​ေက်ာက္​မဲ တြင္​ လင္​မယား ခ်င္​း စကားမ်ား ရန္​ျဖစ္​ ရာ ​ေယာက်္ား က ရိုက္​​၍ မိန္​းမျဖစ္ သူ ​ေသဆုံး


ရွမ္းျပည္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕ ၈ ရပ္ကြက္မွာရွိတဲ့ အက်ႌခ်ဳပ္လုပ္ငန္းတခုမွာ လုပ္ကိုင္ေနတဲ့ ကိုစိုးနိုင္ထြန္းတို႔ လင္မယားဟာ မတ္လ ၂၀ ရက္ေန႔ ည ၁၂ နာရီေလာက္မွာ စကားမ်ား ရန္ျဖစ္ၿပီး ေယာက္်ားျဖစ္သူ ကိုစိုးနိုင္ထြန္းက ရိုက္ႏွက္ခဲ့တဲ့အတြက္ မိန္းမျဖစ္သူ မေအးေအးျမက ဒီေန႔ မနက္ ၇ နာရီက ေသဆုံးသြားခဲ့ပါတယ္။

“သတ္တဲ့သူက ေဆးသမားေတာ့ မဟုတ္ဘူး။ လင္မယားခ်င္း စကားမ်ားတာပဲ။ ေဆး႐ုံ ပို႔ေသးတယ္။ ၿပီးေတာ့ က်ေနာ့္ဆီက အိုေသြးႏွစ္လုံး ေတာင္းေသး တယ္။ မနက္ ၇ နာရီမွ ဆုံးသြား တာ။ အေလာင္း ကို အိမ္ျပန္သယ္ဖို႔ လုပ္ေသးတယ္။ ေဆး႐ုံက ရိုက္ႏွက္ထားတဲ့ ညိဳမည္းဒဏ္ရာေတြနဲ႔ဆိုေတာ့ အေလာင္းသယ္ခြင့္မျပဳဘူး” လို႔ ဦးဇိဝိတ လူမႈကူညီေရးအသင္းက ဦးတင္ေမာင္သိန္းက ေျပာပါတယ္။

ရိုက္ႏွက္သူ ကိုစိုးနိုင္ထြန္းက မိန္းမျဖစ္သူကို ဝါယာႀကိဳး၊ ေျခေထာက္နဲ႔ ကန္ခဲ့တဲ့အတြက္ တကိုယ္လုံး ဒဏ္ရာရရွိခဲ့ၿပီး ေသဆုံးသြားခဲ့တာပါ။

“လူဦးေရထူထပ္လာတာ နဲ႔ လူအေသအေပ်ာက္ မ်ားလာ တယ္။ ဒါေပမယ့္ ေသမႈေသခင္းေတြက မျဖစ္သင့္တာေတြလည္း ပါေနတယ္။ ႀကိဳးဆြဲခ် ေသတာေတြက ရွိေသးတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ လူမႈဝန္းက်င္မွာ က်န္းမာေရး၊ ဥပေဒလိုက္နာေရး၊ လမ္း ယာဥ္စည္းကမ္း၊ အဲဒါေတြကို ဆိုင္ရာဆိုင္ရာဝန္ႀကီးဌာနမ်ားနဲ႔ လူမႈအဖြဲ႕အစည္းေတြက ဖြံ့ၿဖိဳးလာေအာင္ တနည္းအားျဖင့္ အသိပညာ အညႊန္းကိန္း ျမင့္မားလာေ အာင္ ေဆာင္ရြက္ေပးသင့္တယ္” လို႔ ဦးတင္ေမာင္သိန္းက ဆက္ေျပာပါတယ္။

လူသတ္တရားခံ ကိုစိုးနိုင္ထြန္းကို ေက်ာက္မဲရဲစခန္းက လူသတ္မႈနဲ႔ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားတယ္လို႔ သိရပါတယ္။
Credit:DVB
=====
​ကျောက်​မဲ တွင်​ လင်​မယား ချင်​း စကားများ ရန်​ဖြစ်​ ရာ ​ယောကျ်ား က ရိုက်​​၍ မိန်​းမဖြစ် သူ ​သေဆုံး
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ ၈ ရပ်ကွက်မှာရှိတဲ့ အကျႌချုပ်လုပ်ငန်းတခုမှာ လုပ်ကိုင်နေတဲ့ ကိုစိုးနိုင်ထွန်းတို့ လင်မယားဟာ မတ်လ ၂၀ ရက်နေ့ ည ၁၂ နာရီလောက်မှာ စကားများ ရန်ဖြစ်ပြီး ယောက်ျားဖြစ်သူ ကိုစိုးနိုင်ထွန်းက ရိုက်နှက်ခဲ့တဲ့အတွက် မိန်းမဖြစ်သူ မအေးအေးမြက ဒီနေ့ မနက် ၇ နာရီက သေဆုံးသွားခဲ့ပါတယ်။

“သတ်တဲ့သူက ဆေးသမားတော့ မဟုတ်ဘူး။ လင်မယားချင်း စကားများတာပဲ။ ဆေးရုံ ပို့သေးတယ်။ ပြီးတော့ ကျနော့်ဆီက အိုသွေးနှစ်လုံး တောင်းသေး တယ်။ မနက် ၇ နာရီမှ ဆုံးသွား တာ။ အလောင်း ကို အိမ်ပြန်သယ်ဖို့ လုပ်သေးတယ်။ ဆေးရုံက ရိုက်နှက်ထားတဲ့ ညိုမည်းဒဏ်ရာတွေနဲ့ဆိုတော့ အလောင်းသယ်ခွင့်မပြုဘူး” လို့ ဦးဇိဝိတ လူမှုကူညီရေးအသင်းက ဦးတင်မောင်သိန်းက ပြောပါတယ်။

ရိုက်နှက်သူ ကိုစိုးနိုင်ထွန်းက မိန်းမဖြစ်သူကို ဝါယာကြိုး၊ ခြေထောက်နဲ့ ကန်ခဲ့တဲ့အတွက် တကိုယ်လုံး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားခဲ့တာပါ။

“လူဦးရေထူထပ်လာတာ နဲ့ လူအသေအပျောက် များလာ တယ်။ ဒါပေမယ့် သေမှုသေခင်းတွေက မဖြစ်သင့်တာတွေလည်း ပါနေတယ်။ ကြိုးဆွဲချ သေတာတွေက ရှိသေးတယ်။ ဒါကြောင့် ကျနော်တို့ လူမှုဝန်းကျင်မှာ ကျန်းမာရေး၊ ဥပဒေလိုက်နာရေး၊ လမ်း ယာဉ်စည်းကမ်း၊ အဲဒါတွေကို ဆိုင်ရာဆိုင်ရာဝန်ကြီးဌာနများနဲ့ လူမှုအဖွဲ့အစည်းတွေက ဖွံ့ဖြိုးလာအောင် တနည်းအားဖြင့် အသိပညာ အညွှန်းကိန်း မြင့်မားလာေ အာင် ဆောင်ရွက်ပေးသင့်တယ်” လို့ ဦးတင်မောင်သိန်းက ဆက်ပြောပါတယ်။

လူသတ်တရားခံ ကိုစိုးနိုင်ထွန်းကို ကျောက်မဲရဲစခန်းက လူသတ်မှုနဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
Credit:DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...