ေျပာင္းလဲခ်ိန္တန္ၿပီဆုိတဲ့ အစိုးရဟာ တစ္ႏွစ္အတြင္း ဘာအေျပာင္းအလဲေတြ လုပ္ႏုိင္ခဲ့လဲ


ရန္ကုန္၊ ေမ ၂၁ရက္ ။               ။ လာမယ့္ ဧၿပီ ၁ရက္မွာဆုိရင္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ အစိုးရက ယႏၱရားတစ္ခုလံုးကို ဦးေဆာင္လာတာ တစ္ႏွစ္ တင္းတင္းျပည့္ၿပီျဖစ္ပါတယ္။
ဒီ တစ္ႏွစ္သား အစိုးရဟာ သူတုိ႔ေႂကြးေၾကာ္ထားတဲ့ ေျပာင္းလဲခ်ိန္တန္ၿပီဆုိတဲ့ ေဆာင္ပုဒ္နဲ႔အညီ အေျပာင္းအလဲအတြက္ ႀကိဳးစားလုပ္ေဆာင္ေနတာ အသိအမွတ္ျပဳၾကေပမယ့္ မူဝါဒေပၚလစီမ်ား အေကာင္အထည္ေဖာ္တဲ့ေနရာမွာ အားနည္းမႈမ်ား ရိွေနတယ္လို႔လည္း ေဝဖန္ေျပာဆိုမႈမ်ား ရိွေနခဲ့ပါတယ္။ သႀကၤန္တြင္း ႐ံုးပိတ္ရက္ သတ္မွတ္သည့္ ကိစၥမ်ား၊ ၿမိဳ႕သစ္စီမံကိန္း ကိစၥမ်ားအျပင္ ထင္သာျမင္သာ ဥပမာတစ္ခုအျဖစ္ ရိွေနခဲ့တဲ့ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔က အေကာင္အထည္ေဖာ္ ေဆာင္ရြက္ခဲ့တဲ့ အမ်ားပိုင္ယာဥ္လုိင္းစနစ္(YBS) ဟာ ေဖာ္ေဆာင္တဲ့ ရည္ရြယ္ခ်က္ ေကာင္းမြန္ေပမယ့္ ျပည္သူလူထုအသံ ပါ၀င္မႈ အားနည္းေနတယ္လို႔ ညီမွ်ျခင္းျမန္မာက အမႈေဆာင္ဒါရိုက္တာ ဦးေအာင္မ်ဳိးမင္းက ဆိုပါတယ္။
"ေပၚလစီတစ္ခုခ်မွတ္မယ္လို႔ဆိုရင္ လက္တန္းခ်လို႔ေတာ့မရဘူးဗ်၊ ဘာေၾကာင့္ ဒီဟာေတြျဖစ္ေနလဲဆိုတဲ့ အေၾကာင္းရင္း ဘာျပႆနာျဖစ္ေနလဲဆိုတဲ့အေၾကာင္းရင္း ဘယ္သူေတြဆီက ဒါနဲ႔ ပတ္သက္လို႔ အယူအဆေတြ တိုင္ပင္မႈေတြ ေဝဖန္မႈေတြယူရမလဲဆိုတဲ့ အေၾကာင္းအရာကို အရင္ဆံုးရွာရပါမယ္" လို႔ ဦးေအာင္မ်ဳိးမင္းက ဆိုပါတယ္။
ဒါ့အျပင္ လက္ရိွ အစိုးရဟာ ျပည္သူ႔အစိုးရ လို႔ ေႂကြးေၾကာ္မႈမ်ား ရိွေနခဲ့ေပမယ့္ ျပဳျပင္ေျပာင္းလဲေရးကို လုပ္ေဆာင္ေနတဲ့ အစိုးရရဲ႕ လုပ္ငန္းေဆာင္တာမ်ားဟာ တစ္ႏွစ္ျပည့္အေျခအေနကို ေရာက္ရိွလုနီးပါး ျဖစ္လာေပမယ့္ ျမင္သာထင္သာရိွတဲ့ အက်ဳိးေက်းဇူးကို မခံစားရေသးဘူးလို႔ ရန္ကုန္တိုင္းေဒသႀကီးက ဒဂံုၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာဆိုခဲ့ပါတယ္။
"ကြ်န္ေတာ္တို႔အစုိးရကေတာ့ ဆင္ဖမ္းမယ္က်ားဖမ္းမယ္နဲ႔ ဆင္နဲ႔က်ား မမိရင္ေတာင္ ေၾကာင္နဲ႔ၾကြက္ မိရင္ေတာ့ ေတာ္ေသးတယ္လုိ႔။ အခုေတာ့ ဆင္ဖမ္းမယ္က်ားဖမ္းမယ္ ဟစ္ေႂကြးၿပီးေတာ့ လက္ရွိအေနအထားမွာ တစ္ႏွစ္ျပည့္ေတာ့မယ္။ ေၾကာင္နဲ႔ႂကြက္ ဖမ္းမိတာမ်ိဳးေတာင္ မရွိေသးဘူး" လို႔ ေျပာပါတယ္။
