အကယ္ဒမီေပးပဲြတြင္ ထြန္းထြန္းတပ္ဆင္ခဲ့ေသာ ေရႊႏွစ္က်ပ္ခဲြသားရွိ ႏွင္းဆီပန္းပံုရင္ထိုး ေပ်ာက္ဆံုး

အကယ္ဒမီေပးပဲြတြင္ ထြန္းထြန္းတပ္ဆင္ခဲ့ေသာ ေရႊႏွစ္က်ပ္ခဲြသားရွိ ႏွင္းဆီပန္းပံုရင္ထိုး ေပ်ာက္ဆံုး .....
By ဇြဲဉာဏ္ On Mon, 2017-03-20
၂၀၁၆ အတြက္ အမ်ိဳး သားဇာတ္ေဆာင္ဆုရရွိသည့္ ထြန္းထြန္းတပ္ဆင္ခဲ့ေသာ ေရႊႏွစ္ က်ပ္ခဲြသားရွိ ႏွင္းဆီပန္းပံုရင္ထိုး သည္ အကယ္ဒမီေပးပဲြတြင္ ေပ်ာက္ဆံုးခဲ့့သည္။
‘‘ဆုရလို႔ေပ်ာ္တဲ့အခ်ိန္အထိ ရွိေနေသးတယ္။ ဟုိဘက္ဒီဘက္ လည္း လွည့္ၿပီးေတာ့ မရွိေတာ့ဘူး ေပ်ာက္သြားတယ္။ အဖ်ားက ၾကယ္ေလးေတာ့ ျပန္ရွာေတြ႕ တယ္။ ရင္ထိုးတစ္ခုလံုးေတာ့ ေပ်ာက္သြားတယ္။ လူလည္း အ ရမ္းမ်ားေတာ့ ဘယ္ေရာက္သြား မွန္းမသိဘူး’’ဟု ထြန္းထြန္းက ရင္ ထိုးေပ်ာက္ခဲ့ေၾကာင္းေျပာသည္။
အဆိုပါရင္ထိုးေပ်ာက္ဆုံး ခ်ိန္တြင္ စိုးရိမ္စိတ္ရွိခဲ့ေသာ္ လည္း အကယ္ဒမီရသည့္ အ ေပ်ာ္ကိုမူ ယင္းစိုးရိမ္စိတ္က မ ေက်ာ္လႊားႏုိင္ခဲ့ဟု ၎က ဆုိ သည္။
‘‘လက္၀တ္ရတနာစပြန္ဆာ ေပးတဲ့ ေအာင္သမာဓိက မျဖဴတုိ႔ ကေတာ့ ေမာင္ေလးရယ္ အစ္မ တို႔ နားလည္ပါတယ္။ ထြန္းထြန္း ကို လက္ေဆာင္ေပးတယ္ပဲ သ ေဘာထားလုိက္တယ္တဲ့။ ကၽြန္ ေတာ္လည္း ပရိသတ္ကို လက္ ေဆာင္ေပးလိုက္တယ္ေပါ့’’ ဟု ထြန္းထြန္းက ေျပာသည္။
အဆိုပါ ရင္ထိုးကို ႏွင္းဆီ တစ္ဖဲြ႕လံုးအတြက္ ေအာင္သမာ ဓိေရႊဆိုင္က ဆင္ျမန္းခဲ့ၿပီး ေရႊ ႏွစ္က်ပ္ခဲြသား (တန္ဖုိးေငြ က်ပ္ သိန္းႏွစ္ဆယ္ခန္႔) ရွိသည္ဟု ေအာင္သမာဓိေရႊဆိုင္မွ ဒါ႐ိုက္ တာအဖဲြ႕၀င္ မျဖဴျဖဴေအာင္က ေျပာသည္။
‘‘ဘယ္သူမွေတာ့ မေပ်ာက္ ပါဘူး။ ကိုထြန္းထြန္းတစ္ေယာက္ ပဲ။ ထိုင္ေနတုန္းမွာ ရွိေသးတယ္။ ခဏအတြင္းမွာ အရမ္းဆဲြလႈပ္ လိုက္တဲ့အခ်ိန္မွာ ဆဲြျဖဳတ္လိုက္ သလို ျဖစ္သြားတာျဖစ္မယ္။ ေအာက္က ၾကယ္ေလးေတာ့ ျပန္ ေတြ႕တယ္။ အေပၚက အခုိင္ပဲပါ သြားတာ။ အရမ္း၀ိုင္းလာတဲ့အ ခ်ိန္မွာ ျဖဳတ္သြားခံရတာျဖစ္ပါ လိမ့္မယ္’’ဟု အႏုပညာရွင္ ႏွစ္ ဆယ္အတြက္ လက္၀တ္ ရတနာမ်ား အပါအ၀င္ ပဲြတက္ ၀တ္စံုမ်ားအတြက္ တန္ဖိုးေငြ က်ပ္ သိန္းတစ္ေသာင္းခန္႔ စပြန္ ဆာေပး ဆင္ယင္ခဲ့သည့္ ေအာင္ သမာဓိေရႊဆိုင္မွ မျဖဴျဖဴေအာင္ က ေျပာသည္။
၂၀၁၄ က က်င္းပခဲ့ေသာ ႐ုပ္ရွင္ထူးခၽြန္ဆုေပးပဲြတြင္လည္း အမ်ိဳးသမီးဇာတ္ေဆာင္ဆု ရရွိခဲ့သည့္ ခုိင္သင္းၾကည္၀တ္ဆင္ ထားသည့္ ေရႊလက္ေကာက္ ေပ်ာက္ဆံုးခဲ့သည္။
============

