ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ံုးထုတ္ျပန္ခ်က္ ပါတီတစ္ခုမွ ကန္႔ကြက္

ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ံုးရဲ႕ သတင္းထုတ္ျပန္ခ်က္ဟာ တိုင္းရင္းသားစည္းလံုးညီၫြတ္ေရး ကို ပ်က္ျပားေစႏိုင္တယ္လို႔ ဒိုင္းနက္လူမ်ိဳးမ်ား တိုးတက္ေရးပါတီက မတ္လ ၁၅ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ ကန္႔ကြက္လိုက္ပါတယ္။

မတ္လ ၁၁ ရက္ေန႔မွာ ေမာင္ေတာေျမာက္ပိုင္း ေအာင္ဇံရဲကင္းစခန္းမွာ လူ ၅ ဦးက ရဲတပ္ဖြဲ႔ဝင္ ၅ ဦးကို လံုးေထြးသတ္ပုတ္ၿပီး ေသနတ္ ၃ လက္ လုယူသြားခဲ့တဲ့ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ံုး သတင္းထုတ္ျပန္ေရးေကာ္မတီက မတ္ ၁၁ ရက္ေန႔နဲ႔ ၁၂ ရက္ေန႔ေတြမွာ ဒိုင္းနက္လူမ်ိဳး ၅ ဦးက လုယူသြားတယ္လို႔ သတင္းထုတ္ျပန္ခဲ့တာပါ။

အဲဒီထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး ဒိုင္းနက္လူမ်ိဳးမ်ား တိုးတက္ေရးပါတီဥကၠ႒ ဦးေအာင္ေက်ာ္ေဇာက “သတင္းမွာ ဒိုင္းနက္လူမ်ိဳးငါးဦးက ေသနတ္လုတယ္လို႔ ေဖာ္ျပထားတယ္။ ဒါကို ကၽြန္ေတာ္တို႔က ေဒသခံေတြနဲ႔ ေသေသခ်ာခ်ာ စံုစမ္းတဲ့အခါ ဒိုင္းနက္ေတြ မဟုတ္တာကို သိရတယ္။ ဒိုင္းနက္လူမ်ိဳးမွန္ရင္လည္း လိမ္လို႔မရဘူး။ က်ေနာ္တို႔က လူနည္းစုပဲရွိတာ။ တေယာက္ေယာက္က တခုခုလုပ္ရင္ ခ်က္ခ်င္းသိတယ္။ ၿမိဳ႕မေက်ာင္းမွာ ေနတဲ့ လူ ၃ ေယာက္ပါတယ္လို႔ သတင္းထုတ္ျပန္ခ်က္မွာ ပါတယ္။ ၿမိဳ႕မေက်ာင္းမွာလည္း က်ေနာ္တို႔ ဒိုင္းနက္္လူမ်ိဳးေတြ ေနတာ တေယာက္မွ မရွိပါဘူး။ က်ေနာ္တို႔လူမ်ိဳးေတြနဲ႔ ဘာမွမပတ္သက္ဘူး။ ေနာက္ၿပီး ဒိုင္းနက္လူမ်ိဳးေတြထဲမွာ အၾကမ္းဖက္အဖြဲ႔ေတြ၊ လက္နက္ကိုင္တပ္ဖြဲ႔ေတြနဲ႔ ပတ္သက္တာ မရွိဘူး။ အတိုင္ပင္ခံ႐ံုးက ဒီလုိမ်ိဳး သတင္းထုတ္ျပန္ခ်က္ေၾကာင့္ က်ေနာ္တို႔ လူမ်ိဳး ဂုဏ္သိကၡာ ထိခိုက္ရတဲ့အတြက္ အခုလို ေၾကညာခ်က္ ထုတ္ျပန္ကန္႔ကြက္ရတာ ျဖစ္တယ္” လို႔ ဒီဗြီဘီကို ေျပာပါတယ္။