ဒီမုိကေရစီသေဘာသဘာ၀အရ အစိုးရကို ထိန္းေက်ာင္းဖို႔ လႊတ္ေတာ္မွာ တာ၀န္ရိွတယ္ဆိုေပမယ့္ သူ႔အေနနဲ႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔ရဲ႕ လုပ္ေဆာင္မႈအပိုင္းေတြကို ထိန္းေက်ာင္းေစာင့္ၾကည့္ႏိုင္တာမ်ဳိးကို ဒီတစ္ႏွစ္တာကာလအတြင္းမွာ လုပ္ေဆာင္ႏိုင္ျခင္း မရိွေသးဘူးလို႔ ၄င္းက ဆက္လက္ေျပာဆိုခဲ့ပါတယ္။
"ကြ်န္ေတာ္တုိ႔ Check and Balance လုပ္ႏုိင္တဲ့အေပၚမွာ ႀကိဳးစားမႈက ေတာ္ေတာ္လည္း အားနည္းပါတယ္လုိ႔ ကၽြန္ေတာ္ ဝန္ခံပါတယ္"
ဒီတစ္ႏွစ္တာ ကာလအတြင္းမွာ အစိုးရအေနနဲ႔ ျပဳျပင္ေျပာင္းလဲေရးမ်ား လုပ္ေဆာင္တာမွာ ျမင္သာထင္သာ ရိွတာေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြပါပဲ။ ဒါေပမယ့္ ၿငိမ္းခ်မ္းေရးအတြက္ ေဆာင္ရြက္ေနတာလည္း ရိွေနသလုိ ျမန္မာျပည္ေျမာက္ပိုင္းမွာ တိုက္ပြဲမ်ား ပိုမိုျဖစ္ပြားလာတာ ျငင္းစရာမလုိေအာင္ ျဖစ္ေနခဲ့ပါတယ္။
ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီး ျပည္သူလူထုၾကားမွာ ေဝဖန္ေျပာဆိုမႈေတြက ျမင့္တက္လာေနပါတယ္။ ဒါအျပင္ ဖြဲ႔စည္းပံုျပင္ဆင္ေရး နဲ႔ ပတ္သက္ၿပီး ေမွ်ာ္လင့္ထားတာေတြက သဲထဲေရသြန္သလိုမ်ဳိး ခံစားမိေနတယ္လုိ႔ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသည့္ လူငယ္တစ္ဦးျဖစ္တဲ့ မသဥၨာရႊန္းလဲ့ရည္က ေ၀ဖန္ေျပာဆိုခဲ့ပါတယ္။
ဒီကိစၥရပ္မ်ားနဲ႔ ပတ္သက္ၿပီး တစ္ႏွစ္တာကာလအတြင္းမွာ ဘယ္အဆင့္ထိေရာက္ေနၿပီ၊ ေနာက္ေလးႏွစ္မွာ ဘယ္အဆင့္ထိ သြားမလဲ ဆိုတာမ်ဳိးကို လမ္းျပေျမပံုပုံစံမ်ဳိးနဲ႔ ျပည္သူလူထုကိုခ်ျပဖို႔ လိုအပ္ေနတယ္လို႔ မသဥၨာရႊန္းလဲ့ရည္ကဆိုပါတယ္။
"ဖြဲ႔စည္းပံုျပင္ဆင္ေရးအတြက္ အားလံုးက ေမွ်ာ္လင့္ထားၾကခ်ိန္မွာ ဘယ္အဆင့္ထိ ေရာက္ေနျပီလဲ ဆိုတာကို လမ္းျပေျမပံုလိုပံုစံမ်ဳိးနဲ႔ တိတိက်က်ရွင္းျပေပးႏိုင္မယ္ဆိုရင္ အခုအခ်ိန္မွာ လူထုၾကားထဲမွာ မသကၤာမႈေတြ ယံုၾကည္မႈေတြေလ်ာ့ပါးေနတဲ့ကိစၥရပ္ေတြ ျပန္ၿပီး ဖာေထးမိမယ္လို႔ထင္တယ္" လို႔ မသဥၨာရႊန္းလဲ့ရည္က ေျပာပါတယ္။
အစိုးရေရာ လႊတ္ေတာ္ေရာ ျပည္သူလူထုပါ ေျပာင္းလဲခ်င္ေနၾကေပမယ့္ မူဝါဒမ်ား ခ်မွတ္ရာမွာ အားလံုးအဆင္ေျပေျပ ေျပာင္းလဲႏိုင္မယ့္ နည္းလမ္းကို ရွာေဖြတာ အဓိက အက်ဆံုး ျဖစ္ၿပီး၊ ေျပာင္းလဲဖို႔အတြက္က အားလံုးလိုက္ပါႏိုင္မႈ အေျခအေနအေပၚမွာ မူတည္တယ္လို႔ ဦးေအာင္မ်ဳိးမင္းက သံုးသပ္ပါတယ္။
"စနစ္ေျပာင္းဖို႔လည္းႀကိဳးစားပါ၊ အက်င့္ေျပာင္းဖို႔အတြက္လည္း ကိုယ္တုိင္လည္းလုပ္ေဆာင္ပါ။ ေျပာင္းဖို႔အတြက္ကေတာ့ လူတိုင္းရဲ႕တာ၀န္ျဖစ္ပါတယ္"
