အျမဲနုပ်ိဳေနေစဖို့ဆိုရင္ ဒါေလးေတြ ေလ့လာထားရမယ္ေနာ္..

ဤေလာက၌ မႏုပ်ိဳခ်င္တဲ့သူ မရွိပါ။ သူသူကိုယ္ကိုယ္ အရြယ္တင္ႏုပ်ိဳခ်င္ၾကပါတယ္။ ဒါေၾကာင့္အရြယ္မတုိင္ မီ အုိမင္းမႈကို တုိက္ဖ်က္ဖို႔အတြက္ အခ်က္ (၈)ခ်က္ကို တင္ျပလုိက္ပါတယ္။

(၁) သင့္အသက္ ၁၈ႏွစ္ေလာက္က ကိုယ္အေလးခ်ိန္အတုိင္းရွိပါေစ

သင့္ကိုယ္အေလးခ်ိန္တိုးကာ အဆီမ်ားလာလွ်င္ ဆီးခ်ိဳေရာဂါျဖစ္ဖုိ႔ အလားအလာပိုရွိပါတယ္။ ဒါ့အျပင္ အဆိ ကလာပ္စညး္မ်ားက Cytokines ကို ထြက္ေစလုိ႔ထုိမွတစ္ဆင့္ ႏွလံုးနဲ႕ေသြးေၾကာေတြ ကို မာေက်ာ ေစပါ တယ္။

ထုိ႔အျပင္အဆီမ်ားတာဟာ တခ်ိဳ႕ ကင္ဆာေတြကို ျဖစ္ေစႏုိင္ပါတယ္။ ဒါ့အျပင္ပိန္တဲ့သူေတြဟာ၀တဲ့သူေတြ
ေလာက္ အခ်ိန္မတုိင္မီ ေသဆံုးမႈ မရွိဘူးလုိ႔ ဆုိပါတယ္။ ဒါ့ေၾကာင့္သင့္ရဲ႕ ကိုယ္အေလးခ်ိန္ကို ထိန္းထား သင့္ပါတယ္။

(၂) အားေဆးေသာက္ပါ

အသက္ၾကီးလာတာနဲ႕အမွ် ခႏၶာကိုယ္တြင္းမွာ စြမ္းအင္မ်ားေလ်ာ့နည္းလာပါတယ္။ ခႏၶာကိုယ္အတါင္းမွ ကလာပ္စည္းမ်ားထဲရွိ Mitochondria ေတြပ်က္စီးယိုယြင္းလာတာဟာ အသက္အရြယ္ၾကီးရင့္ ေစတဲ့အ ေၾကာင္းပဲ ျဖစ္ပါတယ္။

ဒီအားေဆးေတြဟာ Mitochondria ကို ျပန္လည္ အားျဖည့္ေစလုိ႔အသက္အရြယ္ၾကီးရင့္လာမႈ ကိုတားဆီး
ႏိုင္ပါတယ္။

(၃) အစားကို နင္းကန္မစားပါႏွင့္

ေလ့လာမႈမ်ားအရ ကယ္လုိရီေလွ်ာ့စားသူမ်ားဟာ ေသြးတြင္းသၾကားဓာတ္ကို ထိန္းထားႏုိင္တဲ့အတြက္ Tissue ေတြ ပ်က္စီးတာကို ေလ်ာ့နည္းေစတယ္လုိ႔သိရပါတယ္။ တစ္ပတ္မွာ တစ္ရက္ေလာက္အစာကို ေလွ်ာ့စားျပီးေရမ်ားမ်ားေသာက္ၾကည့္ပါ။

(၄) အိမ္ေမြးတိရစာၦန္ေတြ ေမြးပါ

အိမ္ေမြးတိရစာၦန္ေတြ ေမြးတာဟာ ႏွလံုးရုတ္တရက္ တုိက္ခုိက္ခံရျခင္းနဲ႕ စိတ္က်ေရာဂါကို ေလ်ာ့နည္းေစ ပါတယ္။ အိမ္ေမြးတိရစာၦန္ေမြးသူေတြဟာအသက္ၾကီးရင့္တဲ့အခါမွာျဖတ္တတ္တဲ့ ေသြးတုိးေရာဂါကို ကာ ကြယ္ႏုိင္ပါတယ္။

