မိဘရဲ႕ ေနဝင္ခ် ိန္ေလး ကိုေတာင္ အသိအမွတ္ျပဳ ၿပီး အဖက္မလုပ္တဲ႔သား


သားႀကီးျသရသေရ…႐ွင္တို႔ေဖေဖ ဦးေက်ာ္ေဆြေလ…ရွင္တို႔ကို ျမင္ခ်င္ေတြ႔ခ်င္လြန္းလို႔ ျပန္ပို႔ဖို႔ အစာငတ္ခံ ဆႏၵျပ ရင္း…” ငါ့သားသမီးေတြ လုပ္ရက္ေလျခင္း…”…ဆိုတဲ့စိတ္နဲ႔ ဆံုးသြားပါၿပီ…၀မ္းသာၾကပါေတာ့…။
အရမ္းခ်မ္းေအးလြန္းတဲ့ ေဆာင္းညႀကီးမွာ အဘကို ဟသၤာတ ဆိပ္ကမ္းမွာ အားျပတ္လဲေနၿပီး တကိုယ္လံုးစိုရြဲကာ ေလျဖတ္ေတာ့မယ့္အေနအထားနဲ႔ ျပည္ေတာ္ေအး ပရဟိတအဖြဲ႔က ေတြ႔႐ွိခဲ့တာပါ…။
ဘယ္အခ်ိန္ထဲက ထမင္းမေကြၽး ဟင္းမေကြၽး ပစ္ထားလဲမသိပါဘူး…အားျပတ္ၿပီး လမ္းပင္မေလ်ွာက္ႏိုင္ အီးေသးလဲ မႏိုင္ေတာ့ပါဘူး…ဒါနဲ႔ ျပည္ေတာ္ေအး အဖြဲ႔က အဘကိုေမးေတာ့ သူ႔မွာ သား႐ွိေၾကာင္း ဖုန္းနံပါတ္ေပးၿပီး ဖုန္းဆက္ခိုင္းပါတယ္….။
သူ႔သားျပန္ေျပာလိုက္တာ အားရစရာႀကီးပါ…”….ခင္ဗ်ားတို႔ဟာ ခင္ဗ်ားတို႔ ပို႔ခ်င္ရာပို႔ က်ဳပ္တို႔ေတာင္ မေခၚခ်င္လို႔ ပစ္ထားတာ…..”….တဲ့….ကဲ…စြန္႔ပစ္ခံဘ၀ေရာက္သြားပါၿပီ…ဘယ္သူ႔မွ အျပစ္မဆိုေတာ့ဘဲ ပံု႔တို႔ ေစာင့္ေ႐ွာက္ ထားလိုက္ပါတယ္…အားျပတ္လို႔ ေဆးရံုျပၾကည့္ေတာ့ TB ဆိုလို႔ ေဆးရံုတင္ဖို႔ လုပ္ပါတယ္…ေဆးစားတာနဲ႔ ေပ်ာက္ တယ္ဆိုလို႔ TB ေဆးစတိုက္ၿပီး…အား႐ွိေအာင္ အေကာင္းဆံုးေတြလုပ္ေပးပါတယ္…။
အဘ ထူထူေထာင္ေထာင္႐ွိၿပီး လမ္းေလ်ွာက္ႏိုင္လာေတာ့ ျပန္ခ်င္တယ္ေျပာပါတယ္…လူေကာင္း လို႔ျဖစ္ လာပါၿပီ …ျပန္ ခ်င္တယ္ဆိုေပမဲ့ လက္မခံတာသိထားေတာ့ ေခ်ာ့ေမာ့ၿပီး အက်ိဳးအေၾကာင္း႐ွင္းျပလို႔ ႏွစ္သိမ့္ရျပန္ပါတယ္…။
ဒါေပမဲ့ အဘကေတာ့ သူ႔သားသမီးေတြ မပစ္ပါဘူး…သူျပန္လို႔ရပါတယ္ေျပာၿပီး…တားတဲ့သူေတြကို ဆဲဆိုလုပ္ပါတယ္… ဒါေပမဲ့ ပံု႔တို႔ ေသခ်ာေခ်ာ့ၿပီး ေပ်ာ္ေအာင္ထားေပးပါတယ္….ဒါေပမဲ့ သားသမီးေတြ ခ်စ္လြန္းတဲ့ အဘကေတာ့ အစာငတ္ ခံလို႔ ဆႏၵျပပါေတာ့တယ္…..။
