ဗိုလ္ခ်ဳပ္ႀကီးရဲ႕ သံေ၀ဂ

ဗိုလ္ခ်ဳပ္ႀကီးရဲ႕ သံေ၀ဂ

တိုင္းျပည္သယံဇာတ တရားမ၀င္ ထုတ္လုပ္ေရာင္းခ်ေနမႈမ်ားအား တပ္မေတာ္က ဖမ္းဆီးရမိခဲ့သည့္ ပမာဏသည္ပင္ အေျမာက္အျမားရိွခဲ့ၿပီး ျပည္ပသို႔တရားမ၀င္ေရာက္ရိွသြားသည့္ သယံဇာတ ပမာဏသည္ ခန္႔မွန္း၍မရႏိုင္သည့္အတြက္ ႏွေျမာစရာ၊ သံေ၀ဂရစရာေကာင္းေၾကာင္း ညိွႏိႈင္းကြပ္ကဲေရးမွဴး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးက ေျပာၾကားသည္။
''တ႐ုတ္ႏိုင္ငံကို အလည္သြားခဲ့စဥ္က ကြမ္က်ဳိးျမိဳ႕ကို ေရာက္ပါသည္။ ကြ်န္ေတာ္တို႔တည္းတဲ့ဟိုတယ္မွာ ေက်ာက္စိမ္းေတြနဲ႔ အလွဆင္ထားပါတယ္။ ေက်ာက္စိမ္းေဈးႀကီး ကြမ္က်ဳိးမွာရိွတယ္။ ေက်ာက္စိမ္းေတြ ဘယ္ကရသလဲေမးေတာ့ ျမန္မာႏိုင္ငံကရတာတဲ့။ ကမၻာေပၚမွာ အႀကီးဆံုး ေက်ာက္စိမ္းေဈးတဲ့။ ဒီပစၥည္းေတြ ဘယ္လိုနည္းနဲ႔ေရာက္သြားသလဲ။ အင္မတန္ ႏွေျမာဖို႔ေကာင္းပါတယ္''ဟု ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးက ေျပာၾကားခဲ့သည္။
ေဖေဖာ္၀ါရီ ၂၈ ရက္တြင္ ေနျပည္ေတာ္၊ ဘုရင့္ေနာင္ရိပ္သာ၌ ရခိုင္ျပည္နယ္၊ ေမာင္ေတာေဒသ အၾကမ္းဖက္မႈျဖစ္စဥ္၊ ရွမ္းျပည္နယ္အေရွ႕ေျမာက္ေဒသ၌ တိုင္းရင္းသားလက္နက္ကိုင္မ်ားႏွင့္ ျဖစ္ပြားခဲ့သည့္တိုက္ပဲြမ်ားႏွင့္ပတ္သက္၍ ျပဳလုပ္သည့္သတင္းစာရွင္းလင္းပဲြတြင္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးက ထိုသို႔ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
အဆိုပါသတင္းစာရွင္းလင္းပဲြတြင္ ထုတ္ျပန္ခဲ့သည့္ အခ်က္အလက္မ်ားအရ ၂၀၁၇ ခုႏွစ္ ေဖေဖာ္၀ါရီ ၉ ရက္တြင္ ကခ်င္ျပည္နယ္၊ ဖားကန္႔ေဒသမွ တရားမ၀င္ေက်ာက္စိမ္းသယ္ေဆာင္လာသည့္ ကားမ်ား၏ ေအာက္ၾကမ္းခင္းနွင့္ ေရတိုင္ကီမ်ားအတြင္း တရားမ၀င္ေက်ာက္စိမ္း (ခန္႔မွန္း ၂၁ တန္ေက်ာ္) သို၀ွက္သယ္ ေဆာင္လာသည္ကို တပ္မေတာ္နွင့္တာ၀န္ရိွသူမ်ားက ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ''ေနာက္တခုက သစ္နဲ႔ပတ္သက္လို႔ ၂၀၁၆ ခုနွစ္အတြင္းမွာ သစ္တန္ခိ်န္ ေပါင္း ၈၅၄၁ ဒသမ ၃၈ တန္ျဖစ္ျပီး ကာလတန္ဖိုး ကေတာ့ က်ပ္သိန္း ၄၆၅၈၀ တန္ဖိုးရိွပါတယ္။ ေျမာက္ျမားလွစြာေသာ ေငြပမာဏေတြသည္ ဖမ္းဆီးရမိတဲ့အေပၚ တြက္ထားတဲ့တန္ဖိုးေတြ ျဖစ္ပါတယ္။ ဖမ္းဆီးရမိမႈမရိွဘဲ ျပည္ပသို႔ေရာက္သြားတဲ့ အေရအတြက္ ဘယ္ေလာက္ရိွေနလဲ။ ႏိုင္ငံေတာ္အတြက္ ဘယ္ေလာက္ဆံုးရံႈးနစ္နာေနၿပီလဲဆိုတာ ကြ်န္ေတာ္တို႔သံေ၀ဂရစရာေတြ ေကာင္းတဲ့အေနအထား ျဖစ္ပါတယ္''ဟုလည္း ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးက ေျပာၾကားခဲ့သည္။
