ပဲခူးတိုင္းေဒသႀကီး၊ ထန္းတပင္ၿမိဳ႕နယ္က လယ္ကြင္းအတြင္းရွိ သရက္ပင္ေပၚမွာ မေန႔မနက္ပုိင္းက ၉ တန္းေက်ာင္းသားနဲ႔ေက်ာင္းသူ ၂ ဦး ႀကိဳးဆြဲခ်ေသဆုံးမႈျဖစ္ပြားခဲ့ပါတယ္။
ေစးဘုိေက်းရြာအုပ္စု၊ ေတာကုန္းေက်းရြာအနီးရွိ ထိုလြီ၀ါး အထက (ကရင္ေက်ာင္း) ေန ၁၉ ႏွစ္အရြယ္ ေစာစိန္မာလင္းနဲ႔ ေနာ္ကဘုိးေဖာတုိ႔ႏွစ္ဦးမွာ ႀကိဳးဆြဲခ်ေသဆုံးမႈျဖစ္ပြားခဲ့တာလုိ႔ ထန္းတပင္ၿမိဳ႕မရဲစခန္း တာဝန္ရွိသူတဦးက ဒီဗြီဘီကိုေျပာပါတယ္။
“ေက်ာင္းသားေလးေတြဗ်၊ ႏွစ္ေယာက္လံုးက သူတို႔က ေဘာ္ဒါ အတူတက္တာလို႔ ေတာ့ အၾကမ္းဖ်င္းသိရယ္။ အခုသူတို႔ ျဖစ္တာက လယ္ကြင္းထဲက သရက္ပင္မွာ ႀကိဳးက ၁၅ ေပေလာက္ရွည္တယ္။ ဟိုဘက္ထိပ္ဒီဘက္ထိပ္မွာ သူတို႔ ခ်ည္ၿပီးခုန္ခ်တဲ့ သေဘာေပါ့။ ႀကိဳးကေတာ့ အရင္ကတည္းက တမင္ယူလာပံုရတယ္။”
သူတုိ႔ႏွစ္ဦးလုံးမွာ ျပင္ပဒဏ္ရာေတြ မေတြ႔ရွိရပဲ လည္ပင္းမွာ ႀကိဳးပြန္းညိဳမဲဒဏ္ရာေတြနဲ႔ ေသဆုံးေနတာလုိ႔ ဆုိပါတယ္။ ေသဆုံးသူ ႏွစ္ဦးဟာ သမီးရည္းစားေတြျဖစ္ၾကၿပီး မိဘေတြက သေဘာမတူတဲ့အတြက္ ႀကိဳးဆြဲခ်ေသဆုံးသြားတာလုိ႔ အနီးပတ္၀န္းက်င္ရွိ ရွားေစးဖုိရြာသားတဦးက ေျပာေၾကာင္း ထန္းတပင္ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္း ရဲမွတ္တမ္းေတြအရ သိရပါတယ္။
ေစာစိန္မာလင္း(ခ)ရွယ္လဲလယ္နဲ႔ ေနာကဘုိးေဖာတုိ႔ ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ထန္းတပင္ၿမိဳ႕မရဲစခန္းက ေသမႈေသခင္း အမွတ္စဥ္ ၂/၂၀၁၇ နဲ႔ အမႈဖြင့္စစ္ေဆး ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။
DVB
====
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်က လယ်ကွင်းအတွင်းရှိ သရက်ပင်ပေါ်မှာ မနေ့မနက်ပိုင်းက ၉ တန်းကျောင်းသားနဲ့ကျောင်းသူ ၂ ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
စေးဘိုကျေးရွာအုပ်စု၊ တောကုန်းကျေးရွာအနီးရှိ ထိုလွီဝါး အထက (ကရင်ကျောင်း) နေ ၁၉ နှစ်အရွယ် စောစိန်မာလင်းနဲ့ နော်ကဘိုးဖောတို့နှစ်ဦးမှာ ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့တာလို့ ထန်းတပင်မြို့မရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။
“ကျောင်းသားလေးတွေဗျ၊ နှစ်ယောက်လုံးက သူတို့က ဘော်ဒါ အတူတက်တာလို့ တော့ အကြမ်းဖျင်းသိရယ်။ အခုသူတို့ ဖြစ်တာက လယ်ကွင်းထဲက သရက်ပင်မှာ ကြိုးက ၁၅ ပေလောက်ရှည်တယ်။ ဟိုဘက်ထိပ်ဒီဘက်ထိပ်မှာ သူတို့ ချည်ပြီးခုန်ချတဲ့ သဘောပေါ့။ ကြိုးကတော့ အရင်ကတည်းက တမင်ယူလာပုံရတယ်။”
သူတို့နှစ်ဦးလုံးမှာ ပြင်ပဒဏ်ရာတွေ မတွေ့ရှိရပဲ လည်ပင်းမှာ ကြိုးပွန်းညိုမဲဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။ သေဆုံးသူ နှစ်ဦးဟာ သမီးရည်းစားတွေဖြစ်ကြပြီး မိဘတွေက သဘောမတူတဲ့အတွက် ကြိုးဆွဲချသေဆုံးသွားတာလို့ အနီးပတ်ဝန်းကျင်ရှိ ရှားစေးဖိုရွာသားတဦးက ပြောကြောင်း ထန်းတပင်မြို့နယ် မြို့မရဲစခန်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။
စောစိန်မာလင်း(ခ)ရှယ်လဲလယ်နဲ့ နောကဘိုးဖောတို့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ထန်းတပင်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၇ နဲ့ အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
DVB
0 comments :
Post a Comment