လစဥ္ ရရွိသည့္ လစာအေပၚအခြန္ေငြေပးေဆာင္ရမည္



သက္ေမြးပညာရပ္ တစ္ခုခုျဖင့္ လစဥ္ရရွိသည့္ လစာ အေပၚမွ အခြန္ ေငြ မေပးေဆာင္သူမ်ားကို အခြန္ ဥပေဒ မ်ားအရ အေရးယူမည္ျဖစ္ေၾကာင္း ျပည္တြင္း အခြန္မ်ား ဦးစီးဌာနက ထုတ္ျပန္သည္။ ဝင္ေငြခြန္ ဥပေဒ တြင္ လစာ၊ လုပ္ခ၊ ႏွစ္စဥ္ေၾကး၊ ပင္စင္၊ က႐ုဏာေၾကးႏွင့္ လစာ ၊ လုပ္ခအစား (သို႔မဟုတ္) ယင္းတို႔အျပင္ ထပ္ေဆာင္းရရွိသည့္ အခေၾကးေငြ၊ ေကာ္မရွင္၊ အက်ိဳးခံစားခြင့္တို႔ ေပါင္းစည္းရရွိရာမွ တစ္ႏွစ္လွ်င္ က်ပ္သိန္း ၂၀ ေက်ာ္ ရရွိသူမ်ားသည္ အခြန္စည္းၾကပ္ထိုက္သူမ်ား ျဖစ္သည့္အတြက္ လာေရာက္ လုပ္ေဆာင္ရမည္ျဖစ္ေသာ္လည္း မေပးေဆာင္သည့္အတြက္ ထိုသို႔ ထုတ္ျပန္ျခင္းျဖစ္သည္။

“လစာ အခြန္ ေပးမယ့္သူေတြအေနနဲ႔ သက္ဆိုင္ရာ ၿမိဳ႕နယ္ အခြန္႐ံုးေတြက တစ္ဆင့္ ေပးေဆာင္ရမွာပါ။ နားမလည္တာေတြ၊ လိုအပ္တာေတြ ရွိေနရင္လည္း ေမးျမန္းလို႔ ရႏိုင္ပါတယ္”ဟု

ျပည္တြင္း အခြန္မ်ား ဦးစီးဌာနမွ အႀကီးတန္းအရာရွိ တစ္ဦးက ေျပာဆိုသည္။ ထို႔အျပင္ အထက္ပါ လစာ ဝင္ေငြခြန္ကို တစ္ဦးတစ္ေယာက္ပိုင္ လုပ္ငန္းျဖစ္လွ်င္ ပိုင္ရွင္ ကိုယ္တိုင္ကလည္းေကာင္း၊ ပုဂၢိဳလ္စုပိုင္ျဖစ္လွ်င္ ထိုပုဂၢိဳလ္စုကလည္း ေကာင္း၊ အစိုးရ (သို႔မဟုတ္) ေဒသဆိုင္ရာ အာဏာပိုင္ အဖြဲ႔အစည္းျဖစ္လွ်င္ ေငြ ထုတ္ေပးရန္ တာဝန္ရွိသူ စီမံခန္႔ခြဲေရးဝန္ထမ္းကလည္းေကာင္း တာဝန္ယူ၍ က်သင့္အခြန္ကို ႏုတ္ယူ ေပးသြင္းရမည္ျဖစ္ေၾကာင္း ၂၀၁၇ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒတြင္ သတ္မွတ္ ျပ႒ာန္းထားသည္။

ယခုဘ႑ာႏွစ္အတြက္ သက္ေမြးဝမ္းေက်ာင္း ပညာရပ္မ်ားမွတစ္ဆင့္ လစာအေပၚမွ အခြန္ေဆာင္မည့္သူမ်ားသည္ ၂၀၁၆ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒက သတ္မွတ္ထားသည့္ ႏႈန္းထားမ်ားအတိုင္း ေပးေဆာင္ရမည္ျဖစ္ေၾကာင္း၊ ယင္းဥပေဒအရ တစ္ႏွစ္လွ်င္ ဝင္ေငြ က်ပ္ ၄၈ သိန္း ရရွိသူသည္ ဝင္ေငြခြန္ ေပးေဆာင္ရမည္ မဟုတ္ဘဲ အေျခခံ သက္သာခြင့္ ၂၀ ရာခိုင္ႏႈန္းအျပင္ အတူေန မိဘတစ္ဦးလွ်င္ က်ပ္ ၁၀ သိန္း၊ ဇနီး၊ ခင္ပြန္းရွိသူ အေနျဖင့္ က်ပ္ ၁၀ သိန္းႏွင့္ သားသမီးတစ္ဦးလွ်င္ က်ပ္ ငါးသိန္း သက္သာခြင့္ ရရွိမည္ျဖစ္သည္။ တစ္ႏွစ္လွ်င္ သုညက်ပ္မွ သိန္းႏွစ္ဆယ္အထိကို သုညရာခိုင္ႏႈန္း၊ ၂,ဝ၀ဝ,ဝ၀၁ မွ ၅,ဝ၀ဝ,ဝ၀ဝ ထိကို ၅ ရာခိုင္ႏႈန္း၊ ၅,ဝ၀ဝ,ဝ၀၁ မွ ၁၀,ဝ၀ဝ,ဝ၀ဝ ထိကို ၁၀ ရာခိုင္ႏႈန္း၊ ၁၀,ဝ၀ဝ,ဝ၀၁ မွ ၂၀,ဝ၀ဝ,ဝ၀ဝ ထိကို ၁၅ ရာခိုင္ႏႈန္း၊ က်ပ္ ၂၀,ဝ၀ဝ,ဝ၀၁ မွ ၃၀,ဝ၀ဝ,ဝ၀ဝ ထိကို ၂၀ ရာခိုင္ႏႈန္းႏွင့္ က်ပ္ ၃၀,ဝ၀ဝ,ဝ၀၁ ႏွင့္အထက္ ရရွိသူမ်ားအေနႏွင့္ ၂၅ ရာခိုင္ႏႈန္း ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ယင္းဥပေဒတြင္ သတ္မွတ္ထားသည္။