ခ်စ္စရာအိမ္ေမြး တိရစာၦန္ေလးေတြေၾကာင့္ စိတ္ဖိစီးမႈကိုလည္း သက္သာေစပါတယ္။သတိထားရမွာ က တိရစာၦန္ေလးေတြကို သတိနဲ႕ ကုိင္တြယ္ဖုိ႔လုိပါတယ္။

(၅) ခႏၶာကိုယ္တစ္ေနရာရာမွာ နာက်င္လွ်င္ ဆရာ၀န္ႏွင့္ တုိင္ပင္ျပသပါ

နာက်င္မႈဟာ ခႏၶာကိုယ္ရဲ႕ ခုခံအားစနစ္ကို ေလ်ာ့က်ေစပါတယ္။ ဒါ့အျပင္နာက်င္မႈေၾကာင့္ စိတ္က်ေရာ ဂါႏွင့္အတူ Stree hormone ျဖစ္တဲ့ cortisol ကိုျမင့္တက္ေစပါတယ္။ ဒါ့ေၾကာင့္ ခႏၶာကိုယ္မွာ နာက်င္မႈ တစ္ခုခုျဖစ္လွ်င္ေဆးျမီးတုိနဲ႕ မကုသဘဲ ဆရာ၀န္နဲ႕ ေသခ်ာ ေဆြးေႏြးတုိင္ပင္ သင့္ပါတယ္။

(၆) ေျခလ်င္လမ္းေလွ်ာက္ပါ

လမ္းေလွ်ာက္တာဟာ ေသြးေၾကာနံရံေတြကို ႏွစ္ဆေပ်ာ့ေျပာင္းေစပါတယ္။ တစ္ပတ္မွာ ၅ရက္ေလာက္နဲ႕ တစ္ခါေလွ်ာက္လွ်င္ အၾကမ္းဖ်င္း မိနစ္၃၀ေလာက္ေလွ်ာက္ေပးဖုိ႔သင္ပါတယ္။ အသက္ၾကီးလာတာနဲ႕ အမွ် ေသြးေၾကာနံရံေတြဟာမာလာပါတယ္။ အဓိကကေတာ့ ေသြးတုိးလာလုိ႔ပဲ ျဖစ္ပါတယ္။

လမး္ေလွ်ာက္ျခင္းျဖင့္ေသြးတိုးေရာဂါကို ထိန္းႏုိင္သလုိ ဆိးခ်ိဳေရာဂါ၊ စိတ္က်ေရာဂါနဲ႕ ေမ့တတ္တဲ့
ျပႆနာကိုပါ ေလ်ာ့နည္းေစပါတယ္။

(၇) ျဖည္းျဖည္းသက္သာေျဖရွင္းပါ

လင္မယား အခ်င္းခ်င္း ရုိင္းရုိင္းစုိင္းစိုင္းရန္ျဖစ္တာဟာ ေသြးေၾကာထဲမွာ ေသြးခဲဖုိ႔အလားအလာ မ်ားပါ တယ္။ ဒီလုိေအာၾကီးဟစ္က်ယ္ ရန္ျဖစ္တာ ႏွလံုးကိုထိခိုက္ေစႏုိင္ပါတယ္။ လင္မယားခ်င္းရန္ျဖစ္တာ သဘာ၀ပါ။ ဒါေပမယ့္က်န္းမာႏုပ်ိဳခ်င္လွ်င္ ရုိင္းရုိင္းစုိင္းစုိင္း ေျပာျခင္း၊ေငါ့ေတာ့ေတာ့ေျပာ ခ်င္း၊ ေျခလက္ မ်ားပါျခင္းတုိ႔ကို ေရွာင္ၾကဥ္ကာ ျပႆနာကိုေအးေအးေဆးေဆး ေဆြးေႏြးသင့္ပါတယ္။