အကယ်ဒမီပေးပွဲတွင် ထွန်းထွန်းတပ်ဆင်ခဲ့သော ရွှေနှစ်ကျပ်ခွဲသားရှိ နှင်းဆီပန်းပုံရင်ထိုး ပျောက်ဆုံး .....

By ဇွဲဉာဏ် On Mon, 2017-03-20
၂၀၁၆ အတွက် အမျိုး သားဇာတ်ဆောင်ဆုရရှိသည့် ထွန်းထွန်းတပ်ဆင်ခဲ့သော ရွှေနှစ် ကျပ်ခွဲသားရှိ နှင်းဆီပန်းပုံရင်ထိုး သည် အကယ်ဒမီပေးပွဲတွင် ပျောက်ဆုံးခဲ့့သည်။
‘‘ဆုရလို့ပျော်တဲ့အချိန်အထိ ရှိနေသေးတယ်။ ဟိုဘက်ဒီဘက် လည်း လှည့်ပြီးတော့ မရှိတော့ဘူး ပျောက်သွားတယ်။ အဖျားက ကြယ်လေးတော့ ပြန်ရှာတွေ့ တယ်။ ရင်ထိုးတစ်ခုလုံးတော့ ပျောက်သွားတယ်။ လူလည်း အ ရမ်းများတော့ ဘယ်ရောက်သွား မှန်းမသိဘူး’’ဟု ထွန်းထွန်းက ရင် ထိုးပျောက်ခဲ့ကြောင်းပြောသည်။
အဆိုပါရင်ထိုးပျောက်ဆုံး ချိန်တွင် စိုးရိမ်စိတ်ရှိခဲ့သော် လည်း အကယ်ဒမီရသည့် အ ပျော်ကိုမူ ယင်းစိုးရိမ်စိတ်က မ ကျော်လွှားနိုင်ခဲ့ဟု ၎င်းက ဆို သည်။
‘‘လက်ဝတ်ရတနာစပွန်ဆာ ပေးတဲ့ အောင်သမာဓိက မဖြူတို့ ကတော့ မောင်လေးရယ် အစ်မ တို့ နားလည်ပါတယ်။ ထွန်းထွန်း ကို လက်ဆောင်ပေးတယ်ပဲ သ ဘောထားလိုက်တယ်တဲ့။ ကျွန် တော်လည်း ပရိသတ်ကို လက် ဆောင်ပေးလိုက်တယ်ပေါ့’’ ဟု ထွန်းထွန်းက ပြောသည်။
အဆိုပါ ရင်ထိုးကို နှင်းဆီ တစ်ဖွဲ့လုံးအတွက် အောင်သမာ ဓိရွှေဆိုင်က ဆင်မြန်းခဲ့ပြီး ရွှေ နှစ်ကျပ်ခွဲသား (တန်ဖိုးငွေ ကျပ် သိန်းနှစ်ဆယ်ခန့်) ရှိသည်ဟု အောင်သမာဓိရွှေဆိုင်မှ ဒါရိုက် တာအဖွဲ့ဝင် မဖြူဖြူအောင်က ပြောသည်။
‘‘ဘယ်သူမှတော့ မပျောက် ပါဘူး။ ကိုထွန်းထွန်းတစ်ယောက် ပဲ။ ထိုင်နေတုန်းမှာ ရှိသေးတယ်။ ခဏအတွင်းမှာ အရမ်းဆွဲလှုပ် လိုက်တဲ့အချိန်မှာ ဆွဲဖြုတ်လိုက် သလို ဖြစ်သွားတာဖြစ်မယ်။ အောက်က ကြယ်လေးတော့ ပြန် တွေ့တယ်။ အပေါ်က အခိုင်ပဲပါ သွားတာ။ အရမ်းဝိုင်းလာတဲ့အ ချိန်မှာ ဖြုတ်သွားခံရတာဖြစ်ပါ လိမ့်မယ်’’ဟု အနုပညာရှင် နှစ် ဆယ်အတွက် လက်ဝတ် ရတနာများ အပါအဝင် ပွဲတက် ဝတ်စုံများအတွက် တန်ဖိုးငွေ ကျပ် သိန်းတစ်သောင်းခန့် စပွန် ဆာပေး ဆင်ယင်ခဲ့သည့် အောင် သမာဓိရွှေဆိုင်မှ မဖြူဖြူအောင် က ပြောသည်။
၂၀၁၄ က ကျင်းပခဲ့သော ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်လည်း အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့သည့် ခိုင်သင်းကြည်ဝတ်ဆင် ထားသည့် ရွှေလက်ကောက် ပျောက်ဆုံးခဲ့သည်။
#7daydaily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...