၂၀၁၇ ခုနွစ္ ဇန္န၀ါရီ ၁၃ ရက္ႏွင့္ ၁၈ ရက္တို႔တြင္ ကင္းေထာက္ေလယာဥ္မ်ား၏ေထာက္လွမ္းမႈျဖင့္ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ဆက္စပ္နယ္ေျမတြင္ ေရႊလီျမစ္အနီးစုပံုထားသည့္ သစ္မ်ား၊ သစ္တင္ယာဥ္မ်ားေတြ႕ရိွရေသာေၾကာင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားက နယ္ေျမရွင္းလင္းရာတြင္ တရားမ၀င္သစ္မ်ဳိးစံု ၄၂၇ တန္၊ သစ္တင္ယာဥ္မ်ဳိးစံု ၇၅ စီး၊ သစ္စက္ ၈ လံုး၊ စက္ေလွ ၄ စီးတို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္းလည္း အဆိုပါ သတင္းစာရွင္းလင္းပဲြအခ်က္အလက္မ်ားအရ သိရသည္။ ၂၀၁၆ ခုႏွစ္အတြင္း မူးယစ္ေဆး၀ါးဖမ္းဆီးရရိွမႈအေနျဖင့္ ဘိန္းျဖဴ၊ ဘိန္းစိမ္း၊ ဘိန္းမည္း၊ ေဆးေျခာက္ႏွင့္ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား တန္ဖိုးအားျဖင့္ ေငြက်ပ္ ၁၆၃ ဒမသ ၆၃ ဘီလီယံေက်ာ္အားလည္းေကာင္း၊ ၂၀၁၇ ခုႏွစ္ ဇန္န၀ါရီလတြင္လည္း ဘိန္းျဖဴ ၅ ဒသမ ၃၉ ကီလိုဂရမ္၊ ဘိန္းစိမ္း ၁ ဒသမ ၉ ကီလိုဂရမ္၊ ဘိန္းဆီ ၀ ဒသမ ၀၃ ကီလိုဂရမ္၊ စိတ္ၾကြရူးသြပ္ ေဆးျပား ၁ ဒသမ ၃ သိန္းျပား၊ တန္ဖိုးအားျဖင့္ ေငြ က်ပ္ ၁ ဒသမ ၂၂ ဘီလီယံေက်ာ္အားလည္းေကာင္း၊ ၂၀၁၇ ခုႏွစ္ ေဖေဖာ္၀ါရီ ၂၆ ရက္တြင္ ဟဲဟိုးၿမိဳ႕နယ္ ဘ၀သံသရာ တံတားအနီး၌ စိတ္ၾကြရူးသြပ္ေဆးျပား ၆၀ ဒသမ ၅ သိန္းျပား၊ တန္ဖိုးအားျဖင့္ ေငြ က်ပ္ ၆ ဒသမ ၀၅ ဘီလီယံ ခန္႔အားလည္းေကာင္း တပ္မေတာ္က ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ 
ထြန္း(ေနျပည္ေတာ္)
#News watch
ဗိုလ်ချုပ်ကြီးရဲ့ သံဝေဂ

တိုင်းပြည်သယံဇာတ တရားမဝင် ထုတ်လုပ်ရောင်းချနေမှုများအား တပ်မတော်က ဖမ်းဆီးရမိခဲ့သည့် ပမာဏသည်ပင် အမြောက်အမြားရှိခဲ့ပြီး ပြည်ပသို့တရားမဝင်ရောက်ရှိသွားသည့် သယံဇာတ ပမာဏသည် ခန့်မှန်း၍မရနိုင်သည့်အတွက် နှမြောစရာ၊ သံဝေဂရစရာကောင်းကြောင်း ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားသည်။
''တရုတ်နိုင်ငံကို အလည်သွားခဲ့စဉ်က ကွမ်ကျိုးမြို့ကို ရောက်ပါသည်။ ကျွန်တော်တို့တည်းတဲ့ဟိုတယ်မှာ ကျောက်စိမ်းတွေနဲ့ အလှဆင်ထားပါတယ်။ ကျောက်စိမ်းဈေးကြီး ကွမ်ကျိုးမှာရှိတယ်။ ကျောက်စိမ်းတွေ ဘယ်ကရသလဲမေးတော့ မြန်မာနိုင်ငံကရတာတဲ့။ ကမ္ဘာပေါ်မှာ အကြီးဆုံး ကျောက်စိမ်းဈေးတဲ့။ ဒီပစ္စည်းတွေ ဘယ်လိုနည်းနဲ့ရောက်သွားသလဲ။ အင်မတန် နှမြောဖို့ကောင်းပါတယ်''ဟု ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ၌ ရခိုင်ပြည်နယ်၊ မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၌ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများနှင့်ပတ်သက်၍ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ကြီးမြထွန်းဦးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှ တရားမဝင်ကျောက်စိမ်းသယ်ဆောင်လာသည့် ကားများ၏ အောက်ကြမ်းခင်းနှင့် ရေတိုင်ကီများအတွင်း တရားမဝင်ကျောက်စိမ်း (ခန့်မှန်း ၂၁ တန်ကျော်) သိုဝှက်သယ် ဆောင်လာသည်ကို တပ်မတော်နှင့်တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ''နောက်တခုက သစ်နဲ့ပတ်သက်လို့ ၂၀၁၆ ခုနှစ်အတွင်းမှာ သစ်တန်ချိန် ပေါင်း ၈၅၄၁ ဒသမ ၃၈ တန်ဖြစ်ပြီး ကာလတန်ဖိုး ကတော့ ကျပ်သိန်း ၄၆၅၈၀ တန်ဖိုးရှိပါတယ်။ မြောက်မြားလှစွာသော ငွေပမာဏတွေသည် ဖမ်းဆီးရမိတဲ့အပေါ် တွက်ထားတဲ့တန်ဖိုးတွေ ဖြစ်ပါတယ်။ ဖမ်းဆီးရမိမှုမရှိဘဲ ပြည်ပသို့ရောက်သွားတဲ့ အရေအတွက် ဘယ်လောက်ရှိနေလဲ။ နိုင်ငံတော်အတွက် ဘယ်လောက်ဆုံးရှုံးနစ်နာနေပြီလဲဆိုတာ ကျွန်တော်တို့သံဝေဂရစရာတွေ ကောင်းတဲ့အနေအထား ဖြစ်ပါတယ်''ဟုလည်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နှင့် ၁၈ ရက်တို့တွင် ကင်းထောက်လေယာဉ်များ၏ထောက်လှမ်းမှုဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဆက်စပ်နယ်မြေတွင် ရွှေလီမြစ်အနီးစုပုံထားသည့် သစ်များ၊ သစ်တင်ယာဉ်များတွေ့ရှိရသောကြောင့် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရာတွင် တရားမဝင်သစ်မျိုးစုံ ၄၂၇ တန်၊ သစ်တင်ယာဉ်မျိုးစုံ ၇၅ စီး၊ သစ်စက် ၈ လုံး၊ စက်လှေ ၄ စီးတို့အား ဖမ်းဆီးရမိခဲ့ကြောင်းလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲအချက်အလက်များအရ သိရသည်။ ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုအနေဖြင့် ဘိန်းဖြူ၊ ဘိန်းစိမ်း၊ ဘိန်းမည်း၊ ဆေးခြောက်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ တန်ဖိုးအားဖြင့် ငွေကျပ် ၁၆၃ ဒမသ ၆၃ ဘီလီယံကျော်အားလည်းကောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင်လည်း ဘိန်းဖြူ ၅ ဒသမ ၃၉ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁ ဒသမ ၉ ကီလိုဂရမ်၊ ဘိန်းဆီ ၀ ဒသမ ၀၃ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၃ သိန်းပြား၊ တန်ဖိုးအားဖြင့် ငွေ ကျပ် ၁ ဒသမ ၂၂ ဘီလီယံကျော်အားလည်းကောင်း၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဟဲဟိုးမြို့နယ် ဘဝသံသရာ တံတားအနီး၌ စိတ်ကြွရူးသွပ်ဆေးပြား ၆၀ ဒသမ ၅ သိန်းပြား၊ တန်ဖိုးအားဖြင့် ငွေ ကျပ် ၆ ဒသမ ၀၅ ဘီလီယံ ခန့်အားလည်းကောင်း တပ်မတော်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထွန်း(နေပြည်တော်)
#News watch

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...