(၈) အပင္စိုက္ပါ

တစ္သက္လံုးေပ်ာ္ခ်င္လွ်င္ သစ္ပင္စုိက္ ဟူေသာ စကားပံု ရွိပါတယ္။ အပင္စုိက္တာဟာ စိတ္ၾကည္ႏႈးစ ရာပါ။ စိတ္ညစ္တာေတြ၊ စိတ္က်တာေတြကိုေျဖေဖ်ာက္ေပးႏုိင္ပါတယ္။ ေလ့လာ စမ္းသပ္မႈတစ္ခုအရ ပန္းပင္ေတြကိုျမင္ေတြ႕ေနရတဲ့ လူနာမ်ားဟာ အု
တ္နံရံကိုသာ ျမင္ေတြ႕ရတဲ့ လူနာမ်ားထက္ေဆးရုံမွ
 ေစာေစာဆင္းရတယ္လုိ႔ ဆိုၾကပါတယ္။ ဒါ့ေၾကာင့္စိတ္ႏုပ်ိဳလန္းဆန္းလိုလွ်င္ သစ္ပင္စုိက္ပါ။

လြင္ျပင္ သတင္း
=====
ဤလောက၌ မနုပျိုချင်တဲ့သူ မရှိပါ။ သူသူကိုယ်ကိုယ် အရွယ်တင်နုပျိုချင်ကြပါတယ်။ ဒါကြောင့်အရွယ်မတိုင် မီ အိုမင်းမှုကို တိုက်ဖျက်ဖို့အတွက် အချက် (၈)ချက်ကို တင်ပြလိုက်ပါတယ်။

(၁) သင့်အသက် ၁၈နှစ်လောက်က ကိုယ်အလေးချိန်အတိုင်းရှိပါစေ

သင့်ကိုယ်အလေးချိန်တိုးကာ အဆီများလာလျှင် ဆီးချိုရောဂါဖြစ်ဖို့ အလားအလာပိုရှိပါတယ်။ ဒါ့အပြင် အဆိ ကလာပ်စညး်များက Cytokines ကို ထွက်စေလို့ထိုမှတစ်ဆင့် နှလုံးနဲ့သွေးကြောတွေ ကို မာကျော စေပါ တယ်။

ထို့အပြင်အဆီများတာဟာ တချို့ ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင်ပိန်တဲ့သူတွေဟာဝတဲ့သူတွေ
လောက် အချိန်မတိုင်မီ သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ ကိုယ်အလေးချိန်ကို ထိန်းထား သင့်ပါတယ်။

(၂) အားဆေးသောက်ပါ

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်တွင်းမှာ စွမ်းအင်များလျော့နည်းလာပါတယ်။ ခန္ဓာကိုယ်အတါင်းမှ ကလာပ်စည်းများထဲရှိ Mitochondria တွေပျက်စီးယိုယွင်းလာတာဟာ အသက်အရွယ်ကြီးရင့် စေတဲ့အ ကြောင်းပဲ ဖြစ်ပါတယ်။

ဒီအားဆေးတွေဟာ Mitochondria ကို ပြန်လည် အားဖြည့်စေလို့အသက်အရွယ်ကြီးရင့်လာမှု ကိုတားဆီး
နိုင်ပါတယ်။

(၃) အစားကို နင်းကန်မစားပါနှင့်

လေ့လာမှုများအရ ကယ်လိုရီလျှော့စားသူများဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းထားနိုင်တဲ့အတွက် Tissue တွေ ပျက်စီးတာကို လျော့နည်းစေတယ်လို့သိရပါတယ်။ တစ်ပတ်မှာ တစ်ရက်လောက်အစာကို လျှော့စားပြီးရေများများသောက်ကြည့်ပါ။

(၄) အိမ်မွေးတိရစ္ဆာန်တွေ မွေးပါ

အိမ်မွေးတိရစ္ဆာန်တွေ မွေးတာဟာ နှလုံးရုတ်တရက် တိုက်ခိုက်ခံရခြင်းနဲ့ စိတ်ကျရောဂါကို လျော့နည်းစေ ပါတယ်။ အိမ်မွေးတိရစ္ဆာန်မွေးသူတွေဟာအသက်ကြီးရင့်တဲ့အခါမှာဖြတ်တတ်တဲ့ သွေးတိုးရောဂါကို ကာ ကွယ်နိုင်ပါတယ်။

