တရားစြဲခံထားရတဲ့ ဥကၠဌ ဦးလူမင္း

ျမန္မာႏိုင္ငံ ရုပ္ရွင္အစည္းအရံုး ဥကၠဌ ဦးလူမင္းကေတာ့ တရားရင္ဆိုင္ေနရတယ္လို႕ သိရပါတယ္။ ရန္ကုန္တိုင္း ဗီဒီယိုအေျခခံ အဖြဲ႕ရဲ႕ ဥကၠဌကို နာယကႀကီးမ်ား၊ အမ်ားသေဘာတူညီမႈနဲ႕ တာဝန္မွ အနားေပးလိုက္တဲ့အေပၚမွာ မေက်နပ္တာေၾကာင့္ ယင္းဥကၠဌ က ျပန္လည္တရားစြဲထားတာ ျဖစ္တယ္လို႕ Myanmar Celebrity အင္တာဗ်ဴးမွာ ေျဖဆိုထားပါတယ္။ ယင္းကိစၥနဲ႕ ပတ္သက္ၿပီး တရားရံုးသို႕ သြားေနရသည္မွာ ေလးႀကိမ္ငါးႀကိမ္ေလာက္ရွိၿပီလို႕ ဆုိပါတယ္။


လက္ရွိအခ်ိန္ထိကေတာ့ တရားရံုးရဲ႕ လုပ္ထံုးလုပ္နည္းအတုိင္း တရားလိုရဲ႕ တင္ျပထားတာကို တဆင့္ၿပီး တဆင့္ေဆာင္ရြက္ လ်က္ရွိတယ္လို႕ သိရပါတယ္။ အဲ့လိုုပဲ ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရံုးဘက္မွ ယင္းဥကၠဌ လက္ဝယ္ရွိေနတဲ့ ဘဏ္စာအုပ္မ်ား စာရင္းမ်ားကို ျပန္လည္ေတာင္းယူဖို႕ ရွိေပမယ့္ အခုခ်ိန္ထိ လူမင္းတုိ႕ဘက္က တရားဥပေဒအရ ျပန္လည္ေတာင္းဆိုမယ့္ အေျခအေနကို အခုထိ မေရာက္ေသးဘူးလို႕ ယင္းအင္တာဗ်ဴးမွာ ေျဖဆိုထားပါတယ္။ လူမင္းအေနနဲ႕လည္း တစ္သက္နဲ႕ တစ္ကိုယ္ ပထမဆံုးအႀကိမ္ တရားရင္ဆိုင္ေနရတာ ျဖစ္တယ္လို႕ ေျပာျပထားပါေသးတယ္။ အကယ္ဒမီေပးပြဲႀကီး က်င္းပၿပီးေနာက္ပိုင္း ဥကၠဌရာထူးက အနားယူေပမယ့္လည္း ဒီအမႈကိုေတာ့ ရင္ဆုိင္သြားရဦးမွာလို႕လည္း ေျပာျပထားပါတယ္။

Source : Myanmar Celebrity
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းကတော့ တရားရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ဗီဒီယိုအခြေခံ အဖွဲ့ရဲ့ ဥက္ကဌကို နာယကကြီးများ၊ အများသဘောတူညီမှုနဲ့ တာဝန်မှ အနားပေးလိုက်တဲ့အပေါ်မှာ မကျေနပ်တာကြောင့် ယင်းဥက္ကဌ က ပြန်လည်တရားစွဲထားတာ ဖြစ်တယ်လို့ Myanmar Celebrity အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။ ယင်းကိစ္စနဲ့ ပတ်သက်ပြီး တရားရုံးသို့ သွားနေရသည်မှာ လေးကြိမ်ငါးကြိမ်လောက်ရှိပြီလို့ ဆိုပါတယ်။


လက်ရှိအချိန်ထိကတော့ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း တရားလိုရဲ့ တင်ပြထားတာကို တဆင့်ပြီး တဆင့်ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့လိုုပဲ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဘက်မှ ယင်းဥက္ကဌ လက်ဝယ်ရှိနေတဲ့ ဘဏ်စာအုပ်များ စာရင်းများကို ပြန်လည်တောင်းယူဖို့ ရှိပေမယ့် အခုချိန်ထိ လူမင်းတို့ဘက်က တရားဥပဒေအရ ပြန်လည်တောင်းဆိုမယ့် အခြေအနေကို အခုထိ မရောက်သေးဘူးလို့ ယင်းအင်တာဗျူးမှာ ဖြေဆိုထားပါတယ်။ လူမင်းအနေနဲ့လည်း တစ်သက်နဲ့ တစ်ကိုယ် ပထမဆုံးအကြိမ် တရားရင်ဆိုင်နေရတာ ဖြစ်တယ်လို့ ပြောပြထားပါသေးတယ်။ အကယ်ဒမီပေးပွဲကြီး ကျင်းပပြီးနောက်ပိုင်း ဥက္ကဌရာထူးက အနားယူပေမယ့်လည်း ဒီအမှုကိုတော့ ရင်ဆိုင်သွားရဦးမှာလို့လည်း ပြောပြထားပါတယ်။

Source : Myanmar Celebrity

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...