ဒီေန႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ံုး သတင္းထုတ္ျပန္ေရးေကာ္မတီရဲ႕ မတ္လ ၁၁ ရက္နဲ႔ ၁၂ ရက္ေန႔ ထုတ္ျပန္ခ်က္ေတြမွာပါသလို ဒိုင္းနက္လူမ်ိဳးေတြက ျပစ္မႈက်ဴးလြန္ခဲ့တာ မဟုတ္ေၾကာင္း၊ ရာဇဝတ္မႈက်ဴးလြန္တာဟာ ဘယ္သူမဆိုျဖစ္ႏိုင္ၿပီး လူတေယာက္ရဲ႕ က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈဟာ လူမ်ိဳးတမ်ိဳးလံုးရဲ့ က်ဴးလြန္မႈမဟုတ္ေၾကာင္း၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ံုးရဲ႕ အလ်င္စလို သတင္းထုတ္ျပန္မႈေၾကာင့္ ဒိုင္းနက္လူမ်ိဳးတို႔ရဲ့ ဂုဏ္သိကၡာကို ထိခိုက္ေစသလို၊ ေဒသခံ တိုင္းရင္းသားခ်င္း အထင္အျမင္လြဲႏိုင္ေၾကာင္း၊ တိုင္းရင္းသားစည္းလံုးညီၫြတ္မႈကို ထိခိုင္ေစတယ္လို႔ ယံုၾကည္ေၾကာင္း ေဖာ္ျပထားၿပီး သတင္းထုတ္ျပန္ခ်က္ကို ျပန္လည္ျပင္ဆင္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

မတ္လ ၁၁ ရက္ေန႔ ညေန ၄ နာရီခြဲအခ်ိန္ေလာက္မွာ မသကၤာသူ ၅ ဦးကို နယ္ျခားေစာင့္ ရဲတပ္ဖြဲ႔က ေအာင္ဇံရဲကင္းစခန္းမွာ ေခၚယူစစ္ေဆးတုန္း အဲဒီလူေတြက ရဲတပ္ဖြဲ႔ဝင္ ၅ ဦးကို လံုးေထြးသတ္ပုတ္ၿပီး ေသနတ္ ၃ လက္ကို လုယူသြားခဲ့တယ္။ ေသနတ္ ၂ လက္ကို ျပန္ရခဲ့ေပမယ့္ လုယူထြက္ေျပးသူ ၅ ဦးနဲ႔ ေသနတ္ ၁ လက္ကိုေတာ့ ျပန္လည္ဖမ္းဆီးရမိတာမရွိဘဲ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးသြားတယ္လို႔ ယူဆတဲ့အေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ံုးက သတင္းထုတ္ျပန္ထားပါတယ္။

ဒိုင္းနက္လူမ်ိဳးမ်ား တိုးတက္ေရးပါတီဟာ ၂၀၁၅ ခုႏွစ္မွာ မွတ္ပံုတင္တည္ေထာင္ထားတဲ့ မ်ိဳးႏြယ္စုတိုင္းရင္းသားပါတီျဖစ္ၿပီး ဒိုင္းနက္တိုင္းရင္းသားအမ်ားဆံုးရွိတဲ့ ဘူးသီးေတာင္ၿမိဳ႕မွာ ဗဟိုဌာနခ်ဳပ္ တည္ရွိပါတယ္။ ဘူးသီးေတာင္နဲ႔ ေမာင္ေတာေဒသမွာ ဒိုင္းနက္တိုင္းရင္းသား ဦးေရ ေလးေထာင္ေက်ာ္ ရွိတယ္လို႔ သိရပါတယ္။

သတင္း၊ ဓာတ္ပံု – ကိုေအာင္
DVB
နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ သတင်းထုတ်ပြန်ချက်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကို ပျက်ပြားစေနိုင်တယ်လို့ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီက မတ်လ ၁၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။

မတ်လ ၁၁ ရက်နေ့မှာ မောင်တောမြောက်ပိုင်း အောင်ဇံရဲကင်းစခန်းမှာ လူ ၅ ဦးက ရဲတပ်ဖွဲ့ဝင် ၅ ဦးကို လုံးထွေးသတ်ပုတ်ပြီး သေနတ် ၃ လက် လုယူသွားခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက မတ် ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာ ဒိုင်းနက်လူမျိုး ၅ ဦးက လုယူသွားတယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။

အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်ဇောက “သတင်းမှာ ဒိုင်းနက်လူမျိုးငါးဦးက သေနတ်လုတယ်လို့ ဖော်ပြထားတယ်။ ဒါကို ကျွန်တော်တို့က ဒေသခံတွေနဲ့ သေသေချာချာ စုံစမ်းတဲ့အခါ ဒိုင်းနက်တွေ မဟုတ်တာကို သိရတယ်။ ဒိုင်းနက်လူမျိုးမှန်ရင်လည်း လိမ်လို့မရဘူး။ ကျနော်တို့က လူနည်းစုပဲရှိတာ။ တယောက်ယောက်က တခုခုလုပ်ရင် ချက်ချင်းသိတယ်။ မြို့မကျောင်းမှာ နေတဲ့ လူ ၃ ယောက်ပါတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါတယ်။ မြို့မကျောင်းမှာလည်း ကျနော်တို့ ဒိုင်းနက််လူမျိုးတွေ နေတာ တယောက်မှ မရှိပါဘူး။ ကျနော်တို့လူမျိုးတွေနဲ့ ဘာမှမပတ်သက်ဘူး။ နောက်ပြီး ဒိုင်းနက်လူမျိုးတွေထဲမှာ အကြမ်းဖက်အဖွဲ့တွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တာ မရှိဘူး။ အတိုင်ပင်ခံရုံးက ဒီလိုမျိုး သတင်းထုတ်ပြန်ချက်ကြောင့် ကျနော်တို့ လူမျိုး ဂုဏ်သိက္ခာ ထိခိုက်ရတဲ့အတွက် အခုလို ကြေညာချက် ထုတ်ပြန်ကန့်ကွက်ရတာ ဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ မတ်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့ ထုတ်ပြန်ချက်တွေမှာပါသလို ဒိုင်းနက်လူမျိုးတွေက ပြစ်မှုကျူးလွန်ခဲ့တာ မဟုတ်ကြောင်း၊ ရာဇဝတ်မှုကျူးလွန်တာဟာ ဘယ်သူမဆိုဖြစ်နိုင်ပြီး လူတယောက်ရဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဟာ လူမျိုးတမျိုးလုံးရဲ့ ကျူးလွန်မှုမဟုတ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ အလျင်စလို သတင်းထုတ်ပြန်မှုကြောင့် ဒိုင်းနက်လူမျိုးတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသလို၊ ဒေသခံ တိုင်းရင်းသားချင်း အထင်အမြင်လွဲနိုင်ကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုင်စေတယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပြီး သတင်းထုတ်ပြန်ချက်ကို ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုထားပါတယ်။

မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်လောက်မှာ မသင်္ကာသူ ၅ ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က အောင်ဇံရဲကင်းစခန်းမှာ ခေါ်ယူစစ်ဆေးတုန်း အဲဒီလူတွေက ရဲတပ်ဖွဲ့ဝင် ၅ ဦးကို လုံးထွေးသတ်ပုတ်ပြီး သေနတ် ၃ လက်ကို လုယူသွားခဲ့တယ်။ သေနတ် ၂ လက်ကို ပြန်ရခဲ့ပေမယ့် လုယူထွက်ပြေးသူ ၅ ဦးနဲ့ သေနတ် ၁ လက်ကိုတော့ ပြန်လည်ဖမ်းဆီးရမိတာမရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ ယူဆတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီဟာ ၂၀၁၅ ခုနှစ်မှာ မှတ်ပုံတင်တည်ထောင်ထားတဲ့ မျိုးနွယ်စုတိုင်းရင်းသားပါတီဖြစ်ပြီး ဒိုင်းနက်တိုင်းရင်းသားအများဆုံးရှိတဲ့ ဘူးသီးတောင်မြို့မှာ ဗဟိုဌာနချုပ် တည်ရှိပါတယ်။ ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ ဒိုင်းနက်တိုင်းရင်းသား ဦးရေ လေးထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ – ကိုအောင်
DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...