မုဒိန်းသမား သုံးယောက်လုံးကို အလဲထိုးတိုက်ပြီးမှ ရဲကိုအကြောင်းကြာားတဲ့ ကောင်မလေး


SAW
Kelab Info Malaysia
============

လူမှားသွားတဲ့ မုဒိန်းသမားများ

မလေးရှားနိုင်ငံ Penampang ပနမ်ပင် ခရိုင် အတွင်းက အဝေးပြေး လမ်းမကြီးမှာ တရုတ်နွယ်ဖွား Alice Lien Hua အဲလစ် လိုင်ဟွာ အသက်(၂၀ )မောင်းလာတဲ့ ကားကို နောက်ကနေ လိုက်လာတဲ့ ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက ဘေးကနေ ပွတ်ဆွဲပြီး ကားလမ်းဘေးမှာ ရပ်သွားအောင်လုပ်ခဲ့ပါတယ်၊
သူမကားပေါ်က ဆင်းလာတဲ့အချိန်မှာ တစ်ဦးက ဓါးနဲ ့ထောက်ပြီး ပထမ ပါလာတာ ထုတ်ပေးဘို ့တောင်းယုံတင်မက သူမကိုလမ်းမဘေးက ခြုံထဲကိုအတင်းဆွဲခေါ်ပြီး မုဒိန်းကျင့် ဘို ့ကြိုးစား ခဲ့ကြပါတယ်။
အသက်အန္တရယ်ရင်ဆိုင်နေရတဲ့အချိန်မှာ အဲလစ်ဟာ အမျိုးသားနှစ်ဦးကို လဲကျသွားအောင် တိုက်ခိုက်နိုင်ခဲ့ပြီး ကားနဲ ့ပါ တိုက်ခဲ့ကြီးတဲ့နောက်မှာ ရဲတွေကို အကြောင်းကြားခဲ့ပါတယ်။
မလေးနိုင်ငံသား မဟုတ်တဲ့ တရားခံ အမျိုးသားနှစ်ဦးဟာ ဒဏ်ရာပြင်းထန်ရသွားပြီး ဆေးရုံမှာ သတိမေပြီး (ကိုးမား) ဖြစ်နေကြတယ်လို ့ရဲတွေက ပြောပါတယ်။
ရဲစစ်ချက်မှတ်တမ်းအရ အဲလစ်ဟာ ကိုယ်ခံပညာ တိုက်ကွမ်ဒို ခါးပတ်နက်ရထားသူဖြစ်ပြီး ယခုဖြစ်ရပ်မှာ မိမိကိုယ်မိမိ ခုခံကာကွယ်ခဲ့တာကိုအပြစ်မယူပေမယ့် ကားနဲ ့တိုက်လိုက်တဲ့အထိ ဒေါ်သကြီးကြီး လုပ်ခဲ့လို ့ သတိပေးခံရတယ်လို ့သိရပါတယ်။
SAW
Kelab Info Malaysia

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...