ချစ်စရာအိမ်မွေး တိရစ္ဆာန်လေးတွေကြောင့် စိတ်ဖိစီးမှုကိုလည်း သက်သာစေပါတယ်။သတိထားရမှာ က တိရစ္ဆာန်လေးတွေကို သတိနဲ့ ကိုင်တွယ်ဖို့လိုပါတယ်။

(၅) ခန္ဓာကိုယ်တစ်နေရာရာမှာ နာကျင်လျှင် ဆရာဝန်နှင့် တိုင်ပင်ပြသပါ

နာကျင်မှုဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လျော့ကျစေပါတယ်။ ဒါ့အပြင်နာကျင်မှုကြောင့် စိတ်ကျရော ဂါနှင့်အတူ Stree hormone ဖြစ်တဲ့ cortisol ကိုမြင့်တက်စေပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်မှာ နာကျင်မှု တစ်ခုခုဖြစ်လျှင်ဆေးမြီးတိုနဲ့ မကုသဘဲ ဆရာဝန်နဲ့ သေချာ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။

(၆) ခြေလျင်လမ်းလျှောက်ပါ

လမ်းလျှောက်တာဟာ သွေးကြောနံရံတွေကို နှစ်ဆပျော့ပြောင်းစေပါတယ်။ တစ်ပတ်မှာ ၅ရက်လောက်နဲ့ တစ်ခါလျှောက်လျှင် အကြမ်းဖျင်း မိနစ်၃ဝလောက်လျှောက်ပေးဖို့သင်ပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ သွေးကြောနံရံတွေဟာမာလာပါတယ်။ အဓိကကတော့ သွေးတိုးလာလို့ပဲ ဖြစ်ပါတယ်။

လမး်လျှောက်ခြင်းဖြင့်သွေးတိုးရောဂါကို ထိန်းနိုင်သလို ဆိးချိုရောဂါ၊ စိတ်ကျရောဂါနဲ့ မေ့တတ်တဲ့
ပြဿနာကိုပါ လျော့နည်းစေပါတယ်။

(၇) ဖြည်းဖြည်းသက်သာဖြေရှင်းပါ

လင်မယား အချင်းချင်း ရိုင်းရိုင်းစိုင်းစိုင်းရန်ဖြစ်တာဟာ သွေးကြောထဲမှာ သွေးခဲဖို့အလားအလာ များပါ တယ်။ ဒီလိုအောကြီးဟစ်ကျယ် ရန်ဖြစ်တာ နှလုံးကိုထိခိုက်စေနိုင်ပါတယ်။ လင်မယားချင်းရန်ဖြစ်တာ သဘာဝပါ။ ဒါပေမယ့်ကျန်းမာနုပျိုချင်လျှင် ရိုင်းရိုင်းစိုင်းစိုင်း ပြောခြင်း၊ငေါ့တော့တော့ပြော ချင်း၊ ခြေလက် များပါခြင်းတို့ကို ရှောင်ကြဉ်ကာ ပြဿနာကိုအေးအေးဆေးဆေး ဆွေးနွေးသင့်ပါတယ်။

(၈) အပင်စိုက်ပါ

တစ်သက်လုံးပျော်ချင်လျှင် သစ်ပင်စိုက် ဟူသော စကားပုံ ရှိပါတယ်။ အပင်စိုက်တာဟာ စိတ်ကြည်နှုးစ ရာပါ။ စိတ်ညစ်တာတွေ၊ စိတ်ကျတာတွေကိုဖြေဖျောက်ပေးနိုင်ပါတယ်။ လေ့လာ စမ်းသပ်မှုတစ်ခုအရ ပန်းပင်တွေကိုမြင်တွေ့နေရတဲ့ လူနာများဟာ အု
တ်နံရံကိုသာ မြင်တွေ့ရတဲ့ လူနာများထက်ဆေးရုံမှ
 စောစောဆင်းရတယ်လို့ ဆိုကြပါတယ်။ ဒါ့ကြောင့်စိတ်နုပျိုလန်းဆန်းလိုလျှင် သစ်ပင်စိုက်ပါ။

လွင်ပြင် သတင်း

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...