ထုိင္းႏုိင္ငံက ျမန္မာ ၂ ဦးအမႈ အသတ္ခံရသူဘက္က ေၾကညာခ်က္တစ္ေစာင္ မေန႔က ထုတ္ျပန္

ထုိင္းႏုိင္ငံမွာ ၿဗိတိန္ႏုိင္ငံသား ၂ ဦးသတ္ျဖတ္မႈအတြက္ ေသဒဏ္ခ်မွတ္ခံထားရတဲ့ ျမန္မာႏုိင္ငံသား ကုိဝင္းေဇာ္ ထြန္းနဲ႔ ကုိေဇာ္လင္းတုိ႔ရဲ႕အယူခံကုိ ထုိင္းတရားရုံးက ပယ္ခ်ခဲ့တာနဲ႔ ပတ္သက္ၿပီး ေသဆုံးခဲ့ရတဲ့ David Miller ေဒးဗစ္ မီလာရဲ႕ မိသားစုက ဒါဟာ တရားမွ်တ မွန္ကန္တဲ့ စီရင္ခ်က္ပါပဲ။ ဒါေပမဲ့ ထုိင္းအာဏာပုိင္ေတြ အေနနဲ႔ တရားခံ ၂ ဦးကုိ သက္ညာေသာအားျဖင့္ ေသဒဏ္ကေန ေလွ်ာ့ေပါ့ေပးမယ္လုိ႔ ေမ်ွာ္လင့္ ပါေၾကာင္း ေၾကညာခ်က္တစ္ေစာင္ မေန႔က ထုတ္ျပန္လုိက္ပါတယ္။

အဲဒီ ထုတ္ျပန္ခ်က္မွာ မိမိတုိ႔ မိသားစုအေနနဲ႔ ဒီအမႈမွာ အျပစ္မဲ့သူေတြ ျပစ္ဒဏ္က်ခံရမွာကုိ မလုိလားေၾကာင္း အစဥ္အၿမဲေျပာၾကားခဲ့ၿပီးပါၿပီ။ ဒါေပမဲ့ သက္ေသအေထာက္အထားေတြက ခုိင္လုံပါတယ္။ မုဒိမ္းက်င့္ၿပီး သတ္ျဖတ္ ခံရတဲ့ Hannah Witheridge ဟန္နာ ဝိသရစ္ခ်္ ရဲ႕ ခႏၶာကုိယ္အတြင္းကရရွိတဲ့ သုတ္ေသြးကုိ ပညာရွင္ေတြက စစ္ေဆးၿပီး ခုိင္လုံမႈေၾကာင့္ တရားခံေတြကုိ ရုံးတင္အျပစ္ေပးခဲ့တာျဖစ္ပါတယ္၊ တရားခံေတြကုိလည္း ခုခံေျခပခြင့္ အျပည့္အဝ ေပးခဲ့ၿပီးပါၿပီ၊ သူတုိ႔အေနနဲ႔ ရက္စက္စြာက်ဴးလြန္ခဲ့တဲ့ ျပစ္မႈအတြက္ ျပန္လည္ေပးဆပ္ရေတာ့မယ့္ ကာလပါပဲလုိ႔ ေဖၚျပထားပါတယ္။

အယူခံပယ္ခ်ခံခ့ဲရတဲ့ ျမန္မာႏုိင္ငံသား ၂ ဦးအေနနဲ႔ ေနာက္ဆုံးအဆင့္အျဖစ္ ထုိင္းႏုိင္ငံေတာ္ တရားရုံးခ်ဳပ္ကုိ ရက္ေပါင္း ၃ဝ အတြင္း အယူခံခြင့္ရွိပါတယ္။

RFA Burmese
http://www.rfa.org/burmese
==========
ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား ၂ ဦးသတ်ဖြတ်မှုအတွက် သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော် ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့အယူခံကို ထိုင်းတရားရုံးက ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး သေဆုံးခဲ့ရတဲ့ David Miller ဒေးဗစ် မီလာရဲ့ မိသားစုက ဒါဟာ တရားမျှတ မှန်ကန်တဲ့ စီရင်ချက်ပါပဲ။ ဒါပေမဲ့ ထိုင်းအာဏာပိုင်တွေ အနေနဲ့ တရားခံ ၂ ဦးကို သက်ညာသောအားဖြင့် သေဒဏ်ကနေ လျှော့ပေါ့ပေးမယ်လို့ မျှော်လင့် ပါကြောင်း ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်မှာ မိမိတို့ မိသားစုအနေနဲ့ ဒီအမှုမှာ အပြစ်မဲ့သူတွေ ပြစ်ဒဏ်ကျခံရမှာကို မလိုလားကြောင်း အစဉ်အမြဲပြောကြားခဲ့ပြီးပါပြီ။ ဒါပေမဲ့ သက်သေအထောက်အထားတွေက ခိုင်လုံပါတယ်။ မုဒိမ်းကျင့်ပြီး သတ်ဖြတ် ခံရတဲ့ Hannah Witheridge ဟန်နာ ဝိသရစ်ချ် ရဲ့ ခန္ဓာကိုယ်အတွင်းကရရှိတဲ့ သုတ်သွေးကို ပညာရှင်တွေက စစ်ဆေးပြီး ခိုင်လုံမှုကြောင့် တရားခံတွေကို ရုံးတင်အပြစ်ပေးခဲ့တာဖြစ်ပါတယ်၊ တရားခံတွေကိုလည်း ခုခံခြေပခွင့် အပြည့်အဝ ပေးခဲ့ပြီးပါပြီ၊ သူတို့အနေနဲ့ ရက်စက်စွာကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ပြန်လည်ပေးဆပ်ရတော့မယ့် ကာလပါပဲလို့ ဖေါ်ပြထားပါတယ်။

အယူခံပယ်ချခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂ ဦးအနေနဲ့ နောက်ဆုံးအဆင့်အဖြစ် ထိုင်းနိုင်ငံတော် တရားရုံးချုပ်ကို ရက်ပေါင်း ၃ဝ အတွင်း အယူခံခွင့်ရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...