အ၀ှါပြုနေတဲ့အချိန် ဒါတွေ မလုပ်မိကြပါစေနဲ့..။ (နှိပ်ကြည့်ထားလိုက်နော်)

အပျိုဖော်ဝင်စ ဆယ်ကျော်သက်အရွယ်ကနေစပြီးတော့ အသက်၎ဝကျော်တဲ့အထိ တစ်လတစ်ခါရာသီလာတယ်ဆိုတာက အမျိုးသမီးတွေ မလွဲမသွေကြုံတွေ့ရမယ့် ကိစ္စတစ်ခုပါ။ ပျမ်းမျှအားဖြင့်တော့ ဆယ်ကျော်သက်အရွယ်ကနေစပြီး သွေးဆုံးချိန်အထိဆိုရင် အကြိမ် ၄၅ဝလောက်တောင် ရာသီလာကြတယ်လို့ အမေရိကန်နိုင်ငံမှ ထုတ်ပြန်တဲ့သုတေသနအရ သိရပါတယ်။ မြန်မာမိန်းကလေးတွေကတော့ ထုံးစံအတိုင်း ဓမ္မတာလာချိန်ဆိုရင် အပူအစပ်စားတာတွေ ၊ ခေါင်းလျှော်တာတွေ မလုပ်ကြပါဘူး။

၁။ အလွမ်း၊အဆွေး ဇာတ်ကားတွေ မကြည့်နဲ့။

မိန်းကလေးတွေဟာ ရာသီမလာခင်ရက်ပိုင်းအလိုနှင့် ရာသီလာနေတုန်းမှာ စိတ်ဓာတ်ပြောင်းလဲလွယ်တတ်ကြပါတယ်။ ပြီးတော့လည်း ပျော်ရွှင်တာတွေ၊ ဝမ်းနည်းတာတွေ ၊ စိတ်အလိုမကျတာတွေ ၊ ဒေါသဖြစ်တာတွေ အချိန်မရွေးဖြစ်နိုင်ပါတယ်။ အဲလိုလို အချိန်အတောအတွင်းမှာ စိတ်ဓာတ်ကျစေတဲ့ အလွမ်း၊အဆွေး ဇာတ်ကားတွေ၊ သရဲကားတွေကြည့်လိုက်တာဟာ စိတ်ဒဏ်ရာတွေ တစ်သတ်လုံးခံစားရစေတဲ့အတွက် ရှောင်ကျဉ်သင့်ပါတယ်။

၂။ လိင်မဆက်ဆံပါနဲ့။
ရာသီလာနေတဲ့အချိန်မှာ မိန်းကလေးတွေဟာ စိတ်ထိခိုက်လွယ်ကြပါတဲ့အပြင် အမဟောမုန်းဓာတ်နည်းနေတဲ့အတွက် လိင်ဆက်ဆံဖို့ မသင့်တောပါဘူးလို့  Health.com ရဲ့အဆိုအရ သိရပါတယ်။ ပထမဆုံးအကြိမ် လိင်ဆက်ဆံမယ့် မိန်းကလေးတွေအတွက် ရာသီလာစဉ်လိင်ဆက်ဆံခြင်း ရှောင်ကျဉ်သင့်ပါတယ်လို့ ဆိုထားပြန်ပါတယ်။

၃။ ရာသီလာနေတယ်ဆိုတာ မတွေးပါနဲ့။
ရှေးခေတ်မိန်းမပျိုတွေကတော့ ရာသီလာနေပြီဆိုရင် အိမ်ထဲကနေ အိမ်အပြင် မထွက်တော့ဘဲ အိမ်ယာပေါ်မှာပဲ အချိန်ကုန်ခံပြီး အိမ်တွင်းပုန်းလုပ်နေကြပါတယ်။ ဒီအချက်ကလည်း အလွန်မှားယွင်းတဲ့ အချက်ဖြစ်ပါတယ်။ တကယ်တော့ ရာသီလာတယ်ဆိုတဲ့ကိစ္စက ကိုယ်ဟာ ကျန်းမာသန်စွမ်းတဲ့မိန်းမပျိုဖြစ်တဲ့အတွက်မို့ ပျော်ပျော်ရွှင်ရွှင်ခံယူသင့်ပါတယ်။ ရာသီလာတဲ့ကိစ္စကို မေ့လျော့ထားလိုက်ပြီး ကျောင်းကိစ္စ၊ရုံးကိစ္စ မိမိနိစ္စဓူဝအလုပ်တွေကို ပျော်ပျော်ရွှင်ရွှင်လုပ်ကိုင်ရင်း အချိန်ကိုကုန်ဆုံးသင့်ပါတယ်။

