ပိုက္ဆံ ၁၅၀၀၀ မေပး၍ သမီးျဖစ္သူက အေမကို သတ္မႈျဖစ္ပြား

ဧရာဝတီတိုင္းေဒသႀကီး၊ အိုးပုတ္ကုန္းအုပ္စု၊ ထန္ပင္ကုန္းရြာတြင္ ပိုက္ဆံေတာင္းရာ မေပးလို႔ သမီးျဖစ္သူက မိခင္ကို လည္ပင္းညႇစ္သတ္မႈ ေဖေဖာ္၀ါရီ ၂၂ ရက္က ျဖစ္ပြားခဲ့ပါတယ္။
ေဒၚသန္း ၇၃ ႏွစ္ကို သမီးျဖစ္သူ အသက္ ၃၈ ႏွစ္ရွိ ေဒၚစန္းစန္းေဌး က ေငြ ၁၅၀၀၀ က်ပ္ေပး ရန္ေတာင္းရာ မိခင္ျဖစ္သူက မေပးလို႔ လည္ပင္းညႇစ္သတ္ခဲ့ၿပီး အေလာင္းကို တရားခံ ေဒၚစန္းစန္းေဌးက တိပ္ေတြနဲ႔ပတ္ၿပီး ေနအိမ္ အေနာက္ဘက္က အိမ္သာက်င္းပ်က္ထဲကို ခ်ၿပီး ဝါးရြက္ေတြနဲ႔ ဖုံးအုပ္ ထားခဲ့ပါတယ္။
မတ္လ ၃ ရက္ေန႔မွာ ေနအိမ္နံေဘးက ဦးဝင္းေမာင္က ပုတ္ေဆာ္နံလို႔ ဆယ္အိမ္မႉးနဲ႔ ရာအိမ္မႉးတို႔ကိုအေၾကာင္းၾကားၿပီး ရွာေဖြခဲ့ရာ အသံုးမျပဳေတာ့တဲ့ အိမ္သာက်ဥ္းထဲမွာ မသကၤာစရာ အထုပ္တထုပ္ေတြ႔လို႔ ျမန္ေအာင္ၿမိဳ႕မစခန္းကို အေၾကာင္းၾကားခဲ့ၿပီး ရဲစခန္းက အေလာင္းကို စစ္ေဆးၿပီး တရားခံဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ခဲ့ပါတယ္။
တရားခံ ေဒၚစန္းစန္းေဌးကို ပဲခူးတိုင္း၊ မိုးညိဳၿမိဳ႕နယ္မွာ မတ္လ ၄ ရက္က ဖမ္းဆီးရမိခဲ့ၿပီး ျမန္ေအာင္ၿမိဳ႕မ စခန္းက (ပ) ၃၇/၂၀၁၇၊ ရာဇာသတ္ႀကီးဥပေဒ ပုဒ္မ-၃၀၂/၂၀၁ အရ အမႈဖြင့္ဖမ္းဆီးစစ္ေဆးေနေၾကာင္း ဒီဗီြဘီ ကို ေျပာပါတယ္။
သတင္း-သန္းထုိက္ျမင့္၊ ဓာတ္ပံု-ကိုကိုဦး(ရဲသစၥာ)
http://burmese.dvb.no


ဧရာဝတီတိုင်းဒေသကြီး၊ အိုးပုတ်ကုန်းအုပ်စု၊ ထန်ပင်ကုန်းရွာတွင် ပိုက်ဆံတောင်းရာ မပေးလို့ သမီးဖြစ်သူက မိခင်ကို လည်ပင်းညှစ်သတ်မှု ဖေဖော်ဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့ပါတယ်။

ဒေါ်သန်း ၇၃ နှစ်ကို သမီးဖြစ်သူ အသက် ၃၈ နှစ်ရှိ ဒေါ်စန်းစန်းဌေး က ငွေ ၁၅၀၀၀ ကျပ်ပေး ရန်တောင်းရာ မိခင်ဖြစ်သူက မပေးလို့ လည်ပင်းညှစ်သတ်ခဲ့ပြီး အလောင်းကို တရားခံ ဒေါ်စန်းစန်းဌေးက တိပ်တွေနဲ့ပတ်ပြီး နေအိမ် အနောက်ဘက်က အိမ်သာကျင်းပျက်ထဲကို ချပြီး ဝါးရွက်တွေနဲ့ ဖုံးအုပ် ထားခဲ့ပါတယ်။

မတ်လ ၃ ရက်နေ့မှာ နေအိမ်နံဘေးက ဦးဝင်းမောင်က ပုတ်ဆော်နံလို့ ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးတို့ကိုအကြောင်းကြားပြီး ရှာဖွေခဲ့ရာ အသုံးမပြုတော့တဲ့ အိမ်သာကျဉ်းထဲမှာ မသင်္ကာစရာ အထုပ်တထုပ်တွေ့လို့ မြန်အောင်မြို့မစခန်းကို အကြောင်းကြားခဲ့ပြီး ရဲစခန်းက အလောင်းကို စစ်ဆေးပြီး တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။

တရားခံ ဒေါ်စန်းစန်းဌေးကို ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ မတ်လ ၄ ရက်က ဖမ်းဆီးရမိခဲ့ပြီး မြန်အောင်မြို့မ စခန်းက (ပ) ၃၇/၂၀၁၇၊ ရာဇာသတ်ကြီးဥပဒေ ပုဒ်မ-၃၀၂/၂၀၁ အရ အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေကြောင်း ဒီဗွီဘီ ကို ပြောပါတယ်။

သတင်း-သန်းထိုက်မြင့်၊ ဓာတ်ပုံ-ကိုကိုဦး(ရဲသစ္စာ)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...