နောက်တစ်ခုက ဒီ ဥ တဲ့ရွှေက တစ်ဥကို ဘယ်လောက်အလေးချိန်ရှိလဲအကို””
အလွန်ထူးဆန်းသော ရွှေဥ ဥ သည့် မြန်မာ့ ဒဏ္ဏာရီလာ ရွှေပုတ်သင် တစ်ကောင် ( ၁၃.၃.၂၀၁၇) ရက်နေ့ ငလျင်လှုပ်အပြီး ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် မြေကြီးအောက်မှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။အဆိုပါ သတင်းအတွက် Facebook Hot News Agency သတင်းဌာန သတင်းထောက် ကိုသောင်းအေးမှ အဆို ပါ ရွှေပုတ်သင်အားတွေ့ရှိခဲ့သော တိုက်ကြီးမြို့ခံ ကိုကျော်ထွန်း၏ နေအိမ်တွင် ယနေ့ တွေ့ဆုံမေးမြန်းခဲ့ပါသည်။ တိုက်ကြီး ငလျင်အပြီး ထူးဆန်းစွာ မြေအောက်မှ မြန်မာ့ ဒဏ္ဏာရီလာ ရွှေပုတ်သင် တစ်ကောင်တွေ့ရှိ ” မင်္ဂလာပါ ကိုကျော်ထွန်းရေ” ” ဟုတ်ကဲ့.. မင်္ဂလာပါ ကိုသောင်းအေးရေ” ” အကိုက ရွှေဥ ဥ တဲ့ မြန်မာ့ ဒဏ္ဏာရီလာ ရွှေပုတ်သင်ကို ဘယ်လိုတွေ့ခဲ့တာလဲဆိုတာရယ် ရွှေဥ ဥ မှန်းဘယ်လိုသိ တာလည်း ဆိုတာရယ် ကို တစ်ချက်လောက်ပြောပြပေးပါ အကို” ” အော်..ဒီလို ညီလေးရ.. ငလျင်လှုပ်ပြီး နောက်တစ်ရက်မှာ အကို့ ခြံထဲက တောင်ပို့ကြီး အက်ကွဲသွားတယ်.. အဲ့ဒီ တောင်ပို့ကြီးကို နေ့တိုင်း အကို့မိန်းမက အမွှေးတိုင်ထွန်းပြီး ပူဇော်နေတာလေ.. အဲ့ဒီနေ့ ငလျင်လည်း လှုပ်ပြီးရော တောင်ပို့အက်ကွဲသွားပြီး ဒီ အကောင်လေး ထွက်လာတာပဲ..
စတွေ့တုန်းကတော့ ရွှေရောင်နဲ့ဆိုတော့ မိန်းမက လဒ်ကောင်းတယ်ဆိုပြီး မွေးထားတာပေါ့ ညီရာ..”…။“အဲ့.. မွေးပြီး နောက်တစ်ရက်ကစပြီး ခုလိုမြင်တဲ့အတိုင်း ရွှေဥလေးတွေ တစ်ရင်ကို တစ်လုံး နှစ်လုံး ဥ တယ် ညီရ.. အကိုတို့လည်းမသိဘူး.. သူ့မွေးထားတဲ့ ခြင်းထဲကြည့်မှ တွေ့တာ..”“အဲ့တာနဲ့ အကိုလည်း အကိုနဲ့ခင်တဲ့ မြန်မာ့အထူးတိုက်ခိုက်ရေးနှင့် ကွန်မန်ဒိုတပ်က ဗိုလ်မှုး သားစစ်ကို ဖုန်းဆက်ပြီး အကြောင်းကြားထားလိုက်တယ်.. ဒါမှသာ စိတ်ချရမှာလေ..”“အခုတော့ ဗိုလ်မှုး သားစစ်က သူ့တပည့် ကွန်မန်ဒို အယောက် ၃၀ ကို ခြံထဲမှာအသင့်အနေအထားနဲ့ လုံခြုံရေးယူပေးထားတယ်.. အားလုံးက စိတ်ချရပါတယ်”“ဟုတ် အကို.. တွေ့တယ်.. ကျွန်တော်တောင် သူတို့ကိုပြောပြီး မနည်းခွင့်တောင်းလာတာပါ” ”
နောက်တစ်ခုက ဒီ ဥ တဲ့ရွှေက တစ်ဥကို ဘယ်လောက်အလေးချိိန်ရှိလဲအကို””