၎။ လစဉ်သုံးပစ္စည်းမပါဘဲ အိပ်ယာမဝင်ပါနဲ့။
ဒီအချက်ကလည်း မိန်းကလေးတွေ သတိလက်လွှတ်ဖြစ်နိုင်တဲ့အချက်ပါပဲ။ လစဉ်သုံးပစ္စည်းကို အပြင်ထွက်နေတုန်း အချိန်မှာသာ သုံးလေ့ရှိကြပေမယ့် အိပ်ယာဝင်ပြီဆိုရင် မေ့သွားမှာ စိုးရပါတယ်။ ရာသီသွေးတွေကြောင့် အိပ်ယာခင်းပေကျန်ခြင်း မဖြစ်စေရန်အတွက် လစဉ်သုံးပစ္စည်းကို သုံးရပါမယ်။

ရာသီလာနေချိန်မှာ ဘာတွေစားသင့်လဲ
၅။ အဖြူရောင် အဝတ်အထည်ကို မဝတ်ပါနဲ့
ရာသီလာနေတုန်းမှာဆိုရင် ကိုယ်လက်လှုပ်ရှားတဲ့အတွက်ကြောင့်ဖြစ်စေ ၊ လစဉ်သုံးပစ္စည်းကြောင့်ဖြစ်စေ အဝတ်အထည်တွေ ပေကျန်နိုင်ပါတယ်။ အဲဒီတော့ တကယ်လို့များ အဝတ်အထည်ပေခဲ့ရင်တောင် ပတ်ဝန်းကျင်မသိသာစေရန် အရောင်မှိုင်းမှိုင်း၊ အရောင်ထိုင်းထိုင်း အဝတ်စားတွေကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အဖြူရောင်ကိုတော့ လုံးဝမဝတ်ဆင်ပါနဲ့။

၆။ အဆာမခံပါနဲ့။

သံဓာတ် (Iron) ဟာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးတဲ့အတွက် ရာသီလာနေချိန်မှာ နို့နှင့်နို့ထွက်ပစ္စည်းများကို စားသုံးသင့်ပါတယ်။ အသီးအရွက်လည်း များများစားပေးပါ။ နောက်ပြီးတော့ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန် လုပ်ဆောင်သင့်ပါတယ်။ ရာသီလာနေတဲ့အချိန်မှာဆိုရင် ဗိုက်အောင့်တာတွေက ခံစားရခက်လှပါတယ်။ အပေါ့စားလေ့ကျင့်ခန်းတွေဟာ ဗိုက်အောင့်တာတွေ ၊ ဗိုက်နာတာတွေကို သက်သာစေပါတယ်။

၇။ လစဉ်သုံးပစ္စည်းတွေ မလဲဘဲမနေပါနဲ့။
ရာသီလာနေချိန်မှာဆိုရင် လစဉ်သုံးပစ္စည်းတစ်ခုတည်း သုံးတာက ကျန်းမာရေးအတွက် မကောင်းလှပါ။ အနံဆိုးနှင့်ဘက်တီးရီးယားပိုးမွှားများ ကာကွယ်ရန်အတွက် လစဉ်သုံးပစ္စည်းတွေကို ၅နာရီခြားတစ်ခါ လဲလှယ်သင့်ပါတယ်။ လစဉ်သုံးပစ္စည်းကို မလဲဘူးဆိုရင် မအင်္ဂါမှ ထွက်လာတဲ့သွေးတွေဟာ လစဉ်သုံးပစ္စည်းမှ ဓာတုပစ္စည်းတွေနဲ့ ဓာတ်ပြုပြီး မှိုအဖြစ်ပြောင်းလာသွားရုံမက ကင်ဆာရောဂါအထိ ဖြစ်နိုင်ပါတယ်။

၈။ ရေမကူး ၊ ဘီယာမသောက်ပါနဲ့။
ရာသီလာနေချိန်မှာ ဘီယာသောက်မယ်ဆိုရင် Alcohol ဓာတ်ကို ပိုမိုစွဲလမ်းမူးယစ်နေတဲ့အတွက် မသောက်သင့်ပါဘူး။ ရာသီလာနေပြီဆိုရင် ရေကူးကန်မှာ ရေသွားမကူးသင့်ပါဘူး။ သွေးအညစ်အကြေးတွေကြောင့် ရေကူးကန်တစ်ခုလုံး ညစ်ပေနိုင်ပါတယ်။

ကဲ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ရာသီလာနေချိန်မှာဆိုရင် အနည်းနှင့်အများ စိတ်ကတောက်ကဆဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီး အနာဂတ်အတွက် ဘယ်လိုကောင်းကောင် ပြင်ဆင်သင့်တယ်ဆိုတာ တွေးတောရင်း ဖြတ်သန်းမယ်ဆိုရင် အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ မလွဲပါကြောင်း တင်ပြလိုက်ရပါတယ်။

ကျော်စိုးအောင် (အခရာ)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...