လူသေအလောင်းပေါ်တက်ခွလို့ ကိုယ်ဝန်ရခဲ့တဲ့အမျိုးသမီး






Credit,,ထွန်းဦး
ကျော်​သက်​​ထွေး

လူသေအလောင်းနဲ့ ပျော်ပါးမိလို့ ကိုယ်ဝန်ရခဲ့တဲ့အမျိုးသမီး

ရင်ခွဲရုံမှာ လူသေအလောင်းကောင်တွေကြား လုပ်ကိုင်ရတဲ့အလုပ်က တစ်ကယ်ကို ကြောက်စရာကောင်းတာတော့ အမှန်ပါပဲ။ ဒီကြားထဲမှာ ဟိုတွေးဒီတွေးနဲ့ သရဲတွေများ ကိုယ့်အနားရှိနေမလား၊ လာခြောက်လှန့်မလား ဆိုပြီး စိတ်ထဲမှာ တွေးကြောက်တတ်သူဆိုရင်တော့ ဒီအလုပ်က တစ်ကယ် မတွေးရဲစရာပါ။
ဒါပေမယ့် မလုပ်မဖြစ်လို့ လုပ်ကိုင်ရင်းနေသားကျသွားရင်တော့ အလောင်းကောင်တွေဟာ အထူးအဆန်း မဟုတ်တော့ပြန်ပါဘူး၊ ကြောက်စရာလို့လည်း မြင်မိမှာ မဟုတ်တော့ပါဘူး။ ဒီလိုနေသားကျလာပြန်တော့ လူသေအလောင်းတွေနဲ့ အပျော်သဘော ကာမစက်ယှက်ချင်တဲ့ စိတ်ဖြစ်လာတတ်ပါတယ်။

အမေရိကန်နိုင်ငံ မစ်ဆိုရီပြည်နယ်က လက်ဆင်တန်မြို့က ရင်ခွဲရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဖယ်လီစီတီ မာမာဒုခ် ဆိုသူ အမျိုးသမီးဟာ အလုပ်ကြိုးစားသလောက် လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ပေါင်းသင်းဆက်ဆံရေး ကောင်းသူအဖြစ် အသိမှတ်ပြုခံထားရသူဖြစ်ပါတယ်။

သူမညဂျူတီဆင်းတဲ့ တစ်ရက်မှာတော့ ယောက်ျားလူသေအလောင်းတွေထဲကမှာ စွဲဆောင်မှုအရှိဆုံးလို့ သူထင်တဲ့ အလောင်း တစ်လောင်းကို အလောင်းစင်ပေါ်တင်၊ သေချာရေဆေးကျောပြီး အလောင်းနဲ့ စိတ်ကြိုက် ပျော်ပါးခဲ့ပါတယ်။ အဲဒီညကတော့ သူမအတွက် အတွေ့အကြုံသစ်တွေရလိုက်ပါတယ်။

တစ်ပတ်နှစ်ပတ်ခန့်အကြာ သူ့ရဲ့ရာသီချိန်မှာ ရာသီပန်းမပွင့်တာကို သတိထားမိပြီး ကိုယ်ဝန်စစ်တဲ့ ကရိယာနဲ့ စစ်ဆေးကြည့်ရာမှာတော့ သူမအကြီးအကျယ် ထိတ်လန့်သွားခဲ့ရပါတယ်။ အနီရောင်အတန်း နှစ်တန်းနဲ့ ကိုယ်ဝန်ရှိနေကြောင်း ပြသနေတဲ့အတွက်ပါ။
ဆရာဝန်တွေနဲ့ တိုင်ပင်ကြည့်တဲ့အခါ ဒီအတောအတွင်း မည်သူနဲ့မှ ကာမစပ်ရှက်မှု မရှိထားတာ သေချာကြောင်း ပြောပြခဲ့သလို လူသေကောင် ယောက်ျားနဲ့တော့ ပျော်ပါးမိခဲ့ကြောင်း ဝန်ခံခဲ့ရပါတယ်။ ဆရာဝန်က ဆက်လက် မေးမြန်ခဲ့ရာ သူမရဲ့ ကိစ္စပြီးခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
ဆရာဝန်က သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပြီးနောက် သူမဟာ မဟုတ်မဟတ် လုပ်ခဲ့မှုအတွက် အဖမ်းခံခဲ့ရပြီး ဒေါ်လာ ၂၅၀,၀၀၀ တန် ခံဝန်ထိုးခဲ့ရပြီး လူသေနဲ့ မတော်တလျော်လုပ်မှုအတွက် တရားစွဲခံခဲ့ရပါတယ်။

ဖော်ပြပါအကြောင်းအရာနဲ့ ပက်သက်ပြီး ဒါဟာတော်တော် အဓိပ္ပါယ်မဲ့တာပဲ၊ ပေါက်ကရတွေပါကွာလို့ ပြောဆိုဝေဖန်မယ်ဆိုရင်လည်း ဝေဖန်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ယုံတမ်းဇာတ်လမ်းတစ်ပုဒ် ဖြစ်နေလို့ပါပဲ။
သတင်းအမှန်တွေကိုသာ တင်လေ့ရှိတဲ့ ပိုပိုလေးက ဒီလိုဇာတ်လမ်းမျိုးတွေကို အမောအပမ်းပြေ (သို့မဟုတ်) တစ်ကယ်သာ ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ ရသအတွေးလေး တစ်ခုရစေချင်လို့ တင်ပေးလိုက်ရခြင်းသာဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကြောင့် တန်ဖိုးရှိတဲ့ လူကြီးမင်းတို့ရဲ့ အချိန်ကုန်သွားခဲ့တယ်ဆိုရင် စိတ်မရှိကြဖို့ မေတ္တာရပ်ပါတယ်။
Credit,,ထွန်​းဦး
​ကျော်​သက်​​ထွေး

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...