ထမင္းလဲမစား၊ ဟင္းလဲမစား၊ မုန္႔ေကြၽးလဲမရေတာ့ အဘကိုပို႔ခဲ့တဲ့ သူေတြကိုဆက္သြယ္ၿပီး…သားသမီးေတြဆီ အေၾကာ င္းၾကားခိုင္းပါတယ္…လာပို႔တဲ့ ပရဟိတအဖြဲ႔ကလဲ သားဆီဖုန္းဆက္…ပံု႔တို႔ကလဲဆက္…ေနာက္ဆံုး ရပ္ကြက္လူႀကီးပါ ။
သားဆီဖုန္းဆက္ၿပီး…အဘရဲ႕ ေနာက္ဆံုးဆႏၵေလးကို ျဖည့္ေပးဖို႔…သူလဲသိပ္ေနရေတာ့မွာ မဟုတ္တဲ့အေၾကာင္း …သူ တို႔ လာမေခၚႏိုင္ရင္ ကိုယ္တိုင္လာပို႔ၿပီး အဘအတြက္ အကုန္ျပည့္စံုေအာင္စီစဥ္ေပးမယ့္အေၾကာင္း”….အဘ ဆႏၵေ လးျပည့္ေစဖို႔ သားဆိုသူကို ေတာင္းေတာာင္းပန္ပန္နဲ႔ကို ေခၚခိုင္းခဲ့တာပါ…ဒါေပမဲ့ သားဆိုသူက တခ်က္မွ လက္ခံမည့္ အေၾကာင္း မေျပာခဲ့ပါဘူး…။
ဒါနဲ႔ အဘကို ၇ပ္ကြက္လူႀကီးကိုယ္တိုင္ အဘသားသမီးေတြက ဒီလိုဒီအေၾကာင္းေျပာျပၿပီးတဲ့ေနာက္မွာေတာ့…တခ်ိန္လံုး အိမ္ျပန္ခ်င္တယ္ဆိုၿပီး သန္သန္မာမာနဲ႔ ေသာင္းက်န္းခဲ့တဲ့ အဘဟာ…လံုး၀စိတ္ေလ်ွာ့လိုက္ၿပီး ဆႏၵျပတာမဟုတ္ဘဲနဲ႔ကို အစားလဲမစားေတာ့ဘဲ စိတ္ဓာတ္က် အားငယ္ကာ သူ႔ဆႏၵေတြ မျပည့္၀ဘဲ ဆံုးသြား႐ွာပါေတာ့တယ္….ပံု႔တို႔ အဘကို ေကာင္းမြန္စြာ မီးသၿဂိဳဟ္​ ေပးလိုက္ပါၿပီ…။
သားသမီးေတြေရ ေက်နပ္ပါေတာ့….႐ွင္တို႔ အေဖကို ႐ွင္တို႔ ဒီဘ၀လဲစြန္႔ပစ္လိုက္ၾကသလို…သံသရာမွာလဲ ႐ွင္တို႔ကို စြဲလမ္းတဲ့စိတ္ႀကီးနဲ႔ ဆံုးပါးသြား႐ွာတဲ့ ႐ွင္တို႔ေဖေဖ လားရာေကာင္းမွာမဟုတ္ေတာ့ပါဘူး…႐ွင္တို႔ကို ေကြၽးေမြးခဲ့တဲ့ ေက်းဇူးေကြၽးေတြကို သံသရာထိပါေအာင္ ဆပ္လိုက္ၾကတဲ့ ႐ွင္တို႔ေတြ အဘလို ဘ၀မ်ိဳး မၾကံဳပါေစနဲ႔လို႔ ဆုေတာင္းေ ပးလိုက္ပါတယ္…..။
ခိုလႈံရာ ခိုကိုးရာမဲ့ ဘိုးဘြားရိပ္သာ
#ThinnShweSinHlaing
http.pr//ေမာင္ေမာင္ျမတ္သူ
=========

မိဘရဲ့ နေဝင်ချ ိန်လေး ကိုတောင် အသိအမှတ်ပြု ပြီး အဖက်မလုပ်တဲ့သား