ဒါအျပင္ မူဝါဒခ်မွတ္တဲ့အစိုးရအေနနဲ႔ တစ္ခုခုကို အေကာင္အထည္ေဖာ္ေဆာင္ရြက္လိုက္တဲ့အေျခအေနမ်ဳိးေတြမွာ လုပ္ေဆာင္လိုက္တဲ့ အလုပ္ကို တန္ဖိုးထားၿပီး ျပည္သူလူထုဆီက ျပန္လာတဲ့ အသံေတြကို ပိုၿပီး နားေထာင္တတ္တဲ့ အေလ့အထေကာင္းေတြ ေမြးဖို႔ လိုအပ္တယ္လို႔ မသဥၨာရႊန္းလဲ့ရည္က အၾကံျပဳေျပာဆိုပါတယ္။
အစိုးရအေနနဲ႔ မူဝါဒမ်ားကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာမွာ ႀကိဳတင္ျပင္ဆင္မႈမရိွဘဲ လုပ္ေဆာင္တာ ျဖစ္ႏိုင္ၿပီး အဲ့ဒီအတြက္ေၾကာင့္ ရလဒ္မ်ား ေကာင္းမြန္လာတာကို ထင္သာျမင္သာ ေတြ႔ျမင္ရျခင္းမ်ား မရိွေသးဘူးဆိုတဲ့ ေဝဖန္ခ်က္ေတြလည္းရိွေနပါတယ္။
ဒီလိုပံုစံမ်ဳိးနဲ႔သာ ဆက္သြားမယ္ဆိုရင္ အခု ဧၿပီလ ၁ရက္ေန႔မွာ က်င္းပမယ့္ ၾကားျဖတ္ေရြးေကာက္ပြဲမွာ အမ်ဳိးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္အေနနဲ႔ အေျခအေနေကာင္းႏိုင္ေသးေပမယ့္ ၂၀၂၀ ေရြးေကာက္ပြဲဆိုရင္ေတာ့ မေသခ်ာဘူးလို႔ ဦးေက်ာ္ေဇယ်က ဆိုပါတယ္။
"အခုပထမႏွစ္ကုန္သြားၿပီး ေနာက္လာမယ့္ေလးႏွစ္လည္း ဒီလုိသာရိွေနရင္ေတာ့ ၂၀၂၀ ေတာ့ နည္းနည္းေလး so sorry ျဖစ္ရင္ျဖစ္မွာေပါ့"
http://www.mizzimaburmese.com
==================

ရန်ကုန်၊ မေ ၂၁ရက် ။               ။ လာမယ့် ဧပြီ ၁ရက်မှာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ယန္တရားတစ်ခုလုံးကို ဦးဆောင်လာတာ တစ်နှစ် တင်းတင်းပြည့်ပြီဖြစ်ပါတယ်။
ဒီ တစ်နှစ်သား အစိုးရဟာ သူတို့ကြွေးကြော်ထားတဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အပြောင်းအလဲအတွက် ကြိုးစားလုပ်ဆောင်နေတာ အသိအမှတ်ပြုကြပေမယ့် မူဝါဒပေါ်လစီများ အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းမှုများ ရှိနေတယ်လို့လည်း ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့ပါတယ်။ သင်္ကြန်တွင်း ရုံးပိတ်ရက် သတ်မှတ်သည့် ကိစ္စများ၊ မြို့သစ်စီမံကိန်း ကိစ္စများအပြင် ထင်သာမြင်သာ ဥပမာတစ်ခုအဖြစ် ရှိနေခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ အများပိုင်ယာဉ်လိုင်းစနစ်(YBS) ဟာ ဖော်ဆောင်တဲ့ ရည်ရွယ်ချက် ကောင်းမွန်ပေမယ့် ပြည်သူလူထုအသံ ပါဝင်မှု အားနည်းနေတယ်လို့ ညီမျှခြင်းမြန်မာက အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုပါတယ်။
