သိန်း (၇၀) တန်​ဖိနပ်စီးပြီးအကယ်ဒမီပေးပွဲတက်လာတဲ့ရွှေမှုံရတီ

ဖိနပ်က သိန်း ၇၀ လောက် တန်တယ်လို့ ယူဆရပါတယ်။


play
သရုပ်ဆောင်ရွှေမှုံရတီက စင်ဒရဲလားဖိနပ်လေးနဲ့ အကယ်ဒမီပေးပွဲသို့ တက်ရောက်မယ်လို့ အဓိပ္ပာယ်ရတဲ့ စာသားလေးနဲ့အတူ အရမ်းလှတဲ့ ဖိနပ်လေးနဲ့ ဖိနပ်နဲ့ ဒီဇိုင်းတူ လက်သည်းဆိုးထားတဲ့ လက်လေးကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တင်ထားပါတယ်။
"Cinderella shoes for ACADEMY" လို့ ဖေ့စ်ဘွတ်မှာ ရေးသားပြီး သူမရဲ့ Feeling မှာ လှပတယ်လို့ ခံစားရကြောင်း ဖော်ပြပါသေးတယ်။
play

သူမရဲ့ပို့စ်အောက်မှာ ဒီဇိုင်နာမျိုးမင်းစိုးက "သိန်း ၇၀ တန် ဖိနပ်ကြီးပေါ့" လို့ ကွန်မန့်ပေးထားတာကို တွေ့ရပါတယ်။ အဲဒီကွန်မန့်ကို ရွှေမှုံရတီက ဘာမှ ပြန်မဖြေထားပေမဲ့ ငြင်းလည်း ငြင်းမထားပါဘူး။
 အစကတော့ အကယ်ဒမီပေးပွဲကို ကျန်းမာရေးအခြေအနေကြောင့် မတက်တော့ဘူးလို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပေမယ့် ဒီဇိုင်နာကြောင့် အကယ်ဒမီပေးပွဲကို တက်ရောက်ဖြစ်သွားပါတယ်။ သူမဝတ်ထားတဲ့ အနက်ရောင် အကယ်ဒမီပွဲတက်ဝတ်စုံကို ဒီဇိုင်နာ ကိုကောင်းမြတ်က စီစဉ်ပေးထားတာ ဖြစ်ပါတယ်။
play

၂၀၁၆ခုနှစ်ထဲမှာ ဘွန္တောကြက်သူခိုး ၊ အနူးဗစ်၊ မှော်ကျောက်စာ၊ အချစ်စစ်၊ ကျွန်တော်ကျွန်မယောက်ျား ဗိုက်ကြီးသယ် စတဲ့ ဇာတ်ကားများမှာ ပါဝင်ထားတဲ့ ရွှေမှုံရတီကတော့ အကယ်ဒမီကို ရင်မခုန်ဘူးလို့ ဆိုပါတယ်။ ငယ်ရွယ်ပြီး ကျရာဇာတ်ရုပ်ကို ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တဲ့ သူမက ဇာတ်ကားတိုင်းမှာ သရုပ်ဆောင်ပီပြင်အောင် သရုပ်ဆောင်ချင်သေးတယ်လို့ 7day TV ကို ဖြေဆိုဖူးပါတယ်။
play
ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာသူတစ်ဦးဖြစ်ပြီး အသက်(၁၈) နှစ် ကျော်သာ ရှိသေးတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုဆိုရင် ရွှေမှုံရတီဟာ ဗီဒီယို ဇာတ်ကားများသာမက ရုပ်ရှင်ဇာတ်ကားတွေကိုပါ လက်ခံရိုက်ကူးလာရတဲ့ နာမည်ရသရုပ်ဆောင်တစ်ဦး ဖြစ်လို့နေရပါပြီ။
http://www.duwun.com.mm

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...