ဘဝမွာ ဖုံးကြယ္ၿပီး လုပ္ခဲ့တာ တစ္ခုမွ မရွိပါဘူးဆိုတဲ့ ဝိုင္းစုခိုင္သိန္း

နာမည္ေက်ာ္ ေတးသံရွင္နဲ႔ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ဝိုင္းစုခိုင္သိန္းက ဘဝမွာ ျဖတ္သန္းခဲ့တဲ့ ကာလတစ္ေလွ်ာက္မွာ ဖုံးကြယ္ၿပီး လုပ္ခဲ့တာ တစ္ခုမွ မရွိပါဘူးလို႔ ေျပာၾကားပါတယ္။

“ကိုယ့္ကိုေျပာခ်င္တဲ့ သူေတြကေတာ့ ေျပာမွာပါပဲ။ ဝိုင္းစု ဘာလုပ္ထားတယ္ ဆိုတာ လူတိုင္းကို ခ်ျပၿပီးသားေလ။ ဝိုင္းစု ဘာေတြလုပ္ေနတယ္၊ ဘာျဖစ္တယ္ ဆိုတာနဲ႔ ပတ္သက္ၿပီး ဘယ္အရာမွ ခိုးေၾကာင္ခိုးဝွက္ လုပ္ထားတာ တစ္ခုမွ မရွိပါဘူး။ လူေတြက ေျပာခ်င္လို႔သာ ေျပာေနၾကတာပဲ ရွိပါတယ္” လို႔ လတ္တေလာ ထြက္ေပၚေနတဲ့ လူမႈေရးကိစၥေတြနဲ႔ ပတ္သက္ၿပီး ၎က ထပ္ေလာင္းေျပာဆိုပါတယ္။

အႏုပညာရွင္တိုင္းက လူေတြရဲ႕ အာ႐ုံစိုက္မႈကို သာမန္လူေတြထက္ ပိုၿပီး ခံေနရတဲ့သူေတြ ျဖစ္တဲ့အတြက္ ကိုယ္နဲ႔ ပတ္သက္တဲ့ သတင္းတစ္ခု ထြက္လာၿပီဆိုရင္ ေျပာခ်င္တဲ့ သူေတြကေတာ့ ေျပာၾကမွာပဲျဖစ္ၿပီး ကိုယ့္စိတ္ကို ႀကံ့ႀကံ့ခံႏိုင္ေအာင္ ျပင္ဆင္ထားဖို႔ပဲ လိုတယ္လို႔ ျမင္ေၾကာင္း ဝိုင္းစုခိုင္သိန္းက ေျပာၾကားပါတယ္။

“အျပင္က ဝိုင္းစုပရိသတ္ေတြေရာ၊ တျခားအႏုပညာရွင္ေတြပါ ကိုယ္ကဘာေတြ လုပ္ေနပါတယ္။ ဘယ္သူနဲ႔ ဘာျဖစ္ေနပါတယ္ဆိုၿပီး ေျပာျပတာမ်ဳိး ဝိုင္းစု တစ္ခါမွ မၾကားဖူးဘူး။ ႀကံဳလည္းမႀကံဳဖူးဘူး။ အဲ့ဒါေၾကာင့္ ကိုယ့္ရဲ႕ Personal နဲ႔ ပတ္သက္ၿပီး လိုက္ေျပာစရာ မလိုဘူးလို႔ ထင္ပါတယ္။ ကိုယ့္ကိုေျပာတာေတြကို လိုက္ေျဖရွင္းေနရင္လည္း ၿပီးမွာကို မဟုတ္ေတာ့ဘူး” လို႔ ၎က ေျပာဆိုပါတယ္။

လက္ရွိမွာေတာ့ ခ်စ္ခင္အားေပးေနတဲ့ ပရိသတ္ေတြအေနနဲ႔ ကိုယ့္ရဲ႕ပုဂၢဳိလ္ေရး ကိစၥေတြထက္ အႏုပညာ အလုပ္ေတြကို ပိုၿပီး အာ႐ုံစိုက္ေစခ်င္ၿပီး၊ ဘဝအတြက္ တကယ္အေရးႀကီးတဲ့ အရာေတြကို ပရိသတ္ေတြကို ခ်ျပေနက် ျဖစ္တဲ့အတြက္ အသိေပးစရာရွိတဲ့  အခ်ိန္က်ရင္ေတာ့ အသိေပးမွာ ျဖစ္ေၾကာင္း ဝိုင္းစုခိုင္သိန္းက ေျပာၾကားပါတယ္။