ဟာ.. ဒါက တစ်ဥကို အလေးချိန်မတူဘူး ညီရ.. အနည်းဆုံးတော့ ၅ မူးသားပဲ… ၁၆ ပဲရည်အပြည့်နော်.. တကယ့် အရည်အသွေးကောင်းတဲ့ရွှေစင်စစ်စစ်ပဲ ညီရ..” တိုက်ကြီး ငလျင်အပြီး ထူးဆန်းစွာ မြေအောက်မှ မြန်မာ့ ဒဏ္ဏာရီလာ ရွှေပုတ်သင် တစ်ကောင်တွေ့ရှိ ” အကို.. အဲ့တာဆို ဒီအကောင်လေးအကြောင်း အကိုသိသလောက် ပြောပြပေးပါလား”“အကိုသိသလောက်ကတော့ ဒါ ဒဏ္ဏာရီ ထဲမှာရှိတယ်ညီလေးရ.. ပုဂံခေတ်မှာ ဒါမျိုးတစ်ကောင် မိဖူးသေးတယ်လို့ စာထဲမှာဖတ်ဖူးတယ်. အဲ့ဒီတုန်းက ဘုရင့်ဆီကိုဆက်သမလို့ လမ်းမှာ သေသွားတာတဲ့ ညီရ.. ဒဏ္ဏာရီ လိုဖြစ်နေခဲ့တာ အခုတော့ လက်တွေ့မြင်ရပြီပေါ့ ညီရာ”” အော်.. ဟုတ်အကို ထူးဆန်းလိုက်တာဗျာ.. ဂုဏ်ယူပါတယ်.. နောက်ဆုံးအနေနဲ့ အကို ဒီရွှေပုတ်သင် အကောင်လေးကို ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ ခင်ဗျာ..”” လောလောဆယ်တော့ ဂျပန်နိုင်ငံမှ သတ္တဗေဒနှင့် ထူးဆန်းထွေလာ သတ္တဝါ လေ့လာရေး တက္ကသိုလ်က ပါမောက္ခ ဆရာမ ရင်နွယ်စိုးတို့ ဆောင်းနှင်းကိုတို့ နဲ့တော့ ချိတ်ဆက်ထားပါတယ်.. မနက်ဖြန် ရောက်ပါလိမ့်မယ်.. အခြား ပြည်တွင်းက ပညာရှင်တွေအားလုံးလည်း ဖိတ်ကြားထားပါတယ်.. မနက်ဖြန် ဗိုလ်မှုး သားစစ် တို့ အစောင့်အရှောက်နဲ့ ဒီရွှေပုတ်သင်ကို လုံခြုံစိတ်ချရတဲ့နေရာမှာ သုတေသန လုပ်ကြမှာဖြစ်ပါတယ်.. ပြီးရင်တော့ နောက်ပိုင်း ဆုံးဖြတ်ချက်ကို တရားဝင် ကြေငြာပေးသွားမှာပါ”” ဟုတ်.. အကို အခုလို.. ဖြေကြားပေးတာ ကျေးဇူးပါပဲ..
မြန်မာ့ ထူးဆန်းထွေလာ ဒဏ္ဏာရီလာ ရွှေဥ ဥ တဲ့ ပုတ်သင်ကို တွေ့ရှိတဲ့အတွက် ဂုဏ်ယူပါတယ် အကို..”” အေး .. ညီလေး.. အကိုတို့ကလည်း ဒီလို ထူးဆန်းတဲ့ ဒဏ္ဏာရီ လာ အကောင်မျိူးကို အများပြည်သူကို ပြောပြခွင့်ရတဲ့အတွက် ညီလေးတို့ Facebook Hot News Agency ကို ကျေးဇူးတင်ပါတယ်..”လက်ရှိတွင် အဆိုပါ ရွှေပုတ်သင်အား တိုက်ကြီးမြို့ရှိ ကိုကျော်ထွန်း၏ နေအိမ်တွင် အထူးကွန်မန်ဒို ဗိုလ်မှုး သားစစ်မှ တာဝန်ယူ စောင့်ရှောက်လျက်ရှိပြီး ပြင်ပလူများ အဝင်မခံကြောင်း Facebook Hot News Agency မှ သတင်းရရှိပါသည်။PHOTOS များအတွက် ဗိုလ်မှုး သားစစ် ကွန်မန်ဒို အထူးတပ်ဖွဲ့နဲ့ ကိုကျော်ထွန်းနှင့် ကျေးဇူးတင်ထိုက်သူများအား အထူးကျေးဇူးတင်ပါသည်။
Credit:FacebookHotNewsAgency
0 comments :
Post a Comment