သားကြီးသြရသရေ…ရှင်တို့ဖေဖေ ဦးကျော်ဆွေလေ…ရှင်တို့ကို မြင်ချင်တွေ့ချင်လွန်းလို့ ပြန်ပို့ဖို့ အစာငတ်ခံ ဆန္ဒပြ ရင်း…” ငါ့သားသမီးတွေ လုပ်ရက်လေခြင်း…”…ဆိုတဲ့စိတ်နဲ့ ဆုံးသွားပါပြီ…ဝမ်းသာကြပါတော့…။
အရမ်းချမ်းအေးလွန်းတဲ့ ဆောင်းညကြီးမှာ အဘကို ဟင်္သာတ ဆိပ်ကမ်းမှာ အားပြတ်လဲနေပြီး တကိုယ်လုံးစိုရွဲကာ လေဖြတ်တော့မယ့်အနေအထားနဲ့ ပြည်တော်အေး ပရဟိတအဖွဲ့က တွေ့ရှိခဲ့တာပါ…။
ဘယ်အချိန်ထဲက ထမင်းမကျွေး ဟင်းမကျွေး ပစ်ထားလဲမသိပါဘူး…အားပြတ်ပြီး လမ်းပင်မလျှောက်နိုင် အီးသေးလဲ မနိုင်တော့ပါဘူး…ဒါနဲ့ ပြည်တော်အေး အဖွဲ့က အဘကိုမေးတော့ သူ့မှာ သားရှိကြောင်း ဖုန်းနံပါတ်ပေးပြီး ဖုန်းဆက်ခိုင်းပါတယ်….။
သူ့သားပြန်ပြောလိုက်တာ အားရစရာကြီးပါ…”….ခင်ဗျားတို့ဟာ ခင်ဗျားတို့ ပို့ချင်ရာပို့ ကျုပ်တို့တောင် မခေါ်ချင်လို့ ပစ်ထားတာ…..”….တဲ့….ကဲ…စွန့်ပစ်ခံဘဝရောက်သွားပါပြီ…ဘယ်သူ့မှ အပြစ်မဆိုတော့ဘဲ ပုံ့တို့ စောင့်ရှောက် ထားလိုက်ပါတယ်…အားပြတ်လို့ ဆေးရုံပြကြည့်တော့ TB ဆိုလို့ ဆေးရုံတင်ဖို့ လုပ်ပါတယ်…ဆေးစားတာနဲ့ ပျောက် တယ်ဆိုလို့ TB ဆေးစတိုက်ပြီး…အားရှိအောင် အကောင်းဆုံးတွေလုပ်ပေးပါတယ်…။
အဘ ထူထူထောင်ထောင်ရှိပြီး လမ်းလျှောက်နိုင်လာတော့ ပြန်ချင်တယ်ပြောပါတယ်…လူကောင်း လို့ဖြစ် လာပါပြီ …ပြန် ချင်တယ်ဆိုပေမဲ့ လက်မခံတာသိထားတော့ ချော့မော့ပြီး အကျိုးအကြောင်းရှင်းပြလို့ နှစ်သိမ့်ရပြန်ပါတယ်…။
ဒါပေမဲ့ အဘကတော့ သူ့သားသမီးတွေ မပစ်ပါဘူး…သူပြန်လို့ရပါတယ်ပြောပြီး…တားတဲ့သူတွေကို ဆဲဆိုလုပ်ပါတယ်… ဒါပေမဲ့ ပုံ့တို့ သေချာချော့ပြီး ပျော်အောင်ထားပေးပါတယ်….ဒါပေမဲ့ သားသမီးတွေ ချစ်လွန်းတဲ့ အဘကတော့ အစာငတ် ခံလို့ ဆန္ဒပြပါတော့တယ်…..။