မၾကာေသးခင္က ေတးသံရွင္ ေအာင္လနဲ႔ ဝိုင္းစုခိုင္သိန္းတို႔ ခ်စ္သူေတြ ျဖစ္ေနတယ္လို႔ သတင္းမ်ား ထြက္ေပၚခဲ့ၿပီး၊  ရင္ဘတ္ေပၚမွာ အမွတ္တရ တက္တူးေတြ အျပန္အလွန္ ထိုးထားၾကတဲ့ ဓာတ္ပုံေတြ လူမႈကြန္ရက္ Facebook မွာ ပ်ံ႕ႏွံ႔ခဲ့ေပမယ့္ ႏွစ္ေယာက္စလုံးကေတာ့ အတည္ျပဳ ေျပာၾကားျခင္း မရွိေသးပါဘူး။
The voice
=======
နာမည်ကျော် တေးသံရှင်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းက ဘဝမှာ ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက်မှာ ဖုံးကွယ်ပြီး လုပ်ခဲ့တာ တစ်ခုမှ မရှိပါဘူးလို့ ပြောကြားပါတယ်။

“ကိုယ့်ကိုပြောချင်တဲ့ သူတွေကတော့ ပြောမှာပါပဲ။ ဝိုင်းစု ဘာလုပ်ထားတယ် ဆိုတာ လူတိုင်းကို ချပြပြီးသားလေ။ ဝိုင်းစု ဘာတွေလုပ်နေတယ်၊ ဘာဖြစ်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ဘယ်အရာမှ ခိုးကြောင်ခိုးဝှက် လုပ်ထားတာ တစ်ခုမှ မရှိပါဘူး။ လူတွေက ပြောချင်လို့သာ ပြောနေကြတာပဲ ရှိပါတယ်” လို့ လတ်တလော ထွက်ပေါ်နေတဲ့ လူမှုရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

အနုပညာရှင်တိုင်းက လူတွေရဲ့ အာရုံစိုက်မှုကို သာမန်လူတွေထက် ပိုပြီး ခံနေရတဲ့သူတွေ ဖြစ်တဲ့အတွက် ကိုယ်နဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ထွက်လာပြီဆိုရင် ပြောချင်တဲ့ သူတွေကတော့ ပြောကြမှာပဲဖြစ်ပြီး ကိုယ့်စိတ်ကို ကြံ့ကြံ့ခံနိုင်အောင် ပြင်ဆင်ထားဖို့ပဲ လိုတယ်လို့ မြင်ကြောင်း ဝိုင်းစုခိုင်သိန်းက ပြောကြားပါတယ်။

“အပြင်က ဝိုင်းစုပရိသတ်တွေရော၊ တခြားအနုပညာရှင်တွေပါ ကိုယ်ကဘာတွေ လုပ်နေပါတယ်။ ဘယ်သူနဲ့ ဘာဖြစ်နေပါတယ်ဆိုပြီး ပြောပြတာမျိုး ဝိုင်းစု တစ်ခါမှ မကြားဖူးဘူး။ ကြုံလည်းမကြုံဖူးဘူး။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ Personal နဲ့ ပတ်သက်ပြီး လိုက်ပြောစရာ မလိုဘူးလို့ ထင်ပါတယ်။ ကိုယ့်ကိုပြောတာတွေကို လိုက်ဖြေရှင်းနေရင်လည်း ပြီးမှာကို မဟုတ်တော့ဘူး” လို့ ၎င်းက ပြောဆိုပါတယ်။

လက်ရှိမှာတော့ ချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေအနေနဲ့ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေး ကိစ္စတွေထက် အနုပညာ အလုပ်တွေကို ပိုပြီး အာရုံစိုက်စေချင်ပြီး၊ ဘဝအတွက် တကယ်အရေးကြီးတဲ့ အရာတွေကို ပရိသတ်တွေကို ချပြနေကျ ဖြစ်တဲ့အတွက် အသိပေးစရာရှိတဲ့  အချိန်ကျရင်တော့ အသိပေးမှာ ဖြစ်ကြောင်း ဝိုင်းစုခိုင်သိန်းက ပြောကြားပါတယ်။

မကြာသေးခင်က တေးသံရှင် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ ချစ်သူတွေ ဖြစ်နေတယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပြီး၊  ရင်ဘတ်ပေါ်မှာ အမှတ်တရ တက်တူးတွေ အပြန်အလှန် ထိုးထားကြတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက် Facebook မှာ ပျံ့နှံ့ခဲ့ပေမယ့် နှစ်ယောက်စလုံးကတော့ အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။
The voice

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...