“ဗိုလ္ခ်ဳပ္ေအာင္ဆန္း” တံတားအမည္ေပးျခင္္းကို မြန္ေဒသခံတေသာင္းေက်ာ္ဆႏၵျပမည္

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ႏွင့္ ေခ်ာင္းဆုံၿမိဳ႕နယ္အၾကား သံလြင္ျမစ္ကိုျဖတ္၍ထိုးထားေသာ တံတားအား “ဗိုလ္ခ်ဳပ္ေအာင္ဆန္း” တံတားဟုအမည္ေပးရန္ မတ္လ ၁၄ ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အတည္ျပဳခဲ့ရာ ယင္းအေပၚ ေဒသခံမြန္ျပည္သူမ်ားက မတ္လ ၁၉ ရက္ေန႔တြင္ ဆႏၵျပမည္ျဖစ္ေၾကာင္း သိရသည္။

“၁၉ ရက္ေန႔မွာ ဆႏၵထုတ္ေဖာ္သြားမွာပါ။ ေမာ္လၿမိဳင္ၿမိဳ႕၊ ၿမိဳ႕မတံတားကေန စတင္ခ်ီတက္ၿပီး ၿမိဳ႕ျပင္ ဗုိလ္ခ်ဳပ္ ေၾက႐ုပ္ေရွ႕မွာ စုေပါင္းဆႏၵထုတ္ေဖာ္သြားမွာပါ။ ဒါကို ၿငိမ္းစုစီဥပေဒနဲ႔အညီနဲ႔ ေဆာင္ရြက္သြားမွာပါ။ တာ၀န္ရွိ အဖြဲ႕အစည္းကို ေဆြးေႏြးၿပီး လမ္းေၾကာင္းတို႔ စုရပ္တို႔ကို ျပန္လည္ထုတ္ျပန္ေပးသြားမွာပါ။ အင္အားကေတာ့ တေသာင္းေက်ာ္ေလာက္ ပါ၀င္သြားဖို႔ ရွိေနပါတယ္။ ဒီတံတားနဲ႔ပတ္သက္ၿပီး မတ္လ ၂ ရက္ေန႔တုန္းကေတာ့ ဘီလူးကၽြန္းေဒသခံျပည္သူေတြ ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ေမာ္လၿမိဳင္ၿမိဳ႕ေပၚမွာ လုပ္မယ့္ ဆႏၵျပ ပြဲကေတာ့ မြန္တမ်ဳိးသားလုံးပါ၀င္တဲ့ ဆႏၵျပပြဲျပဳလုပ္သြားမွာပါ” ဟု ဆႏၵထုတ္ေဖာ္ေရး ဦးေဆာင္ေကာ္မတီ ဦးမင္းႏြယ္က News Watch သို႔ ေျပာသည္။

ဆက္လက္၍ ၄င္းက ျပည္သူ႔လႊတ္ေတာ္မဲခြဲဆုံးျဖတ္မႈႏွင့္ ပတ္သက္၍ “ဒီလို ေဒသခံတိုင္းရင္းသားေတြရဲ႕ ဆႏၵကို နားမေထာင္လ်စ္လ်ဴ႐ႈၿပီး အမ်ားစုပုံစံနဲ႔ မဲခြဲအတည္ျပဳတဲ့အေပၚ ေဒသခံ ျပည္သူေတြအေနနဲ႔ စိတ္မေကာင္းပါဘူး”ဟုေျပာၾကားသည္။

အထက္ပါတံတားကို “ဗိုလ္ခ်ဳပ္ေအာင္ဆန္း” တံတားဟု အမည္ေပး ဂုဏ္ျပဳရန္ ျပည္သူ႔လႊတ္ေတာ္သို႔ အဆို တင္သြင္းခဲ့ရာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ၁၅ ဦးေဆြးေႏြးခဲ့ၿပီး ၁၃ ဦးက ေထာက္ခံေဆြးေႏြးခဲ့ျပီး မဲခြဲဆံုးျဖတ္ရာ ဆႏၵမဲေပးခြင့္ရွိသူ ၃၈၈ ဦးအနက္ ေထာက္ခံမဲ ၂၁၇ မဲ၊ ကန္႔ကြက္မဲ ၄၃ မဲ၊ ၾကားေနမဲ ၁၁၆ မဲျဖင့္ အဆိုကိုအတည္ျပဳလိုက္သည္။

ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ မင္းကင္းမဲဆႏၵနယ္မွ ဦးေမာင္ျမင့္က “ဒီတံတားဟာ အရွည္ ၅၀၀ မီတာရွည္တဲ့ တံတားေလးကို ဗိုလ္ခ်ဳပ္နာမည္နဲ႔ ေပးထားတာရွိၿပီးသား ဂုဏ္သတင္းကို ေမွးမွိန္ေစပါတယ္။ ျမန္မာမွာရွိတဲ့ အရွည္ဆုံးတံတားကို ဗို္လ္ခ်ဳပ္အမည္ေပးလိုက္ပါ။ ကၽြန္ေတာ္တို႔ သေဘာတူပါတယ္” ဟုေဆြးေႏြးေျပာၾကားခဲ့သည္။

ထူးျမတ္
Photo-Bilu island
News Watch

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်အကြား သံလွင်မြစ်ကိုဖြတ်၍ထိုးထားသော တံတားအား “ဗိုလ်ချုပ်အောင်ဆန်း” တံတားဟုအမည်ပေးရန် မတ်လ ၁၄ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အတည်ပြုခဲ့ရာ ယင်းအပေါ် ဒေသခံမွန်ပြည်သူများက မတ်လ ၁၉ ရက်နေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း သိရသည်။

“၁၉ ရက်နေ့မှာ ဆန္ဒထုတ်ဖော်သွားမှာပါ။ မော်လမြိုင်မြို့၊ မြို့မတံတားကနေ စတင်ချီတက်ပြီး မြို့ပြင် ဗိုလ်ချုပ် ကြေရုပ်ရှေ့မှာ စုပေါင်းဆန္ဒထုတ်ဖော်သွားမှာပါ။ ဒါကို ငြိမ်းစုစီဥပဒေနဲ့အညီနဲ့ ဆောင်ရွက်သွားမှာပါ။ တာဝန်ရှိ အဖွဲ့အစည်းကို ဆွေးနွေးပြီး လမ်းကြောင်းတို့ စုရပ်တို့ကို ပြန်လည်ထုတ်ပြန်ပေးသွားမှာပါ။ အင်အားကတော့ တသောင်းကျော်လောက် ပါဝင်သွားဖို့ ရှိနေပါတယ်။ ဒီတံတားနဲ့ပတ်သက်ပြီး မတ်လ ၂ ရက်နေ့တုန်းကတော့ ဘီလူးကျွန်းဒေသခံပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ကျွန်တော်တို့ မော်လမြိုင်မြို့ပေါ်မှာ လုပ်မယ့် ဆန္ဒပြ ပွဲကတော့ မွန်တမျိုးသားလုံးပါဝင်တဲ့ ဆန္ဒပြပွဲပြုလုပ်သွားမှာပါ” ဟု ဆန္ဒထုတ်ဖော်ရေး ဦးဆောင်ကော်မတီ ဦးမင်းနွယ်က News Watch သို့ ပြောသည်။

ဆက်လက်၍ ၎င်းက ပြည်သူ့လွှတ်တော်မဲခွဲဆုံးဖြတ်မှုနှင့် ပတ်သက်၍ “ဒီလို ဒေသခံတိုင်းရင်းသားတွေရဲ့ ဆန္ဒကို နားမထောင်လျစ်လျူရှုပြီး အများစုပုံစံနဲ့ မဲခွဲအတည်ပြုတဲ့အပေါ် ဒေသခံ ပြည်သူတွေအနေနဲ့ စိတ်မကောင်းပါဘူး”ဟုပြောကြားသည်။

အထက်ပါတံတားကို “ဗိုလ်ချုပ်အောင်ဆန်း” တံတားဟု အမည်ပေး ဂုဏ်ပြုရန် ပြည်သူ့လွှတ်တော်သို့ အဆို တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဆွေးနွေးခဲ့ပြီး ၁၃ ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၃၈၈ ဦးအနက် ထောက်ခံမဲ ၂၁၇ မဲ၊ ကန့်ကွက်မဲ ၄၃ မဲ၊ ကြားနေမဲ ၁၁၆ မဲဖြင့် အဆိုကိုအတည်ပြုလိုက်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က “ဒီတံတားဟာ အရှည် ၅၀၀ မီတာရှည်တဲ့ တံတားလေးကို ဗိုလ်ချုပ်နာမည်နဲ့ ပေးထားတာရှိပြီးသား ဂုဏ်သတင်းကို မှေးမှိန်စေပါတယ်။ မြန်မာမှာရှိတဲ့ အရှည်ဆုံးတံတားကို ဗိုလ်ချုပ်အမည်ပေးလိုက်ပါ။ ကျွန်တော်တို့ သဘောတူပါတယ်” ဟုဆွေးနွေးပြောကြားခဲ့သည်။

ထူးမြတ်
Photo-Bilu island

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...