လူၾကမ္းသရုပ္ေဆာင္ ကိုႏိုင္လူရဲ႕ အကယ္ဒမီ ရင္ဖြင့္စကား

ရုပ္ရွင္နဲ႔ ဗြီဒီယိုေလာက မွာ မသိသူမရွိ ခ်စ္သူနည္းပါးၿပီး က်ရာေနရာမွာ လူတကာ အမုန္ခံ အဆိုးမိုက္ဆံုးဇာတ္ေကာင္မ်ား ေနရာမွာ အမ်ားဆံုး ပါ၀င္သရုပ္ေဆာင္ခဲ့တဲ့
ႏုိင္ငံေက်ာ္ လူၾကမ္းမင္းသားႀကီး ကိုႏိုင္လူ မွ  အကယ္ဒမီေပးပြဲနဲ႔ ပတ္သက္ၿပီး အခုလို သူအေကာင့္မွာ တင္ထားတာကို ေတြ႔ရပါတယ္...

"ေအာ္ ငါတိုလိုလူေတြအမုန္းခံ ၿပီးသရုပ္ေဆာင္ေနရတဲ့
ဗီလိန္ ေတြကိုေရာအကယ္ဒမီေပးတဲ့အဖြဲကမျမင္မိဘူးလားဗ်ာ
တကယ္တန္းက်ေတာ့ငါတို ့ဘဝေတြဟာသူမ်ားအတြက္နာမည္ပိုၾကီးေအာင္
လုပ္ေပးေနရတဲ့ဆားပြင့္ေလးေတြပါ ဟင္းတခြက္ခ်က္ရင္ဆားမပါလို ့မရေပမဲ့
ဟင္းခ်က္ျပီးသြားရင္ဆားရဲ ့တန္ဘိုးကိုဘယ္သူမွမသိေတာ့ၾကပါဘူး
ေအာ္အကယ္ဒမီ,,.အကယ္ဒမီ" 

ကိုႏိုင္လူဟာ ဇာတ္ကားေပါင္မ်ားစြာမွာ အပီၿပင္ဆံုး သရုပ္ေဆာင္ႏိုင္တဲ့ လူၾကမ္းသရုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္..။ 
ဘာပဲေျပာေျပာ သူတို႔လို လူၾကမ္းေတြအတြက္လည္း အကယ္ဒမီဆိုတာ ေမွ်ာ္လင့္ ေတာင္တသင့္တယ္လို႔ ထင္မိပါတယ္..။ 
ေနာင္ႏွစ္ ေနာင္ႏွစ္ေတြမွာ ကိုႏိုင္လူနဲ႔ အတူ အျခား အျခားေသာ လူၾကမ္းသရုပ္ေဆာင္မ်ားလည္း အကယ္ဒမီ ထူးခၽြန္ဆုေတြကို ရရွိပိုင္ဆိုင္ႏိုင္ၾကပါေစလို႔...
ApannPyay မွ ဆုေတာင္းေပးလိုက္ပါတယ္....

Photo - ကိုႏုိင္လူ FB
www.apannpyay.com
 ရုပ်ရှင်နဲ့ ဗွီဒီယိုလောက မှာ မသိသူမရှိ ချစ်သူနည်းပါးပြီး ကျရာနေရာမှာ လူတကာ အမုန်ခံ အဆိုးမိုက်ဆုံးဇာတ်ကောင်များ နေရာမှာ အများဆုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့
နိုင်ငံကျော် လူကြမ်းမင်းသားကြီး ကိုနိုင်လူ မှ  အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး အခုလို သူအကောင့်မှာ တင်ထားတာကို တွေ့ရပါတယ်...

"အော် ငါတိုလိုလူတွေအမုန်းခံ ပြီးသရုပ်ဆောင်နေရတဲ့
ဗီလိန် တွေကိုရောအကယ်ဒမီပေးတဲ့အဖွဲကမမြင်မိဘူးလားဗျာ
တကယ်တန်းကျတော့ငါတို ့ဘဝတွေဟာသူများအတွက်နာမည်ပိုကြီးအောင်
လုပ်ပေးနေရတဲ့ဆားပွင့်လေးတွေပါ ဟင်းတခွက်ချက်ရင်ဆားမပါလို ့မရပေမဲ့
ဟင်းချက်ပြီးသွားရင်ဆားရဲ ့တန်ဘိုးကိုဘယ်သူမှမသိတော့ကြပါဘူး
အော်အကယ်ဒမီ,,.အကယ်ဒမီ"

ကိုနိုင်လူဟာ ဇာတ်ကားပေါင်များစွာမှာ အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ လူကြမ်းသရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်..။
ဘာပဲပြောပြော သူတို့လို လူကြမ်းတွေအတွက်လည်း အကယ်ဒမီဆိုတာ မျှော်လင့် တောင်တသင့်တယ်လို့ ထင်မိပါတယ်..။
နောင်နှစ် နောင်နှစ်တွေမှာ ကိုနိုင်လူနဲ့ အတူ အခြား အခြားသော လူကြမ်းသရုပ်ဆောင်များလည်း အကယ်ဒမီ ထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့...
ApannPyay မှ ဆုတောင်းပေးလိုက်ပါတယ်....

www.apannpyay.com



Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...