက်လာတာဆိုတော့ ဒဏ်ရာရတဲ့ သူဘယ်လောက်ရှိတယ်ဆိုတာ အတည်မပြုနိင်သေးဘူး။ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရတဲ့ အလုပ်သမနှစ်ဦးကိုတော့ ဆေးရုံကိုပို့နေတယ်” လို့ ဦးလွင်မင်းစိုးက ပြောပါတယ်။
လောလောဆယ်မှာတော့ ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ အထည်ချုပ်စက်ရုံအတွင်းမှ စက်ရုံအလုပ်သမားတွေကို ခေါ်ထုတ်နိုင်ပြီဖြစ်ပေမယ့် ဒဏ်ရာရရှိခဲ့သူအရေအတွက်ကို အတည်မပြုနိုင်သေး မပြောနိုင်သေးဘူးလို့ တိုက်ကြီးမြို့နယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးလွင်မင်းစိုးက ပြောပါတယ်။
မတ်လ ၁၃ ရက်နေ့ညက တိုက်ကြီးမြို့နယ်ကို ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၅ဒသမ၈အဆင့် အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ ၂၀ကျော် ဒဏ် ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် တိုက်ကြီးမြို့နယ်မှာရှိတဲ့ သာသနိကအဆောက် အအုံအချို့ ပြိုကျပျက်စီးခဲ့ တယ်လို့ သိရပါတယ်။
သည်ကနေ့မနက်ပိုင်းမှာလှုပ်ခတ်တဲ့ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အထည်ချုပ်စက်ရုံကို ရန်ကုန်တိုင်းဒေသကြီးလွတ်တော်ဥက္ကဌနဲ့ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်တွေက သွားရောက်ကြည့်ရူ့နေပြီး ဒဏ်ရာ ရရှိသူတွေကို ဆေးရုံကို ပို့ဆောင်ပေးနေတယ်လို့သိရပါတယ်။

Author – ချမ်းသာ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...