အဓမၼျပဳခံရခါနီးမွာ သရဲပူးခံရဟန္ေဆာင္ခဲ႔တဲ႔ ၁၇ ႏွစ္အရြယ္ ေကာင္မေလး (ျဖစ္ရပ္မွန္)

အဓမၼျပဳခံရျခင္းမွ ကင္းေ၀းဖို႔ သရဲပူးခံရဟန္ေဆာင္ခဲ႔တဲ႔ အမ်ိဳးသမီး


ဒါဟာ အိႏၵိယႏိုင္ငံ ေဒလီၿမိဳ႕ေပၚက ေကာင္မေလးတစ္ေယာက္ရဲ႕ အျဖစ္အပ်က္ေလးပါ။ သူမဟာ ညတစ္ညမွာ ေဒလီၿမိဳ႕ေပၚမွာ ေစ်း၀ယ္ထြက္ၿပီးေနာက္ သူငယ္ခ်င္းနဲ႔အတူ အိမ္ကိုလမ္းေလွ်ာက္ ျပန္ခဲ႔ပါတယ္။ အခ်ိန္ကေတာ႔ ည ၁၀ နာရီခန္႔ရွိေနပါၿပီ။ အဲ႔ဒီမွာ သူတို႔ေနာက္ကို မသကၤာစရာ လူႏွစ္ဦး လိုက္လာတာကို သတိထားမိခဲ႔ပါတယ္။ အဲ႔ဒီေနာက္မွာေတာ႔ သူတို႔ထဲက လူတစ္ေယာက္က သူမရဲ႕ လက္ကို ရုတ္တရက္ ဆြဲလိုက္ၿပီး သူမကိုအေ၀းကို ဆြဲေခၚသြားတာပါ။ ဒီအခ်ိန္မွာ သာမာန္လူဆိုရင္ေတာ႔ အသံကုန္ေအာ္ဟစ္ အကူအညီေတာင္းမွာ ျဖစ္ေပမယ္႔ သူမကေတာ႔ ပိုၿပီးေကာင္းမြန္တဲ႔ နည္းလမ္းကို ေရြးခ်ယ္ခဲ႔ပါတယ္။

သူမဟာ သူ႔ကိုသူ သရဲမတစ္ဦးကဲ႔သုိ႔ ဟန္ေဆာင္ခဲ႔ၿပီး ဗလံုးပေထြးစကားေတြကို ဆက္တိုက္ေျပာရင္း က်ယ္က်ယ္ေလာင္ေလာင္ ေအာ္ရယ္ကာ သူ႔လက္ကိုဆြဲထားသူရဲ႕ မ်က္ႏွာကို စူးစူးစိုက္စိုက္ ၾကည္႔ခဲ႔ပါသတဲ႔။ ကံေကာင္းခ်င္ေတာ႔ အဲ႔ဒီအခ်ိန္မွာ သူမဟာ ဆံပင္စီးမထားပဲ ဆံပင္ဖားလားလို ျဖစ္ေနတာပါ။ အဲ႔ဒီေနာက္မွာေတာ႔ သူမထံ ခ်ဥ္းကပ္လာတဲ႔ လူဆိုးေတြဟာ အံ႔ၾသေၾကာက္ရြံ႕ၿပီး ထြက္ေျပးသြားခဲ႔ပါေတာ႔တယ္။ သူမဟာ အသက္ ၁၇ ႏွစ္အရြယ္သာ ရွိေသးတဲ႔ အမ်ိဳးသမီးေလးျဖစ္ေပမယ္႔ သူမရဲ႕ ျပႆနာကို ကိုင္တြယ္ပံုေလးက ထူးထူးျခားျခား၊ ရဲရဲရင္႔ရင္႔ပါပဲ။

Credit:-momolay
================
#Unicode Version

ဒါဟာ အိန္ဒိယနိုင်ငံ ဒေလီမြို့ပေါ်က ကောင်မလေးတစ်ယောက်ရဲ့ အဖြစ်အပျက်လေးပါ။ သူမဟာ ညတစ်ညမှာ ဒေလီမြို့ပေါ်မှာ ဈေးဝယ်ထွက်ပြီးနောက် သူငယ်ချင်းနဲ့အတူ အိမ်ကိုလမ်းလျှောက် ပြန်ခဲ့ပါတယ်။ အချိန်ကတော့ ည ၁၀ နာရီခန့်ရှိနေပါပြီ။ အဲ့ဒီမှာ သူတို့နောက်ကို မသင်္ကာစရာ လူနှစ်ဦး လိုက်လာတာကို သတိထားမိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ထဲက လူတစ်ယောက်က သူမရဲ့ လက်ကို ရုတ်တရက် ဆွဲလိုက်ပြီး သူမကိုအဝေးကို ဆွဲခေါ်သွားတာပါ။ ဒီအချိန်မှာ သာမာန်လူဆိုရင်တော့ အသံကုန်အော်ဟစ် အကူအညီတောင်းမှာ ဖြစ်ပေမယ့် သူမကတော့ ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းကို ရွေးချယ်ခဲ့ပါတယ်။

သူမဟာ သူ့ကိုသူ သရဲမတစ်ဦးကဲ့သို့ ဟန်ဆောင်ခဲ့ပြီး ဗလုံးပထွေးစကားတွေကို ဆက်တိုက်ပြောရင်း ကျယ်ကျယ်လောင်လောင် အော်ရယ်ကာ သူ့လက်ကိုဆွဲထားသူရဲ့ မျက်နှာကို စူးစူးစိုက်စိုက် ကြည့်ခဲ့ပါသတဲ့။ ကံကောင်းချင်တော့ အဲ့ဒီအချိန်မှာ သူမဟာ ဆံပင်စီးမထားပဲ ဆံပင်ဖားလားလို ဖြစ်နေတာပါ။ အဲ့ဒီနောက်မှာတော့ သူမထံ ချဉ်းကပ်လာတဲ့ လူဆိုးတွေဟာ အံ့သြကြောက်ရွံ့ပြီး ထွက်ပြေးသွားခဲ့ပါတော့တယ်။ သူမဟာ အသက် ၁၇ နှစ်အရွယ်သာ ရှိသေးတဲ့ အမျိုးသမီးလေးဖြစ်ပေမယ့် သူမရဲ့ ပြဿနာကို ကိုင်တွယ်ပုံလေးက ထူးထူးခြားခြား၊ ရဲရဲရင့်ရင့်ပါပဲ။

Credit:-momolay

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...