"ပေါ်လစီတစ်ခုချမှတ်မယ်လို့ဆိုရင် လက်တန်းချလို့တော့မရဘူးဗျ၊ ဘာကြောင့် ဒီဟာတွေဖြစ်နေလဲဆိုတဲ့ အကြောင်းရင်း ဘာပြဿနာဖြစ်နေလဲဆိုတဲ့အကြောင်းရင်း ဘယ်သူတွေဆီက ဒါနဲ့ ပတ်သက်လို့ အယူအဆတွေ တိုင်ပင်မှုတွေ ဝေဖန်မှုတွေယူရမလဲဆိုတဲ့ အကြောင်းအရာကို အရင်ဆုံးရှာရပါမယ်" လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ အစိုးရဟာ ပြည်သူ့အစိုးရ လို့ ကြွေးကြော်မှုများ ရှိနေခဲ့ပေမယ့် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေတဲ့ အစိုးရရဲ့ လုပ်ငန်းဆောင်တာများဟာ တစ်နှစ်ပြည့်အခြေအနေကို ရောက်ရှိလုနီးပါး ဖြစ်လာပေမယ့် မြင်သာထင်သာရှိတဲ့ အကျိုးကျေးဇူးကို မခံစားရသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီးက ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောဆိုခဲ့ပါတယ်။
"ကျွန်တော်တို့အစိုးရကတော့ ဆင်ဖမ်းမယ်ကျားဖမ်းမယ်နဲ့ ဆင်နဲ့ကျား မမိရင်တောင် ကြောင်နဲ့ကြွက် မိရင်တော့ တော်သေးတယ်လို့။ အခုတော့ ဆင်ဖမ်းမယ်ကျားဖမ်းမယ် ဟစ်ကြွေးပြီးတော့ လက်ရှိအနေအထားမှာ တစ်နှစ်ပြည့်တော့မယ်။ ကြောင်နဲ့ကြွက် ဖမ်းမိတာမျိုးတောင် မရှိသေးဘူး" လို့ ပြောပါတယ်။
ဒီမိုကရေစီသဘောသဘာဝအရ အစိုးရကို ထိန်းကျောင်းဖို့ လွှတ်တော်မှာ တာဝန်ရှိတယ်ဆိုပေမယ့် သူ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်မှုအပိုင်းတွေကို ထိန်းကျောင်းစောင့်ကြည့်နိုင်တာမျိုးကို ဒီတစ်နှစ်တာကာလအတွင်းမှာ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ ၄င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။
"ကျွန်တော်တို့ Check and Balance လုပ်နိုင်တဲ့အပေါ်မှာ ကြိုးစားမှုက တော်တော်လည်း အားနည်းပါတယ်လို့ ကျွန်တော် ဝန်ခံပါတယ်"
ဒီတစ်နှစ်တာ ကာလအတွင်းမှာ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်တာမှာ မြင်သာထင်သာ ရှိတာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပါပဲ။ ဒါပေမယ့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာလည်း ရှိနေသလို မြန်မာပြည်မြောက်ပိုင်းမှာ တိုက်ပွဲများ ပိုမိုဖြစ်ပွားလာတာ ငြင်းစရာမလိုအောင် ဖြစ်နေခဲ့ပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုကြားမှာ ဝေဖန်ပြောဆိုမှုတွေက မြင့်တက်လာနေပါတယ်။ ဒါအပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး မျှော်လင့်ထားတာတွေက သဲထဲရေသွန်သလိုမျိုး ခံစားမိနေတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ်တစ်ဦးဖြစ်တဲ့ မသဥ္ဇာရွှန်းလဲ့ရည်က ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စရပ်များနဲ့ ပတ်သက်ပြီး တစ်နှစ်တာကာလအတွင်းမှာ ဘယ်အဆင့်ထိရောက်နေပြီ၊ နောက်လေးနှစ်မှာ ဘယ်အဆင့်ထိ သွားမလဲ ဆိုတာမျိုးကို လမ်းပြမြေပုံပုံစံမျိုးနဲ့ ပြည်သူလူထုကိုချပြဖို့ လိုအပ်နေတယ်လို့ မသဥ္ဇာရွှန်းလဲ့ရည်ကဆိုပါတယ်။
"ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အားလုံးက မျှော်လင့်ထားကြချိန်မှာ ဘယ်အဆင့်ထိ ရောက်နေပြီလဲ ဆိုတာကို လမ်းပြမြေပုံလိုပုံစံမျိုးနဲ့ တိတိကျကျရှင်းပြပေးနိုင်မယ်ဆိုရင် အခုအချိန်မှာ လူထုကြားထဲမှာ မသင်္ကာမှုတွေ ယုံကြည်မှုတွေလျော့ပါးနေတဲ့ကိစ္စရပ်တွေ ပြန်ပြီး ဖာထေးမိမယ်လို့ထင်တယ်" လို့ မသဥ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
အစိုးရရော လွှတ်တော်ရော ပြည်သူလူထုပါ ပြောင်းလဲချင်နေကြပေမယ့် မူဝါဒများ ချမှတ်ရာမှာ အားလုံးအဆင်ပြေပြေ ပြောင်းလဲနိုင်မယ့် နည်းလမ်းကို ရှာဖွေတာ အဓိက အကျဆုံး ဖြစ်ပြီး၊ ပြောင်းလဲဖို့အတွက်က အားလုံးလိုက်ပါနိုင်မှု အခြေအနေအပေါ်မှာ မူတည်တယ်လို့ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
"စနစ်ပြောင်းဖို့လည်းကြိုးစားပါ၊ အကျင့်ပြောင်းဖို့အတွက်လည်း ကိုယ်တိုင်လည်းလုပ်ဆောင်ပါ။ ပြောင်းဖို့အတွက်ကတော့ လူတိုင်းရဲ့တာဝန်ဖြစ်ပါတယ်"
ဒါအပြင် မူဝါဒချမှတ်တဲ့အစိုးရအနေနဲ့ တစ်ခုခုကို အကောင်အထည်ဖော်ဆောင်ရွက်လိုက်တဲ့အခြေအနေမျိုးတွေမှာ လုပ်ဆောင်လိုက်တဲ့ အလုပ်ကို တန်ဖိုးထားပြီး ပြည်သူလူထုဆီက ပြန်လာတဲ့ အသံတွေကို ပိုပြီး နားထောင်တတ်တဲ့ အလေ့အထကောင်းတွေ မွေးဖို့ လိုအပ်တယ်လို့ မသဥ္ဇာရွှန်းလဲ့ရည်က အကြံပြုပြောဆိုပါတယ်။
အစိုးရအနေနဲ့ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကြိုတင်ပြင်ဆင်မှုမရှိဘဲ လုပ်ဆောင်တာ ဖြစ်နိုင်ပြီး အဲ့ဒီအတွက်ကြောင့် ရလဒ်များ ကောင်းမွန်လာတာကို ထင်သာမြင်သာ တွေ့မြင်ရခြင်းများ မရှိသေးဘူးဆိုတဲ့ ဝေဖန်ချက်တွေလည်းရှိနေပါတယ်။
ဒီလိုပုံစံမျိုးနဲ့သာ ဆက်သွားမယ်ဆိုရင် အခု ဧပြီလ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခြေအနေကောင်းနိုင်သေးပေမယ့် ၂၀၂၀ ရွေးကောက်ပွဲဆိုရင်တော့ မသေချာဘူးလို့ ဦးကျော်ဇေယျက ဆိုပါတယ်။
"အခုပထမနှစ်ကုန်သွားပြီး နောက်လာမယ့်လေးနှစ်လည်း ဒီလိုသာရှိနေရင်တော့ ၂၀၂၀ တော့ နည်းနည်းလေး so sorry ဖြစ်ရင်ဖြစ်မှာပေါ့"

http://www.mizzimaburmese.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...