ထမင်းလဲမစား၊ ဟင်းလဲမစား၊ မုန့်ကျွေးလဲမရတော့ အဘကိုပို့ခဲ့တဲ့ သူတွေကိုဆက်သွယ်ပြီး…သားသမီးတွေဆီ အကြော င်းကြားခိုင်းပါတယ်…လာပို့တဲ့ ပရဟိတအဖွဲ့ကလဲ သားဆီဖုန်းဆက်…ပုံ့တို့ကလဲဆက်…နောက်ဆုံး ရပ်ကွက်လူကြီးပါ ။
သားဆီဖုန်းဆက်ပြီး…အဘရဲ့ နောက်ဆုံးဆန္ဒလေးကို ဖြည့်ပေးဖို့…သူလဲသိပ်နေရတော့မှာ မဟုတ်တဲ့အကြောင်း …သူ တို့ လာမခေါ်နိုင်ရင် ကိုယ်တိုင်လာပို့ပြီး အဘအတွက် အကုန်ပြည့်စုံအောင်စီစဉ်ပေးမယ့်အကြောင်း”….အဘ ဆန္ဒေ လးပြည့်စေဖို့ သားဆိုသူကို တောင်းတောာင်းပန်ပန်နဲ့ကို ခေါ်ခိုင်းခဲ့တာပါ…ဒါပေမဲ့ သားဆိုသူက တချက်မှ လက်ခံမည့် အကြောင်း မပြောခဲ့ပါဘူး…။
ဒါနဲ့ အဘကို ရပ်ကွက်လူကြီးကိုယ်တိုင် အဘသားသမီးတွေက ဒီလိုဒီအကြောင်းပြောပြပြီးတဲ့နောက်မှာတော့…တချိန်လုံး အိမ်ပြန်ချင်တယ်ဆိုပြီး သန်သန်မာမာနဲ့ သောင်းကျန်းခဲ့တဲ့ အဘဟာ…လုံးဝစိတ်လျှော့လိုက်ပြီး ဆန္ဒပြတာမဟုတ်ဘဲနဲ့ကို အစားလဲမစားတော့ဘဲ စိတ်ဓာတ်ကျ အားငယ်ကာ သူ့ဆန္ဒတွေ မပြည့်ဝဘဲ ဆုံးသွားရှာပါတော့တယ်….ပုံ့တို့ အဘကို ကောင်းမွန်စွာ မီးသဂြိုဟ်​ ပေးလိုက်ပါပြီ…။
သားသမီးတွေရေ ကျေနပ်ပါတော့….ရှင်တို့ အဖေကို ရှင်တို့ ဒီဘဝလဲစွန့်ပစ်လိုက်ကြသလို…သံသရာမှာလဲ ရှင်တို့ကို စွဲလမ်းတဲ့စိတ်ကြီးနဲ့ ဆုံးပါးသွားရှာတဲ့ ရှင်တို့ဖေဖေ လားရာကောင်းမှာမဟုတ်တော့ပါဘူး…ရှင်တို့ကို ကျွေးမွေးခဲ့တဲ့ ကျေးဇူးကျွေးတွေကို သံသရာထိပါအောင် ဆပ်လိုက်ကြတဲ့ ရှင်တို့တွေ အဘလို ဘဝမျိုး မကြုံပါစေနဲ့လို့ ဆုတောင်းေ ပးလိုက်ပါတယ်…..။
ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာ
#ThinnShweSinHlaing
http.pr//မောင်မောင်မြတ်သူ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...