Credit : the voice

Unicode
သက်မွေးပညာရပ် တစ်ခုခုဖြင့် လစဉ်ရရှိသည့် လစာ အပေါ်မှ အခွန် ငွေ မပေးဆောင်သူများကို အခွန် ဥပဒေ များအရ အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက ထုတ်ပြန်သည်။ ဝင်ငွေခွန် ဥပဒေ တွင် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ပင်စင်၊ ကရုဏာကြေးနှင့် လစာ ၊ လုပ်ခအစား (သို့မဟုတ်) ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်၊ အကျိုးခံစားခွင့်တို့ ပေါင်းစည်းရရှိရာမှ တစ်နှစ်လျှင် ကျပ်သိန်း ၂၀ ကျော် ရရှိသူများသည် အခွန်စည်းကြပ်ထိုက်သူများ ဖြစ်သည့်အတွက် လာရောက် လုပ်ဆောင်ရမည်ဖြစ်သော်လည်း မပေးဆောင်သည့်အတွက် ထိုသို့ ထုတ်ပြန်ခြင်းဖြစ်သည်။

“လစာ အခွန် ပေးမယ့်သူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ် အခွန်ရုံးတွေက တစ်ဆင့် ပေးဆောင်ရမှာပါ။ နားမလည်တာတွေ၊ လိုအပ်တာတွေ ရှိနေရင်လည်း မေးမြန်းလို့ ရနိုင်ပါတယ်”ဟု

ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောဆိုသည်။ ထို့အပြင် အထက်ပါ လစာ ဝင်ငွေခွန်ကို တစ်ဦးတစ်ယောက်ပိုင် လုပ်ငန်းဖြစ်လျှင် ပိုင်ရှင် ကိုယ်တိုင်ကလည်းကောင်း၊ ပုဂ္ဂိုလ်စုပိုင်ဖြစ်လျှင် ထိုပုဂ္ဂိုလ်စုကလည်း ကောင်း၊ အစိုးရ (သို့မဟုတ်) ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းဖြစ်လျှင် ငွေ ထုတ်ပေးရန် တာဝန်ရှိသူ စီမံခန့်ခွဲရေးဝန်ထမ်းကလည်းကောင်း တာဝန်ယူ၍ ကျသင့်အခွန်ကို နုတ်ယူ ပေးသွင်းရမည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတွင် သတ်မှတ် ပြဋ္ဌာန်းထားသည်။

ယခုဘဏ္ဍာနှစ်အတွက် သက်မွေးဝမ်းကျောင်း ပညာရပ်များမှတစ်ဆင့် လစာအပေါ်မှ အခွန်ဆောင်မည့်သူများသည် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေက သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းဥပဒေအရ တစ်နှစ်လျှင် ဝင်ငွေ ကျပ် ၄၈ သိန်း ရရှိသူသည် ဝင်ငွေခွန် ပေးဆောင်ရမည် မဟုတ်ဘဲ အခြေခံ သက်သာခွင့် ၂၀ ရာခိုင်နှုန်းအပြင် အတူနေ မိဘတစ်ဦးလျှင် ကျပ် ၁၀ သိန်း၊ ဇနီး၊ ခင်ပွန်းရှိသူ အနေဖြင့် ကျပ် ၁၀ သိန်းနှင့် သားသမီးတစ်ဦးလျှင် ကျပ် ငါးသိန်း သက်သာခွင့် ရရှိမည်ဖြစ်သည်။ တစ်နှစ်လျှင် သုညကျပ်မှ သိန်းနှစ်ဆယ်အထိကို သုညရာခိုင်နှုန်း၊ ၂,ဝဝဝ,ဝဝ၁ မှ ၅,ဝဝဝ,ဝဝဝ ထိကို ၅ ရာခိုင်နှုန်း၊ ၅,ဝဝဝ,ဝဝ၁ မှ ၁၀,ဝဝဝ,ဝဝဝ ထိကို ၁၀ ရာခိုင်နှုန်း၊ ၁၀,ဝဝဝ,ဝဝ၁ မှ ၂၀,ဝဝဝ,ဝဝဝ ထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ် ၂၀,ဝဝဝ,ဝဝ၁ မှ ၃၀,ဝဝဝ,ဝဝဝ ထိကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ် ၃၀,ဝဝဝ,ဝဝ၁ နှင့်အထက် ရရှိသူများအနေနှင့် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ယင်းဥပဒေတွင် သတ်မှတ်ထားသည်။

Credit : the voice

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...