ရန္ကုန္တြင္ အိမ္အလံုးလိုက္ အခိုးခံရမႈ ျဖစ္ပြား

ရန္ကုန္ၿမဳိ႕ ေတာင္ဒဂုံၿမဳိ႕နယ္၊ ျပည္ေထာင္စုလမ္းမေပၚက ေနအိမ္တလံုးကို အိမ္အလံုးလိုက္ အိမ္တိုင္ပါ မက်န္ ခိုးယူခံရမႈတခု မေန႔က ျဖစ္ပြားခဲ့ပါတယ္။
ပ်ဥ္းကတိုးသားနဲ႔ ေဆာက္ထားတဲ့ သစ္သားအိမ္ကို လူတစုက ကားတစီးနဲ႔၀င္လာၿပီး အိမ္ကိုၿဖိဳခ် ခိုးယူသြားခဲ့တာလို႔ အိမ္ပိုင္ရွင္ ဦးလူေမာ္က ေျပာပါတယ္။
“ပတ္၀န္းက်င္က မေန႔က ေန႔လယ္ ၂ နာရီက ကင္တာကား အမိုးဖြင့္ထားတဲ့ကားနဲ႔ လူ ၇ ေယာက္၊ ၈ ေယာက္ေလာက္ လာၿပီးေတာ့ ၂ နာရီအတြင္း အၿပီး ဖ်က္သြားတာတဲ့။ သူတို႔ကလည္း က်ေနာ္တို႔ ဒီလိုပဲ သြားလိုက္၊ လာလိုက္ ရွိေနတယ္ ထင္လို႔ဗ်ာ၊ မေျပာတာေပါ့ေနာ္၊ က်ေနာ့္ လူေတြပဲ ထင္တာ။”
သူ႔ဆိုင္နဲ႔ အဲဒီအိမ္က အကြက္ ၂၀ ေလာက္ပဲ ေ၀းတယ္၊ အိမ္မွာ လူမေနမွန္း သိတဲ့သူေတြက ရည္ရြယ္ခ်က္ရွိရွိ ခိုးယူသြားခဲ့ၾကတာလို႔လည္း ေျပာပါတယ္။
အခိုးခံလိုက္ရတဲ့ အိမ္ ကာလေပါက္ေစ်း သိန္း ၅၀ ေလာက္ရွိၿပီး ေတာင္ဒဂံုၿမိဳ႕နယ္အတြင္း ဆိုင္ကယ္နဲ႔ လုယက္မႈေတြလည္း မၾကာခဏ ျဖစ္ပြားေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
အိမ္ အခိုးခံလိုက္ရတဲ့ ဦးလူေမာ္က ေတာင္ဒဂံုရဲစခန္းသြားၿပီး အမႈဖြင့္မယ္လို႔ ေျပာၿပီး ဒီေလာက္ အတင့္ရဲၿပီး အိမ္အလံုးလိုက္ ခိုးယူခံရတဲ့အေပၚ အံ့ၾသတုန္လႈပ္ေနပါတယ္။
Credit-DVB
 ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်က နေအိမ်တလုံးကို အိမ်အလုံးလိုက် အိမ်တိုင်ပါ မကျန် ခိုးယူခံရမှုတခု မနေ့က ဖြစ်ပွားခဲ့ပါတယ်။
ပျဉ်းကတိုးသားနဲ့ ဆောက်ထားတဲ့ သစ်သားအိမ်ကို လူတစုက ကားတစီးနဲ့ဝင်လာပြီး အိမ်ကိုဖြိုချ ခိုးယူသွားခဲ့တာလို့ အိမ်ပိုင်ရှင် ဦးလူမော်က ပြောပါတယ်။
“ပတ်ဝန်းကျင်က မနေ့က နေ့လယ် ၂ နာရီက ကင်တာကား အမိုးဖွင့်ထားတဲ့ကားနဲ့ လူ ၇ ယောက်၊ ၈ ယောက်လောက် လာပြီးတော့ ၂ နာရီအတွင်း အပြီး ဖျက်သွားတာတဲ့။ သူတို့ကလည်း ကျနော်တို့ ဒီလိုပဲ သွားလိုက်၊ လာလိုက် ရှိနေတယ် ထင်လို့ဗျာ၊ မပြောတာပေါ့နော်၊ ကျနော့် လူတွေပဲ ထင်တာ။”
သူ့ဆိုင်နဲ့ အဲဒီအိမ်က အကွက် ၂၀ လောက်ပဲ ဝေးတယ်၊ အိမ်မှာ လူမနေမှန်း သိတဲ့သူတွေက ရည်ရွယ်ချက်ရှိရှိ ခိုးယူသွားခဲ့ကြတာလို့လည်း ပြောပါတယ်။
အခိုးခံလိုက်ရတဲ့ အိမ် ကာလပေါက်စျေး သိန်း ၅၀ လောက်ရှိပြီး တောင်ဒဂုံမြို့နယ်အတွင်း ဆိုင်ကယ်နဲ့ လုယက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ် အခိုးခံလိုက်ရတဲ့ ဦးလူမော်က တောင်ဒဂုံရဲစခန်းသွားပြီး အမှုဖွင့်မယ်လို့ ပြောပြီး ဒီလောက် အတင့်ရဲပြီး အိမ်အလုံးလိုက် ခိုးယူခံရတဲ့အပေါ် အံ့သြတုန်လှုပ်နေပါတယ်။
Credit-DVB


Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...