ေလာက္ကိုင္ၿမိဳ႔တြင္း လက္နက္ကိုင္ေတြ ဝင္တုိက္၍ အရပ္သား အမ်ားအျပားေသဆုံး

ယေန႔(မတ္လ ၆ရက္) နံနက္ အေစာပုိင္းမွစကာ လက္နက္ကုိင္
အဖြဲ႔တစ္ခုက ေလာက္ကုိင္ၿမိဳ႔တြင္းသုိ႔ ၀င္ေရာက္တုိက္ခုိက္၍
အရပ္သားအမ်ားအျပား ေသဆုံးမႈရွိခဲ႔ေၾကာင္း ေဒသတြင္း ရဲတပ္ဖြဲ႔ႏွင္႔
ေဒသခံမ်ားထံမွ သတင္းရရွိသည္။ေလာက္ကုိင္ၿမိဳ႕၊
က်င္းဖူး ေဟာ္တယ္ေရွ့ႏွင္႔ ရန္လုံက်ိဳင္း၊ တုံခ်ိန္ရပ္ကြက္တုိ႔ကုိ နံနက္
ႏွစ္နာရီခန္႔တြင္ ၀င္ေရာက္တုိက္ခုိက္ျခင္းျဖစ္ေၾကာင္း ေဒသတြင္း
လုံၿခံဳေရး အရာရွိတစ္ဦးကေျပာသည္။"သူတုိ႔ ၿမိဳ႔လည္ေခါင္ကုိ၀င္ပစ္ၿပီး အစေဖ်ာက္သြားတာ။ အရပ္သား ထိခုိက္တာေတြ မခန္႔မွန္းနုိင္ေသးဘူး။
ဟုိတစ္ေလာင္း ဒီတစ္ေလာင္း၊ အရပ္သားေတြ၊ ကုမၼဏီ၀န္ထမ္းေတြ
ထိခုိက္တာပါ။ အေရအတြက္ကေတာ႔ မ်ားတယ္။ ပိတ္ပိတဲ႔သူ ပိတ္မိတယ္။
ဆြဲထုတ္တဲ႔သူ ဆြဲထုတ္တယ္" ဟု လုံၿခံဳေရးအရာရွိတစ္ဦးကေျပာသည္။
အဆုိပါ လက္နက္ကုိင္အဖြဲ႔ႏွင္႔ ေဒသတြင္း လုံၿခံဳေရးယူထားေသာ
တပ္မေတာ္သည္ နံနက္ ႏွစ္နာရီမွ ငါးနာရီခန္႔အထိ တိုိက္ပြဲျဖစ္ခဲ႔ၿပီး
သတင္းေရးသားခ်ိန္ နံနက္ ရွစ္နာရီခန္႔အထိလည္း ပစ္ခတ္မႈအခ်ိဳ႕
ျဖစ္ပြားေနဆဲျဖစ္သည္။မည္သည္႔လက္နက္ကုိင္အဖြဲ႔ဟု တရား၀င္ သတင္းမထုတ္ျပန္ေသးေသာ္လည္း ကုိးကန္႔လက္နက္ကုိင္
အဖြဲ႔ MNDAA က ေလာက္ကုိင္ၿမိဳ႔တြင္း ၀င္ေရာက္တုိက္ခုိက္မည္
ျဖစ္ေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္မွာ တစ္လခန္႔ရွိေနၿပီျဖစ္သည္။

7Day

"လောက်ကိုင်မြို့တွင်း လက်နက်ကိုင်တွေ ဝင်တိုက်၍ အရပ်သား
အများအပြားသေဆုံး"
ယနေ့(မတ်လ ၆ရက်) နံနက် အစောပိုင်းမှစကာ လက်နက်ကိုင်
အဖွဲ့တစ်ခုက လောက်ကိုင်မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်၍
အရပ်သားအများအပြား သေဆုံးမှုရှိခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့နှင့်
ဒေသခံများထံမှ သတင်းရရှိသည်။လောက်ကိုင်မြို့၊
ကျင်းဖူး ဟော်တယ်ရှေ့နှင့် ရန်လုံကျိုင်း၊ တုံချိန်ရပ်ကွက်တို့ကို နံနက်
နှစ်နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်း
လုံခြုံရေး အရာရှိတစ်ဦးကပြောသည်။"သူတို့ မြို့လည်ခေါင်ကိုဝင်ပစ်ပြီး အစဖျောက်သွားတာ။ အရပ်သား ထိခိုက်တာတွေ မခန့်မှန်းနိုင်သေးဘူး။
ဟိုတစ်လောင်း ဒီတစ်လောင်း၊ အရပ်သားတွေ၊ ကုမ္မဏီဝန်ထမ်းတွေ
ထိခိုက်တာပါ။ အရေအတွက်ကတော့ များတယ်။ ပိတ်ပိတဲ့သူ ပိတ်မိတယ်။
ဆွဲထုတ်တဲ့သူ ဆွဲထုတ်တယ်" ဟု လုံခြုံရေးအရာရှိတစ်ဦးကပြောသည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့နှင့် ဒေသတွင်း လုံခြုံရေးယူထားသော
တပ်မတော်သည် နံနက် နှစ်နာရီမှ ငါးနာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး
သတင်းရေးသားချိန် နံနက် ရှစ်နာရီခန့်အထိလည်း ပစ်ခတ်မှုအချို့
ဖြစ်ပွားနေဆဲဖြစ်သည်။မည်သည့်လက်နက်ကိုင်အဖွဲ့ဟု တရားဝင် သတင်းမထုတ်ပြန်သေးသော်လည်း ကိုးကန့်လက်နက်ကိုင်
အဖွဲ့ MNDAA က လောက်ကိုင်မြို့တွင်း ဝင်ရောက်တိုက်ခိုက်မည်
ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်မှာ တစ်လခန့်ရှိနေပြီဖြစ်သည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...