မြန်မာဘုရင်များကို သိက္ခာကျစေသော ထိုင်းရုပ်သံဇာတ်လမ်းတွဲ ( ရုပ်သံ )

မြန်မာဘုရင်လက်ထက်ပုံစံ ရိုက်ကူးပုံဖော်ပြသနေတဲ့ ထိုင်းနိုင်ငံက တီဗီဇာတ်လမ်းတွဲတစ်ခုဟာ  မြန်မာနိုင်ငံသားအချို့ကို ဒေါသအမျက်ထွက်စေခဲ့ပြီး အဆိုပါဇာတ်လမ်းတွဲကို ထုတ်လွှင့်မပြသဖို့ တောင်းဆိုနေကြတယ်လို့ ထိုင်းမီဒီယာတစ်ခုက ဖော်ပြပါတယ်။
ထိုင်းဘာသာနဲ့ ‘ပီလရမ် ဖရာနမ်’၊ အင်္ဂလိပ်ဘာသာနဲ့ ‘A Lady's Flames’ အမည်ရနန်းတွင်း ရုပ်သံဇာတ်လမ်းတွဲဟာ မြန်မာ့ယဉ်ကျေးမှုနဲ့သင့်လျော်တာမရှိဘဲ ၁၉ ရာစု ကုန်းဘောင်မင်းဆက်အကြောင်းကို ခပ်ပါးပါး ထည့်သွင်းထားပြီး အဆိုးမြင်နဲ့ ပုံဖော်ရိုက်ကူးပြသထားတယ်လို့ မြန်မာနိုင်ငံသားအချို့က ပြောကြားပြီး မကျေမနပ်ဖြစ်နေကြတယ်လို့ဆိုပါတယ်။
ဇာတ်လမ်းဟာ စိတ်ကူးယဉ်ပုံဖော်ထားတဲ့ မြို့တော်တစ်ခုက နန်းတွင်းမှ အနန်တစ်ဆိုတဲ့ အမျိုးသမီး တန်ခိုးအာဏာတက်လာပုံကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး မြန်မာလို့ တိုက်ရိုက်မကိုးကားညွှန်းဆိုပေမဲ့ အ၀တ်အစားနဲ့ ဇာတ်လမ်းမှာ မန္တလေးမှာ အခြေတည်ထားကြောင်း ထင်ရှား သိသာတယ်လို့ဖော်ပြထားပါတယ်။
ဒီဇာတ်လမ်းရဲ့ အဓိကကျောရိုးက မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျဆုံးခဲ့ရမှုကို မင်းတုန်းမင်းနဲ့ သီပေါမင်းရဲ့ မိဖုရားတွေအပေါ် အပြစ်ဖို့ထားတယ်လို့ မြန်မာ့သမိုင်းကျွမ်းကျင်သူ ဆတ်ဘ်ဟတ်ထရာဘွန် မိပရာဟတ်စ်က ပြောကြားထားပါတယ်။
မြန်မာ့သမိုင်းကျွမ်းကျင်သူ ဆတ်ဘ်ဟတ်ထရာက ထိုဇာတ်လမ်းတွဲမှ ဇာတ်ကောင်တွေနဲ့ မန္တလေးနောက်ဆုံးနန်းဆက်က လူပုဂ္ဂိုလ်တွေကို နှိုင်းယှဉ်ပြခဲ့ပြီး ဇာတ်ကောင် အနန်တစ်ကို ဆင်ဖြူမရှင်မိဖုရားအဖြစ်၊ ဇာတ်ကောင်မူရမ်ကွန်ကို မင်းတုန်းမင်းအဖြစ်၊ ဇာတ်ကောင် မန်ဖာကို သီပေါမင်းနှင့် ပင်မနီးကို မိဖုရားစုဘုရားလတ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနန်းတွင်းဇာတ်လမ်းဟာ မြန်မာနိုင်ငံနဲ့ဆက်စပ်မှုမရှိဘဲ စိတ်ကူးယဉ်ဖန်တီးမှုပါလို့ အဆိုပါတီဗီ ဇာတ်လမ်းတွဲထုတ်လုပ်သူ ချစ်ထရာလဒါဒစ်ဆေရန်နွန်ကတော့ ပြောကြားထားပါတယ်။
ဆင်တူမှုရှိရှိ၊ မရှိရှိ ဒီဇာတ်လမ်းက ဘယ်သူ့ကိုမှ တိုက်ခိုက်ထားခြင်းမရှိဘူးလို့လည်း အနန်တစ်အဖြစ် သရုပ်ဆောင်သူ ဇာတ်လမ်းတွဲရဲ့အဓိကမင်းသမီး ပတ်ချရာပကလည်းပြောကြားထားပါတယ်။
‘A Lady’s Flames’အမည်ရှိ ဇာတ်လမ်းတွဲကို ထိုင်း Kantana Group အုပ်စုက တင်ဆက်ပြီး သောကြာ၊ စနေ၊ တနင်္ဂနွေတွင် ည ၈ နာရီခွဲမှာ ထိုင်းချန်နယ်-၇ မှ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။

Photos & Source: 7Day Daily,www.khaosodenglish.com

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...