အင်းစိန်ထောင်မှာ မွေးနေ့လုပ်မယ့် ဆက်စီ မော်ဒယ်


ဆက်စီ ပိုစ့် များရိုက်ကူး၍နာမည်ကြီးလာသော ဆရာမဝန်မလေး မော်ဒယ် နန်းမွေစံကတော့ သူတစ်ကာထက် တမူထူးခြားတယ်ဆိုရမှာပါ … ။


သူမရဲ့ မွေးနေ့ပွဲကို အင်းစိန်အကျဉ်းထောင်မှာ အလှုပြုလုပ်သွားမှာပါတဲ့ …။

” အင်းစိန်ထောင်မှာ အလှုလုပ်ဖို့ စဉ်းစားထားတယ် … ဒါကလုပ်ချင်ခဲ့တာကြာပြီ … အရင်ကတော့အခြားနေရာတွေမှာ နှစ်စဉ်လှုဒါန်းတယ် ဒီနေရာမှာလှုတာ ပထမဆုံးပါ ” လို့လဲဆိုပါတယ် ။


မော်ဒယ် နန်းမွေစံကတော့ အလှဓါတ်ပုံတွေ ရိုက်ကူးတဲ့ အပြင် ပန်းချီ သီချင်းဆိုတာတွေကိုလဲ ၀ါသနာပါပါတယ်လို့ဆိုပါတယ် ။ ရုပ်ရှင် ဗီဒီယိုတွေလဲ နောက်ဆက်လက်ပြီး ရိုက်ကူးသွားမှာပါတဲ့ ။


မော်ဒယ် သင်တန်းကို တက်ရောက်ခဲ့ခြင်းမရှိသော်လည်း ဆက်စီ ဓါတ်ပုံများဖြင့်နာမည်ကျော်ကြားလာပြီး လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာများ၊ MTV များအပြင် မဂ္ဂဇင်းမျက်နှာဖုံးများကိုလဲ လက်ခံရိုက်ကူးပေးနေပါတယ် ။


Source : popular
Credit to myanmarload
Link story : http://www.myanmarload.com/news/4308

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...